Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
U MinGin Chintwin avatar

U MinGin Chintwin

မင်္ဂလာပါ U MinGin ပါ
Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаNov 05, 2024
Дадана ў TGlist
Dec 18, 2024
Прыкрепленая група

Рэкорды

20.04.202523:59
136Падпісчыкаў
18.12.202423:59
0Індэкс цытавання
18.03.202510:37
1.1KАхоп 1 паста
23.03.202513:42
85Ахоп рэкламнага паста
20.03.202523:22
33.33%ER
18.03.202510:37
896.80%ERR

Папулярныя публікацыі U MinGin Chintwin

Пераслаў з:
Nay Zin Latt avatar
Nay Zin Latt
25.03.202509:10
.

☯️


( အံဩစရာကြီး ပါလား )


ထရမ့်ရဲ့ထိတ်တန်းစစ်ရေးအစီအစဉ်တခု အပြင်ကိုပေါက်ကြားသွားခဲ့တယ်၊ ယီမင်က ဟူသီတွေအပေါ် အမေရိကန်က တိုက်ခိုက်တဲ့ စစ်ရေးအစီအစဉ်ဖြစ်ပါတယ်၊

အရေးကြီးတဲ့ ထိတ်စီးတွေ Chat လုပ်ကြတဲ့အခါမှာ The Atlantic သတင်းစာက အယ်ဒီတာချုပ် Jeffery Goldberg ပါလာခဲ့တယ်၊ သူကတဆင့်ပေါက်ကြားသွားတာဖြစ်လို့ ကာကွယ်ရေးဝန်ကြီး Pete Hegseth ( ယခင် Fox news သတင်းကြေငြာသူ ) ဟာစောင့်ကြည့်ခံနေရပါပြီ၊

သူတို့ဆီမှာလဲ သတင်းသမားက ဘာမှမဆိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်ကြတာပဲနော်၊ ယူကရိမ်းမှာလဲ လူရွှင်တော်က သမတဖြစ်လိုဖြစ်နဲ့... ကမ္ဘာကြီး ယိမ်းထိုးနေတာ ဘာမှမဆန်းတော့ပါဘူး၊


BaMg ☯️

.
Пераслаў з:
Ko Myo Win avatar
Ko Myo Win
22.04.202506:14
ကျက်သရေမရှိတဲ့ သတင်း
========================

ပညာရေးဝန်ကြီးဌာနကနေ မီးလောင်သွားတဲ့ ကချင် ၊ စစ်ကိုင်း ၊ မန္တလေးတိုင်း က Grate 12 စာမေးပွဲကို ပြန်ဖြေရမယ်လို့ ထုတ်ပြန်လိုက်ပါပြီ ( မြို့နယ်အချို့မှ အပ) ။ ယခင် ကောလဟာလ ကြားနေရစဥ် စာမထွက်သေးပါဘူးလို့ ဆိုပြီး ဘာတခုမှ မရေးခဲ့ပါဘူး ။

ယခုတော့ ရေးရပါလိမ့်မယ် ။ ဒီဆုံးဖြတ်ဟာ ပညာရေးဝန်ကြီးရဲ့ စုတ်ပဲ့ညံ့ဖျင်း အောက်တန်းကျတဲ့ စိတ်ကို ဖော်ကျူးနေတာ မြင်ရလို့ပါပဲ ။ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဆိုတာ ဘယ်လောက်ပင်ပန်းကြီးစွာ အားထုတ်ဖြေဆိုရတယ်ဆိုတာ အားလုံးသိကြပါတယ် ။

ကျောင်းသားဆိုမပြောနဲ့ မိဘတွေပါ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ငွေဆင်းရဲ အားလုံးကြုံခဲ့ကြရတာ အထူးပြောဖွယ်မလိုပါဘူး ။ မိဘတွေရော ကျောင်းသားတွေကော အားလုံးချွေးပြန်အောင် ကြိုးစားပန်းစား တောင်ထိပ်ရောက်အောင် တက်ခဲ့ပြီးပြီ ။

အောက်ပြန်ရောက်ပြီး အမောဖြေနေမှ နောက်တခေါက်ပြန်တက်ကြရမယ် ဆိုတဲ့ ပညာရေးဝန်ကြီးရဲ့ ယုတ်မာမှုက ကမ်းကုန်သွားပေပြီ ။ ငလျင်ကြောင့် မီးလောင်မှုကြောင့် အဖြေလွှာဆုံးရှုံးသွားတာ ရှောင်လွှဲမရတဲ့ သဘာဝဘေးဒဏ်လေ ။ တာဝန်ရှိရင် လုံခြုံစိတ်ချရတဲ့ ( မီးဘေး ၊ ရေဘေး) နေရာမှာ ထိမ်းသိမ်းမထားတဲ့ ပညာရေးဝန်ကြီးဌာနမှာပဲ တာဝန်ရှိနေတာမျိုးလေ ။

အဖြေလွှာချည်း မီးလောင်ကုန်တယ် ထင်သလားဗျ ။ ကျောင်းသားတွေရဲ့ မှတ်စုတွေကရော မီးမလောင်တော့ဘူးလား ၊ တိုက်ပြိုတဲ့အထဲ ပါမလားတော့ဘူးလား ချီးဘရိန်းတွေ... ။ ကျုပ်လိုကျောင်းသားဆို စာမေးပွဲ ပြီးတာနဲ့ ပိဿာချိန် နဲ့ အကုန်ရောင်းပြီးပြီ ။

အခြားနည်းတွေ အများရှိနေပါလျှက် ပြည်သူတွေ ဆူပူလာနိုင်တဲ့ အညံ့ဆုံးနည်းကို တွေးခေါ်ဆုံးဖြတ်ကြတဲ့ အပေါ်မှာတော့ ညံ့မှန်းတော့သိတယ် အဲသလောက် ကျက်သရေ(ဋုန်း)အောင် ညံ့မှန်းမသိဘူး ။

ဖြေရှင်းနည်းတွေ ပြောထားကြတာ တွေ့ရပါတယ် ။

- မီးလောင်တဲ့ အဖြေလွှာရှင်တွေကို အကုန်အောင်တယ်လုပ်ပြီး တက္ကသိုလ်ဝင်ခွင့် ထပ်ဖြေခိုင်းတဲ့ ( ဘာထူးမှာလည်းဗျာ) ၊

