Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ငလျင်သတင်း avatar
ငလျင်သတင်း
ငလျင်သတင်း avatar
ငလျင်သတင်း
13.04.202511:23
နေပြည်တော်လေဆိပ်ကတော့ မြင်တဲ့အတိုင်းပါပဲ အစိတ်စိတ်အမွှာမွှာဖစ်နေပြီ😢
သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက ငလျင်ကြောင့် အိမ်ထောင်ဦးစီးဆုံးရှုံးသွားသည့် မိခင်များကို ထောက်ပံ့မည်

အင်အားပြင်း ငလျင်ကြောင့် အိမ်ထောင်ဦးစီး ဆုံးရှုံးပြီး သား၊ သမီး ကျန်ရှိခဲ့တဲ့ Single Mother မိခင်တွေကို ကူညီထောက်ပံ့ပေးသွားမယ်လို့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ကြေညာထားပါတယ်။
မိခင်တွေကို လစဉ်ငွေကျပ် ၁ သိန်းစီ ၁ နှစ်တိတိထောက်ပံ့သွားမှာဖြစ်ပြီး နန်းမြတ်ဖြိုးသင်းက ၅ ယောက်စာ ကျပ်သိန်း ၆၀ မတည်ထောက်ပံ့ပေးဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။

Channel link >> @media9koe
11.04.202512:38
အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက် အမှတ်စဉ် (၁၄/၂၀၂၅)
=========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန်ထုတ်ပြန်ချက်

"ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျား လာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်း များ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညမှ ၁၇-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။”

အကြံပြုချက်
=========
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှထုတ်ပြန်သည်
09.04.202516:05
ငလျင်အခြေအနေလေးတွေ မန့်ပေး
09.04.202508:04
သိသာထင်ရှားသော အာကောင်းသည့်လေဖိအားနည်းရပ်ဝန်း UPDATE

ဧပြီလ ၉ ရက် နေ့လည် ၁ နာရီ ခွဲ

ဧပြီလ ၁၁ ရက် ညပိုင်းမှာ အခုဖြစ်ပေါ်နေတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း-အနောက်အလယ်ပိုင်းက အားကောင်းသော/သိသာထင်ရှားသော လေဖိအားနည်းရပ်ဝန်း(Well-marked Low Pressure Area)သည် ...
အိန္ဒိယနိုင်ငံ မိုးလေဝသဌာန(IMD)မှ ဒီနေ့ ဧပြီ ၉ ရက်နေ့မှာ ထွက်လာတဲ့ ထုတ်ပြန်ချက်အရ ပြောင်းလဲမှုမရှိပဲ မနေ့က ထုတ်ပြန်ချက်အတိုင်းရှိနေဆဲဖြစ်ပါတယ်။

IMD ထုတ်ပြန်ချက်အရ -
🔸 ဒီနေ့ မနက် ၉ နာရီမှ နောက် ၁၂ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှတဆင့် မြောက်-အနောက်မြောက်ကို ဆက်ရွေ့မယ်၊ နောက် ၂၄ နာရီအတွင်းမှာတော့ မြောက်-အရှေ့မြောက်ဘက်ကို ချိုးကွေ့ပြီးတာနဲ့ နောက်တရက်အတွင်းမှာ တဖြည်းဖြည်းအားလျော့သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

🔸 MJO Phase status including equatorial waves, Wind shear, Multi-models(ECMWF, NCEP, GFS, IMD-GFS မော်ဒယ်များ)ရဲ့ ခန့်မှန်းချက်အပါအဝင် Technical details တွေကိုတော့ ဒီမှာ ရှင်းမပြတော့ပါ၊ သိချင်ရင် ဖတ်နိုင်အောင် ပုံ တွဲပေးထားပါမယ်။

🔸 အိန္ဒိယမိုးလေဝသဌာနပြီးတော့ ECMWF model ကြိုတင်ခန့်မှန်းအရ ဧပြီလ ၁၁ ရက ည ၁၀ နာရီ ခန့်မှာ Well-marked LPA သည် စစ်တွေအနောက်ဘက် ၁၃၀ မိုင်ခန့်အထိရောက်လာနိုင်တာကြောင့် အဲ့ဒီ လေဖိအားနည်းရပ်ဝန်းရဲ့ ညာဘက် က မြန်မာနိုင်ငံမှာ နေရာအနှံ့ မိုးရွာနိုင်၊ နေရာကွက်ပြီး မိုးများနိုင်မဲ့ အခြေအ‌နေတွေ တွေ့ရပါတယ်။

