Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Western 24 News avatar
Western 24 News
Western 24 News avatar
Western 24 News
ဘူးသီးတောင် နဲ့မောင်တောမြို့ကို မထိန်းနိုင်တော့လို့ ထွန်းမြတ်နိုင် ခေါင်းဆောင်တဲ့ AA အကြမ်းဖက် ကောင်တွေ တိုင်ပတ်နေကြပြီ။မင်းတို့ဆက်မိုက်ကြပါ ရခိုင်ဆိုတာ ပြတိုက်မှာသွားရှာရတော့မယ်။
ဒါကို ကြည့်ရင် သူတို့တွေ ဘယ်လောက်ထိ စိတ်ဓာတ်တွေ ပျက်ပြားနေပြီလည်းဆိုတာ ခန့်မှန်းလို့ရတယ်...

တချို့သော PDF တွေက PDF ဝင်ချင်လို့ဝင်တာမဟုတ်ဘူး... လိမ်လည်ပြီးခေါ်လို့ ရောက်သွားတဲ့သူတွေရှိတယ်....

အချို့သောသူတွေကြတော့ ဘေးကကောင်တွေ အဆွယ်ကောင်းလို့ ပါသွားတာတွေရှိတယ်...

အချို့ကတော့ တော်လှန်ရေးကို လုပ်စားဖို့အတွက် ဝင်သွားတာရှိတယ်...

ဒီလိုလူငယ်တွေဟာ တောထဲတောင်ထဲမှာ စားဖားဝနေတဲ့ EAOsတွေရဲ့ အသုံးချခံနေကြရတာ...

ဒါကို သူတိုတွေ မသိတာ မဟုတ်ဘူးသိတယ်...ဒီအမှောင်လောကကနေ ရုန်းထွက်မရဖြစ်နေတာ... အချို့ဆိုရင် ထွက်လာချင်ပေမယ့် မိသားစုတွေကို ခြိမ်းခြောက်ထားတော့ အလင်းမဝင်နိုင်ဖြစ်နေကြတာ...

ပြီးခဲ့တဲ့ ရက်ပိုင်းကဆိုရင်လည်း မတ္တရာဘက် PDF ၃၂ ဦး အလင်းဝင်လာကြတယ်... သူတို့ စကားပြောကြည့်ရသလောက် အလင်းဝင်ချင်နေတဲ့ သူတွေတော်တော်များများရှိတယ်ဆိုတာ သိရတယ်... ဒါပေမယ့် အပေါ်ကပြောသလို အခက်အခဲတွေကြောင့် လှုပ်လို့မရဖြစ်နေကြတာ...

ဒါကြောင့် PDF ညီငယ်များအနေနဲ့ ယခုလို ကိုယ့်ကိုကိုယ် အဆုံးစီရင်မယ့်အစား နီးစပ်ရာ လခရ အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး အလင်းဝင်ပါ...

အခွင့်အခါကောင်းတွေကို စောင့်ပြီး အလင်းထဲကိုပြန်လာကြပါ... မင်းတို့တွေကို မြှောက်ပေးတဲ့သူတွေက မင်းတို့နဲ့ စစ်မြေပြင်ထိလိုက်ပြီး တိုက်ပွဲဝင်နေတာ မဟုတ်သလို မင်းတို့တွေလို ငတ်ပြတ်ပြီးနေနေကြတာမဟုတ်ဘူး...

ဒါ့ကြောင့် ဘာမဟုတ်တဲ့ကောင်တွေကြောင့် စိတ်ညစ်ပြီး ကိုယ့်ကိုကိုယ်သက်သေကြမယ့်အစား အလင်းထဲမှာပဲ ဘဝသစ်ပြန်စကြပါညီငယ်တို့။

မှိုင်းဝေ
ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ မြန်မာနိုင်ငံတော်အပေါ် ဂုဏ်သိက္ခာမဲ့စွာ ဖြင့် သံတမာန်ကျင့်ဝတ်ချိုးဖောက်နေမှုတစ်ခု။
တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၂၄ ရက်)

(၁) ဗန်းမော်
နေ့လည်ပိုင်းအချိန်က ဗန်းမော်မြို့ရှိ တပ်ရင်းဌာနချုပ်တစ်ခုအား အကြမ်းဖက် KIA ၁၀ ဦးခန့်က လာရောက်ပစ်ခတ်လို့ ပြန်လည်ပစ်ခတ်ခဲ့။ မိမိ ထိခိုက်မှုမရှိ။
-
အလားတူ ညပိုင်းအချိန်မှာလည်း အကြမ်းဖက် KIA အဖွဲ့က လနကကြီးများဖြင့် အဝေးမှ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တန်ပြန် ပစ်ခတ်ခဲ့ရပြီး စစ်သည် ၁ ဦး ဒဏ်ရာရရှိခဲ့။
-

(၂) ကာမိုင်း
ညနေပိုင်းနဲ့ ညပိုင်းအချိန်က ကချင်ပြည်နယ်၊ ကာမိုင်းဒေသရှိ တပ်စခန်းတစ်ခုအား အကြမ်းဖက် KIA ၃၅ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KIA ၄ လောင်း
(၂) လက်နက်မျိုးစုံ ၄ လက်

တို့အား သိမ်းဆည်းရရှိခဲ့။
-
(၃) နောင်ချို၊ နောင်လင်ရွာ
နေ့လည်ပိုင်းအချိန်က တောင်ခမ်းဒေသ၊ နောင်ချိုမြို့အနီးရှိ တပ်စခန်း ၁ ခုအား အကြမ်းဖက် TNLA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ရန်သူဆုတ်ခွာသွားခဲ့။ ဆုတ်ခွာရန်သူနောက် ထပ်ကြပ်လိုက်လံချေမှုန်းရာ နောင်ချိုမြို့၊ နောင်လင်ရွာအနီးတွင် ရန်သူ့စခန်းပုန်းအား တွေ့ရှိသဖြင့် စီးနင်းသိမ်းပိုက်ခဲ့ရ။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် TNLA ၅ လောင်း
(၂) သေနတ် ၂ လက်
(၃) ပစ်ကျင်း/ဘန်ကာများ

သိမ်းပိုက်ရရှိခဲ့။
-
(၄) ချောက်မြို့
မနက်ပိုင်းအချိန်က ချောက်မြို့နယ်၊ မင်းကန်ရွာအနီးရှိ တပ်စခန်း ၁ ခုအား အကြမ်းဖက် ၃၀ ဦးခန့်က လာရောက်တိုက်ခိုက် သဖြင့် ထိတွေ့မှုအနည်းငယ် ဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိ ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) မိုင်းမျိုးစုံ ၁၂ လုံး

တို့အား သိမ်းဆည်းရရှိခဲ့။
-
(၅) ကလေးမြို့
ညနေ ၆ နာရီခန့်က ကလေးမြို့နယ်၊ ကြံသာရွာအား အကြမ်းဖက် PDF ၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်ပြီး Drone ၃ စင်းဖြင့် Drop Bomb ချ တိုက်ခိုက်လာခဲ့။ ဖြစ်စဉ်တွင် မိမိ ပြည်သူ့စစ် ၁ ဦး၊ ဒေသခံပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့။
-
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
-
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
-
တိုက်ပွဲသတင်းစုံ
အသိအမြင်မှန်ပြီး အလင်းထဲကိုပြန်ဝင်လာတဲ့ ညီငယ်များကို ကြိုဆိုလျက်ပါပဲ...

