Notcoin Community
Notcoin Community
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
Whale Chanel
Whale Chanel
Proxy MTProto | پروکسی
Proxy MTProto | پروکسی
iRo Proxy | پروکسی
iRo Proxy | پروکسی
နောင်ရိုးဟစ်တိုင် avatar

နောင်ရိုးဟစ်တိုင်

TGlist रेटिंग
0
0
प्रकारसार्वजनिक
सत्यापन
असत्यापित
विश्वसनीयता
अविश्वसनीय
स्थान
भाषाअन्य
चैनल निर्माण की तिथिJul 01, 2022
TGlist में जोड़ा गया
Sep 16, 2024

နောင်ရိုးဟစ်တိုင် के लोकप्रिय पोस्ट

08.02.202522:39
ကြီးအုံကြီးဝရေလှောင်တမံနှင့်
ဓာတ်အားပေးစက်ရုံအား တပ်မတော်ကပြန်လည်ထိန်းချုပ်

မကွေး၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကြီးအုံကြီးဝရေလှောင်တမံ နှင့်လျှပ်စစ်ဓာတ်အားပေး စက်ရုံ အား တပ်မတော် က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းသည် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေ ၃ နာရီခွဲခန့်က စတင်ပြီး ကြီးအုံကြီးဝရေလှောင်တမံနှင့် ဝန်လိုကျေးရွာတို့ရှိ ပွင့်ဖြူPDF ဌာနချုပ်အား စစ်ကြောင်းထိုးရှင်းလင်းနေကြောင်းသိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်တွင် တပ်မတော်စစ်ကြောင်းက ကြီးအုံကြီးဝရေလှောင်တမံ အား ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်းသိရပြီး စစ်ကြောင်းများဖြန့်ခွဲထားကြောင်းသိရသည်။

ယခုလက်ရှိအချိန်ထိ ဝန်လိုကျေးရွာနှင့် ခိုနန်းကျေးရွာတို့တွင် တပ်မတော်စစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး အပြီးသတ်သိမ်းပိုက်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းသည် ဝန်လိုကျေးရွာအတွင်းထိဝင်ရောက်တိုက်ခိုက်နေကြောင်းသိရသည်။

တပ်မတော်စစ်ကြောင်းသည် ဆည်မြောင်းဝန်ထမ်းများအား စက်မှုဝန်းအတွင်းနေထိုင်စေပြီး EPC ဝန်ထမ်းများအား ဝန်ထမ်းအိမ်ရာများတွင်နေထိုင်စေကြောင်းသိရသည်။

SAC ကထုတ်ပြန်ထားသော အကြမ်းဖက်သမားများအားဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဝန်လိုကျေးရွာ၊ခိုနန်းကျေးရွာများတွင် အရပ်သားမရှိဘဲ လက်နက်ကိုင်အဖွဲ့ဝင်များသာဖြစ်ကြောင်း MPA ကဆိုသည်။

MFG media
16.02.202504:14
#နံက် ၅ နာရီဝန်းကျင် ဖြစ်စဥ်

တောင်ဥက္ကလာ ငွေကြာရံကျောင်း၌ သံဃာများ
ဆွမ်းခံကြွချိန်  အုပ်စုဖွဲ့ကာ  ကိုယ်ပိုင်ကားဖြင့်
ဖုန်းများဝင်ခိုးကြပါသည်၊

တယောက်သာမိပြီး ကျန်လူများအား လွတ်သွားပါသည်
သံဃာတွေ ဘယ်ချိန်မရှိဘူးဆိုတာ သူတို့လေ့လာထားပုံရသည်  ယခုတခေါက်သာ ဝင်ခိုးဖူးခြင်းမဟုတ်၊

