Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
Shwe Pyi Taw avatar
Shwe Pyi Taw
Shwe Pyi Taw avatar
Shwe Pyi Taw
21.02.202503:20
10.02.202517:10
အသံဖိုင်ဖြင့် နားထောင်လိုသည့် မိတ်ဆွေများအတွက် အသံဖိုင် ဖြစ်ပါသည်။
စလင်းတိုက်ပွဲမင်းဘူးခရိုင်တပ်ရင်း၅တပ်ခွေးမှူး၁ဦးသေဆုံး
ဖေဖော်ဝါရီ၁၀၊ ၂၀၂၅။

စလင်းမြို့မှ၂၁နှစ်တပ်​ေခွးမှူး နဂါးလေး(ခ)နိုင်ထက်ဦးဖေဖော်ဝါရီ၉ရက်မနက်ပိုင်းပွင့်ဖြူမြို့နယ်၊လင်းဇင်းတိုက်နယ်၊အုန်းတောရွာအနီးတိုက်ပွဲမှာဦးခေါင်းဒဲ့ကျည်ထိမှန်သေဆုံးခဲ့တာလို့ဆိုပါတယ်။

သတင်းအပြည့်အစုံ -
@ကမ်းထက်ကလွင်ပြင်
10.02.202507:55
တနေ့က သတင်းမှာ အမေရိကန်ရဲ့ ၄၇ ဦးမြောက် သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်က ခရစ်ယာန်ဘာသာဝင်တွေအတွက် စောင့်ရှောက်ရေး အသင်းအဖွဲ့ ဖွဲ့ရမယ်ဆိုပြီး ကြေညာတာ တွေ့လိုက်ရတယ်။
-----
ဒါနဲ့ တဆက်တည်း မြန်မာနိုင်ငံမှာ မဘသ ကို လစ်ဘရယ်ဒီမိုကရေစီ အရည်ခြုံထားတဲ့ ဒေါ်စုတို့အစိုးရနဲ့ အပေါင်းအပါတွေက မဘသ ကို အစွန်းရောက်အဖွဲ့အစည်း ဆိုပြီး တံဆိပ်ကပ်ပလိုက်တယ်။ ဒီတံဆိပ်ကပ်ခံရမှုက နိုင်ငံတကာရဲ့ အမြင်မှာတော့ ဘင်္ဂလီအရေးအခင်းဖြစ်တဲ့အခါ  ဒီလို အခြေခံစိတ်ဓာတ်တွေ ရှိလို့ တိုင်းပြည်မတည်ငြိမ်တာ၊ ဘင်္ဂလီတွေကို မနေခိုင်းတာ ဆိုတဲ့ အမြင်မျိုး ဖြစ်သွားစေတယ်။
-----
NLD က ဘယ်လောက်အထိ တွယ်ခဲ့ကြသလဲ ဆိုရင် ၄၇ ပါးစုံညီ အစည်းအဝေးတွေကနေတောင် ဖိအားပေးပြီး ဖျက်ခိုင်းခဲ့ကြတာမျိုး။ ပြန်ကြားရေးဝန်ကြီးဆိုရင် ဗုဒ္ဓ အဆုံးအမ စာကိုတောင် ဖြုတ်ပစ်ခဲ့တာမျိုး၊ မန္တလေးတိုင်း ဝန်ကြီးဆိုရင် ဇာတိမာန်သီချင်း မဆိုခိုင်းတော့တာမျိုး။ နွေရာသီ ဓမ္မစကူးလ် သင်တန်းဖွင့်မှာ စိုးလို့ နွေပိတ်ရက်ကို လျော့ချပစ်ခဲ့တာမျိုး။ ပြောပြရရင် အများကြီးရယ်။  မှတ်မှတ်ရရ အင်းစိန်ရွာမ ဆရာတော်ရဲ့ ကျောင်းမှာ ကိုဗစ်ဖြစ်တော့ အနီထောက်ခံတဲ့ ဗမာတွေက ဒီသံဃာတွေ အကုန်သေသွား အေးတာပဲ ဆိုပြီး မိုက်မိုက်ရိုင်းရိုင်း မန့်ခဲ့ကြဖူးသူတွေ အများကြီးရယ်။
----
ခုလည်း ဒေါ်နယ်ထရန့်က ခရစ်ယာန်ဘာသာအတွက် စောင့်ရှောက်ရေး အသင်းဖွဲ့တဲ့ လုပ်ရပ်အပေါ် ဘယ်ဒူးမနာသားတွေမှ ဝေဖန်သံထွက်မယ်မထင်ပါဘူး။ ထွက်လို့လည်း ရမှမရပဲ။ ခုခေတ် လူငယ်တွေ သမိုင်း သိစေချင်တာပါ။ မြန်မာနိုင်ငံမှာ အရေးအခင်းစဖြစ်တော့ YMBA ရုံးချုပ်မှာ ပေါက်ကရ အဖျက်လုပ်သွားတဲ့ မြင်ကွင်းမျိုး မှတ်မိကြမှာပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့၊ မျိုးချစ်စိတ်ပြင်းထန်ဖို့ YMBA လို အသင်းမျိုးက အဓိက ကျခဲ့တယ်ဆိုတာ သမိုင်းလေးတော့ ရှာဖတ်စေချင်သားလား။


