နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်သည့် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ရုရှားသို ထွက်ခွာ
--------------------------------
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ဦးဆောင်တဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံကို ချစ်ကြည်ရေး ခရီး သွားရောက်ဖို မေ ၇ ရက်၊ မနက် ၇ နာရီခွဲလောက်က အထူးလေယာဉ်နဲ့ နေပြည်တော် တပ်မတော်လေဆိပ် ကနေ ထွက်ခွာသွားတယ်လို သိရပါတယ်။
အဆင့်မြင့် ကိုယ်စားလှယ်အဖွဲကိုတော့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး နဲ့ ကောင်စီဝင်တွေ အဆင့်မြင့် တပ်မတော်အရာရှိ ကြီးတွေက လေဆိပ်မှာ ပိုဆောင်နှုတ်ဆက်ခဲ့ကြပါတယ်။
ချစ်ကြည်ရေး ခရီးစဉ်အတွင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဟာ မေလ ၉ ရက်မှာ မော်စကိုမြို ရင်ပြင်နီမှာ ကျင်းပမယ့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်း အမှတ် စစ်ရေးပြ အခမ်းအနား နဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်သွားမှာပါ။
အဲဒီအပြင် အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးတာတွေ ဆောင်ရွက် သွားမှာ ဖြစ်သလို ချစ်ကြည်ရေးခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရ နဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စတွေ နဲ့ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်တွေ ပိုမို တိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လိုလည်း သိရပါတယ်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရဲ့ ဇနီး ဒေါ်ကြူကြူလှ ကလည်း ရုရှား နိုင်ငံ ဖက်ဒရယ်ကောင်စီ လွှတ်တော် ဥက္ကဋ္ဌ မစ္စ ဗယ်လင်တီနာ မတ်ဗီယန်ကို နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ခရီးစဉ်မှာတော့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှ၊ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင်တွေ ဖြစ်တဲ့ ဒေါက်တာ ဘရွှေ နဲ့ ခွန်စံလွင် ၊ ဒုတိယဝန်ကြီးချုပ် နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း နဲ့ ဒုတိယဝန်ကြီးတွေ နဲ့ အဆင့်မြင့် အရာရှိကြီးတွေ လိုက်ပါသွားတာ ဖြစ်ပါတယ်။