Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Golden boy(ချစ်လှစွာသောသတို့သား) avatar

Golden boy(ချစ်လှစွာသောသတို့သား)

TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateMay 19, 2025
Added to TGlist
Apr 02, 2025
Linked chat

Records

02.04.202512:17
416.7KSubscribers
30.03.202523:59
0Citation index
28.04.202513:35
4.9KAverage views per post
05.05.202518:08
1.9KAverage views per ad post
26.04.202511:35
0.95%ER
28.04.202523:59
1.18%ERR
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR
APR '25APR '25APR '25APR '25MAY '25MAY '25MAY '25

Popular posts Golden boy(ချစ်လှစွာသောသတို့သား)

Into The Woods (မြန်မာစာတန်းထိုး)

➪➪➪➪➪➪➪➪➪➪➪➪➪➪

ငယ်ငယ်တုန်းကစွဲလမ်းခဲ့ရတဲ့ အိပ်ယာဝင်ပုံပြင်တွေကိုအကုန်ချိတ်ဆက်ပြီးစိတ်ကူးယဉ်မိတဲ့အခိုက်အတန့် အားလုံးရဲ့ကလေးဘဝမှာ ရှိခဲ့ဖူးကြမှာပါ။

ဒီလိုအချိတ်အဆက်မိမိ Fairytalesတွေကို ဇာတ်လမ်းကျောရိုးတစ်ခုထဲမှာ ပေါင်းစုဖို့ဆိုတာလွယ်တော့မလွယ်ပေမယ့် ဒါကပဲ ဒီကားလေးရဲ့ထူးခြားချက်လို့ပဲပြောပါရစေ။

Johny Deep,Anna Kendrick,Emily Bluntစတဲ့နာမည်ကျော်တွေအများအပြား ပါဝင်ထားတဲ့ ဒီကားလေးကတော့ မှော်ဆန်ဆန်ကားလေးတွေကို သဘာဝကျကျကြည့်ချင်သူတွေအဖို့တော့အံကိုက်ပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/783

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဓာတ်လှေကားထဲမှာ စုန်းတိုက်ခံရသောအခါ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

2010 ကထွက်ရှိခဲ့ပြီး IMDb 6.5 ရထားတဲ့ သဲထိပ်ရင်ဖို ကားလေးနဲ့ မိတ်ဆက်ပေး ပါရစေ ဇာတ်လမ်းလေးကတော့ မကောင်းတဲ့နတ်ဆိုး နဲ့ ပတ်သက်ပြီးကြမ္မာငင်တဲ့ လူတစ်စုအကြောင်းကို
ရိုက်ပြထားတာပါ ကဲဇာတ်လမ်း လေးကို အနည်းအကျဉ်းပြောရရင်ကံတရား ခြင်း တူညီတဲ့လူတစ်စု တနေရာ ထဲတချိန်တည်း မှာ ဓာတ်လှေကားထဲ စုမိတဲ့အချိန် တိုက်ဆိုင်တော့ ဓာတ်လှေကား စက်ချို့ယွင်းပြီး ပိတ်မိနေတဲ့အချိန် နတ်ဆိုးက ဘာတွေလုပ်မယ်ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့

😍ကြည့်ရန်နှိပ်ပါ👇

t.me/warharhar1/553

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဟာသအလွဲများနဲ့ အိန္ဒိယသရဲများကို နှင်ထုတ်ကြမယ့် သရဲနှင်သူများ ..😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