🔸 ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ဧရာဝတီတိုင်း-အနောက်ဘက် ကမ်းရိုးတန်းဒေသတွေမှာ လေ/မိုးပြင်းထန်နိုင်ပါတယ်။

🔸 မြန်မာနိုင်ငံအလယ်ပိုင်းက ငလျင်ဒဏ်သင့်ဒေသတွေမှာတော့ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့မိုးရေချိန် ၂၄ နာရီအတွင်း ၆၀ မီလီမီတာ(၂.၃၆ လက်မ)အထိ ရွာနိုင်ပါမယ်။

🔸 ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ မြောက်ဦး နဲ့ မင်းပြားဒေသတွေမှာလဲ ဧပြီလ ၁၁ ရက် ည ၁၀ နာရီမှ နောက် ၂၄ နာရီအတွင်း မိုးများနိုင်ပါမယ်၊ ရွာသွန်းနိုင်တဲ့ မိုးရေချိန် ၃၇ မီလီမီတာ(၁.၄၆ လက်မ)အထိ ရွာနိုင်ပါမယ်။

🔸 ကျန်ပြည်နယ်/တိုင်းဒေသတွေမှာတော့ မိုးအနည်းငယ်မှအသင့်အတင့်သာရွာနိုင်ကြောင်းခန့်မှန်းရပေမဲ့ ရွေ့လျားဝင်ရောက်လာတဲ့ မိုးတိမ်များလမ်းကြောင်းနဲ့ ထပ်တူကျတိုက်ဆိုင်ရင်တော့ နေရာကွက်ပြီး မိုးများနိုင်၊ လေပြင်းကျနိုင်မဲ့ အခြေအနေတွေဖြစ်ပေါ်နိုင်ပါတယ်။

Channel link >> @media9koe
ဖိလစ်ပိုင်အလယ်ပိုင်းရှိ ကန်လအွန်မီးတောင် အရှင်ပေါက်ကွဲမှု ပြန်ဖြစ်နေ

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းရှိ ကန်လအွန်မီးတောင်သည် ဧပြီ ၈ ရက် မနက်ပိုင်းက ပြန်လည်ပေါက်ကွဲခဲ့ပြီး ပန်းထွက်လာသည့် မီးတောင်ပြာများက မီတာ ၄၀၀၀ ဝန်းကျင်အမြင့်ထိ ရောက်ခဲ့သည်။

ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒဆိုင်ရာ အင်စတီကျု (Phivolcs) ထုတ်ပြန်ချက်အရ ကန်လအွန်မီးတောင်၏ အန္တရာယ်သတိပေးအဆင့်သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာတွင် ပေါက်ကွဲခဲ့ပြီးကတည်းက level 3 တွင် ရှိမြဲရှိနေသည်။

အဆင့်ငါးဆင့်ရှိသည့်အနက် level 3 ဆိုပါက ချော်ရည်ယိုစီးမှု ပိုများလာနိုင်သည်။ သီတင်းပတ်အနည်းငယ်အတွင်း အန္တရာယ်များစေသည့် ပေါက်ကွဲမှုအဆင့်အထိ ဖြစ်လာနိုင်သည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။

ဖိလစ်ပိုင်တွင် မီးတောင်အရှင် နှစ်ဒါဇင်ရှိပြီး ကန်လအွန်မီးတောင်က တစ်ခုအပါအဝင်ဖြစ်သည်။

ကမ္ဘာ့မြေလွှာအောက်ရှိ ကျောက်ရည်ပူများ မီးတောင်မျက်နှာပြင်ထိ မည်သို့မြန်မြန်တက်လာသည်ပေါ် မူတည်ပြီး သတိပေး level အဆင့်က အတိုး၊ အလျှော့ဖြစ်မည်ဟု Phivolcs အကြီးအကဲ တယ်ရယ်ဆီတို ဘက်ကိုကိုက ပြောသည်။

