Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
K Lovers Movies avatar

K Lovers Movies

TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिЛют 06, 2025
TGlist में जोड़ा गया
Серп 14, 2024

रिकॉर्ड

20.04.202523:59
57.6Kसदस्य
01.03.202523:59
200उद्धरण सूचकांक
01.02.202512:16
2.5Kप्रति पोस्ट औसत दृश्य
08.01.202512:16
2.5Kप्रति विज्ञापन पोस्ट औसत दृश्य
15.08.202423:59
1.92%ER
09.02.202500:53
4.29%ERR

K Lovers Movies के लोकप्रिय पोस्ट

Karma (2025)

https://t.me/kloversmyanmarseries2/5797

“ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲ့တင်လာလိမ့်မည်” ဆိုသလိုကိုယ်ပြုတဲ့ကံရဲ့နောက်ဆက်တွဲအကျိုးဆက်ဆိုးတွေကို ခံစားကြရမဲ့ကြမ္မာတူ လူ၆ ဦးရဲအကြောင်းကိုရှုစားရမှာပါ။
ပဟေဠိဆန်ဆန် မတော်တဆမှုတစ်ခုရဲ့ မျက်မြင်သက်သေဖြစ်ခဲ့ပြီး ပြန်ပြောင်းလဲလို့ မရတော့တဲ့
အပေးအယူတစ်ခုကိုလုပ်မိခဲ့တဲ့ “မျက်မြင်သက်သေ” တစ်ယောက်.. ဆရာဝန်တစ်ယောက်
ဖြစ်လာသည့်တိုင်အောင် ကလေးဘဝက စိတ်ဒဏ်ရာကနေ မလွတ်မြောက်နိုင်သေးသူ “ဂျူယွန်း”..
ဘဝကြီးကို ပြောင်းလဲပစ်ချင်လို့ ငွေတိုးချေးစားတဲ့သူတွေဆီကနေ ပိုက်ဆံချေးပြီး ရင်းနှီးမြှုပ်နှံမိရာကနေပိုက်ဆံတွေဆုံးရှုံးလိုက်ရတဲ့ “ဒုက္ခသည်တစ်ယောက်”..
မတရားသဖြင့် အလုပ်ဖြုတ်ခံလိုက်ရပေမဲ့ တစ်ဖက်မှာကျ ပိုက်ဆံတွေပုံပေးပြီး အလုပ်တစ်ခုလုပ်ပေးဖို့ကမ်းလှမ်းတာကိုခံလိုက်ရပြန်တဲ့ “ဂီယုံး”..
ဂန်နမ်မှာ အောင်မြင်နေတဲ့ဆေးခန်းတစ်ခုကို ဦးစီးနေရာကနေ မတော်တဆမှုတစ်ခုကို ကျူးလွန်လိုက်မိတဲ့”မျက်မှန်နဲ့လူတစ်ယောက်” နဲ့ ရည်းစားဖြစ်သူ “ယူဂျောင်း”..
ကိုယ်စီကိုယ်စီ ဘဝပေးအခြေအနေတစ်မျိုးစီအခက်အခဲတစ်မျိုးစီနဲ့ ဒီလူ ၆ ယောက်မွေးရာပါကံကြမ္မာရဲ့အလှည့်စားခံရပြီးအကျိုးဆက်ဆိုးတွေနဲ့ရင်ဆိုင်ရဖို့ဖြစ်လာတဲ့အခါ ..။
I Am The King (2012)