မေဂျာနဲ့ ဂူလူးတို့နှစ်ယောက်က ၁၀၉ – ၁၁၀ အလုပ်မရှိအကိုင်မရှိတဲ့လူငယ်နှစ်ယောက်..
ငယ်ငယ်ကတည်းက သည်းထိတ်ရင်ဖို သရဲဇာတ်လမ်းတွေကြည့်ပြီး
မကောင်းဆိုးဝါးနှင်တဲ့သူဖြစ်ချင်နေကြတဲ့သူတွေပေါ့..တစ်နေ့သူတို့နှစ်ယောက် တောင်ကုန်းတစ်ခုကိုတူးရင်း ရာကာဆိုတဲ့အရုပ်ကိုရသွားပြီး
သူတို့အိမ်ငှားခတွေပေးနိုင်အောင် အဲ့ဒီအရုပ်ကြီးကိုဆုတောင်းကြတယ်.
ဟော်လိုးဝင်းပါတီလုပ်ကြတဲ့အခါ အရုပ်ကြီးရဲ့မျက်လုံးကိုထိခိုက်မိပြီး
မီးတွေနဲ့ပြန်ပြင်ဖို့လုပ်ကြရင်း ဓာတ်လိုက်ခံရပြီးသတိမေ့သွားကြပါတော့တယ်
အဲ့ဒီမှာ သရဲမလေး ရာဂီနီနဲ့တွေ့ကာ ရာဂီနီက အပေးအယူတစ်ခုလုပ်ပြီး
မေဂျာနဲ့ဂူလူတို့နှစ်ယောက်ကို သူတို့ဖြစ်ချင်တဲ့ မကောင်းဆိုးဝါးနှိမ်နင်းသူဖြစ်အောင်
သူကူညီနိုင်ကြောင်း ပြောလာပါတယ်…
ဒါပေမယ့် မေဂျာနဲ့ဂူလူက အဲ့ဒီအကြံကိုအသုံးချပြီး ဖုန်းသရဲဆိုတဲ့ Appတစ်ခုကိုတီထွင်ပြီး
လူတွေကိုမကောင်းဆိုးဝါးပူးရင် ဖုန်းခေါ်ဆိုအကူအညီတောင်းလို့ရအောင်လုပ်ပါတော့တယ်..

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/959

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဘာဘီအရုပ်မတွေ ပြန်ပေးဆွဲတွေ ခံရတဲ့ မိန်းကလေး😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

ဒီဇာတ်ကားလေးကြည့်ပြီးခလေးဘဝကို ပြန်ခံစားမိမှာအမှန်ပါပဲဲဟိုးအရင်က ကြိုက်ခဲ့ရတဲ့ဇာတ်ကားဆိုလဲမမှားပါဘူး။Heartland အရုပ်စက်ရုံဟာ ပြိုင်ဆိုင်မှုတွေကြားမှာ နစ်မြုပ်နေတဲ့အဆင့်မြင့်နည်းပညာတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီးတစ်ခုပါ Hearland Play Service ကတော့အရုပ်တွေထုတ်လုပ်တဲ့စက်ရုံကြီးပေါ့
ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ဂေးမာစ်းတစ်ယောက် သူ့ကုမ္ပဏီကအရုပ်တွေကိုသာမန်အရုပ်တွေနဲ့မတူ တမူထူးခြားအောင်လုပ်ချင်တဲ့ဆန္ဒကိုရှေ့တန်းတင်မိတဲ့အခါမှာတော့ မထင်မှတ်ထားတဲ့ကလေးကစားစရာအရုပ်လေးတွေဟာ ငိုအားထက်ရယ်အားသန်ဆိုသလိုစောင်ဆန်းကြီးတွေ လုပ်လာပါတော့တယ်အရုပ်တွေစောင်ဆန်းအကွက်တွေနင်းလို့တိုင်ပတ်နေတဲ့လူငယ်လေးအယ်လန်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုဖြေရှင်းမလဲဆိုတာ ကြည့်ရမှာတော့ စိတ်ဝင်စားစရာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/388

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Kaali Khuhi (2020) မြန်မာစာတန်းထိုး

ယောက်ျားဖြစ်သူရဲ့မိခင် နာမကျန်းဖြစ်တဲ့အတွက် မိသားစုတစ်စု မိခင်ရှိရာရွာကိုလူမမာ မေးမြန်းဖို့အတွက် ခရီးထွက်လာခဲ့ကြတယ်။

ရွာကိုရောက်တော့ သူတို့မိသားစုဟာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ ကြုံလာရပါတော့တယ်။

အဲ့ဒီရွာမှာကလည်း ရှေးယခင်တုန်းကတည်းက သမီးမိန်းကလေးမွေးလာခဲ့ရင် ရေတွင်းနက်ထဲပစ်ချပြီး သတ်ပစ်တဲ့ အယူဝါဒတွေရှိခဲ့ဖူးတယ်။