(နရီမိုး)
ဖေဖော်ဝါရီလ ၉ ရက်နေ့ ၁၅၀၀ အချိန်တွင် တာချီလိတ်မြိုနယ်၊ ဆေခမ်းရပ်ကွက်၊ မြိုရှောင်လမ်းတွင် ဇော်ထိုက်(ခ)ကပြား မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတိုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်သတင်းအရ ရန်အောင်မြေရပ်ကွက်၊ မယ်ဆိုင်ရေချောင်းဘေးရှိ မျိုးအောင်(ခ)သားငယ်(ခ)ရှမ်းကုလား၏ နေအိမ်တဲအား ၀င်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၉၂၀)အား လည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဇော်ထိုကဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

https://t.me/truthwaves4arm
10.02.202517:12
၁။  တကယ်လို့ နစက အနေနဲ့သာ ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်ဖို့ လျာထားခဲ့ရင်…လုပ်စရာ ၂ ချက်လောက်ပဲရှိတယ်။ ဒါက ဦးစားပေးသဘောပြောတာ။ ခုကာလက ပွင့်လင်း ကာလဆိုတော့ မိုးတွင်းဆို လုပ်ရကိုင်ရခက်တာတွေ များလာလိမ့်မယ်။
----
၂။  တစ်ခုက လက်ရှိ လက်လွှတ်ထား ရတဲ့ မြို့တွေထဲက တချို့မြို့တွေကို မြေပြင်မှာ သိမ်းပိုက်နိုင်ပြဖို့ လိုတယ်။ အလားတူပဲ ခံစစ်ပြင်ထားရတဲ့ မြို့တွေကလည်း မြို့မ ကျအောင် ထိန်းပြနိုင်ဖို့ လိုတယ်။ အထူးသဖြင့် TNLA သိမ်းထားတဲ့ မြို့တွေကို ကူမင်း ရောက်မှ နိုင်ငံရေးနည်းနဲ့ဆိုတာထက် မြေပြင်မှ သိမ်းပိုက်ပြနိုင်အောင်လုပ်တာက ပိုပြီး စစ်သည်တွေအတွက် မိုတီဖြစ်စေမယ်။
----
၃။  မိုးမိတ်၊ မိုးကုတ်၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါ ဆိုတဲ့ မြို့တွေထဲက အဖြစ်နိုင်ဆုံးမြို့တွေကို လက်တွေ့ကျကျ ယူပြနိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့။ ဒီနေ့ ဗန်းမော်မှာ တွေ့ရတဲ့ ရုပ်သံတစ်ခုဆိုရင် ဒရုန်းနဲ့ ရှေ့ပြေး ချေမှုန်းပြီးမှ စစ်သည်တွေက အနီးကပ်ရှင်း တဲ့သဘောမျိုး။ ဒါက မြန်မာနိုင်ငံရဲ့ လက်ရှိဘယ်နေရာမှာ ဖြစ်ဖြစ် ကျင့်သုံးဖို့ အကောင်းဆုံး နည်းဗျူဟာပဲ။ ကိုယ်သိမ်း ပိုက်ချင်တဲ့မြို့/ရွာကို လေကြောင်းပစ်ကူတွေ၊ အမြှောက်နဲ့ ဒရုန်းတွေသုံးပြီး ဦးနှိမ် ချေမှုန်း။ ပြီးမှ ကိုယ့်စစ်သည်တွေက အောင်မြေချဲ့ယူ။ ဒီနည်းက ကိုယ့်စစ်သည်တွေ အလွင့်အပါး နည်းစေတယ်။ အောင်မြင်မှုရရင် ဘာဖြစ် မလဲဆိုတော့… စစ်မှုထမ်းဥပဒေ ကိုပါအကျိုးလာ ရိုက်ခတ်လိမ့်မယ်။
----
၄။  နောက်တစ်ခုက စစ်မှုထမ်း ဥပဒေ။ နည်းဥပဒေအရ ကုမ္ပဏီတွေမှာ အလုပ်ဝင်နေတဲ့ ဝန်ထမ်းတွေထဲက စစ်မှုထမ်းဖို့ ပါသွားခဲ့ရင်… ကုမ္ပဏီပိုင်ရှင်က လစာ စိုက်ထုတ်ပေး ရမယ်ဆိုတဲ့ အချက်တွေက လက်တွေ့မှာ မလွယ်ကူနိုင်တာ မျိုးတွေ့ရတယ်။ တကယ်တော့ ဒီဥပဒေရဲ့အသက်ဟာ ရပ်ကျေးနဲ့ထွေအုပ်တွေပဲ။ ငယ်စာရင်းက အတိုးနဲ့ အလျော့ဆိုပြီး နှစ်စဉ် ပြောင်းနေတာမျိုးရှိနေမှာ။ ဒါက မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ နေပြည်တော်၊ ဗဟို အဆင့်ဆင့်က ကွပ်ကဲနိုင်မှ။ မဟုတ်ရင် အရင်တုန်းကအဆင့် တိုးကာလတွေမှာ တပ်သားသစ်စုသလို ထူးမ ခြားနား ဖြစ်လာရင် ဒီတပ်မတော်ဆိုတဲ့ အင်စတီ ကျူးရှင်းမှာပဲ စုလာလိမ့်မယ်။
---
၅။  ဒီတော့… နည်းဥပဒေအတိုင်း လုပ်ရမှာပေါ့ဆိုတာထက် အခွင့်အလမ်းတွေနဲ့ ဆွဲဆောင် တာက ပိုပြီးနည်းလမ်းကျတယ်။ ဥပမာ ရုရှားမှာဆိုရင် ခု ယူကရိန်းစစ်ဖြစ်မှ တပ်သားသစ် စုတာတွေ ရှိတယ်။ တပ်ထဲ စဝင်လာတာနဲ့ ဘယ်လောက်ဆိုပြီး တစ်လုံးတည်း တစ်ခဲ တည်း ပစ်ပေးတာ တွေရှိတယ်။ ကိုယ်တွေ အနေနဲ့ အဲလို မပေးနိုင်ဘူးဆိုရင်တောင် ခံစားခွင့်မျိုးတွေ ပြပြီး ဆွဲဆောင် စည်းရုံးသင့်တယ်။ ကျန်ခဲ့မဲ့ သူ့မိသားစုအတွက် EV ကားပါမစ်တွေလား။ တိုက်ခန်းအရစ်ကျ ဝယ်ယူခွင့်ဆိုတဲ့ ပုံစံတွေလား။ အမျိုးမျိုး ဆွဲဆောင်လို့ရတယ်။
