Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
ကာတွန်းကားသီးသန့် avatar

ကာတွန်းကားသီးသန့်

ကြော်ငြာထည့်သွင်းလိုပါက Admin Acc ကို ဆက်သွယ်နိုင်ပါတယ်
@Vip_admin_3
TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateMay 14, 2025
Added to TGlist
Mar 10, 2025

Records

28.03.202523:59
372.6KSubscribers
23.03.202523:59
100Citation index
20.04.202514:28
8.9KAverage views per post
14.04.202517:05
15.3KAverage views per ad post
24.04.202512:05
6.67%ER
20.04.202515:38
2.38%ERR
Subscribers
Citation index
Avg views per post
Avg views per ad post
ER
ERR
APR '25MAY '25

Popular posts ကာတွန်းကားသီးသန့်

အဆိုတော်ဖြစ်ချင်တဲ့ ရှဉ့်လေးသုံးကောင် 😍😍

➪➪➪➪➪➪➪➪➪➪➪➪➪➪

မအောင်မြင်တဲ့ တေးရေးဆရာ ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်လေးသုံးကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။ဖိအားများနေတဲ့ ဒေ့ဗ်တစ်ယောက် ရှဉ့်လေးတွေနဲ့ စတွေ့ချိန် သူတို့ရဲ့သောင်းကျန်းမှုကို မခံနိုင်လို့ မောင်းထုတ်ခဲ့ပေမဲ့ မထင်မှတ်ဘဲသူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီးနောက်Chipmunkတွေအတွက် ပင်တိုင်သီချင်းရေးပေးသူ ဖြစ်လာပြီးအောင်မြင်မှုတွေ ရလာခဲ့ပါတယ်။ ဒါကိုမနာလိုတဲ့ တေးသံသွင်းပိုင်ရှင်က ဒေ့ဗ်ဆီကနေ ရှဉ့်တွေကိုလုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့ရဲ့ကိုယ်ကျိုးအတွက်ပဲကြည့်ကာ ရှဉ့်လေးတွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။သူနဲ့ရှဉ့်လေးတွေကြားက အထင်လွဲမှုတွေကို ဖြေရှင်းဖို့ကြိုးစားရင်းဒေ့ဗ်အနေနဲ့ လောဘအိုး producerရဲ့လက်ကနေ ရှဉ့်လေးတွေလွတ်မြောက်နိုင်အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်းမြူးမြူးလေးတွေ၊ chipmunkလေးတွေရဲ့ချစ်စရာကောင်းတဲ့သီဆိုပုံတွေနဲ့အတူ ခံစားရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/259

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Action Drama avatar
Action Drama
Asih (2018)

IMDb - 5.1/10

သရဲကားနဲ့ပတ်သက်လာရင် နာမည်ကြီးတဲ့ အင်ဒိုနီးရှားနိုင်ငံက သရဲကားလေးတစ်ကားကို တင်ဆက်ပေးပါမယ်။ Andi နဲ့ Puspita တို့လင်မယားက ကလေးမွေးခါနီးအချိန်မို့ အရမ်းစိတ်လှုပ်ရှားပြီး ပျော်ရွှင်နေကြပါတယ်။ ဖြစ်ချင်တော့ သူတို့သမီးလေး Amilia က မွေးရမယ့်ရက်ထက် တစ်လစောမွေးလာလို့ Puspita က စိတ်ပူပြီး ဝမ်းဆွဲဆရာမကို မေးမြန်းတော့ ဝမ်းဆွဲဆရာမက ကလေးရဲ့ကျန်းမာရေးအတွက် စိတ်မပူဖို့နဲ့ နေဝင်ချိန်မှာ ကလေးကို အပြင်မှာမထားဖို့၊ ခေါင်းအုံးအောက်မှာ ကတ်ကြေးထားပြီးအိပ်ဖို့ပဲ မှာသွားပါတယ်။ ဝမ်းဆွဲဆရာမရဲ့ စကားကြောင့် စိတ်ကသိကအောက်ဖြစ်နေတဲ့ Puspita က သူတို့အိမ်ထဲမှာ မိန်းမတစ်ယောက်ကို မြင်လာရပြီး အဲဒီမိန်းမ သားချော့တေးဆိုတဲ့အသံကိုလည်း ကြားလာရပါတယ်။ သူတို့လင်မယားနဲ့ အတူနေတဲ့ သူတို့အမေပါ အဲလိုတွေကြုံလာရတော့ အဲဒီမိန်းမက ဘယ်သူလဲ၊ သူတို့မိသားစုကို ဘာလို့ခြောက်လှန့်နေတာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်ပြီးတော့ အဖြေရှာကြည့်ရအောင်ပါ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemmsub200/1750