တစ်ရွာလုံးမှာလည်း ကပ်ရောဂါလိုလို ကျိန်စာတိုက်ခံရသလိုလိုဖြစ်နေပြီး ရွာမှာ တစ်နေ့တစ်လောင်းဆိုသလို လူသေမှုတွေဖြစ်နေတယ်။
ဒီလိုနဲ့ သူတို့မိသားစုအတွင်းမှာလည်း အဲ့ဒီကျိန်စာတွေ ရိုက်ခတ်လာတဲ့အခါ
အဆုံးသတ် သူတို့တွေကော လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့စောင့်မျှော်ရှုစားကြည့်ရှုပေးပါဦး။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/625

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Marvel collections avatar
Marvel collections
_Make Me Shudder 3_ [2015]

ဂျိမ်းတို့သူငယ်ချင်းတစ်သိုက် အထက်တန်းပြီးသွားတဲ့အတွက် အောင်ပွဲခံမယ်ဆိုပြီး ဖူးခက်ကမ်းခြေကို သွားခဲ့ကြပါတယ်။ သူတို့စိတ်ကူးထားတာကတော့ ပင်လယ်ပြင်ကြီးပေါ်မှာလှိုင်းစီးရင်း ကမ်းခြေကစကီလေးတွေကို ရှုစားမယ်ပေါ့။ ဒါပေမဲ့ သူတို့ရောက်ရောက်ချင်းနေ့မှာပဲ လှိုင်းကြမ်းနေတဲ့ပင်လယ်ပြင်နဲ့ ကြုံလိုက်ရပါတယ်။

တကယ်တော့ ကမ်းခြေမလာခင်တုန်းက သူတို့သူငယ်ချင်းတစ်ယောက် သတိပေးခဲ့တဲ့အတိုင်း ဆူနာမီလှိုင်းနဲ့ ကြုံလိုက်ရတာပါ။ အဲ့ဒီဆူနာမီကြောင့် လေပြင်းမုန်တိုင်းကြားမှာ မိုးခိုဖို့လုပ်ရင်းကနေ ၂၀၀၄ ခုနှစ်တုန်းက ဆူနာမီကြောင့်သေဆုံးသွားခဲ့ရတဲ့ဝိညာဥ်တွေရှိနေတဲ့ ဟိုတယ်တစ်ခုထဲမှာ ပိတ်မိသွားကြပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/841

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Encanto (2021)

Disneyကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ်

Encantoဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊

ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encanto​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊

ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊

တစ်​နေ့မှာ​တော့ Encanto​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/995

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
အပေါ်က ကားနဲ့ ပုံစံချင်း‌တူတယ်
ခြောက်လှန့်ပုံတွေတော့ မတူဘူး
တစ်မျိုး‌ေလး မိုက်ပါတယ်။

The Possession Of Hannah Grace (2018)

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့်The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်

ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen ကရိုက် ကူးပုံဖော်ပေးထားတာဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်

မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက်ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်

သူရဲ့ အလောင်းဟာသေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်..အဲဒီအချိန် ဆေးရုံမှာ တာ၀န်ကျတဲ့ ၀န်ထမ်းအသစ် ရဲ၀န်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ

ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာအခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့....

😍ကြည့်ရန်နှိပ်ပါ👇

t.me/kdramabox1/448

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
မိစ္ဆာကြီးလေးကောင်နဲ့ရင်ဆိုင်ရမယ့် မျက်မမြင်ကောင်လေး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

The Wind Guardians

တခါက ကမ္ဘာကြီးကို ရက်စက်ဖျက်စီးနေကြတဲ့ မိစ္ဆာကြီးလေးကောင်ကို ရှားလန်ဆိုတဲ့ စောင့်ရှောင့်သူတွေရဲ့ ချိတ်ပိတ်ခံရမှူကြောင့် မိစ္ဆာတွေရဲ့ဝိဉာဉ်တွေဟာ ကမ္ဘာကြီးရဲ့တစ်နေရာဆီ လွင့်စင်သွားကြပါတယ်၊