-----
၆။  တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ့စစ်က ရေရှည် လုပ်ငန်းစဉ်ဆိုပေမယ့် ခုလတ် တလော အသုံးတည့်ဖို့လိုတယ်။ တပ်မတော်ရဲ့ လက်ရှိ ဖွဲ့စည်းပုံတွေကို ချဲ့ဖို့ လူအင်အား လိုတယ်။ ဒီလူအင်အားက ပြည်သူ့စစ်ထဲကနေပဲ လာမှာ။ နည်းပညာမြင့်မားပြီး ထိရောက်တဲ့ လက်နက်ငယ်တွေ ပြောင်းလဲတပ်ဆင်ပေးဖို့ လိုတယ်။ တပ်မတော် လေ့ကျင့်ရေးကျောင်းတွေမှာ ဒရုန်း သင်ခန်းစာတွေဖော်ထုတ်ပြီး သင်တန်းသားအားလုံး တတ်မြောက်နေဖို့ သင်ကြားပေးဖို့လိုတယ်။   တစ်ဖက်မှာ ဒီဥပဒေကိုကြောက်ပြီး ပတ်ပြေးနေတဲ့ လူငယ် တွေရှိနေတယ်။ PDF တွေနဲ့ EAO တွေကလည်း အပြိုင်စည်းရုံး တယ်ဆိုပေမယ့် သူတို့ဆီမှာ ဥပဒေမရှိဘူး။ သက်တမ်းကာလ သတ်မှတ်ချက်လည်း မရှိဘူး။ ခံစားခွင့်လည်းမရှိဘူး။ EAO ထဲကလည်း လူမျိုးစု အချင်းချင်းပဲ ဝင်ဖို့များလိမ့်မယ်။
----
၇။  အပေါ်က ပြောတဲ့ ၂ ချက်ကို ပွင့်လင်းကာလ (၆)လအတွင်းမှာ ကောင်းကောင်း အကောင် အထည်ဖော်နိုင်ရင်…လက်လွှတ်ထာရတဲ့ နယ်မြေတွေ ပြန်မရဘူးဆိုရင်တောင် ဆိုင်ထား ရတဲ့ မြို့ရွာတွေ ရန်သူ့အောက်ကျဖို့ မဖြစ်နိုင်တော့ဘူး။ စစ်မှုထမ်းဥပဒေအရ အခွင့်အလမ်း ကို မျှော်ကိုးပြီး ဝင်လာတဲ့သူတွေ များလာလိမ့်မယ်။ လူစားထိုးရပါတယ် ဆိုတဲ့ လုပ်စားတွေ ပျောက်သွားလိမ့်မယ်။ အခွင့်အလမ်းပေးတယ်ဆိုတာကလည်း ပြည်သူ့စစ်မှုထမ်း အကျုံးဝင်တဲ့ ၁၃ သန်းစလုံး မလိုပါဘူး။ လိုချင်တဲ့ အတိုင်းအတာ ရောက်ရင် ရပ်လို့ရတဲ့ အနေအထားပါပဲ။   ပြည်သူ့စစ်အားကောင်းလာရင် ရွေးကောက်ပွဲ အတွက်လည်း အလိုလို လုံခြုံမှု ရှိလာပါလိမ့်မယ်။