နောက်ထပ်ပြန်ဝင်လာချင်သူတွေကိုလည်း အလင်းတံခါး အမြဲဖွင့်ထားပါတယ်...

ပုံတွေကတော့ မနက်ဖြန်အခမ်းအနားပြီးမှ တင်ပေးမယ်...

မှိုင်းဝေ
22.04.202507:32
Reposted from:
Sit Min avatar
Sit Min
AAရဲ့၀ါဒဖြန့်မီဒီယာပြောတဲ့ AAအကြောင်း

AAထိန်းချုပ်ဒေသမှာ
လူထုအပေါ်ဖိနှိပ် ဖမ်းဆီး
စတဲ့လူ့အခွင့်ရေးချိုးဖောက်မှု
တွေကြောင့်ရခိုင်မှာ
ဘယ်သတင်းထောက်မှ၀င်ခွင့်
မရှိသလို ရှိနေတဲ့သတင်းသမား
တွေကိုပါ ရှာဖွေဖမ်းဆီး အစဖျောက်
တာတွေရှိနေပါတယ်။

AAလက်အောက်ကလူထုမှ
အင်တာနက်အသုံးပြုခွင့် မရှိ
အမျိုးမျိုးဖိနှိပ်ခံနေရတာကြောင့်
AAကို ရခိုင်ချင်းတောင် မုန်းတီး
နေတာကြောင့် AAစခန်းတွေ
မကြာခဏဗုံးကြဲခံနေရပါတယ်။

#SittNwayOo
02.05.202504:12
အပစ်ရပ်မည်ကြေညာပြီးမှ ကတိမတည်ကြသည့် AA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က တစ်လအပစ်ရပ် ထပ်မံသက်တမ်းတိုးမည်ကြေညာပြန်

MT News
၁. ၅. ၂၀၂၅

အပစ်ရပ်မည်ကြေညာပြီးမှ ကတိမတည်ကြသည့် AA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့က ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁) လ သက်တမ်းထပ်တိုးကြောင်း ယနေ့ကြေညာလာပြန်သည်။

မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်းနှင့် နေပြည်တော် အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ နေရာအနှံ့အပြားတို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈/၂၉/၃၀) ရက်များတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး (၇ ဒသမ ၇) အဆင့်ရှိ အင်အားအလွန်ပြင်း ငလျင်ကြီးနှင့် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ပျက်စီးဆုံးရှုံးသွားသော လူနေတိုက်တာအဆောက်အအုံများ၊ သာသနိကအဆောက်အအုံများနှင့် သမိုင်းဝင် အမွေအနှစ်များကို ရှင်းလင်းဖယ်ရှားရန်နှင့် ငလျင်အပျက်အစီး အဆောက်အအုံများအကြား အသက်ရှင် ကျန်ရစ် နေသော လူနှင့်အိမ်မွေးတိရစ္ဆာန်များကို ရှာဖွေကယ်ဆယ်ရေးလုပ်နိုင်ရန်အတွက် လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်စဲသော ထုတ်ပြန်ချက်ကို ညီနောင်မဟာမိတ် (၃) ဖွဲ့မှ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ တစ်ဖက်သတ် အပစ်ရပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်ဟုဆိုသည်။

သို့ရာတွင် အဆိုပါအင်အားပြင်းငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများကို လုပ်ဆောင်နေကြသည့် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များသည် (၁) လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့် ဆက်စပ်သောလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်ထပ်မံလိုအပ်နေမည်ဖြစ်သောကြောင့် ၂၀၂၅ ခုနှစ်၊ မေလ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တစ်ဖက်သတ် အပစ်ရပ်ကာလအား ထပ်မံ၍ နောက်ထပ် (၁) လ သက်တမ်း တိုးလိုက်သည်ဟုလည်းပြောသည်။

ထို့ကြောင့် ဤထုတ်ပြန်ချက်အား ထုတ်ပြန်ကြေညာလိုက်သည့်အချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံ့ပြန်မှုမျိုးမှလွဲ၍ မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထုတ်ပြန် အပ်သည်ဟုလည်း ပြောသည်။


မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့အနေဖြင့်အပစ်ရပ်မည်ဟု လိမ်လည်ထုတ်ပြန်မှုများ မကြာခဏပြုလုပ်ခဲ့ပြီး ယမန်နှစ်ကလည်း MNDAA က လားရှိုးကို တရုတ်အလိုကျအပစ်ရပ်မည် လိမ်လည်ကြေညာပြီးမှ ထိုးစစ်ဆင်ကာ လူရာချီ ရက်စက်စွာသတ်ဖြတ်ပြီး လားရှိုးမြို့သိမ်းခဲ့သလို AA ကလည်း ငလျင်ကြောင့် ဧပြီတစ်လလုံး ယာယီအပစ်ရပ်မည်လိမ်လည်ကြေညာပြီးမှ ကာလရှည်တိုက်သော်လည်း မသိမ်းနိုင်ခဲ့သည့် ညောင်ကျိုးစခန်းကို အယုံသွင်းတိုက်ယူခဲ့သလို ဧရာဝတီတိုင်းတွင်လည်း ထိုးစစ်များစွာပြုလုပ်နေသည်။

◾ Website တွင် ဆက်လက် ဖတ်ရှုရန်

https://www.mtnewstoday.com/?p=99495

#AA #TNLA #MNDAA #အပစ်ရပ် #ကတိဖျက် #အကြမ်းဖက် #လက်နက်ကိုင် #ငလျင် #သစ္စာမဲ့ #တရုတ် #MT #MyanmarTransparency
တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက်တိုက်ခိုက်သော သူပုန်များ၏ ယုတ်မာသည့်လုပ်ရပ်များ (ဧပြီ ၂၅ ရက်)