ဟိုးးး ၅ လကျော်လောက်က ခိုးထားတဲ့ ဖုန်းတွေပါ
သူတို့ကိုင်နေတာ တွေ့ရပါသည်။

သူတို့က ငတ်လို့ ခိုးခြင်းမဟုတ်ဘဲ စီးပွားရေးအဖြစ်
ခိုးစား လုယူနေခြင်းသာ ဖြစ်လေ၏

သူတို့ကို  မြင်လို့ လိုက်ရင် ပြန်ခုခံဖို့အတွက်
ဓား-သ​ံတုတ် လက်နက်မျိုးစုံ ဆောင်ထားကြ၏
ကျောင်းတံခါးအနားမှာ သံတုတ်ကို ကြိုတင်၍
ထောင်ထားကြ၏။

အမှိုက်သိမ်းတဲ့ စည်ပင်အဖွဲ့လိုလို  ဟန်ဆောင်မာယာ
များကာ နည်းမျိုးစုံနဲ့ ဝင်ခိုးနေကြလေ၏

မေတ္တာရှေ့ထားကာ တောင်ဥက္ကလာ ရဲစခန်းလက်သို့
လွဲပြောင်းပေးလိုက်ပြီ ဖြစ်ပါ၏

မိတ်ဆွေများအနေဖြင့် တက်စီကားနံပါတ်ကိုလည်း
အထူးသတိထားရန် လိုအပ်ပါသည်
ယခုကားနံပါတ်ကို လုံးဝလုံးဝ မစီးသင့်ပါကြောင်း
ဂရတ်တက်စီအဖွဲ့အဝင် ကားဖြစ်ပေမယ့်
ယုံကြည်လို့မရပါ မသမာငွေရှာကြ၍
ခရီးသည်များ ဒုက္ခရောက်နိုင်၍ လူတိုင်းသိစေရန်
မျှဝေခြင်းဖြစ်ပါသည်။
thadingabar
12.02.202509:38
အကြမ်းဖက်အဖွဲ့၏ လူမဆန်တဲ့လုပ်ရပ်ကြောင့် ကရင်၊ ဗမာ ကျောင်းသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

၁၁-၂-၂၀၂၅ ရက်နေ့မှာ မြိတ်မြို့နယ်၊ အထက(တုံဗျောကြီး) က ဆရာ ၁ ဦးနဲ့ ကျောင်းသား ၆ ဦး တို့သည် အထက(တောင်ဖီလာ)ကို စာသင်ခုံတွေသယ်ဖို့ ကျောက်သယ်တဲ့ယာဉ်နဲ့ သွားနေတာကို KNU/PDF အကြမ်းဖက်များက ရည်ရွယ်ချက်ရှိရှိနဲ့ တောပုကျေးရွာ အနီးအရောက် မြိတ်-ကော့သောင်း ပြည်ထောင်စု ကားလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ Grade -10 ကျောင်းသား ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
ယခုဖြစ်စဉ်မှာ မြိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက် PDF အဖွဲ့ခေါင်းဆာင် နော်ကင်းအဖွဲ့၏ ကရင်၊ ဗမာ လူမျိုးများအပေါ် ဒေသခံလူမျိုးချင်းတူတာတောင် လူမဆန်စွာ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။
-
တုံဗျောကြီးတို့ တောင်ဖီလာတို့ ဆိုတာ ကရင်လူမျိုးနဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ရွာတွေဖြစ်ပါတယ် မြိတ်နဲ့ဆို မိုင် ၂၀ ခန့်သာကွာဝေးပါတယ်။
-
တော်တော်ယုတ်မာတဲ့ ခွေးမျိုးအကြမ်းဖက်တွေ မြန်မြန်မျိုးတုန်းပါစေ။

KT
ခွက်ခေါက်ပြီးရတဲ့ အလှူငွေတွေကိုခိုးပြီး  ကိုယ်ကျိုးအတွက် အသုံးချနေတဲ့ NUG ကို ယုံကြည်မှုမရှိတော့သည့်အတွက်ကြောင့်ဟူဆိုကာ ဂန့်ဂေါ PDF တွေက NUG လက်အောက်မှ နုတ်ထွက်။