https://t.me/mkoreanmovies8/118

အိမ် ရှေ့စံအဖြစ် တင်မြှောက်ခံထားရတဲ့ သားအကြီး မင်းသားယန်း ညောကသောက်စားမူးယစ်ပြီး ပျော် ပါး နေတာ ကြောင့် ရာထူးချပြီး ဘုရင်ထယ်ဂျုံးက တတိယ မြောက်သား တော်မင်းသားချွန်း ညောကို အိမ် ရှေ့စံအဖြစ် တင် မြှောက်လိုက်ပါ တော့တယ်။  ဒါပေမဲ့လည်း မင်းသားချွန်း ညောဟာတိုင်းပြည် ရေးကို စိတ်မဝင်စားဘဲ စာ ပေ ကိုပဲ လေ့လာလိုက်စားချင်တဲ့သူဖြစ်တယ်။
ဘုရင်ဖြစ်ချင်တဲ့ဆန္ဒမရှိတာ ကြောင့် နန်း တော်ထဲက ထွက် ပြေးသွားတဲ့အချိန်မှာ မင်းသားချွန်း ညောနဲ့
တစ်ပုံစံတည်းတူတဲ့ အ စေခံ ဒေါ့ချီဆိုသူကလည်း နန်း တော်ထဲ ခိုးဝင်လာတာနဲ့ ကွက်တိဖြစ်ပြီး နှစ်ယောက်သားလူလဲကာ ဒေါ့ချီက အိမ် ရှေ့စံအစား နန်း တော်ထဲက ဖိအား တွေခံစားရပြီး မင်းသားချွန်း ညောက အ စေခံအစားနှိပ်စက်ခံရတဲ့အချိန်…. တိုင်းပြည်ရဲ့ ပကတိအ ခြေအ နေကို မျက်ဝါးထင်ထင် သိမြင်လိုက်တဲ့အခါ ဘုရင်မဖြစ်ချင်တဲ့
မင်းသားချွန်း ညောအ နေနဲ့ ပြည်သူလူထုကို မျက်ကွယ်ပြုသွားမလား ဒါမှမဟုတ် ပြည်သူလူထုအတွက်
မားမားမတ်မတ် ရပ်တည်သွားမလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားလိုက်ပါဦးရှင်။
When Life Gives You Tangerines (2025)

စ/ဆုံး

https://t.me/kloversmyanmarseries2/5606

ဂျယ်ဂျူကျွန်းပေါ်က Ae-Sun (IU)ဆိုတဲ့ကောင်မလေးကတော့ စာအုပ်ဖတ်ရတာကို ချစ်မြတ်နိုးပြီး
နာမည်ကျော်ကြားတဲ့ ကဗျာဆရာမဖြစ်လာဖို့ ရည်မှန်းချက်ရှိသူ‌လေးပါ .. ။ ဆင်းရဲတဲ့ မိသားစု
နောက်ခံကြောင့် ကျောင်းတက်ခွင့်မရပေမဲ့လည်း ခေါင်းမာပြီး ကလန်ကဆန်နဲ့ ထင်ရာစိုင်းတတ်တဲ့
အကျင့်လေးကြောင့် သူမရဲ့အိပ်မက်ကို လက်လျှော့ဖို့လည်း နည်းနည်းလေးမှ စိတ်မကူးခဲ့ပါဘူး။

သူမရဲ့ ငယ်ပေါင်းကြီးဖော်ဖြစ်တဲ့ Gwan-Sik(Park Bo-Gum) ဆိုတဲ့ စကားနည်းတဲ့ကောင်လေးကတော့
ရိုးသားကြိုးစားပြီး Ae-Sun အတွက်သာ အမြဲတမ်းရှိနေပေးပြီး သူကလွဲပြီး ဘာကိုမှမသိတဲ့သူမျိုးပါ။

1950 ခုနှစ်ရဲ့ ဂျယ်ဂျူကျွန်းပေါ်က လူငယ်လေးနှစ်ယောက်ရဲ့ ငယ်ရွယ်မှုဘဝတွေ ၊ မဖြစ်နိုင်တဲ့
အခြေအနေတွေကြားက မက်ခဲ့ရတဲ့အိပ်မက်တွေ ၊ ဖြူစင်ရိုးသားတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ တစ်ယောက်ကို
တစ်ယောက် ဘေးနားကနေ ဘယ်လိုအနစ်နာခံပြီး ဖြည့်ဆည်းပေးသွားကြမလဲဆိုတာကို နစ်မြောဖွယ်
ကြည့်ရှူရမဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာကြောင့် လက်လွှတ်မခံဘဲ စောင့်ကြည့်လိုက်ကြပါဦးနော်။
The Killer's Shopping List(2022)

https://t.me/+FGcM4lnEVJE3YjA1

အားလုံးအတွက် ဟာသလည်းပါပြီး သဲထိတ်ရင်ဖိုဖြစ်ရမယ့် ဇာတ်ကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်....
အဲဒါကတော့ မင်းသားလီကွမ်ဆူနဲ့ AOA ကအချောလေး ‌Seolhyunတို့ပါဝင်သရုပ်ဆောင်ထားတဲ့
The Killer's Shopping Last ဇာတ်ကားလေးဖြစ်ပါတယ်.....