(၁) ဗန်းမော်
ဧပြီ ၂၅ ရက်နေ့တွင် အကြမ်းဖက် KIA/PDF အဖွဲ့က ဗန်းမော်ဒေသမှာရှိတဲ့ တပ်ဌာနချုပ်နေရာများ၊ လခရစခန်းနေရာများအား အင်အား ၆၀၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခိုက်သဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဗန်းမော်မှ တပ်မတော်သားများက အောင်စိတ်အပြည့်နဲ့ တန်ပြန်တိုက်ခိုက်မှု၊ Drone/လေကြောင်း ပစ်ကူများ၏ ထိရောက်မှုများကြောင့် ရန်သူမှာ အကျအဆုံးများစွာနဲ့ ပြန်လည် ဆုတ်ခွာထွက်ပြေးကြသည်။ ပြည်ဖျက်မီဒီယာတွေမှာ တင်ထားသလို ဗန်းမော်ဒေသ က လခရစခန်း တစ်ခုတလေမှ ကျသွားခြင်းမရှိပါ။ ရန်သူ့အလောင်းတွေသာ ပုံပြီး ကျန်ရစ်ခဲ့ပါသည်။ ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက် ၁၆ လက် လက်ဝယ်သိမ်းပိုက်ရရှိကာ မိမိစစ်သည် ၁ ဦး ကျဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။
-
(၂) မြစ်ကြီးနား
ဧပြီ ၂၅ ရက်နေ့ ညပိုင်းအချိန်တွင် မြစ်ကြီးနားမြို့ရှိ လူနေရပ်ကွက်များကို အကြမ်းဖက် KIA အဖွဲ့က ရှော့တိုက်ဒုံး ၁၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ်အချို့နဲ့ ဝန်ထမ်းအိမ်ရာအချို့ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အပြစ်မဲ့ ကလေးငယ် ၁ ဦး သေဆုံး ခဲ့ပါသည်။
-
(၃) တောင်ခမ်း
ဧပြီ ၂၅ ရက်နေ့တွင် တောင်ခမ်းဒေသနှင့် နောင်ချိုမြို့အစပ် လခရစခန်းအား အကြမ်းဖက် TNLA အဖွဲ့က လာရောက် တိုက်ခိုက်လို့ ထိတွေ့မှုများ ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး MA-1 သေနတ် ၁ လက် ရန်သူ့နောက်ပါ ဆုံးရှုံးခဲ့ကာ ရန်သူ့ထံမှ -
(၁) TNLA အလောင်း ၁ လောင်း
(၂) Type-81 သေနတ် ၁ လက်
(၃) ကျည်အိမ် ၈ ခု၊ ကျည် ၄၀၀ ခန့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ အီနာဂါ ၁ လုံး
(၅) ကျည်ကာ ၁ ထည်၊ အီကွေ့မန့် ၁ ခု

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၄) ဘောလခဲ
ဧပြီ ၂၅ ရက် နေ့လည်ပိုင်းအချိန်က ဘောလခဲဒေသရှိ လခရစခန်းအား အကြမ်းဖက် KNPP/KNDF ၂၀ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNPP/KNDF ၁ လောင်း
(၂) သေနတ် ၁ လက်
(၃) ကျည်အိမ် ၄ ခု၊ ကျည် ၁၁၀ တောင့်
(၄) လက်ပစ်ဗုံး ၁ လုံး၊ ကျည်ကာ ၁ ထည်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
(၅) သပိတ်ကျင်း
ဧပြီ ၂၅ ရက် ညပိုင်းအချိန်က သပိတ်ကျင်းဒေသရှိ လခရစခန်းတစ်ခုအား အကြမ်းဖက် TNLA/PDF ၁၅ ဦးခန့်က လာရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်တွင် စစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ -
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) သေနတ် ၁ လက်

တို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-
အထက်ဖော်ပြပါဖြစ်စဉ်များသည် အကြမ်းဖက်သူပုန်များအနေနဲ့ ငလျင်ကယ်ဆယ်ရေးလုပ်ငန်း အင်တိုက်အားတိုက် လုပ်ဆောင်နိုင်ရန် တပ်မတော်မှ အပစ်ရပ်စဲထားမှုကို အခွင့်ကောင်းယူ၍ အလစ်အငိုက်လာရောက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပါသည်။
-
လာရောက်တိုက်ခိုက်သည့်ရန်သူများအား တုံ့ပြန်ရန်အခွင့်အရေးအရ တန်ပြန်ချေမှုန်းခြင်းသာ ဖြစ်ပါသည်။ တပ်မတော်မှ စတင်တိုက်ခိုက်ခြင်းမျိုး မရှိပါ။
-
တိုက်ပွဲသတင်းစုံ
Reposted from:
Kyaw Swar avatar
Kyaw Swar
မုဒိန်း AA ဝန်ခံသွားပြီ

https://youtube.com/@kyawswarkyawswar-jw8ru?si=w0DzfZqEWYqL__Et

https://t.me/kyawswar49111
Reposted from:
Ko Thet avatar
Ko Thet
ကဲ .. အမြင်မှန်ရတဲ့သူတွေကတော့ နောင်ရေးအတွက်စိတ်အေးရပြီး မိဘရင်ခွင်ဆီရောက်သွားပြီ
-
ကျန်တဲ့သူတွေလည်း လာလို့ရတယ်နော်
-
22.04.202507:32
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချ
=================================