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Home alone avatar
Home alone
Spirited Away (2001)

IMDB: 8.6/10

1 Oscar. Another 57 wins & 30 nominations

Studio Ghibli ရဲ့ artwork တစ်ခုနဲ့မိတ်ဆက် ပေးချင် ပါတယ်။

တစ်ကယ်တော့ မိတ်ဆက် တယ် ဆိုတာထက် ပြန်ပြီး remind လုပ်တာ ဆိုရင် ပိုမှန် ပါလိမ့်မယ်။Spirited Away ပါ။

Otaku တော်တော်များများ ကြည့်ဖူး ကြလိမ့်မယ် လို့ ထင်ပေမယ့် ကောင်းလွန်း၊ သဘောကျလွန်း တာကြောင့်မရေးပဲ မနေနိုင်လို့ ရေးလိုက် ရပါတယ်။

၁၀နှစ်သမီးလေး Chihiro ဟာသူမရဲ့ မိဘနှစ်ပါး နဲ့အတူ တစ်ခြား မြို့တစ်မြို့ကိုအိမ်ပြောင်းဖို့ခရီးထွက် လာပါတယ်။

တောလမ်း ခရီး တစ်နေရာ မှာ လိုဏ်ခေါင်း ကြီးတစ်ခုကို တွေ့တော့ Chihiro ရဲ့မိဘတွေက ဝင်ကြည့် ပါတယ်။

လိုဏ်ဂူထဲ ကို ဝင်မကြည့် ချင်ပေမဲ့လည်းကားပေါ်မှာ တစ်ယောက်တည်း နေဖို့ ကြောက်တဲ့ Chihiro ကလည်းမိဘတွေနဲ့အတူ လိုက်လာ ပါတယ်။

လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်း မှာတော့ ပျက်စီးနေပြီ ဖြစ်တဲ့theme park ကြီး တစ်ခုကို တွေ့ကြ ရပါတယ်။

Park ထဲမှာ လျှောက်သွား ကြရင်း တစ်နေရာမှာ ဖွယ်ဖွယ်ရာရာပြင်ဆင်ထား တဲ့ စားစရာတွေ ကို တွေ့တော့ Chihiro ရဲ့ မိဘများ ကမနေနိုင်ပဲ ယူစား မိပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/relaxmovie1/1902

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
မုဒိန်းကျင့်ခံရတုန်းက လက်ပိုက်ထိုင်ကြည့်နေခဲ့သူတွေကို တန်ရာတန်ကြေးပြန်ပေးဆပ်ခိုင်းမယ့် သရဲမလေး

➪➪➪➪➪➪➪➪➪➪➪➪➪➪

နီလာမြို့တော်ရဲ့ MMR နောက်ဆုံးရထားရဲ့တွဲတစ်တွဲအတွင်းမှာ အရောင်းစာရေးမလေးတစ်ယောက် မတော်မတရားပြုကျင့်ခံခဲ့ရပါတယ်။ဒါပေမယ့် အဲ့ဒီဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်အတွင်း မိန်းကလေးငယ်ဟာ မုဒိမ်းကောင်နဲ့တစ်ယောက်တည်းရှိနေခဲ့တာမဟုတ်ပဲ တွဲပေါ်မှာတစ်ခြားခရီးသည်တွေပါရှိနေခဲ့ပေမယ့်သူတို့ဟာ သားကောင်ရဲ့အကူအညီတောင်းသံကို မကြားချင်ယောင်ဆောင် တက်ညီလက်ညီလျစ်လျူရှူခဲ့ကြတာပါ။အဲ့ဒီဖြစ်ရပ်တွေဖြစ်ပြီး တစ်လအကြာမှာတော့ အဲ့ဒီခုနှစ်ယောက်ထဲမှာ ပါဝင်ခဲ့တဲ့သူတွေဟာ တစ်ယောက်ပြီးတစ်ယောက် မကောင်းတဲ့ အရိပ်အယောင်တွေ၊ခြောက်လှန့်မှုတွေ၊ နိမိတ်ဆိုးတွေကို စတင်ရင်ဆိုင်လာခဲ့ရပြီးတစ်ချို့တွေဆိုရင် အသက်အန္တရာယ်ပါ ထိခိုက်လာတဲ့နောက်မှာတော့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/MM_SUB2/155