(နရီမိုး)
Reposted from:
People Media avatar
People Media
10.02.202517:10
မိုးကုတ်မြို့ရှိ သိန်းသောင်းကြီးပိုင်း ကျောက်လုပ်ကွက်ရှိ TNLA စခန်းကို ရှင်းလင်း

မိတ္ထီလာမှာ ဆေးစွဲနေတဲ့ ပထွေး လက်ချက်ကြောင့် ၂ နှစ် အရွယ် ကလေးငယ် သေဆုံး

မင်းကိုနိုင် သူခိုးတွေနဲ့ ဆက်မတွဲဖို့ မိုးသီးဇွန် ပြောဆို၊ မိန်းမနဲ့ ငွေကြေးအရှုပ်ကြောင့် နိုင်ထူးအောင် အန်ယူဂျီမှ နုတ်ထွက်

အီလွန်မာစ့်က VOA သတင်းဌာန အုပ်စုကို ပိတ်သိမ်းရန် ပြင်ဆင်၊ RFA နဲ့ VOA ခွက်ပျောက်ပြီ

ယနေ့ တိုက်ပွဲအခြေအနေများ

#PeopleMedia
Radio Free Europe နဲ့ VOA အသံလွှင့်ဌာန ၂ ခုကို
ပိတ်ပစ်ဖို့ အီလွန်မတ်ကတောင်းဆိုလိုက်ပါတယ်။

Voice of America(VOA) ကိုအမေရိကန်
ဖက်ဒရယ်အစိုးရကတည်ထောင်ခဲ့တာပါ။

ဝါရှင်တန်ဒီစီမှာ အခြေစိုက်တဲ့
အမေရိကန်ရေဒီယို နဲ့ ရုပ်မြင်သံကြား
အသံလွှင့်ဌာနတခုဖြစ်ပြီးမြန်မာဘာသာအပါအဝင်
ဘာဘာသာစကား ၄၇ မျိုးနဲ့ထုတ်လွှင့်နေတယ်။

အပတ်စဉ်ပရိသတ် ၂၇၈ သန်းကျော်
ကြည့်ရှုနားထောင်ကြတယ်။

👏👏👏👏👏

https://t.me/ckkmdy969
10.02.202507:57
ညီငယ်များရဲ့ လေ့ကျင့်နေမှု။

မှိုင်းဝေ
@Hninhnin
10.02.202502:32
အဲ့ဒီပဲယင်းမြို့နယ်၊ ညောင်လှ အကြောင်း
အကြိမ်ကြိမ် တင်ပြထားခဲ့ပါတယ်။

Crd
ဒီပဲယင်းမြို့နယ် ညောင်လှရွာတရွာလုံးသည် အကြမ်းဖက်စစ်သွေးကြွရွာဖြစ်ပါတယ်။ တစ်ရွာလုံးမှာ PDF များဖြစ်ပြီး KIA အင်အား ၆၀၀ ခန့်ရှိနေပါတယ်။ မိန်းကလေးတွေကအစ ခါးကြားမှာ သေနပ်ထိုး၍ သွားလာနေသော သူပုန်ရွာဖြစ်သည်။

စစ်သွေးကြွတော်လှန်ရေးကို အားပေးထောက်ခံခြင်းမရှိသော ရွာခံများမှာ ရွာမှထွက်ပြေးပုန်းရှောင်နေရပါတယ်။ ရွာမှရှောင်နေသူများ၏ အိမ်နှင့် လယ်မြေများကိုလည်း ဒလန်များရဲ့ အိမ်များ၊ လယ်မြေများဟုဆိုကာ သိမ်းယူထား၍ KIA များဝင်ရောက်နေထိုင်နေပါတယ်။

အမျိုးသမီးတစ်ယောက်ကို အကြမ်းဖက်အားပေးရွာသား ၄၀ယောက် ခန့်က၊ ဓားနဲ့မွှန်းပြီး ဦးနှောက်ထွက်အောင်ပင် ဝိုင်းနှိပ်ဆက်သတ်ဖြတ်တဲ့ဖြစ်ရပ်ရှိခဲ့ပါတယ်။