ဧပြီ ၂၂ ၊ Western 24 News

ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ နယ်စပ် ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်အတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam က အပြင်းအထန် ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို ဧပြီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒါဘန်ခရိုင်အတွင်း ဧပြီလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့တို့မှာ ကျင်းပခဲ့တဲ့ ဒေသခံတွေရဲ့ သင်္ကြန်ပွဲတော်အတွင်း ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်အချို့လာရောက် ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးအသိုင်းအဝိုင်းကြား ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ထွက်ပေါ်လာပြီး မကြာခင်မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေးပါတီကြီး တစ်ခုဖြစ်တဲ့ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ကအပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်လာတာ ဖြစ်ပါတယ်။
ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ရဲ့ ထုတ်ပြန်ချက်အတွင်း ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်း ၁၀ ကီလိုမီတာအထိ လက်နက် ကိုင်ဆောင် ဝင်ရောက်ခဲ့ကြတဲ့ ULA/AA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဥပဒေနဲ့ နိုင်ငံတကာဥပဒေတွေကို ULA/AAအဖွဲ့က ပေါ်ပေါ်ထင်ထင် ချိုးဖောက်တာဖြစ်ကြောင်းနဲ့ လက်ရှိယာယီအစိုးရအနေနဲ့ အဆိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဖြေရှင်းချက်ပေးဖို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ ဂျာမာသ်အလ်အစ္စလာမ် Bangladesh Jamaat-e-Islam ပါတီသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အကြီးဆုံးအတိုက်အခိုက်ပါတီတွေက တစ်ခုဖြစ်ပါတယ်။
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကိုင်ဆောင်ကာ ဘန်ဒါဘန်က သင်္ကြန်ပွဲအတွင်း ပျော်ပါးနေကြတဲ့ ဓာတ်ပုံတွေ ပေါ်ထွက်လာပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အသိုင်းအဝိုင်းကြား ဝေဖန်မှုများ မြှင့်တက်လာနေသည်။
ULA/AAအကြမ်းဖက်အဖွဲ့တွင် အပေါ် ဘင်္ဂလားဒေ့ရှ်ယာယီအစိုးရအဖွဲ့ရဲ့ ဆက်ဆံမှုအပေါ်လည်း အားမလိုအားမရ ဖြစ်မှုတွေ များပြားနေပြီး၊ လုံခြုံရေးလျော့ရဲမှုကြောင့် AAအကြမ်းဖက်အဖွဲ့၏ လှုပ်ရှားမှုက ဘင်္ဂလားဒေ့ရှ်အထိ ရောက်ရှိလာခြင်းဖြစ်သဖြင့် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအပေါ် ပြည်သူတွေရဲ့ ဝေဖန်မှုများလည်း မြင့်တက်နေကြောင်း သိရသည်။ https://t.me/westernnews24/9096
Reposted from:
Min Htet Kyaw Zaw avatar
Min Htet Kyaw Zaw
04.05.202505:28
ဒီနေရာတွင် ရခိုင်ဒေသ သာ ဘင်္ဂလားဒေ့ရှ် က အလိုရှိသလို ကျူးကျော် နိုင်ခဲ့ပါက NUG မှ ဇော်ဝေစိုး၊ ဇင်မာအောင် နှင့် AA က ထွန်းမြတ်နိုင် တို့သည် သမိုင်းရဲ့တရားခံများဖြစ်ကြသည်။ နောင်တစ်ချိန် လူငယ်များအား “ငပလီ သည် ငါတို့တချိန်က ပိုင်ခဲ့ဖူးသည်” ဆိုသည့် ပါးစပ်ရာဇဝင်နှင့် နိုင်ငံကိုလွှဲချိန်ကျမှ နောင်တမရကြပါနှင့်ဟု ဆုတောင်းပါသည်။
ဗမာဆိုသည်မှာ မြန်လဲမြန်သည်၊ မာလဲမာသည်။ ဗမာ တွေ စစ်သွေးကြွယ် လျှင် အိမ်နီးချင်းနိုင်ငံများ ကြောက်ရွံ့ကြသည်။ ခုချိန်သည် ဗမာတွေ တကယ်ကို စည်းလုံးဖို့ သင့်ပြီလို့ တိုက်တွန်းလိုပါသည်။ PDF ထဲတွင် ရောက်နေသည့် ဗမာ PDF လေးများအနေဖြင့် အမိနိုင်ငံတော်ပြိုကွဲမည့် အရေးကို မြင်နိုင်ပြီး တပ်မတော် နှင့်လာရောက်ပူးပေါင်းကာ ပြည်ထောင်စုကိုကာကွယ်မည်ဆိုပါက “ဘင်္ဂလား ဆိုတာ အရုပ်ရေးပြရသည်” ဆိုသည်အထိ ဖြစ်သွားမည်မှာ အသေအချာဖြစ် ပါကြောင်း။

“သင်းနိုင်ငံသား ၊ သံမှုန့်စားမှ
ဒို့ဓားတုံးမည် .. မှတ်လော့တည်လော့”