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Action Movie 🍿 avatar
Action Movie 🍿
The Human Centipede (2009)

လူသားကင်းခြေများဆိုတဲ့ ရုပ်ရှင်ကတော့ အော်ဂလီဆန်စရာအကောင်းဆုံး ဇာတ်ကားတွေထဲမှာ အပါအဝင်ပါပဲ။ပညာရှိတို့ အရူးထရင် ဘယ်လိုတောင်ကြောက်စရာကောင်းတယ်ဆိုတာကို မြင်တွေ့ရပါမယ်။

လူသား၃ယောက်ကို ဘယ်လိုဘယ်ပုံဘယ်နည်းနဲ့ ကင်းခြေများလို တွယ်ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/mmsub2005/2585

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း မကောင်းတဲ့ အတတ် အောက်လမ်းပညာကို စိတ်၀င်စားတဲ့ အခါ


Thaghut (2024)
IMDB: 6.4
/10

ဘော်ဒါကျောင်းတစ်ခုမှာနေထိုင်တဲ့ မိဘမဲ့တစ်ယောက်ဖြစ်ပြီး ဘာသာရေးအဆုံးအမအောက်မှာကြီးပြင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း တီဗွီမှာလာလာနေတဲ့ ပျောက်စေဆရာတစ်ယောက်ကိုအထင်ကြီးလေးစားနေပါတယ်။သူ့ရဲ့အုပ်ထိန်းသူဖြစ်တဲ့ဘော်ဒါဆောင်အစောင့်ကြီးက ဒါကိုမနှစ်မြို့ပဲ အမြဲလိုကန့်ကွက်လေ့ရှိပေမယ့် အိုက်နွန်ကတော့ ဆုံးမရခက်နေဆဲပါပဲ။တစ်နေ့မှာတော့ သူ့အထင်ကြီးတဲ့ ဆရာကြီးအဘား ရုတ်တရက်သေဆုံးသွားတဲ့သတင်းနဲ့အတူ အဲ့ဒီဆရာကြီးဟာ သူ့ဖခင်အရင်းဆိုတာကိုပါအံ့ဩတုန်လှုပ်ဖွယ်သိလိုက်ရပါတယ်။နဂိုကတည်းက ဒီပညာနဲ့ဒီဆရာကို စိတ်အဝင်စားကြီးဝင်စားနေတဲ့ အိုက်နွန်ကတော့ အဘားရှိတဲ့ရွာကို

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/413

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
အမြုတေပိုင်ရှင်မြေခွေးမလေးနဲ့ စာကြမ်းပိုးလေးတို့ရဲ့အချစ်ဇာတ်လမ်း 🩷🩷

➪➪➪➪➪➪➪➪➪➪➪➪➪➪

soul snatcher

ဒီတစ်ခေါက်မှာ 2020 ရဲ့ နာမည်ကြီးဇာတ်ကား တစ်ကားလို ဆိုနိုင်တဲ့နာမည်ကြီး မိန်းမပျိုဝိညာဉ်လို နာမည်ကြီးပြီး version စုံထွက်တဲ့တရုတ်ဇာတ်လမ်းကြီးကို အခြေခံပြီး ပုံစံတစ်မျိုးပြောင်းထားတဲ့ကားလေးပါ
ဒါဟာ နုံနုံရဲ့ ပွဲဦးထွက်ကားလေးမို့ အားလုံးက အချစ်ပိုပြီး အားပေးနေကြတာပေါ့ကဲ ဇာတ်လမ်းလေးနည်းနည်းပြောပြမယ်ဒီကားလေးက အရင်အတိုင်း အမှုထမ်းစာမေးပွဲဖြေဖို ကြိုးစားနေတဲ့စာကြမ်းပိုးလေးနဲ့ လေလွင့် မိန်းမပျိုဝိညာဉ်ကြားက အချစ်ဇာတ်လမ်းလေးပါပဲဒါပေမယ့် မိန်းမပျိုလေးကတော့ ဇာတ်လိုက်မဟုတ် ဇာတ်လိုက်ကနတ်ဖြစ်ဖို ကြိုးစားပြီး အမြုတေလိုက်ရှာနေတဲ့ မြေခွေးလေးပေါ့ဖြစ်ချင်တော့ အမြုတေပိုင်ရှင်က စာကြမ်းပိုးလေးဖြစ်နေတော့မြေခွေးလေးနဲ့ စာကြမ်းပိုးကြားက သူငယ်ချင်းသံယောဇဉ်ကိုပုံဖော်ထားတဲ့