- အခြားဒေသက ကြိုးစားထားသူတွေ နစ်နာမတဲ့ 😂( အခြားဒေသက ဆေး / အင်ဂျင်နီယာ မှန်းထားကြတဲ့ မိဘတွေ ဝင်ခွင့် ပြိုင်ဘက်များမှာစိုးလို့ ၊ တချို့က မနာလိုလို့ ပြောနေတာလို့ ယူဆမိပါရဲ့) ၊

- တနိုင်ငံလုံး အအောင်ပေးမှ မျှတ မတဲ့ ( အခြားဒေသတွေမှာ ဖြေဆိုထားတဲ့ ကျဖို့များနေသော သူများရဲ့ ဆန္ဒပေါ့ ၊ ပွဲစားလောက စကားသုံးရရင် မဆီမဆိုင် ဒိုက်ဗင်ထိုးတယ်ပေါ့ဗျာ 😁😁)

ဒီပြောဆို အကြံပြုချက်တွေက မှန်သင့်သလောက်တော့မှန်ပါတယ် ။ သို့သော် ထွက်ပေါက်တွေလည်း ရှိပါတယ်ဗျ ။ တွေးမိတာလေး ဥပမာနဲ့ ပြောချင်ပါတယ် ။ အဲဒီတိုင်းတွေက ကျောင်းသားတွေကို အအောင်ပေးလိုက်ပါ ။ ဆေး နဲ့ အင်ဂျင်နီယာ အတွက် မနှစ်က ဝင်ခွင့်ရခဲ့ကြတဲ့ ကျောင်းသားဦးရေအတိုင်း ခွဲတမ်းပေးလိုက်ပါ ။

ဆေး နဲ့ အင်ဂျီနီယာအတွက် ဝင်ခွင့်ဖြေခိုင်းပါ ( ကိုယ့်ကိုကိုယ်သိတဲ့ ကျောင်းသားတွေပဲ ဖြေပါလိမ့်မယ် ၊ ဖြေတဲ့ထဲက အမှတ်အများဆုံးရသူတွေကို စီနီယာအတိုင်း ဖြတ်ချပြီး ခွဲတမ်းအတိုင်းသင်ကြားခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ်)

ကျန်တဲ့ ကျောင်းသားတွေကို ဝါသနာပါရာ တက္ကသိုလ်အသီးသီး ဝင်ခွင့်ပြုလိုက်ပါက အဆင်ပြေနိုင်ပါတယ် ။ ဒါဆိုရင် အခြားဒေသတွေက ဆေး နဲ့ အင်ဂျီနီယာအတွက် ငွေကုန်ခံ ကြိုးစားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ဝေစုလည်း မထိခိုက်သမို့ သူတို့ မကျေမနပ်ဖြစ်ကြမှာ မဟုတ်တော့ပါဘူး ။

အချို့ကတော့ ဟယ်ရီတန်ကို မျှော်မှန်းပြီး တနိုင်ငံလုံး အအောင်ပေးဖို့ စိတ်ကူးနေကြပါတယ် ။ အပေါစားသမိုင်းဝင် စာမေးပွဲကြီး တခု ထပ်ဖြစ်သွားမှာပေါ့ဗျာ ။

စာမေးပွဲ ပြန်ဖြေဖို့ဆိုတဲ့ နည်းလမ်းအစား အခြားသင့်တော်ရာ နည်းတွေ ဖြည့်စွက်စဥ်းစား လုပ်ကိုင်ဖို့ ကောင်းပါတယ် ။ အခုနေတုန်း ပါမောက္ခ ၁၀၀ လောက်ကို Grate 12 စာမေးပွဲ ပြန်ဖြေခိုင်းကြည့်လေ ။ ဘာသာစုံ အောင်မြင်သူ 5 % ရရင်ပဲ ကံကောင်း ။

နိုင်ငံရေးအရ ကိုယ့်ဖက်ကို စည်းရုံးတဲ့ အနေနဲ့ တောပြန် PDF တွေကို ထောက်ပံ့ငွေပေးစည်းရုံးနေရတဲ့ နစက ၊ မြို့ရွာတွေ အသိမ်းခံထားရပြီး စော်ကားခံနေရတဲ့ ကြားထဲက သူပုန်ပေါင်းစုံကို ဆွေးနွေးပါ ညှိနှိုင်းပါ နဲ့ ( နိုင်ငံရေးအရဖြစ်စေ) အော်နေရတဲ့ နစက ။


အဲသလို အခြေအနေမှာ လူယုတ်မာ PDF တွေက ကျောင်းသားသတ် ၊ ဆရာ / ဆရာမသတ် နေတဲ့ ကြားထဲက အသက်စွန့်စာသင်ပြီး ကြိုးစားဖြေထားရတဲ့ အဖြူထည် ကျောင်းသားတွေကြမှ စာမေးပွဲလက်နက် နဲ့ ထပ်မံနှိပ်စက်ပြီး အမုန်းစွဲအောင် လုပ်သင့် မလုပ်သင့်ကတော့ တွေးကြည့်ကြပေါ့ ။

ပညာရေးဝန်ကြီးဌာနကတော့ ဖရဲသီး အပေါဆုံးမို့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး ။ နစက အနေနဲ့ကတော့ တိုင်းပြည်ဒီလောက်ဖြစ်နေတာ ဘာကြောင့်ဆိုတာ သိကြပါ ။ တဝမ်းပူနဲ့လည်း မတုံးပါနဲ့တော့ ၊ ဋ သန်လင်းချိတ် နဲ့ လည်း ဋုံးပြဖို့ အချိန် မဟုတ်တော့ပါဘူး ။

ကိုရွှေမျိုးဝင်း
Пераслаў з:
Truth? avatar
Truth?
14.04.202516:46
တပ်ခွဲမှူးအဆင့် ကစလို့ အထက်ပိုင်း အရာရှိတွေကို
ပြောလိုက်ပရစေ ကိုယ်တကယ်ချစ်တဲ့ တပ်မတော်ကြီး
ရေစုန်မမျော စေချင်လို့ ပြောပြ ထောက်ပြတိုင်း
ကိုယ့်ပေါင်ကို ကိုယ်လှန်ထောင်းနေသလိုဖြစ်လို့ ပြောချင်
စိတ်မရှိပေမည့် ကိုယ့်ပြောပြတဲ့အကြောင်းအရာပေါ်
တပ်မတော်ကိုတကယ်ချစ်တဲ့ ကိုယ်တွေလို
ညီအကိုတွေ အားပေးချင်တာ ဖေးမချင်တာတွေအတွက်ပါ