မင်းထက်ကျော်ဇော

Telegram Link : https://t.me/minhtetkyawzaw

TikTok Link : https://www.tiktok.com/@minhtetkyawzaw706
Reposted from:
နရီမိုး avatar
နရီမိုး
01.05.202514:48
စစ်တွေနဲ့ကျောက်ဖြူကို ရဖို့ AA က ပတ်ပတ်လည် တိုက်စစ်ဆင်နေတာ ရှိတယ်။ ဒါက သင်္ကြန်မတိုင်ခင်ကတည်းကပဲ။ အထူးသဖြင့် လက်ရှိ ဖြစ်နေတဲ့ စစ်ပွဲတွေဟာ စစ်တွေ မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်ထဲက ကျေးရွာတွေထဲမှာ ဖြစ်နေတာ များတယ်။ တကယ် လည်း မြေပြင်မှာ စစ်တွေနဲ့ ကျောက်ဖြူကို ရဖို့ ဒီမြို့တွေရဲ့ ပတ်ပတ်လည်း ကျေးရွာ တွေမှာ အခိုင်အမာ ဆက်သွယ်ရေးတူးမြောင်းတွေ တူးပြီး တဖြည်းဖြည်း တိုက်စစ် ဖွင့်နေတာလည်း မြင်ရတယ်။ သူတို့ရဲ့ အားသာချက်ဖြစ်တဲ့ မြေခွေးဝပ်ကျင်း တွေ တူးပြီး ဆက်သွယ်ရေးမြောင်းတွေဆိုရင်လည်း ခန့်မှန်း ၂ မိုင်နီးပါး ရှည်တဲ့အထိ ပြင်ဆင်ထားတာ မျိုးတွေ မြင်ရတယ်။
------
ဒါပေမယ့် ဝမ်းနည်းစရာတစ်ခုကတော့ ကျေးရွာတွေကို အခြေပြုပြီး တိုက်စစ်ဖွင့်တဲ့အခါ ၊ နှစ်ဖက်တပ်တွေ အပြိုင်အဆိုင် ခံစစ်/တိုက်စစ် ဖွင့်ကြတဲ့အခါ ကြားထဲက ကျေးရွာတွေ မီးလောင်ပျက်စီးသွားတာကတော့ မြင်ရက်စရာမရှိဘူး။ တကယ်တော့ ဒီရွာတွေဆိုတာ ရခိုင်တိုင်းရင်းသားတွေနေတဲ့ ရွာတွေအများစုဖြစ်ကြတယ်။ ရွာတွေ ပျက်စီးသွား ပြီးတဲ့နောက်မှာ ဒီရခိုင်တွေ ဘယ်မှာသွားနေကြမလဲ။ စစ်တွေနဲ့ ကျောက်ဖြူ ရခြင်း/မရ ခြင်းကနောက်ထား။ အရင်ဆုံး ရခိုင်ရွာတွေ ပျက်သွားကြပြီ။ စစ်ရှောင်ဘဝ ရောက်သွားကြပြီ။ စစ်ကြောင့် စာသင်ကျောင်းတွေ မဖွင့်နိုင်တော့ဘူး။ စစ်ကြောင့် Human Resource တွေ ဆုံးရှုံးကုန်တယ်။ အတိတ်သမိုင်းထဲက ရခိုင်မြောက်ပိုင်းမှာ ဘင်္ဂလီနဲ့ ဖြစ်တဲ့ စစ်ပွဲတွေ အဆက်ဆက်ကြောင့်ရခိုင်ရွာတွေ မရှိတော့ဘူး။ ခုလည်း တောင်ပိုင်း အထိတောင် စစ်ဧရိယာက ကျယ်ပြန့်လွန်းနေပြီ။ ဒီအကျိုးဆက်ကို အချိန်မီ မသုံးသပ် နိုင်ရင်…ပညာရေး၊ စီးပွားရေး ကအစ အစစအရာရာ ရခိုင်ဟာ နောက်ကျကျန်ရစ်တော့ မယ်ဆိုတာ အသေအခြာပဲ။
-------
တကယ်တော့ ဒီလိုဖြစ်စဉ်တွေက ရခိုင်တစ်ခုတည်းတော့မဟုတ်ဘူး။ ပြီးခဲ့တဲ့ အပါတ်က လူမှုကွန်ရက်မှာတွေ့တဲ့သတင်းတစ်ခုမှာ စာသင်ကျောင်းထဲ PDF တွေက ဗုံးသီးတွေ လုပ်နေတာ တွေ့ရတယ်။ အလိုလိုမှ…ပညာရေးကို အားမပေးကြတဲ့ အညာဒေသ၊ မွေးလာတာနဲ့ ဆိတ်ကျောင်း၊ နွားကျောင်းဘဝကနေ အတန်းပညာပြီးဆုံးအောင် တက်ဖို့ မလွယ်တဲ့ အညာဒေသရဲ့စာသင်ကျောင်းက PDF ရဲ့ လူသတ်လက်နက်ထုတ်နေတဲ့ နေရာ ဖြစ်နေတာ မြင်ရတာ အတော်လေး ဝမ်းနည်းစရာကောင်းတယ်။
------
ကချင်ပြည်နယ်မှာလည်း သိပ်ကို စည်ကားလွန်းပါတယ်ဆိုတဲ့ဗန်းမော်မြို့က အကောင်း တိုင်း မကျန်တော့ဘူး။ စစ်ကြောင့် မီးလောင်ပြာကျနေတဲ့ မြို့ဟာ တစ်ချိန်ချိန်မှာ စစ်ပွဲတွေအားလုံး အဆုံးသတ် သွားခဲ့ရင်တောင် နဂို မူလအတိုင်းဖြစ်ဖို့ဆိုတာ ဆယ်စုနှစ် ၁ စုစာ မက အချိန်တွေ ပြန်ပေး ဆပ်ရတော့မယ်။
------
ဘယ်လို ရည်ရွယ်ချက်တွေနဲ့ စစ်တိုက်နေကြတာလဲဆိုတာ မတွေးတတ်တော့ဘူး။ တပ်မတော်အုပ်ချုပ်တာ မခံချင်တဲ့သူတွေက ရွေးကောက်ပွဲကိုလည်း မဖြစ်စေချင်ကြတာ တွေ့ရတာ အံ့ဩစရာပဲ။ တကယ်တော့ သူတို့ လက်နက်ကိုင်ကြတယ်ဆိုတာ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ခံ အစိုးရ တက်လာဖို့လည်း မဟုတ်ဘူး။ ဒေါ်စု ပြန်လွှတ်ဖို့ လည်း မဟုတ်ဘူး။ NUG ရဲ့ မူဝါဒတွေကို မယုံကြည်တော့လို့တောင် CoC ထဲက နှုတ်ထွက် ကြတဲ့လက်နက်ကိုင်တွေက တနယ်တမင်းမှာ လက်နက်ကိုင်စနစ်တွေနဲ့ ဆက်ကြေး ကောက်၊ လူသစ်စု၊ ဗိုလ်ကျ စိုးမိုးဖို့ အတွက်သပ်သပ်လားလို့တောင် မေးစရာရှိလာတယ်။
----------
အချင်းချင်း လူသတ်ကြတာကိုမှ တော်လှန်ရေးလုပ်နေတယ်လို့ ထင်နေကြတယ်။ နိုင်ငံရေး လိုလားချက်က ဘာတွေလဲဆိုတဲ့ အာဂျင်တာလည်း သူတို့မှာမရှိဘူး။ စစ်တိုက်လို့သာ/ သူပုန် ပေါလို့သာ တပ်မတော် ပျက်စီးသွားရိုးဆိုရင်… နှစ်(၈၀)ပြည့် တပ်မတော်နေ့ဆိုတာ ဒီကနေ့အထိ ရှိနေစရာတောင် အကြောင်းမရှိဘူး။ လက်နက် ကိုင်ပြီး ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိတဲ့ သူတွေရှိနေတဲ့ နိုင်ငံမှာ မြို့/ရွာတွေ ပျက်စီးရတာ ဆန်းတော့ မဆန်းဘူးလို့ ဆိုရမယ်။

(နရီမိုး)
26.04.202514:52
Sniper နဲ့ လာချောင်းနေတဲ့ အကြမ်းဖက် AA သူပုန်ကို သုတ်သင်ချေမှုန်းခြင်း။ (ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာသစ်အနီး)
-
နပခ မှာ Night Vision Drone တွေ အသုံးပြုလာတာတွေ့တော့ ဝမ်းသာမိပါတယ်။ Fighting .. 👌
-
တိုက်ပွဲသတင်းစုံ
အကြမ်းဖက် KNPP+KNDF ကယားအကြမ်းဖက်အဖွဲ့တွေ ဘိန်းစိုက်ပြီး စီးပွားရှာနေတာကို ဖော်ပြလိုက်တဲ့ ကြာကူလီ နေမျိုးဇင်

ကြာကူလီ နေမျိုးဇင်ဟာ ကယားပြည်နယ်ဘက်မှာ အကြမ်းဖက် KNPP+KNDF အဖွဲ့တွေနဲ့အတူတူနေတယ်…
သူတို့အပြောအရဆိုရင် လွတ်မြောက်နယ်မြေပေါ့ဗျာ…

၃-၃-၂၀၂၅ ရက်နေ့က ကြာကူလီနေမျိုးဇင်တင်ထားတဲ့ VD ဖိုင်မှာ ဘိန်းခင်းကို နောက်ခံထားပြီးတင်ထားတာကိုတွေ့ရတယ်…