အချင်းချင်းတွေတောင် မယုံကြတာ
တော်လှန်ရေး အောင်မယ်ပြောတဲ့စကားကို ခုချိန်ထိယုံနေတုန်းလား

စဥ်းစား စဉ်းစား

မှိုင်းဝေ
10.02.202510:53
အမျိုးသမီးပြည်သူ့စစ်မှုထမ်းခေါ်ယူရန် မရှိသေးကြောင်း နစက တရားဝင်သတင်းထုတ်ပြန်

ပြည်သူ့စစ်မှုထမ်း နည်းဥပဒေထွက်ပြီးနောက် ရပ်/ကျေး နဲ့ မြို့နယ်အဆင့်မှာ အမျိုးသမီးစစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် သမီးရှိတဲ့ မိဘတိုင်း စိုးရိမ်ပူပန်နေကြရပါတယ်…

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်မှုကို ဆန့်ကျင်နေတဲ့အုပ်စုကလည်း သတင်းအမှားတွေ ထုတ်လွှင့်ပြီး အမျိုးသမီးစစ်မှုထမ်းတွေ ဆင့်ခေါ်နေကြောင်း လှုံ့ဆော်ခဲ့ကြပါတယ်…

ဆင့်ခေါ်ရေးအောက်ခြေတာဝန်ရှိအဖွဲ့တွေကလည်း ငွေကြေးကောက်ခံတာတွေ၊ စစ်မှုမထမ်းလိုတဲ့ အမျိုးသမီးများအတွက် ငွေကြေးနဲ့ ခြိမ်းခြောက်တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်နေကြပါတယ်…

ရောင်တော်ပြန်လွှတ်ပြီး တစ်ချို့ကလည်း စစ်တပ်အယောင်ဆောင် ပြည်သူ့စစ်မှုထမ်းအကျုံးဝင်တဲ့ အမျိုးသမီး၊ အမျိုးသား လူငယ်တွေကို ဖမ်းဆီးပြီး ငွေကြေးတောင်းခံမှုတွေ အများအပြား ဖြစ်ပေါ်နေပါတယ်...

နစက ပြောရေးဆိုခွင့်ရှိသူရဲ့ ကမ္ဘာသိ တရားဝင်ထုတ်ဖော်ပြောကြားချက်အရ အမျိုးသမီး စစ်မှုထမ်းတွေ ခေါ်ယူရန် အစီအစဉ်မရှိကြောင်းနဲ့ အမျိုးသမီးစစ်မှုထမ်း ဆင့်ခေါ်ရေး ငွေကြေးကောက်ခံမှုများကို တိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်….

မသိတဲ့ပြည်သူတွေ၊ သိသိကြီးနဲ့ လုပ်စားနေသူတွေအတွက် ဒီသတင်းကို ဖြန့်ဝေပေးစေချင်ပါတယ်…

ခင်ညိုချော
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကောက်နုတ်ချက်
10.02.202513:50
အလောင်း/လက်နက်များရရှိ (နောင်ချို၊ နားရှိုး)

