Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
K Lovers Myanmar Series 2 avatar

K Lovers Myanmar Series 2

ကြော်ငြာများထည့်သွင်းလိုပါက
@hhh97456
ကိုဆက်သွယ်လို့ရပါတယ်။
TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिЛют 06, 2025
TGlist में जोड़ा गया
Серп 10, 2024
संलग्न समूह

रिकॉर्ड

28.04.202523:59
71.9Kसदस्य
03.04.202523:59
3100उद्धरण सूचकांक
09.02.202510:40
5.1Kप्रति पोस्ट औसत दृश्य
09.02.202510:40
5.1Kप्रति विज्ञापन पोस्ट औसत दृश्य
30.03.202518:11
2.46%ER
24.02.202518:41
8.09%ERR

विकास

सदस्य
उद्धरण सूचकांक
एक पोस्ट का औसत दृश्य
एक विज्ञापन पोस्ट का औसत दृश्य
ER
ERR
ЖОВТ '24СІЧ '25КВІТ '25

K Lovers Myanmar Series 2 के लोकप्रिय पोस्ट

When Life Gives You Tangerines (2025)

စ/ဆုံး

https://t.me/+AOBjJRB5WYY1Yjdl
The Haunted Palace (2025)

https://t.me/+r9F3LXUQvq84YWI1

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။
တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…
နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...
Karma (2025)

https://t.me/+Mh7vOKEcj0NlOTc1

“ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလိုကိုယ်ပြုတဲ့ကံရဲ့နောက်ဆက်တွဲအကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ကြမ္မာတူ လူ၆ ဦးရဲအကြောင်းကိုရှုစားရမှာပါ။
ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့
အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက်
ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”..
ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”..
မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”..
ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့”မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”..
ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီအခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက်မွေးရာပါကံကြမ္မာရဲ့အလှည့်စားခံရပြီးအကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ ..။
The Divorce Insurance (2025)

https://t.me/+gM-WySLBRNdjZTI1

နောက်ဆုံးတော့ မင်းသား Lee Dong-Wook ရဲ့ Rom-Com ဒရမ်မာသစ်လေး ထွက်ရှိလာပြီဖြစ်ပါတယ်။

နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီမှာ လုပ်ကိုင်နေသူဖြစ်ပါတယ်။ အပြင်ပန်းမှာတော့
အရည်အချင်းရှိပြီး ပြီးပြည့်စုံသူတစ်ဦးလို့ ထင်ရပေမဲ့ တကယ်တမ်းက သုံးကြိမ်တိတိတောင် ကွာရှင်းထားပြီး
ဇနီးဟောင်းတွေကို တစ်နှစ်စာ လုပ်အားခနီးနီးရှိတဲ့ မယားစရိတ်တွေ ပေးလိုက်ရတာဖြစ်လို့ မွဲပြာကျနေသူပါ။
ဒါကြောင့်လည်း ဂီဂျွန်းက ကွာရှင်းခြင်းဆိုတာ လူတစ်ယောက်ရဲ့ဘဝမှာ မမျှော်လင့်ဘဲ ဝင်လာတတ်တဲ့
ဘေးအန္တရာယ်တစ်ပါးလို့ ယူဆပြီး ကွာရှင်းမှုနှုန်းတွေ မိုးထိုးတက်နေတဲ့ကာလမှာ ကွာရှင်းအာမခံမူဝါဒသစ်ကို
ရေးဆွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဂီဂျွန်းက ဂန်ဟန်ဒူ (Lee Joo-Bin)၊ အန်ဂျွန်မန် (Lee Kwang-Soo)၊
ဂျွန်နာရယ် (Lee Da-Hee) တို့နဲ့အတူ ကွာရှင်းအာမခံအဖွဲ့ကို ဖွဲ့စည်းဖြစ်သွားတဲ့အခါမှာတော့...
အရိုတစ်လိုင်းကိုမှ ဟာသလေးနှောပြီး အာမခံအကြောင်းကိုပါ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့
အပတ်စဉ် တနင်္လာ ၊ အင်္ဂါနေ့တိုင်း စောင့်ကြည့်ကြစို့နော်။
The Haunted Palace