Ahn Dae Sungက မှတ်ဉာဏ် အလွန်ကောင်းသူ တစ်ယောက်ဖြစ်ပါတယ်....
အစိုးရဝန်ထမ်း သုံးခါ ကျပေမဲ့လည်း သူဟာ ဇွဲမလျှော့ဘဲ စာဆက်ကြိုးစားနေဆဲပါပဲ....
Ahn Dae Sungဟာ သူ့အမေပိုင်တဲ့ MS martမှာ အချိန်ပိုင်း ဝန်ထမ်းအဖြစ် အလုပ်လုပ်ပြီး
သူ့ချစ်သူဖြစ်တဲ့Ah Hee က ရဲဝန်ထမ်းတစ်ယောက်ပါ.....
တစ်နေ့တော့ ထူးဆန်းလျှို့ဝှက်တဲ့ လူသတ်မှုတစ်ခုဟာ သူတို့ရဲ့ MS martနားကတိုက်ခန်းမှာ ဖြစ်ပွားခဲ့ပါတယ်..... ဒီအမှုကို Dae Sung, Ah Heeနဲ့ Dae Sung အမေ Myung Sook တို့
သုံးယောက်သား ဘယ်လို စုံစမ်းဖော်ထုတ်ကြမလဲဆိုတာကို ဟာသနှော ရိုက်ကူးထားပြီး
အသည်းတယားယားနဲ့ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.....
The Art Of Negotiation (2025)

စ/ဆုံး

https://t.me/kloversmyanmarseries2/5621

Sanin လုပ်ငန်းစု M&A အဖွဲ့ဟောင်းမှာ အဓိကကျတဲ့ Yun Ju No ကတော့ ထုတ်ဖော်ပြောပြလို့မရတဲ့ အကြောင်းတရားတွေကြောင့်
ဟာဝိုင်အီကို ထွက်လာပြီး တစ်နေ့မှာ ရုတ်တရက်ကြီး အစအနပျောက်သွားပါတော့တယ်...ရာထူးချခံရတယ်ဆိုတဲ့ ကောလာဟလတွေ
ပျံ့နေပေမဲ့လည်း တကယ့် အမှန်တရားကိုတော့ ဘယ်သူမှမသိခဲ့ရပါဘူး...အဲဒီလိုနဲ့ ၃နှစ်အကြာမှာ Sanin လုပ်ငန်းစုက ဝမ် 11 ထရီလီယံ အကြွေးတင်ပြီး ဒေဝါလီခံလိုက်ရတဲ့အခါမှာ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ Ju No ကို ကိုရီးယားကို ပြန်ခေါ်ခဲ့ပါတယ်...Sanin လုပ်ငန်းစုကို ကယ်တင်ဖို့က သူ့အတွက် အဓိကမစ်ရှင်တစ်ခုဖြစ်လာပြီးနောက် ကိုယ်စားလှယ် Song Jae Sik ရဲ့ အထောက်အပံ့နဲ့ M&A team အသစ်တစ်ခုကို ဖွဲ့စည်းပြီး

အန္တရာယ်များတဲ့ အကြီးစားညှိနှိုင်းရေး‌လောကထဲကို ဝင်ရောက်ဖို့အတွက် အတော်ဆုံး စေ့စပ်ညှိနှိုင်းသူတွေကို စုစည်းလိုက်ပါတော့တယ်...
နောက်ဆုံးအခွင့်အရေးအနေနဲ့ အရဲစွန့်ကြိုးပမ်းပြီး ကုမ္ပဏီကို ပြန်လည်ကယ်တင်သွားနိုင်မလား ..."ညှိနှိုင်းရေးနတ်ဘုရား" ဆိုတဲ့ ဂုဏ်ပုဒ်ကို
ပြန်လည်ယူဆောင်ပေးသွားနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ
The Haunted Palace (2025)