နှမ်းတစေ့နှင့်ဆီ ဖြစ်မလာပေမည့် တနေ့တော့
ဆီဖြစ်မည့် နှမ်းစေ့လေးတွေ ပေါ်လာဖို့ တပ်မတော်သမိုင်း
မရိုင်းအောင် အသက်ပေးမည့် စစ်သားစစ်စစ်တွေ ပေါ်လာဖို့
ဆုတောင်းရင်းပေါ့

တပ်မတော်မှာလေ အောက်ခြေစစ်သည် မှီခို ရဲမေမိသားစု
တွေမကောင်းဘူး ဆိုတာမရှိခဲ့ဘူး
အရာရှိတွေမကောင်းလို့သာ တပ်မတော်မှာ အယုတ်ညံ့ဆုံးအလုပ်
ရန်သူထံ လက်နက်ချတယ်ဆိုတာပေါ်လာတာ
အဲဒီလက်နက်ချတဲ့ အောက်ခြေစစ်သည်တွေကိုသာ
ကွက်ကဲရတဲ့ အရာရှိက အသေခံချမယ်ဟေ့ ဆိုရင်
စစ်သားပီပီ အသက်စွန့်မည့် အောက်ခြေစစ်သည်တွေပါ

အိမ်ထောင်သည် ရဲမေမိသားစုတွေကိုလည်း ကြည့်ပါလား
တရင်းလုံး ရှေ့တန်းရောက်နေလို့ ရဲမေမှီခိုသူအများစု
ရှိတဲ့နောက်တန်းကို ရန်သူလာတိုက်ရင်
သားသမီးအကြီတွေကို ဗုံးခိုကျင်းကိုပို့ နို့မပြတ်သေးတဲ့
ကလေးကိုကျောပိုးပြီး ကိုယ့်တပ်ကိုလာတိုက်တဲ့ ရန်သူ
တွေကို ရွပ်ရွပ်ချွံချွံ ပြန်ခုခံလို့ ရန်သူတွေ ကိုယ့်လူ
အလောင်းထမ်းပြီးပြန်ပြေးရတာ ပုံပြင်တွေမဟုတ်ခဲ့ဘူး

အရာရှိတော်တော်များများရယ် ကတော်ဆိုတာတွေရယ် က
အောက်ခြေစစ်သည် ရဲမေမိသားစုကို ကျွန်လိုဆက်ဆံတာတွေက
တပ်တိုင်းနီးပါးဘဲ ကျနော်ဒုရင်းမှူးဘဝနှင့် တပ်ရင်းတခုမှာ
စနေနေ့ နောက်ချန်စစ်သည် အိမ်ထောင်သည်ရဲမေတွေနှင့်
တရင်းလုံး တပ်ရင်းသန့်ရှင်းရေးလုပ်ကြတော့
အရာရှိကတော်တွေပါ အားလုံးပါဝင်စေတယ် အရာရှိကတော်
တွေကိုတော့ ကျနော်အလုပ်မခိုင်းဘူး ဒါပေမည့် ပင်ပင်
ပန်းပန်းပေါက်ပြား ပေါက်နေတဲ့ စစ်သည်တဦးရဲ့အမျိုးသမီး
ရေဆာလို့ရေသွားသောက်တော့ အဲဒီရဲမေသောက်မည့်
သောက်ရေခွက်ကို အရာရှိကတော်က ရေသောက်မလိုလို
နှင့်လှမ်းယူ ရေခပ်ပြီးမသောက်ဘဲ အရာရှိကတော်အချင်းချင်း
ျလေကန်နေကြတယ် စစ်သည်ရဲ့အမျိုးသမီး တော်တော်လေးကြာ
တဲ့အထိစောင့်ပေမည့် အရာရှိကတော်က ရေမသောက်ဘဲ
စကားဘဲပြောနေတယ်

အဲဒါနှင့်စစ်သည်အမျိုးသမီးက မစောင့်နှိုင်လို့ ရေခွက်တောင်းရင်း
အရာရှိကတော်နှင့်စကားများကြတာ
ကိုယ်ရောက်သွားတော့ အရာရှိကတော်က စစ်သည်ရဲ့အမျိုး
သမီးကို နင်တို့ငါတို့အရာရှိကတော်လိုနေချင်ရင် အရာရှိကိုယူပါလား
ဘာလို့ ရဲဘော်တပ်သားအဆင့်ကို ယူရသလည်းတဲ့
ကျနော်လည်း အရာရှိကတော်ပြောတာကြားလိုက်ရတော့
တော်တော်လေး ဒေါသူပုန် ထသွားတယ်
၁၁ နာရီထိုးတော့ အားလုံးအလုပ်ဖြုတ်ပေးလိုက်ပြီး
အရာရှိကတော်အားလုံး ရင်းမှူးဇနီးမှအပ နေ့လည် ၁ နာရီကနေ
ညနေ ၅ နာရီအထိ ပေါက်ပြားနှင့် မြက်အပေါက်ခိုင်း
လိုက်တယ် တပါတ်လောက်နေ တပ်ရင်းမှူပြန်ဝင်လာတော့
ဝိုင်းတိုင်ကြတာ တပ်ရင်းမှူးနှင့် ကျနော်နပန်းမသတ်ရုံ
တမယ်ဘဲ နောက်ဆုံးတပ်ရင်းမှူး ကိုပါ ဒေါသနှင့်
ဒီမှာတပ်ရင်းမှူး အောက်ခြေစစ်သည်တွေ မှီခိုရဲမေတွေဟာ
တပ်ရင်းမှူးတို့ ကျနော်တို့ကို အမြင့်ရောက်ဖို့ ထမ်းတင်ပေးသူ
တွေ ဒါကို ခင်ဗျားနားမလည်ဘူးလား သူတို့သာ
တပ်ရင်းမှူစကား နားမထောင်ဘဲ လုပ်ချင်ရာလုပ်ခဲ့ကြရင်
ခင်ဗျားကြီးထောင်မကျရင်ကံကောင်း ခင်ဗျားမကျေနပ်ရင်
ကြိုက်တဲ့နေရာသွားတိုင် ကျနော်ရှင်းမယ် ရှင်းမရင် ကျနော်
ထောင်အကျခံမယ် ကျနော်ပြောတာရှင်းလား ဆိုပြီးပြန်ပက်
လိုက်တော့ငြိမ်သွားတယ် အဲဒီနေ့ကစလို့ ဘယ်အရာရှိကတော်
ကမှ စစ်တွေရဲ့ဇနီးတွေကို အကူအညီမတောင်းရ မခိုင်းရ
လုပ်ပြစ်လိုက်တယ်