ကျောက်ရည်ပူများ အမြန်တက်လာပါက မီးတောင်ပေါက်မှုပြင်းထန်နိုင်ပြီး level 4 ဖြစ်သွားမည်။ ကျောက်ရည်ပူများ အပေါ်သို့ အတက်နှေးပါက level 2 သို့ လျော့သွားမည်။

ဖိလစ်ပိုင်သည် ပစိဖိတ်မီးတောင်ရပ်ဝန်းပေါ်တွင် တည်ရှိနေသည့်အတွက် မြေငလျင်ဒဏ်နှင့် မီးတောင်ပေါက်မှုတို့ မကြာခဏကြုံရလေ့ရှိသည်။

Channel link >> @media9koe
Join ပြီး သင်္ကြန် 🔠🔠 ယူ။

1 - https://t.me/couplethemekoe

2 - https://t.me/myanmarsongskoe

3 - https://t.me/coupleprofilekoe
12.04.202510:17
ဧရာဝတီတိုင်းဘက်မှ ဝင်လာတဲ့ တိမ်တိုက်များကြောင့် ရန်ကုန်နဲ့ ပဲခူးဘက်မှာ မိုးများနိုင်ပါမယ် -
မွန်ပြည်နယ် ကရင်ပြည်နယ်၊ ပဲခူးတိုင်းအနောက်ခြမ်းနဲ့ နေပြည်တော်ဘက်ကို တိမ်တွေ ဆက်ရွေ့တာတွေ့ရပါတယ်။

Weather Stations Realtime Data 1523MST
ညည အိပ်မပျော်လို့ သတင်း Gp မှာ သရဲအကြောင်းထိုင်ပြောနေမယ့်အစား

ပရလောကဇာတ်လမ်းတွေ နားကြပ်လေးတပ်ပြီး ဝင်နားထောင်

1

https://t.me/tartaykoe
https://t.me/tartaykoe

2

https://t.me/readingaudiobooks
https://t.me/readingaudiobooks
၂၀၂၅ ခုနှစ် - 7.7M ငလျင်ကြီး လှုပ်ပြီးသည့်နောက် ဧပြီလ ၉ ရက်၊ ညနေ ၅ နာရီ အထိ

update အချက်အလက်များကို၊ ထိုင်းမိုးလေဝသဌာန၊ ငလျင်ဌာနမှ ရယူပါသည်၊ နောက်ဆက်တွဲငလျင်အကြိမ်ရေ ၄၁၇ ကြိမ် ရှိပြီဖြစ်ပါတယ်။

ပြင်းအား 1.0 မှ 2.9 = ၁၅၇ ကြိမ်
ပြင်းအား 3.0 မှ 3.9 = ၁၈၂ ကြိမ်
ပြင်းအား 4.0 မှ 4.9 = ၆၆ ကြိမ်
ပြင်းအား 5.0 မှ 5.9 = ၁၁ ကြိမ်
ပြင်းအား 6.0 မှ 6.9 = ၀ ကြိမ်
ပြင်းအား 7.0 = ၁ ကြိမ်
သိတဲ့သူတွေ တချက်ဖြေပေးပါဦး
08.04.202506:36
ငလျင်သတင်း Group ထဲမှာ ကြုံရာဝင်ပြောနေကြလို့

အလ္လာပ သလ္လာပပြောချင်ရင် ဒီ Group ကို Join ပါ။

https://t.me/baes_paradise
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် အရှေ့ အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာ အနှံ့အပြား၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုး တိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာတစ်လျှောက်တွင် မိုးရွာ သွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ မိုးအသင်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည်
"ယူတိုးပီးယား"

ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံမှာ
ကိုယ်နေပြီး...
ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို
ကိုယ်လွမ်းလှ။ ။

- အောင်ချိမ့်
မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့ ညနေ ၄:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၁၂ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ မကွေးတိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌‌ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း နှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၈ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ မိုးထစ်ချုန်း၍ နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်သည်
ဧပြီလ (၉) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅) နာရီအထိ သေဆုံးသူ စုစုပေါင်း (၄,၃၄၆) ဦး ရှိလာ
ဧပြီလ (၈) ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၅) နာရီအထိ သေဆုံးသူ စုစုပေါင်း (၄,၃၄၅) ဦး ရှိလာ
08.04.202502:28
ဒီလို စော်ကားဖို့ ငလျင်သတင်းတွေငြိမ်တဲ့အထိ သည်းခံလာရပုံရတယ်။