https://t.me/kloversmyanmarseries2/5949

Yoon Gab(Yook Sung-Jae) ဟာ ဂုဏ်သိက္ခာရှိပြီးတော့ ရုပ်ရည်ချောမောတဲ့ နန်းတွင်းအစိုးရ
အမှုထမ်းတစ်ဦးပါ .. ။ တစ်နေ့မှာတော့ ဂန်ချောလ်လို့ အမည်ရတဲ့ ..
ကောင်းကင်ပေါ်ကို တက်ဖို့ကြိုးစားနေတဲ့ အီမူဂီ (ခေါ်) ဒဏ္ဍာရီလာသတ္တဝါဟာ Yoon Gab ရဲ့
ခန္ဓာကိုယ်ကို အပိုင်ရယူသွားပါတယ်။ အဲဒီနောက် Yoon Gab ဟာလည်း အပြုအမူတွေလည်း
စတင်ပြောင်းလဲလာပြီး လူတွေဆီကနေ အကြည်ညိုပျက်ခံလာရပါတော့တယ် .. ။

Yoon Gab နဲ့ အတိတ်တုန်းက အချစ်ဦးတွေဖြစ်ခဲ့ကြတဲ့ Yeo-Ri (Bona)ကတော့ နာမည်ကြီး
နတ်ဝင်သည်ရဲ့ တစ်ဦးတည်းသော မြေးမလေးဖြစ်ပြီး .. ဝိညာဉ်ရေးရာ ပါရမီတွေကိုလည်း
အမွေဆက်ခံထားရသူတစ်ဦးပါ။

အဲဒီလိုနဲ့ တစ်ရက်မှာတော့ စွမ်းအားပြင်း အမျိုးသမီးဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ပြည့်နေတဲ့
နန်းတော်ထဲကို ဝင်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် .. ။
တစ်ဖက်မှာလည်း တိုင်းပြည်ကို တိုးတက်ပြောင်းလဲ‌စေဖို့အတွက် စိတ်အားထက်သန်လှတဲ့ ဘုရင်
Lee Sung(Kim Ji-Hoon)…
နန်းတွင်းထဲမှာ ထူးဆန်းပြီး မယုံနိုင်စရာကောင်းတဲ့ ဝိညာဉ်ရေးရာပြဿနာတွေဖြစ်လာတဲ့အခါမှာ...
Time Renegades (2016)

https://t.me/kloversmovies2/53

နံမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Jo Jung Suk, Lee Jin Wook, Im Soo Jung တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားလေးဟာ box office $ 8.4million ထိရရှိခဲ့တဲ့ Romance/Fantasy ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့……၁၉၈၀ က လူတစ်​ယောက်​နဲ့ ၂၀၁၅ က လူတစ်​ယောက်​တစ်​ယောက်​အ​ကြောင်းတစ်​ယောက်​အိပ်​မက်​တွေအပြန်​အလှန်​မက်​ပြီးသူတို့နှစ်​ယောက်​ချိတ်​ဆက်​မိကြတယ်​။
အတိတ်​ဘဝကလူရဲ့ချစ်​သူ အသတ်ခံရပြီး​သူနဲ့ဆိုင်​တဲ့ လူ​တွေလဲ တစ်​ယောက်​ပြီးတစ်​ယောက်​ပုံစံတစ်​အ​မျိုးတည်းနဲ့ အသတ်​ခံရပါ​တယ်​။
ဒီလူသတ်​သမားဟာ ယခုဘဝကလူရဲ့ချစ်​သူကိုပါ သတ်​ဖို့ ကြိုးစားလာပါ​တော့တယ်​။
ဒါကို အရင်​ဘဝကလူက ကြိုမြင်​ပြီး..လူသတ်​သမားကို လိုက်​ဖမ်းဖို့ကြိုးစားပါ​တယ်​။
အချိန်မတူတဲ့ လူနှစ်ယောက်…တစ်ယောက်ရဲ့ အနာဂတ်ကို တစ်ယောက်က ကြိုတင်မြင်နေကြပြီး သေလုမျောပါးပြေးလွှားရမယ့်အဖြစ်က ဘယ်လောက်ထိစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ်ဆိုတာ ခံစားကြည့်ရှုကြပါဦး။
The First Responders S1/S2

https://t.me/+39ystMsY-h9iNWFl

Cast အလန်းစားတွေဖြစ်တဲ့ ထိပ်တန်းဝါရင့်မင်းသားကြီး Kim Rae Won ပါဝင်ထားပြီး Son Ho Jun, Gong Seung Yeon တို့ကပါ အဓိကပါဝင်သရုပ်ဆောင်သွားကြမှာပါ။