ဖေ ၁၀ ရက်နေ့ (ယနေ့)နေ့လည်ပိုင်းမှာ နောင်ချိုမြို့နယ်၊ နားရှိုးဒေသမှာ စစ်ကြောင်းများက နယ်မြေရှင်းလင်းရာ အကြမ်းဖက် TNLA ၅၀ ဦးခန့်တို့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ရန်သူများ ကစဉ့်ကလျား ထွက်ပြေးသွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၇ လောင်း
(၂) လက်နက်မျိုးစုံ ၅ လက်
  - Type-81 သေနတ် ၄ လက်
  - RPG လောင်ချာ ၁ လက် (ပျက်စီး)
(၃) ကျည်အိမ် ၆ ခု၊ ကျည် ၇၀ ကျော်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။ (အောင်မြေချဲ့ ရှင်းလင်းနေဆဲဖြစ်)
-
ရဲဝံ့စွန့်စားစွာဖြင့် အကြမ်းဖက်သူပုန်များကို ချေမှုန်းကြသည့် စစ်သည်တော်များအား ဂုဏ်ပြုဖော်ပြ အပ်ပါသည်။
-
တောင်ခမ်းမှသည် အောင်ပွဲဆီသို့။ 💪💪💪
-
တိုက်ပွဲသတင်းစုံ
20.02.202503:13
မော်လမြိုင်မြို့ KBZ Mobile Banking Account မှ ငွေကျပ်(၄၁၃) သိန်း ထုတ်ယူ လိမ်လည်မှု ဖြစ်ပွား
+++++
၁၀-၂-၂၀၂၅ ရက်နေ့ (၁၆၀၀) အချိန်ခန့်တွင်
မအေး###(၄၀)နှစ်၊(ဘ)ဦး###### ဝန်ကြီးများအိမ်ယာ၊ ငန်းတေးရပ်ကွက်သည်
Facebook အသုံးပြုနေစဉ် Sany အမည်ရှိသော
အကောင့်မှ Messenger မှတစ်ဆင့်
၎င်းသည် မအေး###နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကျောင်းအတူတက် ရောက်ဖူးသူဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားကျောင်းသူဟောင်းများ Address Book ပြုလုပ်ရန်အတွက် မအေး####ထံသို့ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်များ တောင်းလာသဖြင့် မအေး#### မှ ၎င်း၏အမည် စမ်းချောင်းမြို့နယ်လိပ်စာနှင့်
အသုံးပြုသည့်  MPT ဆင်းကဒ်နံပါတ် အား
ပြောပြမိခဲ့ကြောင်း၊

ယင်းနောက် ၁၅-၂-၂၀၂၅ ရက်နေ့တွင်
မအေး### ကိုင်ဆောင်အသုံး ပြုသော MPT ဆင်းကဒ်နံပါတ်သို့ KBZ Mobile Banking OTP Code များ (၄)ကြိမ်တိုင်တိုင် Massage ဝင်လာသဖြင့် KBZ Mobile Banking Account အား စစ် ဆေးကြည့်ရာ THIHA အမည်ရှိ ငွေစာရင်း အမှတ် (##########)သည်
မအေး###$၏ ငွေစာရင်းအမှတ် (#####)ထံမှ
ငွေကျပ်သိန်း(၄၀)အား (၁)ကြိမ်၊
ငွေကျပ်သိန်း(၁၀၀)အား (၁)ကြိမ်၊
ငွေကျပ်(၁၄၃)သိန်းအား (၁)ကြိမ်၊
ငွေကျပ် (၁၃၀)သိန်း အား (၁)ကြိမ်၊
စုစုပေါင်း ငွေကျပ်(၄၁၃)သိန်းအား
မအေးမြတ်သူမှ ၎င်းကိုယ်တိုင်လွှဲပြောင်းခြင်းမရှိဘဲ ထုတ်ယူသွားခဲ့ကြောင်းသိရှိခဲ့ရပြီး

ဖြစ်စဉ်နှင့်ပတ်သက်၍ မအေး###၏ KBZ Mobile Banking Account မှ ငွေကျပ်(၄၁၃) သိန်းအား ထုတ်ယူသွားသော THIHA အမည်ရှိ ငွေစာရင်းအမှတ်(#####)ကိုင်ဆောင်သူအပေါ် 
၁၈-၂-၂၀၂၅ ရက်နေ့ (၁၉း၃၀)အချိန်တွင်
ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ)၉/၂၀၂၅၊
ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ) ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါသည် ။
20.02.202508:38
ဗျင်းချက်တွေ အားရချက်... သူပုန်တွေ အမြီးပါမကျန်အောင် လိုက်ရှင်းနေတာ...💪💪💪
ကောင်းသတင်းနှင့် ကောင်းခြင်းဝေဖြာ ကောင်းမြတ်သောမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့သစ် ဖြစ် ကြပါစေ ခင်ဗျာ🌷🙏🙏🙏🌷
22.02.202502:17
မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးကြောင်း သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ရက်