Username >> @demonidi280
သင်္ကြန်ကာလအတွင်း မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်

ဧပြီ ၁၂ - ၂၀၂၅

လက်ရှိ တိုင်းနဲ့ ပြည်နယ်တချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နေပြီး လာမယ့် သင်္ကြန်ကာလ အတွင်းမှာလည်း မိုးရွာသွန်းမှုတွေ ဆက်လက် ရှိနေနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။

“မိုးရွာတဲ့ရက်က ခန့်မှန်းချက်မှာ ထုတ်ပြန်ထားသလိုပေါ့။ လောလောဆယ်တော့ ဧပြီ ၁၇ ရက်နေ့အထိ ခန့်မှန်းပေးထားတာဖြစ်တယ်။ ၁၇ ရက် နောက်ပိုင်းလည်း ဆက်ပြီး ရွာမယ်ဆိုရင်တော့ ထပ်ပြီးတော့ ကျွန်တော်တို့ update လုပ်ပြီး ထုတ်ပြန်ပေးမှာပါ။ အဲဒီတော့ ဒီလိုကာလမှာ ရွာတဲ့မိုးက လေပြင်း တိုက်ခတ်တာတွေပါ ရှိတာဆိုတော့ (တနည်းအားဖြင့် မိုးသက်လေပြင်း ကျတာပေါ့)၊ အချိန်တိုအတွင်းမှာ မိုးသက်လေပြင်း ကျပြီးတော့ မိုးများနိုင်တာတွေ ဖြစ်နိုင်တယ်။ တခါတရံမှာ ထစ်ချုန်းမိုးတွေ၊ တခါတရံမှာ မိုးသီးကြွေတာတွေ၊ လေပြင်းတိုက်တာတွေ ရှိနိုင်တယ်။ ဒီဖြစ်စဉ်တွေက ဒီကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်စဉ်တွေပါ” လို့ မိုး/ဇလဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

မိုး/ဇလဌာနရဲ့ မနေ့ ဧပြီ ၁၂ ရက်၊ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်အပြင် အရှေ့ဘက်မှ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မနေ့ညမှ ဧပြီ ၁၇ ရက်နေ့ (နှစ်ဆန်းတရက်နေ့) အထိ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

“အချိန်အခါမဟုတ် မိုးရွာတာကတော့ အရင်တုန်းကတော့ လေဖိအားနည်းရပ်ဝန်း ရှိတဲ့အချိန်၊ အခုကတော့ လေဖိအားနည်းရပ်ဝန်းကြောင့်တော့ မဟုတ်ဘူးပေါ့။ ပင်လယ်ဘက်ကလာတဲ့ လေနွေးတွေရယ်၊ ကုန်းမြေပေါ်ကလာတဲ့ လေအေးတွေရယ် ထိတွေ့မှု၊ လေထု မငြိမ်မသက်မှုဖြစ်ပြီးတော့ တိမ်ဖြစ်ထွန်းမှုများတယ်၊ နောက်တခါ အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေကြောင့် တိမ်ဖြစ်ထွန်းမှု အားကောင်းမယ်၊ နောက် ပူတဲ့ရာသီ၊ နေ့အပူချိန် မြင့်တက်မှုကြောင့် မွန်းလွဲ၊ ညနေပိုင်းတွေမှာ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းပြီးတော့ ပင်လယ်ဘက်ကလာတဲ့ ရေခိုးရေငွေ့ပါတဲ့ လေနွေးတွေကြောင့် မိုးတိမ်တောင် ဖြစ်ထွန်းမှု အားကောင်းတာတွေ ရှိတယ်။ ဒီဖြစ်စဉ်တွေကြောင့် မိုးရွာတာပါ” လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

ဧပြီ ၁၇ ရက်နေ့အထိ မိုးရွာသွန်းနိုင်တဲ့ ဒေသတွေကတော့ နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့ဖြစ်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ တချို့ ဒေသတွေမှာတော့ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သိရပါတယ်။