ဒါဟာ လွတ်မြောက်နယ်မြေပြောပြီး အကြမ်းဖက် KNPP+KNDF အဖွဲ့တွေက ဘိန်းစိုက်ပြီး ငွေရှာနေတဲ့သက်သေတွေပါ… အလေ့ကျပေါက်နေတဲအပင်တွေ မဟုတ်ပါဘူး… စနစ်တကျနဲ့ ရေပိုက်တွေနဲ့ကို စိုက်အပျိုးထားတာပါ…

နိုင်ငံတကာက တင်းကြပ်စွာတားမြစ်ထားတဲ့ ဘိန်းကိုစိုက်ပျိုးပြီး ငွေရှာတာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တယ်…

နေမျိုးဇင်က ဘာသဘောနဲ့ဘိန်းခင်းကြီးကို နောက်ခံထားပြီးတင်တယ်ဆိုတာ မသိပေမယ့် ကျနော်အမြင်အရဆိုရင် KNPPနဲ့ KNDF အဖွဲ့တွေ ဘိန်းစိုက်တာကို ဖော်ပြချင်တယ်လို့ယူဆတယ်…

ယခင်ကလည်း ဒီလိုမျိုးသတင်းပေးမှုမျိုးတွေကို လုပ်ခဲ့တဲ့အတွက် တပ်မတော်က ထိထိရောက်ရောက်ချေမှုန်းနိုင်ခဲ့တာရှိပါတယ်…//

နစကအနေနဲ့လည်း အကြမ်းဖက်သမားတွေက ဒီလိုဘိန်းစိုက်ပျိုးပြီး ရတဲ့ငွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတာကို နိုင်ငံတကာသိအောင် သက်သေအချက်အလက်တွေနဲ့ချပြဖို့လိုပါတယ်..

မှိုင်းဝေ
Reposted from:
Nay Zin Latt avatar
Nay Zin Latt
23.04.202508:40
.

☯️


( ဆေးပေးတချက်အမှား )


ဆေးပေးတချက်အမှားမှာ အနိုင်ကပ် Winning card က ကိုယ်လက်ထဲကပြုတ်ကျသွားတယ်၊
တဖက်မှာ လိုရာသုံး Joker card ဖြစ်သွားလေရဲ့၊

PDF ကိစ္စဆေးပေးမှားတာက စလိုက်တာပဲ
PDF တွေအင်အားကြီးလာတော့ တရုတ်စိုးရိမ်လာပြီ၊ နောက်ခံက အမေရိကန်ကိုး၊ အဲ့ဒီမှာ " 1027" ဇာတ်လမ်းစတော့တာပဲ၊

(၃) မျိုးဖြစ်နိုင်တယ်လို့တွေးကြည့်မိတယ်

✅ ပထမ တမျိုးက MNDAA ကိုသုံးပြီး Leverage ယူတာ၊

✅ ဒုတိယတမျိုးက MNDAA ကရတဲ့အခွင့်အလမ်းပေါ်မူတည်ပြီး Cross လုပ်သွားတာ

✅ တတိယတမျိုးက MNDAA သိမ်းထားတဲ့ လားရှိုးရဲ့ အခွင့်အလမ်းကို တရုတ်ဖက်ကမြင်သွားပြီး အင်အားပြန်သုံးလိုက်တာ၊
( အရှည်ရှင်းချက်တော့ မရေးတော့ဘူး )

ဒီကိစ္စ မရေးတော့ဘူးဆိုပြီး ရင်ထဲမျိုသိပ်ထားတာကြာပြီ၊ ရခိုင်ဖက်မှာ ထပ်ကြုံနိုင်ရသေးတာကြောင့် " ပညာရှိ သတိဖြစ်ခဲ " မဖြစ်ရလေအောင်ရေးလိုက်တာ ၊

PDF တွေကို အမေရိကန်က အဝေးကထောက်တယ်၊ အိမ်နီးချင်းဆိုတော့ တရုတ်ကတပန်းသာတယ်၊ အနီးကပ်ကစားခွင့် ရှိနေတယ်၊ လက်ကိုင် အဖွဲ့တွေကလဲရှိနေတာကိုး၊

မြန်မာမှာ ရေရှည်ပြည်တွင်းစစ်ဖြစ်ရင် တရုတ်အတွက် အဆိုးတွေချည်းဖြစ်မယ်ဆိုတဲ့အချက်က မြန်မာကို အသက်ရှုပေါက်တခုဖြစ်စေခဲ့တာပဲ၊

လားရှိုးကစားကွက်က လက်ရှိမြင်ကွင်းမဖြစ်ခင် ဖြစ်လာလိမ့်မယ်လို့ နိုင်ငံရေးနားလည်သူတွေတောင် ကြိုတင်မြင်နိုင်ရင် ပင်တဂွန်နဲ့ CIA ကမမြင်စရာမရှိဘူး၊ Close support မှာ CIA က အလိုလိုတပန်းရှုံးထားတာ၊

ဒီတော့ နောက်တကွက် ထပ်ကစားဖို့ဖြစ်လာတယ်၊ အဲ့ဒီနေရာကတော့ ရခိုင် ဂမ်းဘစ်ပဲ၊ ရခိုင် ဂမ်းဘစ်အကြောင်း ရေးခဲ့တာ ဆယ်စုနှစ်တခုကျော်ပြီ ( ဆောင်းပါး ၄-၅ ပုဒ်မကဘူး )

အခု... ဒုတ်ဒုတ်ထိရောက်လာပြီ
Close support ပေးနိုင်ဖို့ ဘင်္ဂလားဒေ့ချ်က Focal ဖြစ်လာတယ်၊

ရခိုင်ဒေသနဲ့ ကျောက်ဖြူထိမ်းဖို့က AA နဲ့ ပိုက်လိုင်းတလျောက် Disruption ပေးဖို့က CNF နဲ့ PDF တွေဖြစ်လာမယ်၊ ( ကြားမှာ ရှမ်းမြောက်လိုပဲ အကျိုးစီးပွား ဖေါက်ထွက်တာတွေလဲရှိလာနိုင်ပါတယ် )

ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲတွေလို့ပေါ့၊ Crown အတွက် ပွဲငယ် (၁၂) ပွဲကိုဖြတ်သန်းကြရတဲ့သဘောပါပဲ၊ ရခိုင်ဂိမ်းက ဂိမ်းကြီး Big game@Showdown အဆင့်၊

မျက်နှာချင်းဆိုင်ထိုင်ပြီး ရွှေ့ကွက်တွေမရွှေ့ခင်မှာ ပြင်ဆင်ရတာတွေရှိတာတော့ သိကြမှာပါ၊ ဒီတခါ တဖက်လူက " အဖြူ" ကိုင်ကစားမှာဆိုတော့ တိုက်စစ်အလှည့်၊ ကိုယ်က အနက်နဲ့ကစားရမှာဆိုတော့ ခံစစ်၊