ပဲခူးတိုင်းဒေသကြီး၊ မူးမြို့နယ်နှင့် ဆောထိမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ်များပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
18.02.202500:16
ဂွမ်မော်ပြေးရတဲ့ ဗန်းမော်သားတွေ

  ယနေ့ သတင်းတစ်ပုဒ်တက်လာတယ်။ ၂၀၂၁ ဖေ ၁ နောက်ပိုင်း သောင်းကျန်းသူတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်ပြီး ပြည်ထောင်စုပြိုကွဲမဲ့ အန္တရာယ်ကို အသည်းအသန်ကာကွယ်နေတဲ့ တပ်မတော် ရဲ့ အောင်သတင်းတစ်ခုပဲ။
  ဗန်းမော် ကို အသည်းအသန်ဝိုင်းတိုက်နေတဲ့ KIA ဟာ ဖင်သနီလန်အောင် ပြေးရပြန်ပြီတဲ့။ နေရာတော်တော်များများကို တပ်မတော်က ပြန်လည်ထိန်းချုပ် လိုက်တယ်တဲ့။ ကြားရတာ နားဝမှာ ပျားသကာလောင်းသကဲ့သို့ချိုလို့ တင်စား ပါရစေ။
  ၁၀၂၇ ကျူးကျော်စစ်မှာ တပ်မတော်အနေနဲ့ နှစ် ၇၀ ကျော် တစ်ခါမှ မကြုံဖူးတဲ့ လေကြောင်းတိုက်ခိုက်မှုကို အလူးအလဲ စတင်ကြုံတွေ့ရတာမို့ Shock ဝင်သွားခဲ့တယ်။ အဲ့မှာ အရှေ့မြောက်က တချို့နေရာတွေမှာ ခေတ္တ ဆုတ်ခွာ ခဲ့ရတယ်။ ဒါကို သောင်းကျန်းသူတွေအနေနဲ့ မာန်တက်ပြီး ဟိုနေရာ ဒီနေရာတွေမှာ တိုက်စစ်ဖွင့်လာခဲ့တဲ့အထဲ ဗန်းမော် လဲ တစ်ခုအပါအဝင်ပဲ။
  မြောက်ပိုင်းတိုင်းအနေနဲ့ ရွှေလင်းယုန်စစ်ဆင်ရေးမှာ KIA ကို လိုင်ဇာ ပေါက်ထိ အမြီးတက်နင်းနိုင်ခဲ့သော်လည်း တစ်နိုင်ငံလုံး စစ်မီးဝိုင်းတဲ့အချိန်မှာ တော့ တပ်တွေဖြန့်ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်ရင်း တချို့နေရာတွေမှာ KIA ရဲ့ တိုက်စစ်ကို  ရှိမဲ့စု အင်အားနဲ့ခုခံခဲ့ရင်း နယ်မြေအချို့မှ ဆုတ်ခွာခဲ့ရတယ်။
  ဒီအချိန်မှာ ဂွမ်မော် ဆိုတဲ့ ငကြောင် က အွန်လိုင်းပေါ်ကနေ ခနဲ့တဲ့တဲ့ စကားတွေတက်အော်တယ်။ “ပွဲမပြီးခင်တက်ထောင်” တယ်ဆိုတဲ့ သဘောပေါ့။ နှမဇောင်း က ရွှေလင်းယုန်မှာ ငြိမ်းချမ်းရေးဆွေးနွေးလို့ သက်သာခဲ့ရတယ်ဆိုတဲ့ အချက်ကို အတိတ်မေ့သလို ရွှေပျောက်သလိုနဲ့ ရာဇဝင်ထဲမှာ ဖျက်ဖို့လုပ်တာ။