စိတ်လှုပ်ရှားစေမယ့် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး အမှုတွေကိုကိုင်တွယ်ဖြေရှင်းသွားကြမှာပါ။ Jin Ho Gae (Kim Rae Won) က ရဲအနေနဲ့ပါဝင်ပြီး အဖက်ဖက်တော်လွန်းတဲ့ ဘယ်အရာကိုမှဂရုမစိုက်ပဲ တရားခံကိုဖမ်းဖို့အတွက်သာအာရုံစိုက်တတ်သူပါ။

Bong Do Jin ကတော့ အေးစက်တဲ့ပုံစံကြောင့် အထင်မှားခံရလေ့ရှိပေမယ့် အကြောက်တရားတွေမရှိပဲ မီးလောင်ရင်ကယ်ဖို့အတွက်သာ ဦးစားပေးလုပ်ဆောင်တတ်သူ တော်လွန်းတဲ့မီးသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ်။ Song seol ဆိုတဲ့ ဒဏ်ရာတွေကိုကုစားပေးမယ့် စာနာတတ်တဲ့နှလုံးသားရှိသူဆေးမှူးလေးလည်းပါဝင်ကာ စိတ်ဝင်စားကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။
Tomb of the River (2021)

https://t.me/kloversmovies2/23

"လူကြမ်းမှာလည်း နူးညံ့တဲ့နှလုံးသား ရှိပါတယ်
လူကြမ်းပေမဲ့ လူမိုက် မဟုတ်ဘူး
လူမိုက်ဆိုရင်‌ အစွမ်းကုန်မိုက်ရမယ်..."

ကိုရီးယား အက်ရှင်ကားဆို နာမည်ကြီးတဲ့ဇာတ်လိုက်ကျော် Jang Hyuk ရဲ့ Tomb of the River ကိုတင်ဆက်ပါဦးမယ်
လူကြမ်းဆိုပေမဲ့ ဆိုးသွမ်းတဲ့အလုပ်တွေ မလုပ်တဲ့ ဂီဆော့နဲ့
အဆိုးသွမ်းဆုံးအလုပ်တွေမှ ရွေးလုပ်တဲ့ မင်ဆော့....
ဆန့်ကျင်ဘက်စရိုက်ရှိတဲ့နှစ်ယောက်က တူညီတဲ့လမ်းကိုရွေးရတော့မဲ့အချိန်မှာ ဘယ်လိုတွေ အပြောင်းအလဲဖြစ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော်

ကြမ်းတမ်းတဲ့ fighting တွေကိုမှ သဘောကျတတ်တဲ့ ပရိသတ်တွေအတွက်ကတော့အားရစရာကောင်းမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာ အသေအချာပါပဲ။
The Golden Spoon (2022)

https://t.me/+9PvwXlHVNONiNDBl

ဘဝမှာအချစ်ခံပြီးကြီးပြင်းလာရပေမယ့် ဆင်းရဲတဲ့မိသားစု အချစ်တွေမရှိတဲ့ချမ်းသာတဲ့မိသားစု ရွေးချယ်ခွင့်သာရရှိခဲ့ရင် သင်ဘယ်မိသားစုကိုရွေးချယ်မှာလဲ??

ဒီကားလေးက Webtoon ကို အ​ခြေခံထားတဲ့ဇာတ်ကားဖြစ်ပြီး Seung Cheon မှာထူးခြားဆန်းကြယ်တဲ့ ဘဝတွေကိုလှည့်ပြောင်းနိုင်တဲ့ဇွန်းလေးကို ပိုင်ဆိုင်ထားပါတယ်။ Seung Cheon ကသူ့သူငယ်ချင်းရဲ့ချမ်းသာတဲ့ဘဝကို လဲလှယ်လို့ရပေမယ့် ငါဘယ်လိုဘဝမျိုးမှာနေထိုင်ချင်လဲကို အခြေအနေတွေနှိုင်းယှဥ်ကာ ဆုံးဖြတ်ခံပါတယ်။