Planetary position ကလဲ May, June လောက်မှာ အချက်ပြထားတယ်၊

ကဲ...
ကြိုးစားကြဦးရဲ့ ။


BaMg ( 23.4.25 ) ☯️

.
ULA/AA အကြမ်းဖက် တပ်ဖွဲ့ဝင်များ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုအပေါ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအသိုင်းအဝိုင်းက အပြင်းအထန် ရှုတ်ချ
=================================

ဧပြီ ၂၂ ၊ Western 24 News
Reposted from:
Min Htet Kyaw Zaw avatar
Min Htet Kyaw Zaw
04.05.202505:27
ဘင်္ဂလား ဘာလဲ .. ဘယ်လဲ

ရခိုင်ဒေသမှာ AA က ဒေသတွေသိမ်းထားပြီး နစက ကွပ်ကဲမှုအောက် မြို့ ဆိုလို သိပ်မရှိတာမို့ AA ကို မဆက်ဆံလို့မရတော့ဘူးဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြား ရေး က အကြံပေးဆိုသူက ထ အသံလွှင့်တယ်။ ဒီ့မတိုင်ခင်မှာ သူတို့ဆီက နိုင်ငံရေး ပါတီတစ်ခုက တရုတ် က အဖွဲ့တစ်ဖွဲ့နဲ့တွေ့တုန်း ရခိုင် ကို သီးခြားနိုင်ငံထောင်ဖို့ သင့်တယ်ဆိုတဲ့ အဆိုတင်သွင်းတယ်တဲ့။ အမေရိကန် က ဗိုလ်ချုပ်ကြီး တစ်ယောက် ဘင်္ဂလားကိုရောက်ပြီး သိပ်မကြာခင်မှာ AA ကို ထောက်ပံ့မယ်ဆိုတဲ့ အသံတွေလဲ ထွက်လာတယ်။ မနေ့က ဆရာ ဒေါက်တာနေဇင်လတ် ဆိုရင် သူ့ Telegram Channel မှာ “BAN Division – 10 က Logistic ကို အဓိက တာဝန် ယူ ထောက်ပံ့ပေးမယ်ဆိုပြီး ရေးလာတယ်။ ဆယ်ခါလီ ဒေသကို အခြေပြုပြီး ရခိုင်ဖက် ကို ထောက်ပံ့ဖို့နေရာရွေးပြီး အမေရိကန် စစ်ရေးအကြံပေး ၁၅ ဦး BAN မှာ အခြေ ချနေထိုင်နေဆဲလို့ပါသိရတော့ စိုးရိမ်ဖို့ကောင်းတယ်။
ဆိုတော့ ... ဘင်္ဂလားက ရခိုင် ကို ခွဲထွက်စေချင်တယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပဲ။
AA အနေနဲ့ နစက နဲ့ စစ်ရေး ရင်ဆိုင်လာတဲ့အချိန်ကြာမြင့်လာပြီ။ စစ်ဘောင် လဲ အတော်ကျယ်လာပြီ။ စစ်တိုက်တယ်ဆိုတာ လူ၊ လက်နက်၊ ရိက္ခာ စတာတွေ ကို ရင်းပြီးတိုက်ရတာမို့ အဆိုပါ Resources တွေ စဉ်ဆက်မပြတ် ရရှိရေးဆိုတာ လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့အတွက် အာရုံစားစရာတစ်ချက်ဖြစ် တယ်။ အစိုးရစစ်တပ်အနေနဲ့ အမြဲတမ်း ပုံမှန်ဝင်ငွေရှိတာမို့ စိတ်မပူရပေမဲ့ ပုံမှန် ဝင်ငွေမရှိတဲ့ သောင်းကျန်းသူအတွက်ကတော့ ဘယ်လိုရှာကြမလဲဆိုတဲ့ အချက်ဟာ အကြီးမားဆုံးသော မေးခွန်းပဲ။ ဆိုတော့ ... AA အနေနဲ့ ဘာဆက်လုပ် သလဲဆိုရင် ဘင်္ဂလားနဲ့ ပြေးပေါင်းပုံရတယ်။
သူ့ရဲ့ မဟာမိတ် မြောက်သုံးဖွဲ့မှာပါတဲ့ MNDAA နဲ့ TNLA တွေ အားကိုးနေတဲ့ နိုင်ငံကြီးဟာလဲ သူ့အတွက် အားကိုးဖို့ အဆင်မပြေဘူးရယ်။ သူ့ မဟာမိတ် တွေ တောင် ဖိအားပေးခံနေရတာဆိုတော့ သွားအားကိုးရင် သူပါ နားကားသွားမယ်။ ဒါကြောင့် ဘင်္ဂလားကိုရွေးလိုက်ပုံရတယ်။
AA ရဲ့ Selected လုပ်မှုဟာ နိုင်ငံရေးမဟာဗျူဟာအရ မှန်တယ်။ မှန်တယ် ဆိုတာ သူ့အတွက်မှန်တာပါ။ ရခိုင်ပြည်နယ်မှာရှိတဲ့ ၃ ခုသော မြို့တွေက နစက တပ်တွေကို တိုက်ဖို့ဆိုရင် တစ်ဖက်က အင်အားကြီးနိုင်ငံရဲ့ စီးပွားရေးတွေကို ထိပါး မှရမယ်။ World Trade War ဆင်နွှဲနေတဲ့ အဆိုပါ နိုင်ငံကြီးအတွက် AA လို ငစနူ အဖွဲ့သွားထိတာကို ဘယ်နည်းနဲ့မှ လက်သင့်ခံမှာမဟုတ်ဘူးဆိုတာ ကလေးက အစ ခွေးအဆုံးသိတဲ့အတွက် ထွန်းမြတ်နိုင် လဲ ဒီအခြေအနေကို ကြိုတင်မှန်းဆ ထားပြီးသားနေမယ်။ ဆိုတော့ ... ဒီနိုင်ငံကြီးကို အံတုဖို့အတွက် ပထဝီနိုင်ငံရေး အရ မဟာမိတ်ရှာတဲ့အခါ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားတွေ့တယ်။ အိန္ဒိယ ကို ရွေးခြယ်ခြင်းထပ် သမိုင်းအစဉ်အလာအရ မြန်မာကို အမြဲ ရန်လိုနေတဲ့ ဘင်္ဂလားကို ရွေးလိုက်တယ်။ နောက်တစ်ချက်အနေနဲ့ အမေရိကန် ဟာ ဘင်္ဂလားကနေ တစ်ဖက်က နိုင်ငံကြီးကိုဖိအားပေးဖို့ ဗျူဟာသုံးမှာဆိုတဲ့အတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။ AA လို ငကြောင်အဖွဲ့အနေနဲ့ အရှေ့မြောက်က နိုင်ငံကြီးကိုမယှဉ် နိုင်ပေမဲ့ ဘင်္ဂလားနဲ့ အမေရိကန် နောက်ခံရှိရင်တော့ လာထားပဲလေ။