  ဗန်းမော် ကို KIA တပ်တွေ ထိုးစစ်ဆင်တဲ့အချိန်မှာတော့ ဂွမ်မော် ရဲ့ လေသံ တွေပိုဆူညံခဲ့တယ်ဆိုပါတော့။ သို့သော် .. သို့သော် ပေါ့လေ တိုက်ပွဲကာလ အချိန် တစ်ဝက်လောက်ကြာလာချိန်မှာတော့ ဂွမ်မော် ဟာ လေသံတွေတိတ်သွားတယ်။ ခုဆိုရင် Social Media ပေါ်ကို ဘာမှ သောက်ကြီးသောက်ကျယ် တက်မအော် နိုင်ပဲ ငြိမ်နေရတာ အတော်ကြာပြီဆိုပါတော့။
  တကယ်တော့ သူပုန်ဟာ တဒင်္ဂနိုင်ပွဲရမှုကိုထာဝရ လို့မှတ်ယူပြီး တပ်ကို အရမ်းအထင်သေးလွန်းခဲ့တယ်။ နှစ် ၇၀ ကျော် ရပ်တည်လာတဲ့ တပ် ရဲ့ သမိုင်း ကြောင်းကိုလဲ မေ့ထားခဲ့တယ်။ အထူးသဖြင့် တပ်မတော်သားတွေရဲ့ လှေခွက် ချည်းကျန် စိတ်ဓာတ်ကို သတိမရခဲ့တာက သူတို့အတွက် အပြောင်းအလဲ တစ်ခုကို ရောက်စေခဲ့တယ်လို့ပြောရမှာပေါ့။
  ဗန်းမော် ဟာ မြောက်ပိုင်းမှာ တပ်မတော်ရဲ့ အောင်မြေဖြစ်ခဲ့တယ်။ ရက်ပေါင်းများစွာ တပ်မတော်သားတွေ တပ်မတော်သားမိသားစုဝင်တွေဟာ ရန်သူ့ တိုက်စစ်ကိုကြံ့ကြံ့ခံခုခံတိုက်ခိုက်နိုင်ခဲ့တယ်။ စကခ (၂၁) စကခ မှူး နဲ့ တပ်မတော် သားတွေရဲ့ ရဲဝံ့မှု၊ မှီခိုရဲမေတွေရဲ့ အားပေးထောက်ပံ့မှုတို့ဟာ ဗန်းမော် မြေကို ရန်သူခြေချခွင့်မပြုခဲ့တဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်။
  စိတ်ဓာတ် သာလွန်တဲ့အပြင် ဗန်းမော် မှာရှိတဲ့ နယ်ခံ တွေဟာ KIA ကို လုံးဝ မထောက်ခံကြဘူး။ တပ်မတော်ကိုပဲ ထောက်ခံအားပေးကြတယ်။
  နည်းပညာပိုင်းဆိုင်ရာမှာလဲ တပ်မတော်ရဲ့ Drone အဖွဲ့ဟာ ရန်သူကို ပိုက်စိတ်တိုက်ချေမှုန်းနိုင်တဲ့အထိ ကျွမ်းကျင်ခဲ့ကြတယ်။
  ဆိုတော့ကာ .. အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဗန်းမော်မှာ ဂွမ်မော် ဖင်သနီလန်အောင်ပြေးရပြီဆိုပါတော့။

    “ဂွမ်မော် ပြေးရတဲ့ ဗန်းမော်သားတွေ
    အောင်မြေဆက်ချဲ့ကာ တိုက်စစ်ဆင်မယ်လေ
    မြောက်ဖျားကစမ်းတဲ့ သူပုန်တွေ
    နိုင်ငံတော်အလံ လိုင်ဇာထိ ပြန်စိုက်မယ်ဟေ့
    ရှေ့သို့ချီစမ်း ... တပ်မတော်သားတွေ ......”