သူ့ရဲ့ပြောင်းလဲနိုင်တာကတော့ အခွင့်အရေးသုံးကြိမ်သာရှိမှာပါ။ ဒီထူးခြားတဲ့ကားလေးကို မင်းသား Yook Sung Jae, Lee Jong Won, Jung Chae Yeon, Yeon Woo တို့ကအဓိကထားသရုပ်ဆောင်သွားကြမှာဖြစ်တာမို့ စိတ်ဝင်စားဖွယ်ကြည့်သွားကြရမှာပဲဖြစ်ပါတယ်။
Squad 38(2016)

https://t.me/+u2jrOkP8l7EwMGY1

ဘဲ့ဆောင်းအီ(Mar Dong-Seok)က အကောက်ခွန်ရုံးမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီးတော့ အထက်လူကြီးတွေကို လာဘ်ထိုးပြီး ပမာဏများတဲ့ အခွန်တွေကို ပေးဆောင်ဖို့ရှောင်နေတဲ့သူတွေကို မနှစ်မြို့တဲ့သူတစ်ယောက်ပါ။
ယန်းဂျောင်းဒို(Seo In-guk)ကတော့ ကျွမ်းကျင်လူလိမ်တစ်ယောက်ဖြစ်တယ်။
လူတွေကို လိမ်လည်ပြီး ရိုက်စားလုပ်ရတာက သူ့အတွက်တော့ ထမင်းစား ရေသောက်လိုပါပဲ။
လာဘ်ထိုးပြီး အခွန်ရှောင်နေတဲ့သူတွေကို ဘဲ့ဆောင်းအီအနေနဲ့ သမရိုးကျလုပ်ရိုးအတိုင်းပဲဆက်ပြီး လုပ်လို့ မရတော့တဲ့အဆုံး ယန်းဂျောင်းဒိုရဲ့လူလိမ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ဖြစ်လာတော့တယ်။
ဥပဒေကို ကာကွယ်ထိန်းသိမ်းဖို့ လုပ်ဆောင်နေတဲ့ အစိုးရဝန်ထမ်းနဲ့ ဥပဒေကို ချိုးဖောက်ပြီး
လုပ်စားနေတဲ့ လူလိမ်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်ပါ့မလား။
ဘဲ့ဆောင်းအီနဲ့ယန်းဂျောင်းဒိုတို့က အခွန်ပေးဆောင်ဖို့ ရှောင်နေတဲ့သူတွေအပေါ်ဘယ်လိုမျိုး ငွေတွေကို လိမ်လည်ပြီး ရယူသွားမလဲ။
မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြား ဘယ်လိုအကွက်တွေ
ရွှေ့သွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူရမှာပါ။အလိမ်အခိုးအဝှက် ပရိယာများတဲ့စီးရီးတွေကြိုက်တဲ့သူတွေကြည့်သင့်ပါကြောင်းဗျို့...
Catch Your Luck (2025)

https://t.me/+z5zORYue8VQ2YzNl

ဟန်မူချော (ခေါ်) K-Scrooge ဟာ ဒယ်ဝန်းအဆောက်အဦပိုင်ရှင်ဖြစ်ပြီး ငွေသည်သာ
အရာရာလို့သတ်မှတ်ထားသူပါ။ မိသားစုထက် ငွေရှာရတာကိုပိုကြိုက်နှစ်သက်တဲ့သူဖြစ်ပြီး
ငွေကို ဒီထက်မကပို ရချင်ဇောနဲ့ ရှာရာကနေ တစ်နေ့မှာတော့ အလိမ်ခံလိုက်ရပါတော့တယ်...

ဂင်ဒယ်ရှစ်ကတော့ ကျောင်းတုန်းက ဟန်မူချောနဲ့ ပြိုင်ဘက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့
ဟန်မူချောရဲ့အိမ်ငှားတစ်ယောက်သာ ဖြစ်နေပါတော့တယ်။ ဒယ်ဝန်းအဆောက်အအုံပထမထပ်မှာ မိန်းမဖြစ်သူနဲ့အတူ ကြက်ကြော်ဆိုင်ဖွင့်ထားပြီး ငွေမရှိပေမဲ့ မိသားစုအပေါ်စိတ်ရောကိုယ်ပါ မြှုပ်နှံထားသူပါ။