မိမိမှာ ရှားလန်အမှတ်အသားရှိတာကြောင့် ကိုယ့်ကိုယ်ကို ရှားလန်လို့ ထင်နေတဲ့မျက်မမြင်ကောင်လေးဟာ မတော်တဆ မှော်ဂျင်ကို မြိုချမိသွားပါတယ်၊

အဲ့ဒီဂျင်ကို လိုချင်နေတဲ့ ကောင်မလေး
မိခင်ပျောက်လို့ လိုက်ရှာနေတဲ့ မျက်မြင်ကောင်လေးတို့ဟာ..
ဂျင်မြိုချမိပြီး ဘာတွေ ဆက်ဖြစ်မလဲ..

ရှားလန်ဆိုတဲ့ စောင့်ရှောင့်သူတွေက တကယ်ရော ရှိသေးတာလား
မိစ္ဆာကောင်တွေကမ္ဘာကို ပြန်လည်တိူက်ခိုက်လာမလား
အဲ့ဒီရန်ကိုရော မျက်မမြင်ကောင်လေး တားဆီးနိုင်ပါ့မလား ဆိုတာ...ပရိသတ်တို့ကိုယ်အခုပဲဒေါင်းလွတ်ဆွဲပြီး
ကြည့်ကြည့်လိုက်ပါနော်...

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/436

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Locked (2025)

အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။ သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။ တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။ လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/mmsub2005/2629

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Marvel collections avatar
Marvel collections
_Make Me Shudder_ [ 2013 ]

ဇာတ်လမ်းအကျဥ်း...ကျောင်းပိတ်ရက်ရောက်တိုင်း ကျောင်းဆောင်ကနေ အိမ်ကိုပြန်ရမယ်ဆိုတဲ့ စည်းမျဥ်းတစ်ခုရှိပါတယ်။ ဒါပေမဲ့ သရဲခြောက်တဲ့အိမ်တွေကို သွားလည်ရတာကြိုက်တဲ့ ကျောင်းသားတစ်သိုက်ကတော့ သူတို့ရဲ့စိန်ခေါ်မှုတွေပြည့်နေတဲ့လေ့လာရေးခရီးကို အိမ်မပြန်ဘဲ စတင်လိုက်ကြပါတယ်။ သူတို့ရဲ့ခရီးစဥ်အတွက် ရွေးချယ်လိုက်တဲ့နေရာကတော့ ကျောင်းသားတစ်ယောက် ကိုယ့်ကိုကိုယ်သတ်သေဖူးတဲ့    အဆောက်အအုံတစ်ခုပါပဲ။ ကျောင်းသားတစ်ယောက် သတ်သေပြီးတဲ့နောက်ပိုင်း အဲ့ဒီအဆောက်အအုံဟာ လူတွေရှောင်ဖယ်စရာနေရာဖြစ်လာရင်းကနေ စွန့်ပစ်ခံဖြစ်သွားခဲ့ရပါတယ်။ ပြီးတော့ အဲ့ဒီအဆောက်အအုံကို ကျောင်းသားတွေ သွားခွင့်မရှိဘူးဆိုပြီး ကန့်သတ်ထားလိုက်ပါတယ်။ ဒါပေမဲ့လည်း သတ္တိခဲ ကျောင်းသားခုနှစ်ယောက်ကတော့ နှစ်ခါမစဥ်းစားဘဲ အဲ့ဒီမှာရှိတဲ့ သဘာဝလွန်အရာတွေကို မကြောက်မရွံ့ ရန်သွားစခဲ့ပါတယ်။ တကယ်တော့ သရဲမကြောက်လို့မဟုတ်ဘဲ သရဲရှိတယ်ဆိုတာကို မယုံလို့ပါပဲ။ ဒါပေမဲ့ သရဲဆိုတာကိုမယုံကြည်တဲ့ သူတို့တွေကို သရဲက အသက်အန္တရာယ်ပေးလာတဲ့အခါမှာတော့ ပြေးဖို့နောက်ကျသွားခဲ့ပါပြီ။ဒီရုပ်ရှင်လေးက ကြောက်စရာကောင်းသင့်သလောက်တော့ကောင်းပေမဲ့ ဟာသလေးတွေနှောထားတာဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/839