မင်းထက်ကျော်ဇော

Telegram Link : https://t.me/minhtetkyawzaw

TikTok Link : https://www.tiktok.com/@minhtetkyawzaw706?_t=8n1RPNprXTU&_r=1
22.02.202500:16
တပ်မတော်(ကြည်း)ဗိုလ်သင်တန်း
ကျောင်း (ဗထူး) ကို ၁၉၄၆ ခုနှစ်
တွင် ပြင်ဦးလွင်မြို့တွင် စတင်ဖွင့်
လှစ်ခဲ့ပြီး ဗိုလ်လောင်းသင်တန်းအ
မှတ်စဉ် (၁ မှ ၁၆) အထိလည်း ကောင်း၊ ၁၉၅၇ ခုနှစ်တွင် ပြင်ဦး
လွင်မြို့မှ ဗထူးတပ်မြို့သို့ ပြောင်း
ရွှေ့ဖွင့်လှစ်ပြီး ဗိုလ်လောင်းသင်
တန်း အမှတ်စဉ် (၁၇ မှ ၂၈) အထိ
လည်းကောင်း၊ ၁၉၆၃ ခုနှစ်တွင် ဗ
ထူးတပ်မြို့မှ မှော်ဘီမြို့သို့ ပြောင်း
ရွှေ့ဖွင့်လှစ်ခဲ့ကာ ဗိုလ်လောင်းသင်
တန်းအမှတ်စဉ် (၂၉ မှ ၈၂) အထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင်
မှော်ဘီမြို့မှ ဗထူးတပ်မြို့သို့ ပြန်
လည်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး ဗိုလ်
လောင်းသင်တန်း အမှတ်စဉ် (၈၃
မှ ယနေ့) အထိ ဗိုလ်လောင်းများ
အား လေ့ကျင့်သင်ကြားပေးလျက်
ရှိကာ အရာရှိများစွာ မွေးထုတ်ပေးလျက်ရှိသည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်း
ကျောင်း (ဗထူး) မှ ကျောင်းဆင်းအရာရှိများအနက်

- အောင်ဆန်းသူရိယဘွဲ့ရရှိသူ ၁ ဦး၊
- သီဟသူရဘွဲ့ရရှိသူ (၁၀) ဦး၊
- သူရဘွဲ့ရရှိသူ (၉၆) ဦး၊
- သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်းခံရသူ (၄၁၁) ဦး၊

အထိရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#JBT
မင်းတို့ဟာကမဟုတ်တော့ဘူးကွ

ပြောတော့ " လူထုခေါင်းဆောင်အမေစု " တဲ့

လုပ်ပုံကကြည့်ဦး သူများနိုင်ငံမှာ လမ်းဘေးပလက်ဖောင်းပေါ် ဓာတ်ပုံချပြီး တောင်းနေရတယ်လို့ကွာ

🇲🇲
ကွန်ဒုံး ၄ ကောင် အရှင်မိနဲ့ သေနတ် ၅ လက် ဖမ်းဆီးရမိ။

ရွှေဘိုနယ်မှာ ပြည်သူများအား လက်နက်ဖြင့်ခြိမ်းခြောက်ကာ ဆက်ကြေးကောက် ဓါးပြတိုက်နေတဲ့ အကြမ်းဖက် NUG လက်အောက်ခံ PDF တွေကို တပ်+ပသစ ပူးပေါင်းအဖွဲ့များက
ချဉ်ချဉ်တူးတူးတွေကျွေးပြီး ခွေး ၄ ကောင်ကို ဂုတ်က ဆွဲခေါ်လာခဲ့။

မသာပေါ်တဲ့ကောင်တွေတဲ့ ထားခဲ့လိုက်ပြီ။

မှိုင်းဝေ
अधिक कार्यक्षमता अनलॉक करने के लिए लॉगिन करें।