အီဒင်းအိမ်ခြံမြေအကျိုးဆောင်ပိုင်ရှင်ဖြစ်တဲ့ ချွဲဂယူထယ်ကတော့ ဟန်မူချော ,ဂင်ဒယ်ရှစ်တို့နဲ့
သူငယ်ချင်းဖြစ်ပြီး VIP ဖောက်သည်ဖြစ်တဲ့ ဟန်မူချောအပေါ် ကျေးဇူးတင်စိတ်ရှိသူပါ။
တစ်နေ့မှာ သားဖြစ်သူ နှလုံးခွဲစိတ်ဖို့အတွက် ခွဲစိတ်ခလိုအပ်လာတဲ့အခါမှာတော့....

ပိုက်ဆံရှိတဲ့လူ ,ပိုက်ဆံမရှိတဲ့လူနဲ့ ပိုက်ဆံရှိချင်တဲ့ သူငယ်ချင်းသုံးယောက်တို့နဲ့ သူတို့မိသားစုတွေမှာ ဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတွေကို တနင်္လာနေ့ကနေ သောကြာနေ့အထိတစ်ပတ်ကို ၅ ပိုင်း တင်ဆက်သွားပေးမှာဖြစ်လို့ ကြည့်ရှုခံစားပေးကြပါဦးနော်။
A Reason to Live (2011)

https://t.me/kloversmovies6/48

ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားကောင်းလေးကတော့ နာမည်ကြီး မင်းသားမင်းသမီးတွေပါဝင်တဲ့ Life, Drama အမျိုးအစားလေး A reason to liveဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ..

မတော်တဆမှုတစ်ခုကြောင့် စေ့စပ်ထားတဲ့သူ ဆုံးရှုံးသွားတဲ့ ဒါဟယ်(Song Hye Kyo)ဟာ
ကတ်သလစ်ဘာသာ ယုံကြည်သက်ဝင်သူ တစ်ယောက်အနေနဲ့ အပြစ်သားကို ခွင့်လွှတ်ပေးဖို့
လက်မှတ်ကို ကိုယ်တိုင် ထိုးခဲ့သူပါ...

တစ်နှစ်ကြာပြီး တစ်နေ့မှာတော့ ကတ်သလစ်ဘုရားကျောင်းတစ်ခုရဲ့ တောင်းဆိုမှုအရ
သေဒဏ်ကို ဖျက်သိမ်းပေးဖို့အတွက် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ဖို့ဖြစ်လာတဲ့အခါ ..

အမျိုးမျိုးသော လူသေမှုတွေရဲ့ နစ်နာသူတွေဘက်က မိဘဆွေမျိုးတွေကို အင်တာလိုက်ဗျူးရင်း
သူ့စေ့စပ်ထားတဲ့သူ ဟန်ဆန်းဝူ (Ki Tae Young)ကို သတ်ပစ်ခဲ့တဲ့ အလယ်တန်းကျောင်းသား
ဘယ်လိုများ ရှင်သန်ကြီးပြင်းနေလဲဆိုတာကို သိချင်လာပါတော့တယ် ..

ဒါဟယ်တစ်ယောက် ဘုရားသခင်ရဲ့အလိုဆန္ဒနဲ့ သူရဲ့ စိတ်ထဲက ခွင့်လွှတ်မှုဟာ အစစ်အမှန်ဖြစ်မလား
ဆိုတာကို ရသမြောက်မြောက်တင်ဆက်ထားတာမို့လို့ ကြည့်ရှုစီးမျောလိုက်ပါဦးနော် .. ။
Innocence(2020)