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ကလေးတွေနောက်ကို သဲသဲမဲမဲလိုက်နေတဲ့ ခြေခြောက်ချောင်းနဲ့အကောင်ကြီး 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

လောကမှာ အရာတိုင်းကို ကြောက်နေတတ်လို့ အိမ်တွင်းအောင်းနေတဲ့ ဥာဏ်ကြီးရှင်လေး အဲလက် ကို

သူ့အမေက အပြောင်းအလဲ ဖြစ်အောင် နွေရာသီစခန်းတစ်ခုကိုသွားပို့ခဲ့ပါတယ်။

အဲဒီစခန်းမှာ အိမ်ပြေးကောင်မလေး ဇန်ဇန်၊

သူဌေးသား ငကြွားလေး ဒဲရီးရက်ရ်ှနဲ့ လူငယ်ပြုပြင်ရေး စခန်းကနေ ထွက်ပြေးလာခဲ့တဲ့ ဂေဘရီရယ်တို့နဲ့ ဆုံတွေ့ခဲ့ပြီး

သူ့ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် အပြောင်းအလဲတွေနဲ့ကြုံတွေ့ခဲ့ပါတယ်။

ကမ္ဘာကြီးကို ဂြိုလ်သားတိုက်ခိုက်မှုတွေနဲ့ ကြုံနေစဉ်မှာ ကမ္ဘာကိုကယ်တင်ဖို့သော့ချက်ဖြစ်တဲ့ သော့တစ်ချောင်းကိုသူတို့လေးယောက်ရခဲ့ပြီးတော့ ကမ္ဘာကိုဘယ်လိုကယ်တင်သွားလဲ ကြည့်ကြရမှာပါ။

မိသားစုအတူကြည့်ပျော်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/120

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Action Movie 🍿 avatar
Action Movie 🍿
Sinister ( 2012 )
==============

မိသားစု၄ယောက် သစ်ပင်တစ်ပင်ကနေ ကြိုးဆွဲချခံရတဲ့ အခန်းနဲ့ စတင်ထားပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ မှုခင်းစာရေးဆရာ အော့စ်ဝဒ်ဟာ ဒီဖြစ်ရပ်ကို သိရှိထားပြီး မိသားစုကိုပါခေါ်ပြီး တစ်ကိုယ်ကောင်းဆန်စွာ မှုခင်းဖြစ်ပွားရာအိမ်ကို ပြောင်းရွေ့လာခဲ့ပါတယ်

သူဒီလိုလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်တော့ မိန်းမလုပ်သူကလည်း စိတ်ညစ်စပြုနေပြီ
သူ့ရဲ့နာမည်ကြီး မှုခင်းစာအုပ် တစ်အုပ် အောင်မြင်ပြီး ၁၀နှစ်ကြာတဲ့အထိ ထပ်မထွန်းပေါက်လာတဲ့အတွက် နောက်ထပ်အောင်မြင်မှုတစ်ခုကိုရဖို့ ဒီဖြစ်ရပ်ဆိုးတွေနဲ့ကြုံခဲ့တဲ့ အိမ်ကြီးရဲ့အမှုအကြောင်း လေ့လာရေးသားဖို့ပြောင်းလာပါတော့တယ်
အိမ်ပြောင်းတဲ့ နေ့မှာပဲ ရဲမှူးကြီးက  ချက်ချင်းပြန်ပြောင်းဖို့ သတိပေးပေမဲ့ နားမထောင်ခဲ့ဘူး။
ထပ်ခိုးမှာ ဘယ်ကမှန်းမသိတဲ့ ဘူးတစ်ဘူးထဲကနေ ပရိုဂျက်တာ အဟောင်းလေးနဲ့အတူ ရိုက်ကူးထားတဲ့ ဖလင်တချို့ကို ရှာတွေ့ရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့.....

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/774

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Marvel collections avatar
Marvel collections
Hutang nyawa

😍ကြည့်ရန်နှိပ်ပါ👇

t.me/englishmovie200/756

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Undercurrent (2025)

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/511

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Log in to unlock more functionality.