Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ငလျင်သတင်း avatar

ငလျင်သတင်း

ငလျှင်သတင်းများ
Admin∆ @yoonlaybysoren
TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिБер 28, 2025
TGlist में जोड़ा गया
Бер 28, 2025
संलग्न समूह

रिकॉर्ड

13.04.202523:59
14.9Kसदस्य
28.03.202517:25
96उद्धरण सूचकांक
06.04.202511:28
5.6Kप्रति पोस्ट औसत दृश्य
06.04.202511:28
5.5Kप्रति विज्ञापन पोस्ट औसत दृश्य
31.03.202522:14
7.62%ER
12.03.202516:51
272900.00%ERR

विकास

सदस्य
उद्धरण सूचकांक
एक पोस्ट का औसत दृश्य
एक विज्ञापन पोस्ट का औसत दृश्य
ER
ERR
30 БЕР '2506 КВІТ '2513 КВІТ '2520 КВІТ '25

ငလျင်သတင်း के लोकप्रिय पोस्ट

သမိုင်းဝင် ရွှေစာရံဘုရားကြီး ငလျင်ကြောင့် ပျက်စီး

မတ် ၂၈ ၊ ၂၀၂၅

အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သမိုင်းဝင် ရွှေစာရံဘုရားကြီး ပျက်စီးသွားကြောင်း သိရသည်။

Channel link >> @media9koe
နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက် (the day of national mourning)
သတ်မှတ်ကြေညာခြင်း


၂၀၂၅ခုနှစ်၊ မတ်လ ၂၈ ရက်နေ့
မြန်မာစံတော်ချိန် ၁၂ နာရီ ၅၁ မိနစ်၊ ၀၂ စက္ကန့်တွင် ပြင်းအား ၇.၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် အသက် ဆုံးရှုံးမှုများနှင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများတွက်
စာနာနားလည်မှုများနှင့်အတူ ထပ်တူခံစားလျက်

နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် ၃၁ - ၃-၂၀၂၅ ရက်မှ ၆ -၄ -၂၀၂၅ ရက်အထိ (၇)ရက်အား သတ်မှတ်ကြေညာလိုက်သည်။
30.03.202506:49
ငလျင်ကြောင့် သေဆုံးရုပ်အလောင်းများ များပြားလွန်းသဖြင့် မန္တလေးတွင် သင်္ဂြိုဟ်စက်များ မနိုင်မနင်းဖြစ်နေကြောင်း သိရှိရသည်။

မန္တလေးမြို့တွင် သေဆုံးသူအများအပြားရှိနေပြီး ကြာနီကန်၊ တောင်အင်း၊ မြောက်အင်းသုသာန်များတွင် အလောင်းရာနှင့်ချီ မီးသင်္ဂြိုဟ်နေရကြောင်း ထိုနေရာရောက်ရှိနေသူများထံက သိရသည်။

ယမန်နေ့က သေဆုံးသူ ၃၀၀ ကျော် သင်္ဂြိုဟ်ခဲ့ရပြီး ယနေ့ နံနက်တွင်လည်း ၂၀၀ ကျော် သင်္ဂြိုဟ်နေရပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ မနေ့ကဆိုရင် ၃၀၀ ကျော် သင်္ဂြိုဟ်ရတယ်။ဒီနေ့ကို နံနက်အစောတင် ၂၀၀ ကျော်နေပြီ။ ကလေး၊ လူကြီး သံဃာ၊ မိန်းကလေးတွေရော အများကြီးသင်္ဂြိုဟ်တာ” ဟု ထိုနေရာရောက်အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့ သုသာန် ၃ ခုတွင် အလောင်းများထပ်ကာ ပုံနေပြီးလက်မလည်အောင် မီးရှို့သင်္ဂြိုဟ်နေရကာ တချို့မှာ သုသာန်အနီး ကိုယ့်အစီအစဉ်ဖြင့်ကိုယ် သင်္ဂြိုဟ်ရကြောင်း ဆိုသည်။

“ တောင်အင်း၊ မြောက်အင်းရယ်၊ ကြာနီကန်ရယ်၊ တောင်အင်း၊ မြောက်အင်းဆို လုံးဝမနိုင်တော့ဘူး၊ လာတဲ့ နိဗ္ဗာန်ယာဉ်တွေကို လက်မခံတော့ဘူး။ ကြာနီကန်သင်္ချိုင်းကို သွားပြီး သင်္ဂြိုဟ်ခိုင်းတယ် အဲဒါလည်းတောက်လျှောက် လူတွေကလာနေတုန်းပဲ။ အသင်းကားတွေလည်းလာတယ်။ နောက်ခါ ဘုန်းကြီးကားတွေလည်း လာတယ် …သံဃာတွေလည်း သင်္ဂြိုဟ်နေကြတယ်။

“ အစကတော့ တစ်လောင်းချင်းပဲ ၊ မီးသင်္ဂြိုဟ်စက်ထဲ ပုံထားတဲ့အလောင်းတွေလည်းရှိတယ်။ မီးသင်္ဂြိုဟ်စက်အပြင်မှာလည်း အလောင်းတွေ ထပ်နေတယ်။ တချို့ဆို မနိုင်တော့လို့ အပြင်မှာ သီးသန့်သင်္ဂြိုဟ်တာတွေရှိတယ်” ဟု ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ စုစု ပေါင်း ၁၆၄၄ ဦး၊ ဒဏ်ရာရရှိသူ ၃၀၀၀ ကျော်နှင့် ၊ ပျောက်ဆုံးနေသူ ၁၃၉ ဦးရှိကြောင်း မတ် ၂၉ ရက်နေ့ ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။

ယခုအချိန်ထိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်တွင် သေဆုံးသူများနှင့် ပိတ်မိနေသူများရှိဆဲဖြစ်သည်။

ဓာတ်ပုံများ - ကံကောင်း

Channel link >> @media9koe
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး...