ရခိုင့်တပ်တော် (AA) သောင်းကျန်းသူ အဖွဲ့ရွေးခြယ်ခြင်းဟာ သူတို့ရဲ့ အကျိုး စီးပွားအတွက် မှန်ပေမဲ့ ရခိုင်လူမျိုးနှင့် နိုင်ငံတော်အတွက်တော့ အင်မတန်မှ အန္တရာယ်ကြီးလှသည်။ ဘင်္ဂလားအနေဖြင့် ရခိုင်ဒေသ မှာ သာ တပ်မတော်ရဲ့ စိုးမိုးမှုပျောက်ကွယ်သွားပါက အလွယ်တကူ နိုင်ငံတွင်းကို ဆွဲသွင်းနိုင်မည်ဖြစ် သည်။ ဘင်္ဂလားဒေရှ့် အနေဖြင့် မြန်မာ့တပ်မတော်နှင့် ရခိုင်သောင်းကျန်းသူ အချင်းချင်းဖြစ်သည့်တိုက်ပွဲအပြီးသတ်သွားပါက ခြေကုန်လက်ပန်းကျသွားသည့် ရခိုင်သောင်းကျန်းသူတွေလက်ထဲမှ ရခိုင်ဒေသကို အလွယ်တကူ သိမ်းယူမည်ဆို သည့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်နေမှုဖြစ်သဖြင့် AA ၏ ငါတို့ အာဏာရလျှင် ပြီးရောဆိုသည့် အကြံဆိုးကား အင်မတန်မှ စိတ်ပျက်စရာပါပင်။
ဆိုတော့ ... ပွဲကတော့ ကြည့်ကောင်းချိန်မှာ ရေချိန်ကလဲ မြင့်လာပြန်ပြီ။ အိန္ဒိယနှင့် ပါကစ္စတန်ကလဲ စစ်ရေးတင်းမာပြီဆိုတော့ ဘင်္ဂလား ဘက်က ရခိုင်ဒေသ ကိုပြောင်ပြောင်တင်းတင်းကျူးကျော်ဝင်ရောက်ပါက ဒီအချိန်မှာ အိမ်နီးချင်းနိုင်ငံအနေဖြင့်လဲ ကန့်ကွက်တာတို့ဘာတို့ကလွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်။
နစက ဘာဆက်လုပ်မလဲ .. လုပ်စရာရှိတာကိုတော့ လုပ်နေမည်ထင်ပါသည်။ တပ်မတော် သည် နိုင်ငံတော်ပြိုကွဲမည့် အရေးကို ခေတ်အဆက်ဆက်တွင် ခါးစီး ခံရင်း ထိန်းသိမ်းခဲ့ရသည့်အနက် ယခုတွင်လဲ နိုင်ငံရေးသမားတစ်စု၏ “မင်းသား ကြီး မလုပ်ရလို့ပတ်မကြီးထိုးခွဲ” သောက်ကျင့်နှင့်အညီ ၂၀၂၁ ဖေ ၁ မှစသည့် အရေးအခင်းကြီးကိုလဲ ဖြတ်သန်းနေရပြန်သည်။ တပ်မတော်အနေဖြင့် သူ့ရှိသည့် အင်အားနှင့်တော့ ရအောင်ထိန်းဦးမည်ဖြစ်သည်။
ထွန်းမြတ်နိုင် ခေါင်းဆောင်ရေ AA အကြမ်းဖက် ကောင်တိမဟိခါက တဝ စိီကားခရေ ငရို့တောင်ကုတ်တက္ကသိုလ်ကြီး ပြန်လည်အောက်မိန့်မိပါရေ။
26.04.202514:33
ကျောက်ဖြူမြို့နယ်အား နှောင့်ယှက်တိုက်ခိုက်နေသည့် AA သူပုန်များ၏ ရိက္ခာဝေစခန်းအား ချေမှုန်းတိုက်ခိုက်ခြင်း။ (ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ရွာအနီး) 💪💪💪
-
တိုက်ပွဲသတင်းစုံ
24.04.202511:21
မိမိတပ်စခန်းအား လာရောက်နှောင့်ယှက်ပစ်ခတ်နေသည့် အကြမ်းဖက် AA သူပုန်များ ခိုအောင်းရာနေရာအား Drone ဖြင့် ချေမှုန်းတိုက်ခိုက်ခြင်း။ (24-4-2025)
-
တိုက်ပွဲသတင်းစုံ
22.04.202515:06
စစ်တွေမြို့ကို လက်နက်ကြီးနဲ့ပစ်ပြီး တိုက်ခိုက်ရန်စုဖွဲ့နေတဲ့ စစ်တွေမြို့နယ်၊ မီးလောင်ရွာရှိ အကြမ်းဖက် AA သူပုန်စခန်းအား ချေမှုန်းခြင်း။
-
သူ ၁ ချက်ပစ်ရင် ကိုယ် ၁၀ ချက် ပြန်ပစ်ပိုင်ခွင့် ရှိပါတယ်။
-
တိုက်ပွဲသတင်းစုံ
21.04.202516:45
ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ နဂရာအုပ်စု ညောင်ပင်ဝိုင်းကျေးရွာ
ULA/AA အကြမ်းဖက် အဖွဲ့၏ နယ်မြေမှူး ကိုညီပု ဆိုသူသည် ၄င်းကျေးရွာသားများပိုင်ဆိုင်သည့် မြေယာများကို အာဏာပြ၍ မတရားသိမ်းပိုက်လိုက်သောကြောင့် ဒေသခံရခိုင်ပြည်သူများနှင့်အပြန်အလှန်စကားများခဲ့ကြောင်း ဒေသခံတစ်ဦးထံမှပေးပို့လာပါသည်။
ULA/AA အကြမ်းဖက် အဖွဲ့သည် ၄င်းတို့သိမ်းပိုက်ထားသောဒေသများမှ ရခိုင်ပြည်သူများအပေါ် အာဏာရှင်ဆန်စွာမိုက်ရိုင်းဆက်ဆံမှုများရှိလာသောကြောင့် ရခိုင်ပြည်သူများမှရွံရှာမုန်းတီးနေကြသည်။
Shown 1 - 24 of 248
Log in to unlock more functionality.