တကယ်တော့တပ်မတော်ကြီး ပျက်စီးနေတာ
တပ်မှူးတွေမှာ တာဝန်အရှိဆုံးဘဲ အထက်လည်းအောက်ခြေ
မြေပြင်ပကတိ အရှိတရားတွေကို သိအောင်မကြိုးစားဘူး
အောက်ခြေကလည်း လိမ်နှိုင်သမျှလိမ် ညာနှိုင်သမျှညာ
နောက်ဆုံးဗျာ တချို့တပ်မှူးတွေ ခွင့်မဲ့တွေကိုမပြဘဲ
အင်အားအပြည့်ထား ခွင့်မဲ့စစ်သည်တွေရဲ့လစာကိုထုတ်စားနေကြတာ
တကယ်တန်း နင်လား ငါလားဖြစ်လာတော့ ဘာဖြစ်တယ်ထင်သလည်း ဆက်ရေးရမှာတောင် ကျနော်ရှက်လာပြီ

တကယ်တော့ အရာရှိငယ်ဘဝကတည်းက တကယ်စစ်စိတ်
ရှိလို့စစ်ထဲဝင်လာသူလား ရာထူး လုပ်ပိုင်ခွင့်တွေမျှော်ပြီး
စစ်ထဲဝင်လာသူလား ဆိုတာ အထက်လူကြီးတွေ
သေသေချာချာ ဆုံးဖြတ်နှိုင်ကြမှ တော်ကာကျမှာပါ
Crd
Пераслаў з:
Nay Zin Latt avatar
Nay Zin Latt
.

☯️

ဗင်နီဇွဲလားဆီက ရေနံဝယ်တဲ့နိုင်ငံတွေအားလုံးကို ထရမ့်က သွင်ကုန်အခွန် 25% တိုးကောက်မယ်လို့ကြေငြာလိုက်ပါတယ်၊

နောက်ဆက်တွပြသနာတွေအတော်ကြီးလိမ့်မယ်ထင်ပါ့


.
Пераслаў з:
Nay Zin Latt avatar
Nay Zin Latt
25.03.202509:06
.

☯️

နာတာရှည်ခဲ့တဲ့ အမေရိကန် အကြွေးပြသနာကို Musk နဲ့ ထရမ့်နဲ့ အီလွန်မတ်စ်တို့ ကြိုးစားကြပေမဲ့လဲ ငွေသားပြတ်လပ်မှုကို ဂျွန်လိုင်လ လယ်နဲ့ အောက်တိုဘာလကြား ရင်ဆိုင်ရလိမ့်မယ်လို့ ခန့်မှန်းချက်ထွက်လာပါတယ်၊

လွှတ်တော်အနေနဲ့ ကြွေးမြီပမာဏ ထပ်တိုးပေးခြင်း ( Deblt ceiling ) မပြုလုပ်ရင် အစိုးရယန္တရားရပ်တန့်ခြင်း Govt shut down ဖြစ်လာပါလိမ့်မယ်၊ အဲ့ဒီအတွက် Bond ထုတ်ရောင်းတာ၊ ငွေစက္ကူ အသစ်ရိုက်နှိပ်တာတွေကိုလုပ်ရမှာဖြစ်လို့ အကြွေး ပိုလာရပါဦးမယ်၊

လောလောဆယ် အမေရိကန်ဟာ $37 Trillion ရှိနေပြီး၊ တနှစ်ကို $ 2.4 trillion ထပ်တက်နေပါတယ်၊


BaMg ☯️

.
Пераслаў з:
Thazin Oo 🇲🇲 avatar
Thazin Oo 🇲🇲
02.04.202506:05
အရေးကြုံလာရင်ချက်ချင်းအကူညီပေးနိုင်ဖို့ ပရဟိတအသင်း ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပါဝင်ချင်တဲ့သူတွေရှိရင် ဆန္ဒပြုနိုင်ပါတယ်။

အနီးတစ်ဝိုက်ကလူတွေက လူအားပါဝင်ပြီး အဝေးကလူတွေက တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါတယ်။

လူသားချင်းစာနာတဲ့စိတ်နဲ့ ကူညီဆောင်ရွက်ဖို့ ရည်ရွယ်ထူထောင်တာဖြစ်တဲ့အတွက် ဘယ်နေရာက ဘယ်သူတွေ အခက်ခဲဖြစ်ဖြစ်၊ ဘာတွေခက်ခဲနေပါစေ ကူညီမယ်ဆိုတဲ့ စိတ်တူကိုယ်တူတွေ စုစည်းပြီး ဆောင်ရွက်ချင်ပါတယ် ။
Пераслаў з:
Ko Myo Win avatar
Ko Myo Win
22.04.202507:24
နံပါတ် ၃ က MA 1 သည် မီတာ ၂၀၀ အတွက် ထုတ်ထားတာလား.. ? မီတာ ၅၀၀ အတွက် ထုတ်ထားတာလားလို့ မေးချင်ပါတယ် ။ သုံးစွဲသူ တတ်သိနားလည်ဖို့ လိုတယ်ဆိုတော့ကား တပ်မတော်သား စစ်သည်တွေ မတတ်လို့လား ၊ တိုက်ခိုက်ရေးသင်တန်းကျောင်းကြီး အသုံးမကျလို့လား မေးရမလိုပါပဲ ။ နောက်ဆုံး အာဆီယံပြိုင်ပွဲဝင်တွေတောင် မသုံးတတ်သေးဖူးလို့ ဆိုလိုတာလား ဗျ ။

