18.04.202516:36
ထို့နောက် ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး၏ အန္တရာယ်ဇုန်အတွင်းကျရောက်နေသော မြို့မဈေးကြီးသည် လတ်တလောဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ယာယီဈေးအဖြစ် ပြောင်းရွေ့ဖွင့်လှစ်နိုင်မည့် စည်ပင်သာယာရေးပိုင်နယ်နိမိတ်ဖြစ်သော ဖောင်းရွာရပ်ကွက်ရှိ ၂၀ ဒသမ ၅၆ မြေဧကအကျယ်ရှိ ဖောင်းရွာကွင်းအား လည်းကောင်း၊ ရွှေသာလျောင်းတောင်ပေါ်ရှိ ကျောက်သေတ္တာကြီး တည်ရှိနေမှုအခြေအနေ CCTV မှတ်တမ်းအား အသေးစိတ် ကြည့်ရှုပြီး သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းရွှေမုဋ္ဌော ဘုရားအား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများက အသေးစိတ် စစ်ဆေးနေမှုများအား လည်းကောင်း သွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ အေးမြကြည်လင်ဈေး ရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဈေးမုခ်ဦးနှင့်အဆောက်အဦများအား ရှင်းလင်း ဆောင်ရွက်ပြီးစီးမှုနှင့် ဈေးပုံမှန်ပြန်လည်ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင် နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ ၊ ချမ်းအေးသာစံမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တ ဓမ္မာဓိပတျာလင်္ကာရ အား ဖူးမြော်ကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်နေရာများအား ကြည့်ရှု၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ အား မှာကြားသည်။
ဆက်လက်၍ တောင်သမန်ကျောင်းတိုက်အတွင်း ငလျင်ဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့်နေရာများအား ကြည့်ရှုပြီး အပျက်အစီးများ ဖယ်ရှားရှင်းလင်းရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများ အား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/iprdrnd/155238
MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-
For Andriod
shorturl.at/myABQ
For IOS
https://rb.gy/vgdhqc
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd

Reposted from:
MRTV

18.04.202512:52
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မဟာမုနိဘုရားကြီးတွင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား ဘုရားဖူးလာပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ နန်းမြေဘုံသာစံ နန်းတော်ရာ စန္ဒာမုနိဘုရားနှင့် မဟာလောက မာရဇိန်စေတီ ကုသိုလ်တော် မြတ်စွာဘုရားနှင့် စေတီ၊ ပုထိုးများ သာသနိက အဆောက်အဦများ ထိခိုက်ပျက်စီးမှု အခြေအနေများ အားလိုက်လံကြည့်ရှု၊ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးတွင်ကျင်းပသည့် မြန်မာနှစ်ဦး တရားအလှူတော် ဓမ္မသဘင် အခမ်းအနားသို့ တက်ရောက်၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျ ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများရှိ စေတီ၊ ပုထိုး၊ သာသနိက အဆောက်အဦ အပျက်အစီးများအား ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုများ ကြည့်ရှု၊ ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်
Reposted from:
MRTV

18.04.202512:52
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၂၇၀)ကြိမ်မြောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အလယ်တန်းအဆင့် ဆရာဖြစ်သင်တန်း ဖွင့်ပွဲသို့တက်ရောက်
18.04.202511:58
ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်။ ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။
Reposted from:
MRTV

10.04.202516:38
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ငလျင်ဒဏ်သင့် ပညာရေးဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်၊ ယာယီနေထိုင်ရာတဲများ ကြည့်ရှုစစ်ဆေး
Reposted from:
MRTV

10.04.202516:37
ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်
Reposted from:
MRTV

18.04.202512:52
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး ဝန်ထမ်းမိသားစုများ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူပူဇော်ပွဲသို့ တက်ရေက်
Reposted from:
MRTV

18.04.202512:52
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅ ခုနှစ်၊ နှစ်သစ်မင်္ဂလာ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်
Reposted from:
MRTV

18.04.202512:52
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဉ္စမအကြိမ်မြောက် မြန်မာနှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲ အခမ်းအနားသို့ တက်ရောက်
Reposted from:
MRTV

10.04.202516:38
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း မန္တလေးမြို့အတွင်း မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် ဟိုတယ်များအား လှည့်လည်ကြည့်ရှုစစ်ဆေး၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး
Reposted from:
MRTV

10.04.202516:38
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ငလျင်ဒဏ်ခံရသည့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေနှင့် ရမည်းသင်းခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများနှင့် မန္တလေးလေဆိပ်ရှိ ဝန်ထမ်းအိပ်ဆောင်များ ပျက်စီးမှုများ လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအား တွေ့ဆုံ အားပေးစကား ပြောကြား၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်

09.04.202516:08
Reposted from:
MRTV

18.04.202512:52
ငလျင်ဒဏ်သင့် ပြည်သူများအား မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီအသင်းမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ
Reposted from:
MRTV

18.04.202512:52
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း အင်းစိန်မြို့နယ်၊ လောကချမ်းသာ အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး (ကျောက်တော်ကြီးဘုရား) (၂၄)ကြိမ်မြောက် မျက်နှာသစ်တော်ရေ ကပ်လှူပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါန ငါး၊ ငှက် ဘေးမဲ့လွှတ်ခြင်းနှင့် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်
Reposted from:
MRTV