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/469

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဇီ၀မျိုးစိတ်ပြောင်းလဲမှုကြောင့် ထူးဆန်းတဲ့အရာတွေ ကြုံတွေ့ရတဲ့ လူသားတွေ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ရင်း အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ

နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်
၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။

ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/427

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
𝔼𝕟𝕔𝕒𝕟𝕥𝕠 (𝟚𝟘𝟚𝟙)

ဒစ္စနေးကထွက်တဲ့ animation​တွေရဲ့ ထုံးစံအတိုင်း ဇာတ်​ကောင်​တွေ၊ အ​​ရောင်အ​သွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်​တွေ သ​ဘော​တွေ့​စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်​သေခံ​နေပါတယ်

𝔼𝕟𝕔𝕒𝕟𝕥𝕠ဆိုတာက ​တောင်အ​မေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်​နေရာ​လေးတစ်ခုပါ၊

ဒီ​နေရာမှာ ​မှော်အစွမ်း​တွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို 𝔼𝕟𝕔𝕒𝕟𝕥𝕠​​ဒေသ​​လေးကိုထိန်းသိမ်း​ပေးဖို့ ​ဒေသ​နေပြည်သူ​တွေရဲ့ဘဝကို အကျိုးပြုဖို့ဆိုပြီး မှော်စွမ်းအင်​တွေကို မျိုးဆက်အဆင့်ဆင့် လက်​ဆောင်​ပေးခဲ့ပါတယ်၊

ဒါ​ကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ ​မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီး​လေး မီရာဘယ်ကလွဲရင်​ပေါ့၊

တစ်​နေ့မှာ​တော့ 𝔼𝕟𝕔𝕒𝕟𝕥𝕠​ကို မလိုလားအပ်တဲ့ ​အ​မှောင်စွမ်းအင်ထုကြီး ​​​ ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်​လေး အ​နေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

သူမဘာ​ကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ ​မှော်အစွမ်းရ​​အောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1666

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Reposted from:
Ice Age collection avatar
Ice Age collection
လူဦးရေထူထပ်လာမှုကြောင့် ပြည်သူပြည်သားတွေကို ငလက်မအဖြစ်ပြောင်းလိုက်တဲ့ အစိုးရ 😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

Downsizing (2017)

သိပ္ပံပညာရှင်တွေဟာ လူဦးရေထူထပ်မှုပြဿနာကို လူတွေကို ၅ လက်မအရွယ်အစားလောက်ဖြစ်အောင် ချုံ့ပစ်တဲ့အစီအစဉ်နဲ့ဖြေရှင်းခဲ့ရာမှာ ကြုံရမယ့် အခြေအနေလေးတွေကို တင်ဆက်ထားတာဖြစ်ပါတယ်

ပေါလ်နဲ့ အော်ဒရေတို့ဟာ ငွေရေးကြေးရေးမပြေလည်မှုတွေ ကြုံနေရတဲ့ဇနီးမောင်နှံပါ၊ ကျောင်းသားဟောင်းစုံညီပွဲတစ်ခုကိုတက် ရင်း ၅ လက်မအရွယ်ချုံ့ထားတဲ့ သူတို့မိတ်ဆွေ ဒေ့ဗ်၊ ကရိုးလ်တို့နဲ့ ဆုံခဲ့ရပါတယ်