နောက်ထပ် နံပါတ် ၄ လက်နက်ငယ်တွေ ဘယ်လိုထုတ်ရမလဲ ဆိုတာ ပြောပြလို့ကျေးဇူးပါ 😂အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကပစထုတ် MA ကို သုံးစွဲနေကြရတဲ့ စစ်သည်တွေ စိတ်ကျေနပ်မှု ရနေပါသလား...? ယုံကြည်မှု ရှိနေကြပါသလား မေးပါရစေ ။ အဲဒါပြဿနာ အရင်းအမြစ်ပါပဲ ။

ကျည်ဘောက် အံမကျဘူး ၊ ကျည် ကန့်လန့်ခံတယ် ၊ ကျည်ကပ်စပရင်တွေကောင်းကောင်းအလုပ်မလုပ်တာ ချိန်ဆိုဒ်တွေချောင်နေတာ simiရပြီး Brustမရတာ Autoမရတာ Autoရပြီး simiပစ်ခတ်စဥ်မရတာအဲ့ပြသနာတွေ ဖြစ်နေတာကို ခင်ဗျားတို့ ရှေ့တန်းက စစ်သည်တွေ ရင်ဖွင့်ထားကြတာလေ ။ အကြိမ်ကြိမ် တင်ပြထားကြပြီလို့ သိရပါတယ် ။ အဲလို ပြဿနာမရှိပါဘူးလို့ ယခုစာရေးထားတဲ့ ပုဂ္ဂိုလ် ပြောချင်ပါသလား... ?

နံပါတ် ၅ မှာ သေနတ်ပြောင်း ပြဿနာ တင်ပြမှုအတွက် အသုံးပြုသူတွေ သတ်မှတ်ကျည် မသုံးလို့ဆိုသော ပြစ်တင်စကားကြားရပြန်ပါတယ် ။ ရှိကောင်းရှိပါလိမ့်မယ် ။ သေနတ် နဲ့ ဖက်ရှင်ကျတဲ့ အဆင့်မြင့် ကျည်ဘောက် နဲ့ အရည်အသွေးမှီ ကျည်ဆံ လုံလောက်အောင် ထုတ်နိုင်ပြီလား...? ပေးထားသလား ဆိုတဲ့ မေးခွန်းကိုတော့ ကကနက် ဆီ လွှဲချမှာ သေချာပါရဲ့ ။

နံပါတ် ၆ အဖြေမှာ ကျည်ဆံ ထုတ်လုပ်မှု စနစ်ပဲ ပြောသွားပါတယ် ။ ထိရောက်မှုကို ဘာလို့ မပြောတာလည်း နားမလည်ပါဘူး ။ တိုင်းတပါးက ကျည်ဆံနဲ့ MA 1 ကို မီတာ ၅၀၀ ပစ်နိင်ပြီး ကပစ ကျည်ဆံကျတော့ ဒီ MA 1 ကိုပဲ မီတာ ၂၀၀ ပဲ ထိရောက်တဲ့ ပြဿနာကို ဘယ်လို ရှင်းပြမလဲ သိချင်မိပါတယ် ။

ပြင်ပကကြေးဝယ်တာကို မပြောနဲ့ဆိုတော့ မပြောတော့ပါဘူးလေ ။ လက်နက် ခဲယမ်းတွေ ကိုယ်ပိုင်ထုတ်ဖို့ ဘယ်လောက်ကြိုးပမ်းခဲ့ရတယ်ဆိုတာကို သမိုင်းကြောင်းနဲ့တကွ နှိုက်နှိုက်ချွတ်ချွတ် ကိုယ်တိုင်ရေးပြထားသူမို့ သာမန်လူတွေထက် ကျနော်ပိုနားလည်ပါတယ် ။.

လက်နက်ခဲယမ်း အချို့ ပြည်ပက ဝယ်တယ်ဆိုတဲ့ သတင်းအတွက်လည်း ဂုဏ်ယူစွာ ရေးသားခဲ့ဖူးပါတယ် ။ အရှေ့တောင်အာရှမှာ လက်နက် နည်းပညာ အမြင့်ဆုံးဆိုတာလဲ လက်ခံပါတယ် ။

လက်မခံနိုင်တာက ပြည်တွင်းက လက်တွေ တိုက်ပွဲဝင် MA 1 တွေ သုံးစားမရတာ ဘာကြောင့်လည်း သိချင်ပါတယ် ။ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တုန်းက သုံးခဲ့တဲ့ အဆင်မြင့် MA 1 တွေ ကျည် မအဘူး ၊ ကန့်လန့်မခံဘူး ၊ ကျည်ဘောက်မပြုတ်ဖူး ၊ ချိန်သီးမချောင်ဘူး ၊ ကျည်စုထိချက် မီတာ ၅၅၀ ထိရောက် တယ်လို့ ကြားမိပါတယ် ။

အဲသလောက် အရည်အချင်းရှိတဲ့ ကပစ အနေနဲ့ ဘာကြောင့် သုံးစားမရတဲ့MA 1 တွေကို အပ်ဒိတ်လုပ်မပေးကြတာလဲ သိချင်တယ် ။

ဒါတွေ ဝေဖန်နေတာ ကျနော့်အကျိုးစီးပွား တခုမှ မပါဘူး ။ စစ်တပ်ဆီက ရွှေဖီဦးတခွက်စာ အလကား မသောက်ဖူးဘူး ၊ နို့ဆီတဇွန်း အခမဲ့ မစားဖူးဘူး ။ သို့သော် တပ်မတော်ရှိနေလို့ အေးချမ်းစွာ လုပ်ကိုင်စားသောက်နေရတဲ့ ကျေးဇူးက အများကြီးပါ ။ ဒါတွေကြောင့် ပြင်သင့်တာ အချိနိမှီ ပြင်ဆင်နိုင်ဖို့ ဝေဖန်ထောက်ပြနေရတာပဲ ဖြစ်ပါတယ် ။