အချိန်အခါမဟုတ် မိုးရွာခြင်းနဲ့အတူ လေပြင်းတွေ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနဲ့ မြေပြိုခြင်း စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင် သတိပြုကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် လေဆင်နှာမောင်းနဲ့ စိုက်ဆင်းလေပြင်းလိုမျိုး ထူးခြား မိုးလေဝသဖြစ်စဉ်တွေလည်း ဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလညွှန်မှူးက ပြောပါတယ်။

“မိုးတိမ်တောင်တွေကြောင့် လေပြင်းတိုက်တာ၊ လေဆင်နှာမောင်း၊ နောက် စိုက်ဆင်းလေပြင်းဆိုတာ ရှိသေးတယ်။ ဒါတွေကတော့ ခုဏကပြောတဲ့ မိုးတိမ်တောင် တိမ်တိုက်တွေရဲ့ ဖွံ့ဖြိုးအားကောင်းမှုပေါ်မှာ မူတည်တယ်” လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိကာလဟာ မိုးသက်လေပြင်း ကျရောက်တတ်တဲ့ကာလ ဖြစ်တာကြောင့် ကုန်းမြေပေါ်မှာ နေထိုင်သူတွေအနေနဲ့လည်း သတိပြုဖို့ လိုအပ်သလို ပင်လယ်ခရီး သွားလာနေတဲ့သူတွေ အနေနဲ့လည်း ကြိုတင် ဂရုပြုကြစေလိုတယ်လို့ မိုး/ဇလ ညွှန်မှူးက ပြောပါတယ်။

ဒါအပြင် မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်ကလည်း ဧပြီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း ငလျင်ဒဏ်သင့် ဒေသတွေအပါအဝင် တိုင်းနဲ့ ပြည်နယ်တချို့မှာ မိုးရွာသွန်းမှုတွေ များနေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဲဒီ သုံးရက်တာ ကာလအတွင်း နေပြည်တော်၊ ပဲခူးတိုင်း တောင်ငူ၊ ဆွာ၊ ထန်းတပင် (ပဲခူးအရှေ့)၊ ပြည် (ပဲခူး-အနောက်) တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာနဲ့အထက် မိုးထစ်ချုန်း ရွာနိုင်ပြီး မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၃၀ မီလီမီတာအောက် မိုးအသင့်အတင့် ရွာသွန်းနိုင်တယ်လို့ အသိပေးထားပါတယ်။

အလားတူ ငလျင်ဒဏ်ကို ဆိုးရွာစွာမခံရတဲ့ တိုင်းနဲ့ ပြည်နယ်တွေဖြစ်တဲ့ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်းနဲ့ အရှေ့ပိုင်း) တို့မှာလည်း ၂၄ နာရီအတွင်း ၃၀ မီလီမီတာနဲ့အထက် နေရာကျဲကျဲ မိုးရွာနိုင်ကာ မိုးများနိုင်တယ်လို့ ဆိုပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ၂၄ နာရီအတွင်း ၃၀ မီလီမီတာအထက် မိုးမရွာနိုင်တဲ့အတွက် မိုးအသင့်အတင့် ရွာနိုင်မယ့် ဒေသတွေအဖြစ်သာ ခန့်မှန်းထားတယ်လို့ သိရပါတယ်။
11.04.202512:57
မန္တလေးမှာ ကုသိုလ်ဖြစ်ဆေးခန်းလေးတွေ ဘယ်နားမှာရှိလဲ မန့်ပေးကြပါဦး
ရန်ကုန်တိုင်း သုံးခွမြို့နယ်မှာ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့

ဧပြီ ၁၀ - ၂၀၂၅

ရန်ကုန်တိုင်း၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်အတွင်းက ပျဥ်းမကန်ကျေးရွာအနီး ပုလဲကျေးရွာမှာ ဧပြီ ၈ ရက်နေ့က လေဆင်နှာမောင်း အသေးစား တိုက်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေဆင်နှာမောင်းကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။

“သုံးခွနယ် အစက ပုလဲကျေးရွာမှာ ဖြစ်သွားတာပါ။ သန်လျင် ကျောက်တန်း အပိုင်ထဲက ရွာပေါ့။ မိုးအုံ့၊ မိုးတွေခြိမ်းပြီး လေပြင်းတွေ တိုက်နေရင်း ဖြစ်သွားတာ။ အိမ် သုံးလုံးလောက်ကတော့ အလုံးလိုက် ပါသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