မုံရွာ၊ ရေဦး၊ တန်ဆည်၊ ဘုတလင်၊ ကျည်ရွာ၊ မယားကန်းရွာရွာများသည် စစ်သွေးကြွသူပုန်ကြီးစိုးသောရွာတွေဖြစ်တယ်။ မယားကန်းရွာတွင် သူပုန်CDM ဆေးခန်းရှိနေပါတယ်။ ညောင်လှရွာအား စစ်ရေးအရ လက်ဦးမှုယူထားဖို့လိုအပ်ပါတယ်။ 09.01.2025
#KoMaungMaung

https://youtube.com/@kyawswarkyawswar-jw8ru?si=WkO1D_74I4pWDSTj


https://t.me/kyawswar49111
ထိတွေ့မှုသတင်း (ကမ္မ)

ဖေ ၉ ရက် ညနေပိုင်းအချိန်က ပခုက္ကူမြို့နယ်၊ ကမ္မရဲစခန်းရှိ လခရအဖွဲ့ဝင်များအား အကြမ်းဖက်သမား ၄ ဦးက ဆိုင်ကယ် ၂ စီးပေါ်မှနေ၍ ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက်သမား ၁ လောင်း
(၂) ပြောက်ကျားယူနီဖောင်းများ
(၃) ဆိုင်ကယ် ၁ စီး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ

https://youtube.com/@kyawswarkyawswar-jw8ru?si=lnmiOCiWMK_Q6wpO

https://t.me/kyawswar49111
10.02.202517:10
@PrimeMediaMyanmar
10.02.202514:46
Feb-10

#BreakingNews
မောင်တော ရွှေဇားက တိုက်အိမ် ၅၀ ခန့်တွင် ဘယ်သူ့မျှမနေရဟု AA အကြမ်းဖက်စစ်သွေးကြွအဖွဲ့ က ပိုစတာကပ်၊ တိုက်အိမ် ၂၀ လုံးတွင် နေထိုင်ကြသူတွေကို ယနေ့ ၆ နာရီ နောက်ဆုံးထား၍ အိမ်ကနေ ထွက်ခွာရန် AA အမိန့်ပေး
==================================

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇားကျေးရွာရှိ ရိုဟင်ဂျာတွေ ပိုင်ကြတဲ့ တိုက်အိမ် ၅၀ ခန့်တွင် ဘယ်သူ့မျှ မနေရဟု AA တပ်ဖွဲ့က ပိုစတာ ကပ်ပြီး မကြာသေးခင်က နေရပ်ပြန်ပြီး တိုက်အိမ် ၂၀ လုံးတွင် နေထိုင်ကြတဲ့ မွတ်ဆလင်များကို ဒီနေ့ ၆ နာရီ နောက်ဆုံးထား၍ အိမ်ကနေ ထွက်ခွာရန် AA အမိန့်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ဒီနေ့ မနက်ပိုင်းတွင် AA အရာရှိတွေ အပါအဝင် တပ်ဖွဲ့ဝင်တချို့ ရွှေဇားကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ခေါ်ယူသွားပြီး ရွာတွေမှာ ရှိတဲ့ တိုက်အိမ် ၅၀ ခန့်ကို သူတို့(AA)ကိုယ်တိုင် သော့ခတ်ထားပြီး တိုက်အိမ်အားလုံးရဲ့ တံခါးရှေ့ဖက်တွင် "ဘယ်သူ့မျှ မနေရဟု” AA တပ်ဖွဲ့က ပိုစတာ ကပ်တယ်။ မကြာသေးခင်က နေရပ်ပြန်ပြီး တိုက်အိမ် ၂၀ လုံးတွင် နေထိုင်ကြတဲ့ မွတ်ဆလင်တွေကို ဒီနေ့ ၆ နာရီ နောက်ဆုံးထား၍ အိမ်ကနေ ထွက်ခွာရန် AA က အမိန့်ပေးခဲ့တာဖြစ်ကြောင်း မထွက်ပါက ပစ်ခတ်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။
https://t.me/voiceofmuslim2024
နယ်မြေရှင်းလင်းခြင်း (ရှိမ္မကား)