မင်းက မဆီမဆိုင် ဝင်ပြောနေတာလို့ မယူဆပါနဲ့ ။ တပ်မတော်ရဲ့ အဓိက အားနည်းချက်ကြီးက ရာထူးကြီးသွားရင် ငါသာ တကယ်သိ တကယ်တတ်တယ် ဆိုသော ဘဝင်မြင့်ကြတဲ့ အချက်ကြီးရှိပါတယ် ။ အောက်က တပည့်ငယ်သားတွေခမျှာ ရေငုံနှုတ်ပိတ် နေကြရတော့ မပြောရဲ မဆိုရဲမို့ ဝင်ပြောပေးနေခြင်းဖြစ်ပါတယ် ။

ကပစ မှာ နည်းပညာရှိတယ် မရှိတာ ရိုးသားမှုလို့ပဲ မြင်မိတယ် ။ ရိုးသားနိုင်ကြပါစေလို့ မပြည့်တဲ့ဆုတောင်းနဲ့ နှုတ်ဆက်ပါတယ် ။

ကိုရွှေမျိုးဝင်း
Пераслаў з:
Ko Myo Win avatar
Ko Myo Win
06.04.202516:34
ကြိုးစားခဲ့ပါတယ်
=================

မြန်မာပြည်သူတွေအတွက် ကပ်ကြီး ၃ ပါးဆိုက်ဖွယ်ရှိနေတယ်လို့ ၂၀၂၁ တုန်းက အယူတော် မင်္ဂလာဆရာတယောက်က ပြောတယ် ။ သူက အဖျက်အမှောက် ပယောဂတွေ နိုင်ငံနဲ့ချီပြီး စီရင်ထားခြင်း ခံရတယ်လို့ ဆိုပါတယ် ။

သူအဓိက ပြောတာက စစ်ကိုင်းသုဿန်ထဲက စည်တော်ကြီးအကြောင်းလည်း ပါဝင်ပါတယ် ။ ကျနော်ကတော့ ဒါမျိုးတွေကို အလွန်အကျွံ မယုံကြည်ပါဘူး ။ ဗဟုသုတ အဖြစ်သာ မှတ်သားလေ့ရှိတာမျိုးပါ ။

အဲဒီ အကြောင်းနဲ့ပက်သက်ပြီး လေ့လာမိသလောက်ကတော့ စည်တော်ကြီးရဲ့ အတွင်းပိုင်းမှာ အင်ဒိုအောက်လမ်း အစီရင်တွေပါ စီမံထားတယ်လို့ ကြားသိခဲ့ရပါတယ် ။ ဖျက်ဆီးနှိမ်နင်းဖို့ရာလည်း မလွယ်ကူဘူးလို့ ဆိုပါတယ် ။

ဟုတ်ပါ့မလားဆိုတဲ့ အချက်နဲ့ NLD ရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်တော့ ပထမဆုံး ဗိုလ်တထောင်ဘုရားမှာ ဆင်းတုတော်ကို ခြေချုပ်တဲ့သဘော ခြေတော်ကို အင်္ဂတေတွေထဲ ထည့်မြှပ်လိုက်ပါတယ် ။ နောက် မြင်မကောင်းအောင် ဘုရားဆင်းတုကို ကြိုးတွေနဲ့ တုတ်နှောင်ခဲ့တာ သတိရကြမှာပါ ။ ဗိုလ်တထောင်က ဌာပနာကို ဖွင့်ကြပါတယ် ။

နောက် မင်္ဂလာဒုံမှာ ရှိတဲ့ စေတီတဆူကိုလည်း စစ်စိမ်းရောင်တွေ ပူဇော်ကြပြန်ပါတယ် ။

ရွှေတိဂုံစေတီကို ကြံ့ခိုင်ရေး စစ်ဆေးမယ် ဆိုပြီး ကိုယ်လုံးတော်ကြီး တနေရာကို ဖောက်ကြည့်ကြပါတယ် ။ နောက်ဆုံးဆင်းခါနီးမှာ ထီးတော်ပေါ်ထိ အစီရင်လုပ်ထားတဲ့ သံလျှက်သဏ္ဍန် ဒါး ၇ ချောင်းကို ဦးဝင်းမြင့် ကိုယ်တိုင် တက်ချိတ်ခဲ့ပါတယ် ( အာဏာထိမ်းပြီး ပထမဆုံး ထီးတော်က ယင်းအစီရင် ၇ ခုအား ဖြုတ်ချခဲ့ပြီးပါပြီ)

နောက်ပြီး ညမထွက်ရ အမိန့်ထုတ်ပြီး ပုဂံက ရှေးဟောင်းစေတီပေါင်း ၅၀ ကျော် တပြိုင်နက်တည်း ဌာပနာ အဖောက်ခံကြရတာလည်း မှတ်မိကြအုံးမှာပါ ။

အဲလို အချက်တွေ စုစည်းတွေးကြည့်လိုက်တော့ ကြက်သီးထစရာ ဖြစ်လာရပါတယ် ။ မိတ်ဆွေအယူတော် မင်္ဂလာဆရာပြောနေတာ သဘာဝကျတယ်လို့ ယူဆမိလာပါတယ် ။ သူ့ကို ဘယ်လိုလုပ်ရင် ကောင်းမလဲ မေးကြည့်ပါတယ် ။

ခင်ဗျားက စုံတယ် နားလည်တဲ့ ပညာရှင်စုံစမ်းပြီး နည်းလမ်းမေးကြည့်ဖို့ ပြောချင်တာတဲ့ ။ သူလည်း အဲဒီပညာကို အစွမ်းကုန် မကျွမ်းကြင်ဘူးတဲ့ ။ တကယ်ကျွမ်းကြင်တဲ့သူထံ မေးမြန်းစုံစမ်းပြီး လုပ်သင့်တာ လုပ်ကြစို့တဲ့ ။

အဲဒါနဲ့ မေးရင်းမြန်းရင်း ဒီလိုမျိုး နိုင်ငံလုံးချီ ယတြာချေနိုင်ဖို့ ၊ အဖျက်အမှောက် ချေဖျက်ဖို့ဆိုတာ သာမန် ယတြာနဲ့ လုပ်လို့မရဘူးတဲ့ ။ ခိုင်မာတဲ့ အဖျက်အမှောက်မို့ ခိုင်မာတဲ့ ယတြာနဲ့ ချေဖျက်မှ ရနိုင်မယ်လို့ ယူဆချက်ထွက်လာတယ် ။