အပိုင်းသစ် ၄

https://t.me/+r9F3LXUQvq84YWI1
Resident Playbook

အပိုင်းသစ် ၂

https://t.me/+uHbZrA8nn6xjN2Q1
Way Back Love

စ/ဆုံး

https://t.me/+9NpdPkQqkv42Zjhl

ဒီတစ်ခါမှာတော့ စိတ်ကူးယဉ်အချိန် ဇာတ်လမ်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ။

အသက် ၂၄နှစ်အရွယ် ဂျောင်ဟီဝန်းဟာ အထက်တန်းကျောင်းမှ အချစ်ရဆုံး သူငယ်ချင်းဖြစ်သလို
တစ်ယောက်အ‌ပေါ်တစ်ယောက် ခံစားချက်များရှိနေကြတဲ့ ဂင်ရမ်အူရဲ့ သေဆုံးမှုကြောင့် အပြစ်တင်စိတ်
ခံစားရနေပြီး မိမိဘဝနှင့် အသက်ကို လက်လျှော့ထားသူဖြစ်ပါတယ်။
သို့ပေမဲ့ ‌ခြောက်နှစ်ကြာလွန်ပြီ တစ်ရက်မှာ ဂင်ရမ်အူဟာ အိမ်တံခါးဝမှာ‌ သေမင်းအဖြစ်နဲ့ ရုတ်တရက်ကြီး
ရောက်ချလာကာ သူမအသက်ရှင်ရန် တစ်ပတ်သာ ကျန်တော့ကြောင်း ပြောလာပါတော့တယ်။
ရမ်အူဆုံးသွားပြီးတည်းက ရပ်တန့်သွားတဲ့ ဟီဝန်းရဲ့အချိန်တွေကို ကျန်ရှိတဲ့တစ်ပတ်တာကာလမှာ
ဘယ်လိုအတူတူကုန်ဆုံးကျမလဲ.. ဂင်ရမ်အူရဲ့ တကယ်သေဆုံးသွားရတဲ့အကြောင်းအရင်းကဘာလဲ..
နှစ်ဦးသားနောက်ဆုံးအချိန်မှာ ခံစားချက်တွေကိုဖွင့်ဟနိုင်ခဲ့မှာလား စသည်တို့ကို ရသမျိုးစုံဖြင့်
ရင်ခုန်စွာ ခံစားကြည့်ရူကြရမှာဖြစ်ပါတယ်။
Crypto Man (2025)

https://t.me/kloversmyanmarmovies/2233

ဒီဇာတ်ကားဟာ ကွယ်လွန်သွားပြီ ဖြစ်တဲ့မင်းသား Song Jae Rim ရဲ့ နောက်ဆုံးဇာတ်ကားဆိုလည်း ဟုတ်ပါတယ်။

ဉာဏ်ကြီးရှင် အဖြစ် အများက သတ်မှတ်ထားတဲ့ ဒိုဟျွန်းဟာ ချီးကျူးခံရတဲ့ စံနှုန်းတွေနဲ့ ကိုက်ညီဖို့ရာအတွက်ဘယ်နည်းနဲ့မဆို အောင်မြင်အောင် ကြိုးစားနေထိုင်ပါတယ်။ အောင်မြင်မှု သရဖူဆောင်းရမယ်ဆိုတဲ့ ရည်မှန်းချက်
ကြီးမားတဲ့ ဒိုဟျွန်းတစ်ယောက် တစ်နေ့မှာတော့ စွန့်ဦး တီထွင် လူငယ်တွေ အတွက် နိုင်ငံတော်ကနေ
ထောက်ပံ့ကြေးရရှိခဲ့ပြီး အဲဒီထောက်ပံ့ကြေးဟာ လုပ်ငန်းတည်ထောင်လိုသူတွေနဲ့ လုပ်ငန်းဒေဝါလီခံသွားရတဲ့
သူတွေအတွက် ရည်ရွယ်တဲ့ ထောက်ပံ့ကြေးဆိုတာကို သိသွားတဲ့ နောက်မှာတော့ ဒိုဟျွန်းက သူ့လုပ်ငန်းကို
တမင်တကာ ထပ်ခါတလဲလဲ အရှုံးပေါ်အောင် လုပ်ပါတော့တယ်။ အဲဒီ နောက်မှာတော့ ရင်းနှီးမြှုပ်နှံသူ ကယ်ဗင်ရဲ့
အကူအညီနဲ့ MOMMY COIN ဆိုတဲ့ ဒီဂျစ်တယ်ငွေကြေးစနစ်ကိုပါ တီထွင်သွားနိုင်ပါတော့တယ်။
အချီကြီး အောင်မြင်သွားပေမဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ ဒိုဟျွန်းတစ်ယောက်
အဆုံးထိ အောင်မြင်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာ ဆက်လက် ရှုစားပေးကြပါဦး။
13.04.202504:01
Resident Playbook (2025)