လေဆင်နှာမောင်းဟာ ကုန်းတွင်းပိုင်းမှာ ဖြစ်ပေါ်တိုက်ခတ်တဲ့ မုန်တိုင်းအမျိုးအစား ဖြစ်ပြီး မြေပြင်ရှိ အဆောက်အအုံတွေကို လေထဲကို မြောက်တက် ကျွတ်ပါသွားအောင် တိုက်ခတ်တတ်တဲ့ အင်အားပြင်း မုန်တိုင်းအမျိုးအစား ဖြစ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း စတင်ဖြစ်ပေါ်ခြင်းကို လေ့လာကြည့်မယ်ဆိုရင် နေပူရှိန်ကြောင့် မြေမျက်နှာပြင် အပူချိန် ရုတ်တရက် မြင့်တက်လာရာကနေ စိုစွတ်တဲ့လေထု ပူနွေးလာရာမှ လေထု အထက်ကို စတင် မြင့်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလေထု ပူနွေးလာချိန်မှာတော့ စိုစွတ်တဲ့လေထုနဲ့ အပေါ်ရှိ အေးမြ ခြောက်သွေ့တဲ့ လေထု ပေါင်းဆုံမိပြီး မိုးအရွာမှာ ပေါက်ကွဲမှုတရပ် ဖြစ်ပေါ်ကာ ထစ်ချုန်း မိုးတိမ်တိုက်တခု ဖြစ်ပေါ်လာပြီးနောက် လေဆင်နှာမောင်းအဖြစ်ကို ရောက်ရှိလာတယ်လို့ သိရပါတယ်။

အဲဒီ လေဆင်နှာမောင်းဟာ လျင်မြန်စွာ အားကောင်းလာပြီး မိုးရွာခြင်း၊ လျှပ်စီးလက်ခြင်းနဲ့ မိုးခြိမ်းခြင်းတွေ ဖြစ်ပေါ်ကာ ဒေါင်လိုက် ရွေ့လျားနေတဲ့ လေထုမှာ အလွန်လျင်မြန်စွာ ရွေ့လျားပြီး လေတွေဟာ လားရာအမျိုးမျိုးကြောင့် ပတ်ချာလည်နေတယ်လို့ သိရပါတယ်။

မြေပြင်နဲ့ တိမ်တိုက်တွေအကြား ဖန်ကတော့ပုံ အနေအထားအတိုင်း ရွေ့လျား တိုက်ခတ်နေတာကို တွေ့မြင်နိုင်မှာဖြစ်ပြီး အဲဒီ တိုက်ခတ်နေတဲ့ လေပွေ၊ လေဝဲဟာ အရွယ်အစားနဲ့ ပုံသဏ္ဌာန်အမျိုးမျိုး ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။

အရွယ်အစားမှာ မီတာ ရာနဲ့ချီ ကျယ်ပြန့်လာနိုင်ပြီး လေဆင်နှာမောင်းတခုဟာ စက္ကန့်ပိုင်းမှ တနာရီအထက် ကြာမြင့်စွာ တိုက်ခတ်နိုင်သလို ရွေ့လျားတိုက်ခတ်တဲ့ လမ်းကြောင်းမှာလည်း နာရီပိုင်းအတွင်း မိုင်အများအပြား တိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းအတွင်းရှိ လေတွေဟာ လျင်မြန်စွာ တိုက်ခတ်နေတာကြောင့် တိုင်းတာဖို့ မလွယ်ကူပေမယ့်လည်း လေဆင်နှာမောင်းတခုရဲ့ တိုက်ခတ်နှုန်းကို ဖူဂျီတာစကေးနဲ့ ခန့်မှန်း တိုင်းတာကြတယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းရဲ့ လေတိုက်နှုန်းနဲ့ ပြင်းအားပမာဏ အတိုင်းအတာကို ချီကာကိုတက္ကသိုလ် ပါမောက္ခ ပေါက်တာဖူဂျီတာက တိုင်းတာတွက်ချက် ဖော်ထုတ် အသိပေးနိုင်ခဲ့တဲ့အတွက် အဲဒီ စကေးကို ဖူဂျီတာစကေး (Fujita Scale) လို့ ခေါ်တွက်ခဲ့တာ ဖြစ်ပါတယ်။

