Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
I recommend reading these poems by heart avatar

I recommend reading these poems by heart

ဤကဗျာများသည် စိတ်ကျန်းမာရေးကို
အထူးထိခိုက်စေနိုင်သည်
"နှလုံးသားနှင့် ဖတ်ရန်အကြံပြုထားသည်"
TGlist rating
0
0
TypePublic
Verification
Not verified
Trust
Not trusted
Location
LanguageOther
Channel creation dateJan 06, 2025
Added to TGlist
Jan 12, 2025

Records

22.04.202523:59
761Subscribers
10.01.202523:59
0Citation index
29.03.202523:59
1.1KAverage views per post
25.12.202417:29
140Average views per ad post
25.01.202517:29
28.57%ER
29.03.202523:59
171.30%ERR

Popular posts I recommend reading these poems by heart

ချစ်ခြင်းမေတ္တာဆိုတာ
မသောက်ပဲအေးတဲ့ ရေ
မလှုံပဲနွေးတဲ့ နေတဲ့
မင်းရှိရင်လေ အချစ်ရဲ့
သံသရာတွေဘယ်မျှ ရှည်ရှည်ပေါ့။

#ရိပ်ငြိမ်
ပျော်လို့ ရပ်လိုက်လည်း
ကမ္ဘာက လည်နေမှာပဲ

မပျော်လို့ ရပ်လိုက်လည်း
ကမ္ဘာက လည်နေမှာပဲ

တို့တွေက အမှုန်အမွှားပါပဲ

အဲ့တော့....
ဒဏ်ရာတွေကို ပုံကြီးမချဲ့မိစေနဲ့ ။

#မြကျေး
19.04.202513:33
သူပြန်လာမှ
နှုတ်ခမ်းမွှေးရိတ်မယ်ဆိုတဲ့လူလည်း
အခုတော့
စတစ်ကော်လံအဖြူနဲ့
ဘဝကိုအသစ်ပြန်စလို့ ။

တခါတလေ
တစ်ယောက်ထဲဖြစ်နေတာကလွဲရင်
အရာရာ နေသားကျသွားပုံပါပဲ ။

#ဂန္ဓမာ
#မော်ဒန်လောကရဲ့စတစ်ကော်လံဖြူများ
မင်းပြန်လာချင်တဲ့အကြောင်း
ကြားသိရတဲ့အခါ
ကိုယ့်မှာ ပိုပြီးစို့နစ်ကြေကွဲရတယ်

ကံကြမ္မာဟာ ဒီလိုပါပဲ
မဖြစ်နိုင်တာတွေချည်း
ဆက်တိုက်ဖြစ်ခဲ့တယ် ။

#ဂန္ဓမာ
#စိုက်ရောက်ခဲ့သောရထားများ
စောက်ရေးမပါတဲ့ ဒီနှစ်တွေမှာ ငါဟာ
ဘာမှဖြစ်ဖြစ်မြောက်မြောက် မဖြစ်ခဲ့တာကို
ဂုဏ်ယူနေမိတယ် ။

#အောင်ခင်မြင့်
ကမ္ဘာသာ
ဖြည်းဖြည်းလေး လည်ခဲ့ရင်
မင်းအနားမှာ အချိန်ကြာကြာရှိခဲ့ဦးမှာ ။

#ဂန္ဓမာ
15.04.202502:24
တချို့အရာတွေက ပြန်မရတော့ဘူး
တကယ်ကို ပြန်မရတော့ဘူး
ဒီကမ္ဘာမှာ ပြန်ရှာလို့မရတော့တဲ့
အဖြစ်မျိုးတွေ ။
အစားထိုး ရှင်သန်လို့မရအောင်
ပျောက်ဆုံးသွားတဲ့ အရာတွေ ။

#ဂန္ဓမာ
#ကြယ်တွေမှာနောက်ဘဝရှိလား
မင်းပြတဲ့ တရားတွေက
အမှားတွေကြီးပဲ လောကပါလ
ငါတို့တရားနဲ့ ငါတို့ပျော်ဖို့
ဖျော်ဖြေစရာ ရှာရင်တောင်
နေရာတကာ ဒဏ်ရာတွေချည်း ။

-ခန့်သွယ်
၂၀၂၅
တစ်ယောက်ယောက်က
ကျနော်တို့ကို စွန့်ပစ်ခဲ့တယ်ဆိုတာ
ကျိန်းသေအလိုမရှိတော့လို့ပဲ ။
ဒါကို သံသယကင်းကင်းလက်ခံရမယ် ။
ဘာကြောင့်နေမှာပါဆိုတဲ့
နားလည်မှုမျိုးတွေနဲ့ရှာကြံတွေးပြီး
ကိုယ့်ကိုကိုယ် အနာတွေထပ်ပေးမနေနဲ့ ။
ရင်ဆိုင်ရတာထက်
ထွက်ပြေးနေရတာပိုမောတယ် ။

#ရိပ်ငြိမ်
အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ လက်တစ်ပစ်စာရယ်ပါ
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့ ...

#မောင်ချောနွယ်
14.04.202515:38
ပျက်နေတဲ့ နာရီတောင်
တစ်နေ့ကို နှစ်ချိန်မှန်တယ်တဲ့

ရှိမှာပါ
သတိရတာချင်း တိုက်ဆိုင်တာမျိုး

- ကျော်ထက်ထွေး
21.04.202519:10
ပို့သသောမေတ္တာ၌ မင်းပျော်ပါစေ
ပြုခဲ့သောကုသိုလ်၌ မင်းရပါစေ
မေ့လျော့ခြင်းမှာ ငါနာကျင်ပါစေ။

-ကြည်ဇော်အေး
တိုက်ဆိုင်ရလွန်းလို့
အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့တဲ့
အရာတွေ ရှိခဲ့တယ် ။

#ဂန္ဓမာ
တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ
စက္ကူပန်းတွေကို ထိုင်ငေးရသလိုပါပဲ ။

#ဂန္ဓမာ
18.04.202515:02
မင်း မိန်းမတစ်ယောက်ကို
အဆုံးစွန်ထိ ချစ်ဘူးလား ။

မေတ္တာတရားကို မလှောင်ရယ်ပါနဲ့ကွာ
မေတ္တာစူးရင် ရူးတက်တယ် ။ ။

-ဆန်းကျော်စွာ၀င်း
Log in to unlock more functionality.