https://t.me/kloversmovies2/52

ရွာတစ်ရွာရဲ့ အသုဘတစ်ခုမှာ အသုဘပွဲလာတဲ့သူတွေကိုအရက်နဲ့ဧည့်ခံရင်းကနေ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
ပိုးသတ်ဆေးကိုအရက်ထဲ ထည့်တိုက်လို့လူလေးယောက်သေဆုံးပြီး နှစ်ယောက်ကဆေးရုံတင်လိုက်ရပါတယ်။ဒီအမှုကအဲ့ရွာမှာ ဟိုးလေးတကြော်ဖြစ်သွားပြီးအဲ့ဒီအသုဘအိမ်ကတာဝန်ရှိသူ အိမ်ရှင်အဒေါ်ကြီးကို အရက်ထဲပိုးသတ်ဆေး ခတ်ပါတယ်ဆိုပြီးရဲတွေကဖမ်းဆီးခဲ့ပါတယ်။ဒီအမှုကိုတီဗီကနေကြားသိလိုက်ရတဲ့ အန်းဂျောင်းအင်းဆိုတဲ့ ရှေ့နေမလေးကလည်း ဒီအမှုနဲ့ပတ်သက်ဖို့ဖြစ်လာခဲ့ပါတယ်။အန်းဂျောင်းအင်းဆိုတာဆိုးလ်မြို့မှာ နာမည်ရ အလွန်တော် ထက်မြက်တဲ့ရှေ့နေတစ်ယောက်ပါ။သူကိုယ်တိုင် ဒီအမှုကိုလိုက်ဖို့ဘယ်လိုပါဝင်ဖြစ်တယ်ဆိုတာ ကတော့ဒီဇာတ်လမ်းရဲ့မြှပ်ကွက်ပဲဖြစ်ပါတယ်။ဒီအမှုကလည်းအများထင်ထားသလိုရိုးရှင်းတဲ့အမှု တစ်ခုလား ဒါမှမဟုတ်နောက်ကွယ်မှာဘာတွေရှိနေသေးလဲဆိုတာကတော့ဇာတ်ကားကိုကြည့်ပြီးအဖြေရှာစေချင်ပါတယ်။ ခြုံပြောရရင် ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး အချိန်ပေးကြည့်ရတာတန်မယ့်အကျိုးရှိမယ့် ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
My Sister, the Pig Lady (2015)

https://t.me/kloversmovies6/49

ငါးဖမ်းခြင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့ တံငါရွာလေးမှာ တစ်နေ့တော့ ငါးတွေဟာ
ပင်လယ်ထဲမှာ မရှိတော့တဲ့ အထိဖြစ်သွားခဲ့ပြီး ရွာလေးဟာလည်း စီးပွားပျက်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။
လူငယ်အများစုဟာ မြို့ကို အသီးသီး ထွက်ခွာသွားခဲ့ကြပေမဲ့ ရွာမှာ ကျန်ခဲ့တဲ့ သူငယ်ချင်း သုံးယောက်ဖြစ်ကြတဲ့ ဂျယ်ဟွာ (Hwang Jung Eum), ယူဂျာ (Choi Ye Jin), မီဂျာ (Park Jin Ju)တို့ဟာ
ရွာမှာ လူပျိုဆိုလို့ တစ်ယောက်တည်း ကျန်တော့တဲ့ ဂျွန်ဆော့ (Lee Jong Hyuk) ကို တိတ်တခိုး ကြိုက်နေကြပြီးပိုင်ဆိုင်ဖို့ ကြိုးစားနေကြတဲ့ သူတွေပါ။
ဂျွန်ဆော့ကတော့ မိသားစုပြဿနာတွေကြောင့်စိတ်ညစ်နေရတဲ့ ဂျယ်ဟွာ့ကို အမြဲတမ်း အားပေးလေ့ရှိပြီး ဂျယ်ဟွာ့ဘေးမှာ ရှိနေပေးတတ်တဲ့ သူတစ်ယောက်ပါ။
သူတို့နှစ်ယောက်ဟာ အနေနီးတာ ကြာလာတဲ့အခါမှာတော့ အဆင့်တက်ပြီး ချစ်သူတွေ ဖြစ်သွားကြပါတော့တယ်။
ဒါပေမဲ့ ဂျွန်ဆော့ကို တစ်ဖက်သတ် ကြိုက်နေကြတဲ့ ယူဂျာနဲ့ မီဂျာတို့ကတော့ လက်မလျှော့ကြဘဲ ချစ်သူနှစ်ဦးရဲ့ဆက်ဆံရေးကို ဝင်ရောက်ချိုးဖောက်ဖို့ ကြိုးစားကြပါတော့တယ်။
ဂျယ်ဟွာနဲ့ ဂျွန်ဆော့ရဲ့ ချစ်သူဘဝလေးဟာ လှပတဲ့ အဆုံးသတ်လေး ဖြစ်သွားမလား...
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।