ဖေ ၉ ရက် ညနေပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ရှိမ္မကားရွာ၏ မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာတွင် နယ်မြေရှင်းစစ်ကြောင်းနှင့် အကြမ်းဖက် ၁၅ ဦးတို့ ထိတွေ့မှုအနည်းငယ်ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှု မရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၁ လောင်း
(၂) ကျည်အိမ် ၁ ခု၊ ကျည် ၃၉ တောင့်
(၃) ကျည်ကာ ၁ ထည်
(၄) အိုင်ကွန် ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ
Reposted from:
People Media avatar
People Media
10.02.202507:54
ကချင်ပြည်နယ်၊ဗန်းမော်လေဆိပ် ဧရိယာအတွင်း ထိုးဖောက်လာသော စစ်သွေးကြွ KIA/PDF ကို ရှင်းလင်းမှု

#PeopleMedia
NUG အမြဲတမ်းအတွင်းဝန် နိုင်ထူးအောင်ဆိုသူကတော့ USAID က မထောက်ပံ့နိုင်တော့လို့ တာဝန်ကနေအနားယူသွားပြီ၊ ဒါတောင် PDFလို လူနုံလူအတွေကို ဆက်မိုက်ဖို့အားပေးနေသေးတယ်  သူတို့ပြောတဲ့တော်လှန်ရေးဆိုတာ ဒေါ်လာရမှတော်လှန်ကြတာပါကွာ။
10.02.202517:10
@ထွဋ်မြတ်သူ
10.02.202517:01
ထုတ်လွှင့်ပြန်ကြားသတင်းမှန်များ(၁၀-၂-၂၀၂၅)
10.02.202514:35
အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်း ရှိ/မရှိ၊ ပြည်သူ့စစ်မှုထမ်းနှင့်ပက်သက်၍ ပြည်ပသွားလာခွင့် ပိတ်ပင်မှု ရှိ/မရှိတို့အပေါ် ကောလဟာလများအတွက် ဆွေးနွေးတင်ပြချက်

https://t.me/truthwaves4arm
နယ်မြေရှင်းလင်းခြင်း (ပေါက်)

ဖေ ၉ ရက် ညနေပိုင်းအချိန်က ဒေသခံများ၏ သတင်းပေးမှုအရ ပေါက်မြို့နယ်အတွင်း နယ်မြေရှင်းနေသည့် စစ်ကြောင်းနှင့် အကြမ်းဖက် ၁၀ ဦးတို့ ထိတွေ့မှုဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် ၂ လောင်း
(၂) လုပ်သေနတ် ၁ လက်
(၃) ကျည် ၂၀ တောင့်
(၄) ယူနီဖောင်း ၂ စုံ
(၅) ကျောပိုးအိတ် ၁ လုံး

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ
ဗန်းမော်မြိုတိုက်ပွဲမှာ တပ်မတော်ရဲ့ချေမှုန်းမှုကြောင့် ထိခိုက်သေဆုံးမှုများပြားနေတဲ့အတွက် စိတ်ခြောက်ခြားကာ အကြမ်းဖက် PDF များ ထွက်ပြေးမှုများပြားနေပြီး ၄-၂-၂၀၂၅ ရက်တွင် ထွက်ပြေးသွားသော အကြမ်းဖက် PDF ၁၂ ယောက်အား KIA အဖွဲက တွေ့တဲ့နေရာမှာ သတ်ဖို အမိန့်ပေးထားကြောင်း သိရှိရသည်။…..

https://t.me/truthwaves4arm
10.02.202502:28
ပြည်သူ့စစ်မှုထမ်းများရဲ့ ထမနဲထိုးပြိုင်ပွဲ 😊😊☺️

#pms@pyithusitt
Shown 1 - 24 of 32
Log in to unlock more functionality.