လူဦးရေ ထူထပ်မှုနဲ့ စားနပ်ရိက္ခာပြဿနာကို ဖြေရှင်းပြီးသားဖြစ်စေတဲ့ အရွယ်အ စားချုံ့တဲ့ အစီအစဉ်ကို နော်ဝေသိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပြီး လူအတော်များများလည်း ပါ၀င်ထားပြီဖြစ်ပါတယ်

အရွယ်အစားချုံ့တဲ့ အစီအစဉ်ကို ပေါလ်တစ်ယောက်စိတ်၀င်စားခဲ့တဲ့အတွက် ဒေ့ဗ်နဲ့ဆွေးနွေးကြည့်ခဲ့ပြီး နောက်မှာတော့ ဆိုဒ်ချုံ့ပြီးရင်မူလအရွယ်အစား ပြန်မရနိုင်တော့မှန်းသိပေမယ့် လူတန်းစေ့နေ ထိုင်စားသောက်နိုင်ဖို့အတွက် တစ်နေ့တစ်နေ့ စိတ် ပူပန်နေရတဲ့ ပေါလ်နဲ့ အော်ဒရေတို့ဟာ ဘ၀နေထိုင်မှုပိုကောင်းမယ်လို့ယူဆရတဲ့ ၅ လက်မကမ္ဘာထဲကိုသွားနေဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/warharhar1/307

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
ဒဏ်ရာဟောင်းရှိတဲ့သူလေးတွေဆို ကြည့်ရင်း တစ်ရှူးဆောင်ရမယ့်ကားလေး... 🥺

Ride Your Wave ( 2019 )
📱
=====================

ဒီကားလေးက2019မှာ စပြီး Weathering With You / Stampede တို့နဲ့ ရုံတင်တာချင်းတူခဲ့တဲ့ကားလေးပါ။

ဒါပေမဲ့လူတော်တော်များများက Weathering နဲ့ Stampede တို့ကိုပဲ စိတ်၀င်စားခဲ့ကြတော့ ဒီဇာတ်ကားလေးက နစ်မြုပ်နေခဲ့ပါတယ် ။

ဒီကားကို ကြည့်မယ်ဆိုရင်တော့ တစ်ရှူးဆောင်ထားရပါမယ်နော် ။

ဒဏ်ရာဟောင်းရှိတဲ့သူတွေ ဆိုရင်တစ်ရှူးကို ပိုတောင် ဆောင်ထားသင့်ပါသေးတယ်

ဒီကားလေးက အစကနေ အဆုံးထိတခန်းမှ ကျော်ပစ်ချင်စရာမရှိလောက်အောင်ကောင်းချက်ပဲ

😍ကြည့်ရန်နှိပ်ပါ👇

t.me/relaxmovie1/1686

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Frozen (2013)

IMDb – 7.4/10_Rotten – 90%

Won 2 Oscars. Another 79 wins & 59 nominations

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။

ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။

နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။

Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်းဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီးElsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင်Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီးအကူအညီတောင်းရပါတယ်။

အကယ်၍ Elsa သာ Anna ရဲ့နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့Grand Pabbie က သတိပေးလိုက်ပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/Night_Movie_MM_Sub/826

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
တစ်သက်မှာ တစ်ခါတော့ လူတိုင်းချစ်ဖူးတဲ့ ဆယ်ကျော်သက်အရွယ်ရဲ့ လှပတဲ့အချစ်ဇာတ်လမ်းလေး 💜

Whisper of the Heart ( 1995 )
📱
========================


ဇာတ်ကားလေးတကားနဲ့ မိတ်ဆက်ပေးပါရစေ

တခါက၁၄နှစ်အရွယ်ကျောင်းသူလေးShizuku ဟာ သူ့မိသားစုနဲ့ Tokyo မြို့မှာနေသတဲ့…

သူဘဝကလည်းပုံမှန်ကျောင်းသူတယောက်လိုပါပဲ… ဒါပေမယ့် တခုထူးခြားတာက Shizuku ဟာကျောင်းပိတ်ရက် ဆိုတာနဲ့ ဒေသခံစာကြည့်တိုက် သွားပြီးရှိသမျှ Fairy Tale ( အကြမ်းဖျင်းအားဖြင့်ကလေးပုံပြင်ပေါ့ ) စာအုပ်တွေငှားဖတ်လေ့ရှိပြီး
သူကိုယ်တိုင်ကလည်း စာရေးသူတယောက်ဖြစ်ချင်တဲ့သူပါ…