https://t.me/+uHbZrA8nn6xjN2Q1

နာမည်ကြီး "Hospital Playlist"ဇာတ်ကားရဲ့ spin-offဇာတ်လမ်းတွဲဖြစ်ပြီး
တက္ကသိုလ်ဆေးရုံရဲ့ ပါမောက္ခနဲ့ဆရာဝန်တွေရဲ့ ဘဝနဲ့သူငယ်ချင်းသံယောဇဉ်တွေကိုသရုပ်ဖော်ထားတဲ့ ဒီဇာတ်ကားလေးမှာတော့ ..

အခုလို မွေးဖွားနှုန်းကျဆင်းနေတဲ့ခေတ်မှာ ယူဂျယ်ဆေးရုံ ဂျုံရိုရုံးခွဲရဲ့ လူကြိုက်မများတဲ့
ဌာနဖြစ်တဲ့ သားဖွားမီးယပ်အထူးကုဌာနကို ရဲရဲဝံ့ဝံ့ ဝင်ရောက်လာကြတဲ့ ဘွဲ့လွန်ပထမနှစ်
လက်ထောက်ဆရာဝန်လေးတွေရဲ့ နေ့ည မနားဘဲ အကောင်းဆုံးဆရာဝန်ဖြစ်လာဖို့
ကြိုးစားကြပုံကို ပြသထားတာဖြစ်ပါတယ် .. ။

ချစ်စရာသူငယ်ချင်းဆက်ဆံရေးတွေနဲ့ ဆေးဘက်ဆိုင်ရာ ဗဟုသုတတွေကိုပါ အများကြီး
သိရှိရမှာဖြစ်လို့ အပတ်စဉ် စနေ၊ တနင်္ဂနွေတိုင်း မလွတ်တမ်း စောင့်ကြည့်လိုက်ကြပါဦးနော်။
The Haunted Palace

အပိုင်းသစ် ၂

https://t.me/+r9F3LXUQvq84YWI1
The Divorce Insurance

အပိုင်းသစ် ၇

https://t.me/+gM-WySLBRNdjZTI1
The Divorce Insurance

အပိုင်းသစ် ၉

https://t.me/+gM-WySLBRNdjZTI1
Good Doctor ( 2013 )

https://t.me/joinchat/n-x2bZvNujs0NTI1

ဒီကိုရီးယားစီးရီးဟာ ကောင်းမွန်လွန်းတဲ့အတွက်ကြောင့် American က ပြန်လည်ရိုက်ကူးတာ အားလုံးအသိပါပဲ

