ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှု ဆိုတာ
အဖွဲ့အစည်းတစ်ခုအောင်မြင်ဖို့ဆိုတာ အနှီ အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ မောင်းနှင်နေတဲ့ လည်ပတ်နေတဲ့ အဆင့်တိုင်း အဆင့်တိုင်းရဲ့ စွမ်းဆောင်မှု၊ လုပ်ရည်ကိုင်ရည်နဲ့ဆိုင်ပါတယ်။ အထက်၊ အောက်၊ အလယ် ဆိုသည့် ပင်နီယံ တွေအားလုံး ဆောင်ရွက်မှုကောင်းမှသာ အနှှီ အဖွဲ့အစည်း ရည်မှန်းချက်နှင့် ရည်ရွယ်ချက်တွေအောင်မြင်မည်ဖြစ်သည်။
ဆိုတော့ .... အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံ၊ ရုံးတစ်ရုံးတွင် အရေးကြီး ဆုံးသော အရင်းအမြစ်မှာ လူ့စွမ်းအားပင်ဖြစ်သည်။ ယခု ဆောင်းပါးသည် အဆိုပါ လူသားများစွမ်းဆောင်ရည်ကို အထောက်အပံ့ပေးသည့် ခေါင်းဆောင်မှုနှင့် စီမံ ခန့်ခွဲမှုဆိုတာကို စာရေးသူ သိသမျှ တတ်သမျှ ရေးသားသွားမည်ဖြစ်သည်။
အဖွဲ့အစည်းတွင် နောက်လိုက်ငယ်သား ဆိုတာလဲရှိရမည်။ အလယ်အလတ် စီမံခန့်ခွဲသူလဲရှိရမည်ဖြစ်ပြီး အဆင့်မြင့်ခေါင်းဆောင်ဆိုတာလဲ ရှိရမည်။ ထိုသို့ အလွှာများမရှိလျှင် အဖွဲ့အစည်းဆိုတာလဲရှိလာမည်မဟုတ်။ ဒီနေရာတွင် တပ်မတော် လို လက်နက်ကိုင်အဖွဲ့အစည်းမှအစ အစိုးရဝန်ကြီးဌာနလို အရပ်ဖက် အစိုးရအဖွဲ့အစည်းအလည် ပရဟိတလို INGO အဖွဲ့အစည်းမှအစ အားလုံးတွင် ခေါင်းဆောင်၊ စီမံခန့်ခွဲသူ၊ နောက်လိုက် ဆိုသည့် အလွှာများခြားနားထားသလို လုပ်ပိုင်ခွင့်နှင့် လုပ်နိုင်ခွင့်တွေလဲ ကွဲပြားခြားနားကြသည်။
ဒီနေရာတွင် တချို့ကား တပ်မတော် ကို သွေးထိုးလိုသဖြင့် တပ်မတော် တွင် အထက်/အောက် အရမ်းအဆင့်အတန်းခွဲခြားသည်တို့ လုပ်ပိုင်ခွင့်တွေ ကွာသည်တို့ ဆိုပြီး ဘေးစကားတွေပြောကြသည်။ အားလုံးက တန်းတူညီမျှခွင့်ရှိသည်ဆိုပြီး ဘယ်မှာမှမရှိသည့် ဖွဲ့စည်းမှုတွေပြောလာသည်။ ထိုသို့ သွေးထိုးနေသည့် DVB, BBC, RFA မှာတောင် အထက်/အောက် မမျှတလို့ StarStone လိုကောင်တွေ အလုပ်ထွက်သွားတာမျိုးကျ မပြောတော့။ ရယ်တော့ ရယ်ရသည်။
ထားပါ .. ဒါက စကားချပ်ဖြစ်သည်။ လိုရင်းကို ဆက်သွားရမည်ဆိုလျှင် ယနေ့ အဖွဲ့အစည်းတိုင်းတွင် Vision/Mission ချမှတ်ပေးသည့် Leadership Style နှင့် Visson/Mission ကို အောင်မြင်အောင် ဆောင်ရွက်ရမည့် Managment Skill မှာ အလွန်အင်မတန်မှအရေးကြီးလှသည်။
သို့သော် ယနေ့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် Generation Grap အရ လား (ဒါမှမဟုတ်) အခြားအကြောင်းအရလားမသိပေမဲ့ Leadership နှင့် Management ကိုမကွဲပြားကြ။
