Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
I recommend reading these poems by heart avatar
I recommend reading these poems by heart
I recommend reading these poems by heart avatar
I recommend reading these poems by heart
ငယ်သူကိုသနား..
ရွယ်တူကို လေးစားတဲ့..
ကြီးသူကျမှ ချစ်မိသွားတာက..
ပြစ်မှားရာ ကျနေမလား..
ဆံပင်ရှည်တွေကို စိတ်နဲ့သပ်ရင်.
ငရဲ ကြီးတတ်ပါသလား မမ။

#မမဝါဒိအဓွန့်ရှည်တည်တံ့ပါစေ
ကိုယ်မရှိပဲ မင်းဖြစ်ပါ့မလား
လို့တွေးခဲ့ဖူးတယ်
တကယ်တမ်း
မင်းမရှိဘဲ ဖြစ်အောင်နေထိုင်နေရသူဟာ
ကိုယ်ဖြစ်ခဲ့တယ် ။

#ဂန္ဓမာ
19.04.202505:20
ဘ၀င်မြင့်တာပေါ့ကွာ ငါ့မှာ
ပန်းတွေထပ်လှတဲ့ "မမ"ကို
ချစ်နေရတာပဲ "မမ"သာ ပြန်ချစ်ရင်
ဘ၀ပါရူးသွားမလားပဲ။
ရှင်လျက်နဲ့ တစ္ဆေဖြစ်သလားဘဲ
ခုထိ သူ မှ သူဖြစ်တုန်း။

- ကွီတို
16.04.202501:34
ခေါ်လဲခေါ်ချင်ပါတယ်
ပြောလဲပြောချင်ပါတယ်

မင်းအသံကြားပြီး
အစကပြန်ကြေကွဲရမှာကိုပဲ စိုးတာ
ကိုနေနိုင်သွားတာ မဟုတ်ဘူး။...

#နွေသစ်ငြိမ်း
ပျော်လို့ ရပ်လိုက်လည်း
ကမ္ဘာက လည်နေမှာပဲ

မပျော်လို့ ရပ်လိုက်လည်း
ကမ္ဘာက လည်နေမှာပဲ

တို့တွေက အမှုန်အမွှားပါပဲ

အဲ့တော့....
ဒဏ်ရာတွေကို ပုံကြီးမချဲ့မိစေနဲ့ ။

#မြကျေး
အနာဂတ်ကို ဆက်လျှောက်နေသည့်တိုင်
အတိတ်ကို သတိရလျက်ရှိပါတယ်
မမေ့ခဲ့ပါဘူး... ။

#ဂန္ဓမာ
19.04.202513:33
သူပြန်လာမှ
နှုတ်ခမ်းမွှေးရိတ်မယ်ဆိုတဲ့လူလည်း
အခုတော့
စတစ်ကော်လံအဖြူနဲ့
ဘဝကိုအသစ်ပြန်စလို့ ။

တခါတလေ
တစ်ယောက်ထဲဖြစ်နေတာကလွဲရင်
အရာရာ နေသားကျသွားပုံပါပဲ ။

#ဂန္ဓမာ
#မော်ဒန်လောကရဲ့စတစ်ကော်လံဖြူများ
18.04.202523:01
ကိုယ့်နံရိုးလေးကိုယ်တော့တွေ့ခဲ့ပါရဲ့
တစ်ပါးသူရင်ခွင်ထဲမှာမို့
နှုတ်ဆက်မဖြစ်ဘူး
ဖန်ဆင်းရှင်ဟာ
နမော်နမဲ့ နိုင်လွန်းတယ်။

-စောနန္ဒာခိုင်-
16.04.202505:50
လူတွေ အပေါ် ပေးလိုက်တာကစေတနာ
ပြန်ရလိုက်တာက သင်ခန်းစာ။
ဘဝဆိုတာ ဓားချက်တွေမွှန်းထားတဲ့
အရှင်လတ်လတ် ငါးပဲ ။ ။

#မောင်ချောနွယ်
အပြုံးမပျက်ချင်ရင်
အတွေးရပ်၊
အထီးကျန်သည်ဖြစ်စေ
စိတ်အားငယ်သည်ဖြစ်စေ
တစ်ယောက်ထဲသာ ဖြစ်အောင်နေပါ

ခင်ဗျား လိုချင်တဲ့ တစ်စုံတစ်ယောက်က
ဒီခေတ်မှာ ရှားသွားပြီ ကိုလှဖေ

အားလုံးနီးပါး
အသပြာအောက်က စေ၊ာက်ရူးတွေကြီးပါပဲ ။
21.04.202519:10
ပို့သသောမေတ္တာ၌ မင်းပျော်ပါစေ
ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ
မေ့လျော့ခြင်းမှာ ငါနာကျင်ပါစေ။

-ကြည်ဇော်အေး
19.04.202512:01
-ကျွန်တော်လည်း တခါတလေကြ-
အဆင်မပြေတဲ့အကြောင်းတွေပြောပြပြီး

-တစ်စုံတစ်ယောက်အပေါ်
အားရပါးရ မှီခိုချင်မိပါရဲ့ ။ ။
18.04.202515:02
မင်း မိန်းမတစ်ယောက်ကို
အဆုံးစွန်ထိ ချစ်ဘူးလား ။