ဖူဂျီတာစကေး အနိမ့်အမြင့်ကိုလိုက်ပြီး အဆင့် F0, F1, F2, F3, F4, F5 သတ်မှတ်ထားပြီး အနိမ့်ဆုံးလေတိုက်နှုန်း တနာရီ ၇၅ မိုင်မှ ၃၁၈ မိုင်အထိ ရှိတတ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း‌တွေဟာ တနှစ်ပတ်လုံး အချိန်မရွေး၊ နေ့ရော ညပါ ဖြစ်ပွားနိုင်ပေမယ့် လေဆင်နှာမောင်း အများစုဟာ ညနေ ၄ နာရီကနေ ၉ နာရီကြားမှာ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။

လေဆင်နှာမောင်းကို စိုက်ဆင်းလေပြင်းလို့ခေါ်တဲ့ Downburst နဲ့ ရောထွေး အမှတ်မှားလေ့ရှိကာ လေဆင်နှာမောင်းမှာ အရှိန်မြင့် တိုက်လေတခု အလယ်ဗဟိုပြုပြီး လေက အတွင်းဘက်နဲ့ အပေါ်ဘက်ကို ရွေ့လျားခြင်းဖြစ်ကာ စိုက်ဆင်းလေ‌ပြင်းကတော့ အောက်သို့တဖန် ဆင်းသက်သော အမှတ်မှ အပြင်ဘက်ကို ဖြာထွက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

လေဆင်နှာမောင်း တိုက်ခတ်ခံရပြီးတဲ့နောက် တွေ့ရတဲ့ အပျက်အစီးတွေရဲ့ လားရာက စက်ဝိုင်းပုံအတိုင်း လဲပြို ပျက်စီးနေတတ်ပြီး စိုက်ဆင်းလေပြင်းကြောင့် ဖြစ်တဲ့ အပျက်အစီးတွေကတော့ စိုက်ဆင်းလေပြင်း မြေပြင်ကို စတင်ထိတွေ့တဲ့ နေရာမှ လားရာတဘက်တည်းကိုသာ ပျက်စီးလဲပြိုနေတာကို တွေ့ရတတ်တယ်လို့ သိရပါတယ်။

Channel link >> @media9koe
09.04.202508:19
ရာသီဥတုအကြောင်းတွေ အပြန်အလှန်ဝေမျှရအောင် Join

https://t.me/+hh4gK3u6nsg5YjY1
08.04.202508:38
ရန်ကုန်၊ ဧပြီ ၈

စစ်ကိုင်းငလျင်ကြောင့် ရတနာပူရ အင်း၀မြို့ဟောင်း၏ ရေနန်းဆောင်တစ်ခုကို တွေ့ရှိရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရတနာပူရ အင်းဝမြို့ဟောင်း စည်သူပုံ မြို့ရိုး၏ အပြင်ဘက် အရှေ့ မြောက်ထောင့်တွင် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်းနှင့် စစ်ကိုင်းမင်းတို့လက်ထက် တည်ဆောက်ခဲ့သည့် ရေနန်းတော်ဆိုသည်မှာ လက်ဝဲနော်ရထာ အမတ်၏ ပုရပိုက်ပုံတွင် တွေ့ရှိရကြောင်း၊ ယခုတွေ့ရှိရသည့် အဆောက် အအုံ၏ တောင်ဘက်ရှိ သရက်ကင်းလှေကား အစိတ်အပိုင်းများကို ၂၀၀၉ ခုနှစ်တွင် ဒေသခံများ အုတ်ဖုတ်လုပ် ငန်း ဆောင်ရွက်ရာမှ စတင်တွေ့ရှိခဲ့သဖြင့် ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ထိန်းသိမ်းထားရှိခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခဲ့သော ပြင်းထန်ကြီးမားသည့် ငလျင်ကြီးကြောင့် ယခင်တွေ့ရှိထားသည့် လှေကားခုံနှင့် ဆက်စပ်လျက်ရှိသော ယဉ်ကျေးမှု အမွေအနှစ်များကို အက်ကွဲကြောင်းများကြားမှ ထပ်မံတွေ့ရှိလာရကြောင်း သိရှိရသည်။