ယတြာက ကမ္ဘာဦးသတ္တု ပြဒါး နဲ့ နိဗ္ဗာန်လို့ ခေါ်တဲ့ မပျက်မဆီးတည်တံ့နေမယ့် ရွှေလိုတယ်တဲ့ ။ ပြဒါးကို အခဲလုပ်ပြီး အဲဒီ ပြဒါးခဲထဲမှာ ရွှေရောပြီး ဘုရားပုံတော် ဆင်းတုသွင်းလောင်းရမယ် ။ ပြီးရင် ၂ ကျိပ်ရှစ်ဆူ ဘုရားတွေကို တဆူစီ ပူဇော်ရမယ်တဲ့ ။ ၂ ကျိပ်ရှစ်ဆူ ဘုရားတွေက မြန်မာပြည်ထဲမှာ ၂၅ ဆူ ရှိပြီး ကျန်တဲ့ ၃ ဆူက တရုတ် နဲ့ ထိုင်းထဲမှာ ရှိတယ်တဲ့ ။

ပြဒါးနဲရွှေ ရောရမယ့် အချိုးက ပြဒါးခဲ ၁၀ ကျပ်သားကို ရွှေ ၁ ကျပ်သား ရောရမယ်တဲ့ ။ ဒီတော့ ပြဒါးခဲ ၂ ပိဿာ ၈၀ သား နဲ့ ရွှေ ၂၈ ကျပ်သား ကုန်မယ်လို့ ဆိုပါတယ် ။ ( ပြဒါးရည်ကို ခဲလို့ရပါတယ်)

အဲဒီအကြောင်း မိတ်ဆွေအယူတော်မင်္ဂလာဆရာကို ပြောပြလိုက်တော့ သူက လူကြီးတွေဆီ တင်ပြပေးမယ်ဆိုပြီး ပြောပါတယ် ။ ရွှေကိစ္စပါနေလို့ လုပ်ပေးမယ့် ပညာရှင်က သူတို့မျက်စိအောက်တင် လုပ်ပေးမယ်လို့ အဆိုပြုလိုက်ပါသေးတယ် ။

ဒါပေမယ့် မယုံကြည်လို့ဖြစ်မယ် ထင်ပါရဲ့ အဲဒီ ကိစ္စ အထမမြောက်ခဲ့ပါဘူး ။ 2021 တုန်းက မြန်မာပြည်မှာ ကိုဗစ် ရောဂါကပ်ဆိုး ခံစားနေရပေမယ့် မြို့ပြတွေမှာ စစ်ပွဲကြီးတွေ မဖြစ်သလို ထူးထူးခြားခြား မြစ်ရေကြီးနေကြ ကာလများမှာတောင် ရေဘေးဒုက္ခတွေ သိပ်မကြုံရသေးပါဘူး ။

ယခု 2024 ကာလရောက်တော့မှ စစ်ဘေး ဒုက္ခအကြီးအကျယ် ကြုံလာရပါတယ် ။ ထူးထူးခြားခြား မိုးခေါင်ရေရှား မြန်မာပြည်အလယ်မှာ ရေကြီးနစ်မြှပ်တယ် ။ အခု နှစ်ပေါင်း ၂၀၀ အတွင်း အကြီးဆုံး ငလျင်ကြီး ကြုံရပြန်တယ် ။

လူတွေက စစ်ကိုင်းသုဿန်ထဲက အမင်္ဂလာစည်တော်ကြီးအကြောင်း ပြန်ပြောလာကြပြီ ။ ဘာတွေ လုပ်ထားကြသလဲ ဘယ်သူမှ ကောင်းစွာ မသိကြပါဘူး ။ ခန့်မှန်းခြေများသာ ပြောဆိုနေကြရပါတယ် ။ အချီု့သတင်းများအရ စည်တော်ကြီးမှာ အသေးတွေလည်း ရှိသေးသတဲ့ ။ အားလုံးစုံအောင် ရှာမတွေ့ကြသေးဘူးလို့လဲ ကြားရပါတယ် ။

လောကမှာ သိပ္ပံနည်းကျ စမ်းသပ်မရသေးတဲ့ ပြဿနာတွေ များစွာရှိနေသေးတော့ ယုံကြည်ခြင်း မယုံကြည်ခြင်းတွေ အသာထား အဲဒီ အမင်္ဂလာစည်တော်ကြီး ဘာလုပ်ထားပြီလည်း ဆိုတာကို ပြည်သူတွေ သိချင်နေကြပါတယ် ။
Пераслаў з:
Thazin Oo 🇲🇲 avatar
Thazin Oo 🇲🇲
ဒီသီချင်းနဲ့ ပတ်သက်သော

သက်ဆိုင်သူအားလုံးကို

ကျေးဇူးအများကြီးတင်ပါတယ် 🙏🙏🙏
Пераслаў з:
Ko Myo Win avatar
Ko Myo Win
22.04.202507:24
လွှတ်တော် အမေး အဖြေ မဟုတ်ပါ😂
===============================

ရေးပြမှ ရတော့မှာမို့ "ကိုရွှေမျိုးဝင်း"ရေ ---
-(၁)နဝတ ခေတ် ၁၉၉၀ ခုနှစ်မှာလမ်းညွှန်ချက်အရခြေလျင်တပ်သုံးလက်နက်ငယ်များကို7.6251 mm သုံး BA series ကို အစားထိုးဖို့ 5.5645 mm သုံးMA series (gas operated) များကိုစတင်သုတေသနပြု ထုတ်လုပ်ခဲ့ပါတယ်၊ ပိတ်စို့မှုပေါင်းများထဲကComponents များစွာကို နိုင်ငံခြားအကူအညီမပါ အဆင့်ဆင့်စမ်းသပ်ထုတ်လုပ်ခဲ့ရပါတယ်၊ Design, meterials ကအစ ခက်ခဲစွာကျိုးစားခဲ့ပါတယ်၊ နမူနာအဖြစ်အစ္စရေးရဲ့ Galli, yugo ရဲ့ M8 series,တောင်အာဖရိကရဲ့ R4, R5 စသည်တို့ကို အကန့်အသတ်ဖြင့် သုတေသနပြုခဲ့ကြရပါတယ်၊ ယင်းအချိန်တွင် ခဲယမ်းပိုင်းအနေဖြင့် 7.6251 mmထုတ်လုပ်နေသောစက်များကို ပြည်ပနည်းပညာအကူအညီမပါ 5.5645 mm (M193 ball) ကို အခက်အခဲများစွာကြားက ထုတ်လုပ်နိုင်ခဲ့ကြပါတယ်၊ယနေ့ ကမ္ဘာကျော် M16 AR ပင်လျှင်ဗီယက်နမ် စစ်ပွဲမှာ အမေရိကန်စစ်သားများ၏ အားကိုးယုံကြည်မဲ့စွာ ရန်သူ့လက်နက် ရုရှားထုတ် AK47 AR ကိုအလုအယက်အားကိုးခဲ့ကြပါတယ်၊ Colt ကုမ္ပဏီ အနေဖြင့် ၁၉၈၀ ခုနှစ်နောက်ပိုင်းမှသာDesign, meterials, process များမှန်ကန်လာမှသာ ကမ္ဘာကျော် M16 ARဘဝကိုရောက်ခဲ့ရပါတယ်၊