18.04.202512:52
ဂျပန်နိုင်ငံအခြေစိုက် Ingo Peace မှ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေး ဆွေးနွေးပွဲနှင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို Lotte Hotel Yangon တွင် ကျင်းပ
Reposted from:
MRTV

10.04.202516:38
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို တွေ့ဆုံအားပေးစကား ပြောကြား
Reposted from:
MRTV

10.04.202516:38
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဘိလပ်မြေထုတ်လုပ်သူများအသင်း အစည်းအဝေးသို့ တက်ရောက်
Reposted from:
MRTV

09.04.202515:14
တရုတ်နိုင်ငံမှအရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့များပြန်လည်ထွက်ခွာ
နေပြည်တော်၊ ဧပြီ-၉
မြန်မာနိုင်ငံသို့ ရောက်ရှိနေကြသော တရုတ်နိုင်ငံမှ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့ လုပ်ငန်းတာဝန်များပြီးဆုံးသဖြင့် တရုတ်နိုင်ငံ မှ Y-20 အမျိုးအစားလေယာဉ်လေးစီးဖြင့် နေပြည်တော်ရှိ တပ်မတော်လေဆိပ်မှ တရုတ်နိုင်ငံသို့ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြသည်။
အဆိုပါအဖွဲ့များအား အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချရေးဝန်ကြီးဌာနနှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိသူ များက ရင်းရင်းနှီးနှီးပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါအဖွဲ့တွင် China International Search and Rescue Team (CISAR) (Beijing) ၊ Chinese Blue Sky Search and Rescue နှင့် Hong Kong China Search and Rescue Team တို့ပါဝင်ပြီး မြန်မာနိုင်ငံသို့ အစောဆုံးနှင့် ပထမဆုံးရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များဖြစ်သည်။ အဆိုပါ အဖွဲ့ များသည် နေပြည်တော်ကောင်စီနယ်မြေနှင့် မန္တလေးမြို့တို့၌ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံလုပ်အားပေးပြည်သူများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ တရုတ်နိုင်ငံရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်များအနေဖြင့် နေပြည်တော်နှင့် မန္တလေးမြို့များ၌ ကူညီကယ်ဆယ် ရေးလုပ်ငန်းများကို လူသားချင်းစာနာထောက်ထားမှုစိတ်ထားဖြင့် နေ့/ညမပြတ် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ရာ အသက်ရှင်သူ ၄ ဦး၊ သေဆုံးသူ ၆၄ ဦးတို့ ကို ရှာဖွေထုတ်ယူပေးနိုင်ခဲ့ပြီး သက်ဆိုင်ရာမိသားစုများထံ အပ်နှံပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Could not access
the media content
the media content
18.04.202512:52
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ မော်လမြိုင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်
Reposted from:
MRTV

18.04.202512:52
အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား (၂၇၈)ဦးကို ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့
Reposted from:
MRTV

18.04.202512:52
မန္တလေးမြို့တွင် ငလျင်လှုပ်ပြီးနောက်ပိုင်း ကူးစက်ရောဂါများ မဖြစ်ပွားစေရေး ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်
Reposted from:
MRTV

10.04.202516:38
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေးဝန်ထမ်း မိသားစုဝင်များနှင့် လူနာများအတွက် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က လှူဒါန်းငွေ လက်ခံ၊ နီပေါတပ်မတော် အရေးပေါ်ဆေးကုသရေးအဖွဲ့အား ဂုဏ်ပြုနှုတ်ဆက်၊ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆေးရုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Reposted from:
MRTV

10.04.202516:38
ချောက်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များမှကင်းဝေးစေရေး အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်
ချောက် ဧပြီ ၁၀
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ရဟန်းရှင်လူပြည်သူအများ သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစေရန်ရည်ရွယ်၍ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ဧပြီ ၈ ရက်နေ့ ညပိုင်းမှစ၍ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များ၊ရပ်ကွက်များရှိ ဘုရားစေတီများ၊ဓမ္မာရုံများနှင့်ဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်လျက်ရှိရာ ယနေ့ည ၇နာရီအချိန်တွင် ဆက်လက်ရွတ်ဖတ်ပူဇော်လျက်ရှိသည်။
ယနေ့တွင် ချောက်မြို့ပေါ်ရှိ မဟာလယ်တီစာသင်တိုက်၊စလေတိုက်သစ်စာသင်တိုက်၊စလင်းစာသင်တိုက် နှင့် စလေမြို့ ရှိ မဟာဂန္ထဝင်ကျောင်း တိုက် (၄)တိုက်တို့တွင် ဆရာတော်များက နိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူများ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး အန္တရာယ်ကင်းဝေးစေရန်အတွက် ရတနသုတ်ပရိတ်တော်များ ရွတ်ဖတ်ပူဇော်ကြသည်။
ထို့ပြင် ချောက်မြို့နယ်တွင်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊မြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာများရှိ ဘုရားစေတီများ၊ ဓမ္မာရုံများ၌ ဝတ်အသင်းများမှ ရတနသုတ်ပရိတ်တော်များကို ဧပြီလ (၈)ရက်နေ့ ည(၇)နာရီမှစတင်ကာ နေ့စဥ် ရွတ်ဖတ်ပူဇော်လျက်ရှိပြီး ဧပြီလ(၁၆) ရက်နေ့အထိ (၉)ရက်တိုင်တိုင် ညစဉ်ရွတ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)

Shown 1 - 24 of 285
Log in to unlock more functionality.