Leadership Role ဆိုသည်မှာ အဖွဲ့အစည်း၏ Vission နှင့် Mission ကိုသာ ချမှတ်ရမည်ဖြစ်သည်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် မဟာဗျူဟာနှင့် ပေါ်လစီ ကို ကိုင်တွယ်ချမှတ်ရသောသူ။ Management Role ဆိုသည်မှာ မဟာဗျူဟာနှင့် ပေါ်လစီကိုင်တွယ်သည့် ခေါင်းဆောင်မှချမှတ်လိုက်သည်များကို အကောင်အထည် ပေါ်စေရန်အတွယ် ဘယ်လိုလုပ်မည်၊ ညာလိုလုပ်မည် ဆိုသည့် နည်းဗျူဟာနှင့် အတူ အကောင်အထည်ဖော်ရမည့်သူများဖြစ်သည်။
ဉပမာအားဖြင့်ဆိုရမည်ဆိုလျှင် .... ခေါင်းဆောင်မှ ဒီလတွင် ကုမ္ပဏီအနေ ဖြင့် လျာထားဘတ်ဂျတ်ထပ်နည်းအောင် အသုံးစရိတ်ချွေတာရမည်ဆိုတာကို ချမှတ်ပေးရုံသာဖြစ်သည်။ ထိုကုမ္ပဏီရှိ Management Level မှ ဝန်ထမ်းများမှ ဘယ်ဌာနမှာတော့ အသုံးစရိတ်ကမလို၊ ဘယ်ဌာနမှာတော့ အသုံးစရိတ်က လို စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာပြီး အကောင်အထည်ဖော်ရမည်ဖြစ်သည်။
ခုတော့ Leadership Role မှ တာဝန်ရှိသူများသည် Management Role သာမက Supervisor Level ထိဆင်းလုပ်ကြသည်။ အသုံးစရိတ်ချွေတာနော်၊ မင်းတို့ ဟိုဌာနက ဟိုတစ်ခေါက်က စာရွက်ဝယ်တာများတယ်၊ ဟိုဌာနက ဖယ်ရီ ဆီအသုံးစရိတ်များတယ် မှစကာ ဒီလောက်ပဲသုံးလေ၊ ဆီက မင်းဟိုကနေ ဒီထိ ဒီလောက်ကုန်မလား စဉ်းစားဆိုပြီး ကားဆီထည့်သည့် Mile ကအစ ဝင်ပါကြသည်။ ဒါက ကုမ္ပဏီကို ဉပမာပေး ပြောပြခြင်းဖြစ်သည်။ အခြား INGO တို့ဘာတို့တွင်လဲ ဒီလိုပဲဖြစ်ပျက်နေကြသည်။ ဘာကြောင့်ဆိုတာ စဉ်းစားလို့ကိုမရ။ တစ်ခုရှိသည် ကား Leadership Role တွင်ရောက်ရှိနေသည့် Generation များသည် Management Role တွင်ရောက်ရှိနေသည့် Generation များကိုမယုံတာများလား။ ကိုယ့်ကိုကိုယ် ယုံကြည်မှု အင်မတန်လွန်ကဲနေကြတာလား ဆိုတာ မသဲကွဲတော့။
ထိုသို့ ဝင်ပါတော့ ဘာဖြစ်တုန်းဟ။ ဟုတ်ကဲ့ ... အလွှာအလိုက် Performance ကျစေပါသည်။ Leadership Role မှ Management Role အလယ် Supervisor Role အဆုံးဆင်းလုပ်တော့ ကြားထဲမှ လူတွေမှာ မသိချင်ယောင် ဆောင်ကုန်ကြသည်။ သောက်ပြသနာတက်လာလျှင် ခင်ဗျားလုပ်တာပဲ ၊ ကျုပ်တို့ မသိဘူးဆိုပြီး ခေါင်းရှောင်ကုန်ကြသည်။ တဖြည်းဖြည်းနှင့် သာမာန် ကိစ္စတောင် ဆုံးဖြတ်ချက်မပေးပဲ အထက်အဆင့်ထိ “တင်ပြအပ်ပါသည်” ဆိုသည့် စကားနှင့် တင်ပြကုန်ကြသည်။