ပတ်စီယွန်ဟာ ငယ်စဉ်ကတည်းက ဆေးပညာကိုစိတ်ဝင်စားပြီးဆရာဝန်အရမ်းဖြစ်ချင်တဲ့ ကလေးငယ်လေးတစ်ဦးပါ..ငယ်စဉ်တုန်းက သူဟာအများနဲ့မတူပဲ ရောဂါတစ်ခုရှိနေပါတယ် ဒါကြောင့်ကလေးတွေဟာသူ့ကိုမခေါ်ပဲဝိုင်းဖယ်ကြလို့ သူ့အစ်ကိုဖြစ်တဲ့သူက စီယွန်ကို
ပုံစံပြောင်းအောင်အမျိုးမျိုးကြိုးစားခဲ့တယ်..တစ်နေ့ မှာတော့ သူနဲ့သူ့အကိုနဲ့ကစားရင်း မြေပြိုခဲ့လို့ သူ့အကိုဆုံးပါးသွားတဲ့အချိန် သူ့ရဲ့ရောဂါပိုဆိုးလာခဲ့သလို ပိုပြီးလည်း
အထီးကျန်လာခဲ့ပါတယ်..ဆရာဝန်ကြီးတစ်ဦးက သူ့ကိုမွေးစားရင်းနဲ့မှ သူ့ရဲ့ဆေးပညာ မှာကြောက်စရာကောင်းလောက်အောင်ပါရမီထူးချွန်မှုကို တွေ့ရှိရတဲ့နောက်မှာတော့
ဆရာဝန်တစ်ဦးဖြစ်အောင်ပျိုးထောင်ပေးခဲ့ပါတော့တယ်..ရောဂါကြောင့်အခြားလူတွေနဲ့ မတူတဲ့ စီယွန်.. ခံစားချက်နောက်ကိုသာလိုက်တဲ့စီယွန်.. ဆုံးဖြတ်နိုင်စွမ်းအရမ်းအားနည်းပြီး မသိတဲ့ ပတ်စီယွန်တစ်ယောက် ဆေးကုဖို့သာသိပြီးလူမှုပတ်ဝန်းကျင်မှာ လက်တွေ့ရင်ဆိုင်ရတဲ့အခါမှာတော့……
Aoshima-kun is a Bully!(2024)

https://t.me/webdramabyklovers/3598

အာအိုရှိမနဲ့ ယူကီနိုဟာ ကုမ္ပဏီတစ်ခုတည်းမှာ အလုပ်လုပ်ပေမဲ့ တစ်ခါမှ မျက်မှန်းမတန်းမိကြပါဘူး။ တစ်နေ့မှာတော့ ယူကီနို သွားတတ်တဲ့ စားသောက်ဆိုင်တစ်ခုမှာမတော်တဆတွေ့ကြရာကနေ အတူတူထိုင်ဖို့ ဖြစ်လာရင်း ရင်းနှီးသွားကြပါတယ်။
ဒီအချိန်မှာယူကီနိုဆီကို .. လက်ထပ်တော့မယ့် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်လာတဲ့အခါ
"ချစ်သူကောင်လေးနဲ့အတူ မင်္ဂလာဆောင်လာခဲ့မယ်" ဆိုတဲ့ကတိကို မှတ်မိသွားပါတယ်။
နောက်အပတ်မှာ ကျင်းပမယ့် မင်္ဂလာဆောင်အတွက် ယူကီနိုက အာအိုရှိမကို ချစ်သူအဖြစ်
တစ်ရက်လောက် သရုပ်ဆောင်ပေးဖို့ တောင်းဆိုပါတယ်။ မမျှော်လင့်ဘဲ အာအိုရှိမကသဘောတူလိုက်တော့ စိတ်သက်သာရာရသွားပေမဲ့ တကယ်တော့ အာအိုရှိမမှာလည်း
အစီအစဉ်တစ်ခုရှိပါတယ်။
အတုအယောင်ချစ်သူတွေလို သရုပ်ဆောင်နေရင်းနဲ့ယူကီနိုကို စိတ်ဝင်စားလာတဲ့ အာအိုရှိမ...
အမြဲတမ်း စကားကို တုတ်ထိုးအိုးပေါက်ပြောတတ်တဲ့ ငယ်ရွယ်ချောမောတဲ့ အာအိုရှိမကို
ခံစားချက်တွေ‌ပေါက်ဖွားလာတဲ့ ယူကီနို...
သူတို့ရဲ့ “အချစ်စာချုပ်” တစ်ခုဟာ ဘယ်လိုအဆုံးသတ်မှာလဲဆိုတာကိုတော့ ဇာတ်လမ်း‌လေးထဲမှာ
ကြည့်ရှူအားပေးကြပါဦးနော် .. ။
Resident Playbook

အပိုင်းသစ် ၃

https://t.me/+uHbZrA8nn6xjN2Q1
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।