ထို့ကြောင့် ဧပြီလ ၆ ရက်နေ့မှ စတင်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ မန္တလေးဌာနခွဲက စမ်းသပ်တူးဖော်ခဲ့ရာတွင် အရှေ့ဘက် သရက်ကင်းလှေကား၏ သရက်ကင်းပုံ မြောက်ဘက်လက်တံနှင့် ဆင်ကပ်အုတ်ခုံတို့ကို တူးဖော်တွေ့ရှိခဲ့ပြီး ပန္နက်အုတ်ခုံ အလျား ၁၀ ပေ ၆ လက်မ၊ အနက် ၃ ပေ ၈ လက်မ၊ အုတ်ခံထောင့်ချိုး ၂ ပေ ၆ လက်မ၊ အုတ်ခုံမှ လှေကားအထွက် ခိုနန်းချိုး ၁၈ လက်မ၊ လက်ရုံးဒေါင့်ချိုး ၈ လက်မ၊ ခိုနန်းချိုးမှ သရက်ကင်းအဆုံး ၁၁ ပေ ၄ လက်မတို့ကို တူးဖော်တွေ့ရှိထားပြီး ဆက်လက်တူးဖော်သုတေသန ပြုလုပ်လျက် ရှိကြောင်း သိရှိရသည်။

လတ်တလော စမ်းသပ်တူးဖော်တွေ့ရှိချက်အရ ပုရပိုက်ပုံဆွဲများတွင် တွေ့ရှိရသည့် ရေနန်းတော်ကဲ့သို့ အဆောက် အအုံများစွာပါဝင်သည့် ကြီးမားသောအဆောက်အအုံမျိုး မဟုတ်နိုင်ကြောင်း၊ အလျား ပေ ၂၀၀ မှ ၂၅၀ ပေနှင့် အနံ ပေ ၂၀၀ ခန့် သစ်သားတိုင်များဖြင့် သရက်ကင်းလှေကားခုံကို တွဲဆက်တည်ဆောက်ထားသော အဆောက်အအုံမျိုးဖြစ်နိုင်ကြောင်း၊ အနီးစပ်ဆုံး နှိုင်းယှဉ်ရာတွင် အင်းဝ ဗားကရာ သစ်သားကျောင်း၊ မန္တလေးမြို့ရှိ ရွှေနန်းတော် ကျောင်းများကဲ့သို့ သရက်ကင်းလှေကား ၈ ခုမှ ၁၀ ခုအထက်ပါရှိနိုင်သော အဆောက်အအုံမျိုး ဖြစ်နိုင်ကြောင်း၊ ရှေးမြန်မာမင်းများ အသုံးပြုခဲ့သည့် ရေနှင့်သက်ဆိုင်သော ပွဲလမ်းသဘင် အခမ်းအနားများ ကျင်းပသည်ကို ကြည့်ရှုရာတွင် အသုံးပြုသည့် အဆောက်အအုံမျိုး ပို၍ ဖြစ်နိုင်ကြောင်း၊ ရေနန်းတော်ထက် ရေနန်းဆောင်ဟုသာ သုံးနှုန်းသင့်ကြောင်း၊ အချုပ်အားဖြင့် ပုရပိုက်တွင် ပါရှိသည့် ရေနန်းတော်ကဲ့သို့ ကြီးကျယ်သည့် အဆောင်ခန်းများပါဝင်သည့် အဆာက်အအုံမဖြစ်နိုင်ကြောင်းကို ကနဦးလေ့လာတွေ့ရှိရကြောင်း သတင်းထုတ်ပြန်သည်။

သို့ဖြစ်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်တစိုက်တူးဖော်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုငလျင်ကြီးကြောင့် ထွက်ပေါ်လာသည့် အင်းဝခေတ် ယဉ်ကျေးမှု အဆောက်အအုံမွေအနှစ်ကို စနစ်တကျ ဖော် ထုတ်သွားမည်ဟု သတင်းထုတ်ပြန်သည်

Channel link >> @media9koe
07.04.202519:42
ငလျင်သတင်း Group ထဲမှာ ကြုံရာဝင်ပြောနေကြလို့

အလ္လာပ သလ္လာပပြောချင်ရင် ဒီ Group ကို Join ပါ။

https://t.me/baes_paradise
दिखाया गया 1 - 24 का 328
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।