- စိုးခိုင်ညိန်း
ငလျင်ဘေးသင့်ပြည်သူတွေအတွက် လာရောက်ကူညီသူတွေကို ရေခဲချောင်းသည်က ကျွေးမွေးလှူဒါန်းနေသည့်မြင်ကွင်း

ဧပြီ ၆ ရက်

စစ်ကိုင်းငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူတွေအတွက် လာရောက်ကူညီသူတွေကို ရေခဲချောင်းသည်က ကျွေးမွေးလှူဒါန်းနေတာကို လူမှုကွန်ရက်မှာ ပြန့်နှံ့နေတဲ့ ရုပ်သံဖိုင်တွေမှာ မြင်တွေ့ရပါတယ်။

ရုပ်သံ - လူမှုကွန်ရက်

Channel link >> @media9koe
29.03.202510:07
ရန်ကုန်တွင် ဟိုတယ်အခန်းခ စျေး ၃ ဆတက်

မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ဓာတ်အားလိုင်းများ ပြိုလဲမှုနောက်ဆက်တွဲ လျှပ်စစ်မီးပြတ်တောက်မှုဆိုးဝါးစွာကြုံနေရသည့် ရန်ကုန်မြို့တွင် ဟိုတယ်အခန်းခ စျေး သုံးဆ မြင့်တက်သွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (မတ်လ ၂၈ ရက်) က လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး နောက်ဆက်တွဲ ငလျင်သတိပေးချက်များရှိနေချိန် ရန်ကုန်မြို့ရှိ အထပ်မြင့် တိုက်ခန်းနေထိုင်သူအများစုသည် လျှပ်စစ်မီးရရှိမှုနှင့် အဆောက်အအုံ ခိုင်ခံမှုပိုကောင်းမည်ဟု ယူဆသည့် ဟိုတယ်များတွင် ခေတ္တ ပြောင်းရွှေ့နေထိုင်နေကြခြင်း ဖြစ်သည်။
Sky villaမှာပိတ်မိနေတဲ့မိန်းကလေးတစ်ယောက်ရဲ့ဖုန်းထဲကမှတ်တမ်းပါ

ကလေးအသံတွေရောလူကြီးအသံတွေရောပါတာမို့ စိတ်ခိုင်မှနားထောင်ကြည့်ကြပါနော်

မိတ်ဆွေများကို ပြန်လည်မျှဝေပါ

Channel link >> @media9koe
မတ်လ (၃၁) ရက်နေ့၊ မြန်မာစံတော်ချိန် ည (၈) နာရီအထိ သေဆုံးသူ စုစုပေါင်း (၃,၁၉၅) ဦး ရှိလာ

Channel link >> @media9koe
MDY မှာ WiFi လေးဖွင့်ကြည့်ပါ

Wireless 5G လို့ပေါ်နေရင်

password eeeeeeee ( e ရှစ်လုံးရိုက်ပြီး အသုံးပြုလို့ရပါတယ် )

မိတ်ဆွေများအား ပြန်လည်မျှဝေခြင်းဖြင့် ကူညီပါ

Channel link >> @media9koe
30.03.202517:25
မန္တလေးမြို့ရှိ တိုက်ခန်းပြိုကျမှုမှ ၅၅ နာရီကျော်ကြာပြီးနောက် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး လွတ်မြောက်ပြီးမကြာခင်မှာပဲ သေဆုံး

ကယ်ဆယ်ရေးသမားတွေက အသက် ၃၅ နှစ်အရွယ် မသူသူလွင်ရဲ့ အသက်ကို ကယ်တင်လိုက်ပြီလို့ ထင်ခဲ့ကြပေမယ့် Sky Villa တိုက်ခန်းအပျက်အစီးထဲက ထုတ်ယူခဲ့ပြီးနောက် သူမကို မကယ်ဆယ်နိုင်ဖြစ်ခဲ့ကြပါတယ်။
ငလျင်ကြောင့်ပိတ်မိ‌နေတဲ့သူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ ကယ်‌ဆယ်‌ရေး၀ုလေး Ted

ဝုလေးနာမည်က Tedဖြစ်ပြီးတော့ Belgian Malinois အမျိုးအစားလေးပါ။ ကလေးအသက်ကတော့ (၇)နှစ်ရှိပြီလို့သိရပါတယ်။ SCDFကနေလွှတ်တဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ မြန်မာနိုင်ငံကိုပါလာတဲ့ ၀ု‌လေး လေးကောင်ထဲက တစ်ကောင်ပဲဖြစ်ပါတယ်။

နေပူထဲအခုလိုကြိုးစားရှာပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်ကလေးလေးရေ

( လူမှုကွန်ယက်မှ ကူးယူဖော်ပြသည်။ )

Channel link >> @media9koe
30.03.202513:41
အမေ...အမေနေခဲ့တော့နော်

သားသွားတော့မယ် အမေနေခဲ့တော့

သားကန်တော့ခဲ့မယ် အမေ နောက်ဆုံးအကြိမ်လေး....

မိတ်ဆွေများအား ပြန်လည်မျှဝေပါ

Channel link >> @media9koe
No April Fool's Day

Channel link >> @media9koe
Caption တောင် ဘယ်လိုတပ်ရမလဲ မသိတော့ပါဘူးဗျာ။

Channel link >> @media9koe
Sky Villa ကွန်ဒို

အနာဂတ်ရဲ့ပန်းလေးတွေ ကြွေတာ အရမ်းစောတယ်

Channel link >> @media9koe
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।