မေတ္တာတရားကို မလှောင်ရယ်ပါနဲ့ကွာ
မေတ္တာစူးရင် ရူးတက်တယ် ။ ။

-ဆန်းကျော်စွာ၀င်း
ကိုယ့်ကို ထားခဲ့နိုင်သူရဲ့ရင်ထဲမှာလည်း

အဲ့ဒီလိုထားခဲ့ချင်တဲ့
အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ

ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။

#နွေသစ်ငြိမ်း
idea crd
အမေ့ကို အခုကြုံတွေ့နေရတဲ့ ပြဿနာမျိုးစုံအကြောင်း ရင်ဖွင့်ချင်တယ်။
ရွယ်တူတွေရဲ့ ပြိုင်ဆိုင်မှုတွေကြားက ဖိအားတွေ၊ အသည်းကွဲတာတွေ၊ ကိုယ့်ရည်မှန်းချက်နဲ့လုပ်နေတဲ့အရာတွေ လုံးဝမကိုက်ညီလို့ လမ်းပျောက်နေရတာတွေ၊
အမေမျှော်မှန်းသလောက် ဖြစ်မလာမှာကို တွေးပြီး အကြောက်ကြီးကြောက်နေတာတွေ။
ဘာလို့ ဒီတစ်ခါ ဘယ်သူငယ်ချင်းမှ မတဘဲ အမေ့ကိုဘဲ အားကိုးတကြီး တမိနေမိလဲ မသိဘူး။
အမေ နားထောင်ပေးပြီး နားလည်ပေးရင် သိပ်ကောင်းမှာပဲ။

💭 || 15.4.2025
မင်းပြန်လာချင်တဲ့အကြောင်း
ကြားသိရတဲ့အခါ
ကိုယ့်မှာ ပိုပြီးစို့နစ်ကြေကွဲရတယ်

ကံကြမ္မာဟာ ဒီလိုပါပဲ
မဖြစ်နိုင်တာတွေချည်း
ဆက်တိုက်ဖြစ်ခဲ့တယ် ။

#ဂန္ဓမာ
#စိုက်ရောက်ခဲ့သောရထားများ
ချစ်ခြင်းမေတ္တာဆိုတာ
မသောက်ပဲအေးတဲ့ ရေ
မလှုံပဲနွေးတဲ့ နေတဲ့
မင်းရှိရင်လေ အချစ်ရဲ့
သံသရာတွေဘယ်မျှ ရှည်ရှည်ပေါ့။

#ရိပ်ငြိမ်
ငါ့ကိုယုံ ဘေဘီ
စံပယ်တွေ ပွင့်လာဦးမှာ

ဒီနေ့
သို့မဟုတ်
မနက်ဖြန်မှာပေါ့

ငါက ကြွေဖူးတယ်
ငှက်ဆိတ်
ခူးဖျက်
နှင်းခါး
အားလုံး ကြုံဖူးတယ်
ငါ့ကို မပူနဲ့

မင်းက သစ်ရွက်နုလေး
မင်း မြင်ရမှာတွေ အများကြီး ရှိနေသေး
အလွယ်တကူ ပြုတ်မကျစေနဲ့ ဘေဘီရေ …။

#မြကျေး
နိုဝင်ဘာ ၁၊ ၂၀၁၉
16.04.202508:53
စစ်ပွဲထက် အချစ်ရဲ့
အရှုံးက ပိုခံပြင်းကြောင်း
ဟစ်တလာကို ကျုပ်ရင်ဖွင့်ချင်သေးတယ်ဗျာ။

-ကွီတို
နှစ်တွေအကြာကြီး လူတစ်ယောက်နဲ့အတူ
အသက်ရှင်ခဲ့ပြီးမှ ပြန်ကွဲကွာခဲ့ရတယ်ဆိုတာ
အဲ့ဒီနှစ်တွေကို ဖြုန်းတီးလိုက်တဲ့သဘော မဟုတ်ဘူးလား ။

ဟင့်အင်း
အဲ့ဒီတစ်ယောက်သာ မရှိခဲ့ရင်
အဲ့ဒီနှစ်တွေမှာ အသက်ရှင်ချင်မှ ရှင်နေနိုင်မှာပေါ့။

#ဆပ်ရိပ်
တစ်ယောက်ယောက်က
ကျနော်တို့ကို စွန့်ပစ်ခဲ့တယ်ဆိုတာ
ကျိန်းသေအလိုမရှိတော့လို့ပဲ ။
ဒါကို သံသယကင်းကင်းလက်ခံရမယ် ။
ဘာကြောင့်နေမှာပါဆိုတဲ့
နားလည်မှုမျိုးတွေနဲ့ရှာကြံတွေးပြီး
ကိုယ့်ကိုကိုယ် အနာတွေထပ်ပေးမနေနဲ့ ။
ရင်ဆိုင်ရတာထက်
ထွက်ပြေးနေရတာပိုမောတယ် ။

#ရိပ်ငြိမ်
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့ ...

#မောင်ချောနွယ်
Shown 1 - 24 of 252
Log in to unlock more functionality.