ဒါမယ့် သူစာအုပ်တွေဖတ်ရင်းဖတ်ရင်း နာမည်တခုနဲ့ ရင်းနှီးလာတယ်…

သူငှားဖတ်သမျှစာအုပ်တိုင်းရဲ့ငှားဖတ်သူစာရင်းကဒ်မှာ Seiji ဆိုတဲ့ကောင်လေးက သူ့ရှေ့အမြဲရောက်နေတယ်…

ဒီတော့ဆယ်ကျော်သက်မိန်းခလေးသဘာဝအတိုင်း မမြင်ဘူးတဲ့ကောင်လေးကိုပဲ အထင်ကြီးမိပြီး သံယောဇဉ်တွယ်သွားတယ်သောအခါ
Redeeming Love ( 2022 )💖
========================

ဒီကားလေးကတော့ 2022 ထွက်ထွက်ချင်းမှာပဲ တော်တော် hot ဖြစ်သွားတဲ့ အချစ် ဇာတ်ကားလေးပါ ။

" ရှင် ကျွန်မကို ​ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်​ထောင်မှုရဲ့အ​ဝေးကျွန်မအမြဲထွက်​ပြေး​နေမိမှာပါ၊ ဒါဆိုလည်း ရှင် ကျွန်မကို ချစ်​နေဦးမှာလား.... "

" မင်းအဆင်သင့်ဖြစ်တဲ့
အထိ ကိုယ်​စောင့်​နေပါ့မယ်၊ အချိန်ဘယ်​​လောက်ပဲ ကြာပါ​စေ​​ပေါ့ ☘️

တစ်​နေ့​​တော့ ကိုယ်မင်းကို ချစ်ခွင့်ရချင်ပါတယ် " နှစ်​ယောက်သားကြည်ဖြူစွာနဲ့ပေါ့ အိန်ဂျယ်ရယ်....❤️

😍ကြည့်ရန်နှိပ်ပါ👇

https://t.me/kdramabox1/452

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Tinkerbell တို့တိုင်းပြည်ကို သားရဲမိစ္ဆာကြီးရန်က ဘယ်လိုကာကွယ်မလဲ😳😳

➪➪➪➪➪➪➪➪➪➪➪➪➪➪

အတောင်ပံတစ်စုံနဲ့နတ်သမီးလေးတွေအများစုနေတဲ့နေရာလေးတစ်ခု
သူတို့ဗိမ္မန် မှာ ဘုရင်မတစ်ပါးအုပ်ချုပ်တယ်။ ကာကွယ်ရေးအဖွဲ့တစ်ခု
ရှိသလို ကန့်သတ်စည်းမျဉ်းစည်းကမ်းမြောက်များစွာလည်းရှိတယ်။
အထူးသဖြင့်နတ်သူငယ်တွေကိုရန်ပြုမဲ့တိရစ္ဆာန်တွေကိုကြိုတင်ကာ
ကွယ်ခြင်းအနေနဲ့ သူတို့နေတဲ့အနားကိုအကပ်တောင်မခံတာပါပဲ။ ဒါက
လည်း ရှေးရိုးအစဉ်အဆက်လက်ဆင့်ကမ်းရေးသားခဲ့တဲ့ မူတွေ အကြောင်း
အရာတွေကြောင့် လုပ်နေရတာပါပဲ။ ဒီထဲမှာတမူကွဲထွက်လာတာက
FAWNလို့ခေါ်တဲ့နတ်သမီးလေးတစ်ပါးပါပဲ။ ရက်စက်တယ်လို့သတ်မှတ်
ထားတဲ့အကောင် ကြီးတွေမှာလည်း သူတို့လိုနှလုံးသားရှိလေတော့ သိမ်
မွေ့နူးညံခြင်းတွေရှိမှာပဲလို့သူခံစားနေရတယ်။

😍ကြည့်ရန်နှိပ်ပါ👇

t.me/moviemmsub200/1677

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl
Log in to unlock more functionality.