(၂) ၁၉၉၈ ခုနှစ်မှသာ ခဲယမ်းထုတ်လုပ်မှုအတွက် စင်္ကာပူအကူအညီနဲ့ မတန်မရာသူခိုးဈေး($45သန်း) ပေးပြီး စက်ရုံခုလုံးရခဲ့ပါတယ်၊စက်ရုံနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့SAA နည်းပညာများစွာကိုရခဲ့ပါတယ်၊(M193 ball, M196 tracer, ss109 penetrator) ထိုအချိန်တွင် အီရတ်စစ်ပွဲမှာ အမေရိကန်က M16 modulation gun နဲ့အတူ 5.5645 mm (M855 penetrator) ကိုသုံးစွဲနေပါပြီ၊

(၃) ပစ်ခတ်ထိရောက်မှု အကွာအဝေးဆိုတာ လက်နက်/ ခဲယမ်း တွဲဆက်မှုမှန်ကန်မှသာ ထိရောက်မှုရှိသကဲ့သို့သုံးစွဲသူသာ တတ်သိနားလည်ဖို့ကအခရာကျပါသည်။ ဥပမာ-ယနေ့နာမည်ကြီး အစ္စရေးထုတ်UZI ဆိုလျှင် 919 mm ကိုသာသုံးစွဲပါသည်။ ရည်ရွယ်ရင်းက တာတိုပစ်(Stoping power) ကိုအရတည်ဆောက်ထားသကဲ့သို့ ကျည်ထွက်နှုန်း (800/rate of fire) ကိုတည်ဆောက်ထားပါသည် ။

(၄) လက်နက်ငယ်တစ်လက် တည်ဆောက်ရာတွင် အောက်ပါအချက်များဖြင့်ကိုက်ညီအောင် တည်ဆောက်ကြရပါသည်။အလေးချိန်, အရှည်, တိကျမှု,အကြမ်းခံနိုင်မှု, သက်တမ်း, နှစ်သက်လိုဘွယ်အဆင်း, ကျည်ထွက်နှုန်း, ယုံကြည်အားကိုးမှု, စတဲ့အချက်တွေကို နိုင်ငံတကာမှာရော ကပစတွေမှာပါ တည်ဆောက်ထုတ်လုပ်ကြပါတယ်၊

(၅) လက်နက်ငယ်များတွင် ပြောင်းပိုင်တည်ဆောက်မှုနည်းပညာအရပြောင်းရစ်(rifling twist) သတ်မှတ်ချက်များရှိပါသည်။ အီရတ်စစ်ပွဲအတွင်း M16 modulation gunသည် dual used ၉ လက်မ တစ်ပတ်(230 mm per one turn)ကို M855ကျည်ဖြင့်ပစ်မှသား အကွာအဝေး ထိရောက်မှု ဖောက်ထွင်းနိုင်မှုရရှိနိုင်သော်လည်း M193 ball ကျည်ကိုရောထွေးသုံးစွဲခြင်းကြောင့် အရေးယူအပြစ်ပေးခံရသည့်ဖြစ်စဉ်များရှိခဲ့ပါတယ်၊

(၆)ကျည်ထုတ်လုပ်မှုအတွက်သုံးစွဲသည့်ကြေး(MS 72)(MS 90)များကိုကိုယ်တိုင်ကြိုချက်နိုင်တဲ့ နည်းပညာကို၁၉၇၅ ခုနှစ်ကပင်ရရှိပြီးဖြစ်ပါတယ်5.56 mm စက်ရုံနှင့်အတူ ဝယ်ယူရရှိခဲ့သော Brass wire များဖြင့်ထုတ်လုပ်စဉ် ကုန်ကြမ်းသိုလှောင်မှုကာလကြာမြင့်သည်အခါ ဒဏ်အားလျော့ချသည်နည်းစဉ်များဖြင့်ထုတ်လုပ်ခဲ့ကြရပါတယ်၊ ထိုနည်းစဉ်ကို ၂၀၁၅ခုနှစ် လောက်ကိုင်ပထမစစ်ပွဲတွင် ပြောင်းရင်းပေါက်ကွဲမှုဖြစ်စဉ်များကြောင့်သတ္တုဗေဒ ပညာရပ်ရပ်များမှဖော်ထုတ်ခဲ့ရပါတယ်၊
မှတ်ချက်၊
ကိုရွှေမျိုးဝင်းရေ-ထောင်ထဲက စကားကထောင်ထဲမှာပဲထားလိုက်ပါဗျာ၊Armerment technologyဆိုတာ နာရီထုတ်လုပ်တဲ့Tolarence ထက်ပိုပြီး ကျဉ်းကြပ်ပါတယ်ဗျာ၊ technicals, meterials,Design, process, စတာတွေကအရပ်သုံး အတွေးအခေါ်တွေနဲ့လုပ်လိုမရပါဘူးဗျာ၊ယနေ့ခြေလျင်တပ်သုံးလက်နက်ငယ်/ ခဲယမ်းများနှင့်ပတ်သက်ပြီး အဆင့်ဆင့်ကျိုးပန်အားထုတ်ခဲ့ရပါတယ်၊ နိုင်ငံတကာအကူအညီမဲ့ နေချိန်မှာကပစတွေက နေ့မအား၊ ညမနားကိုယ်ခြေထောက်ပေါ် ကိုယ်မတ်တတ်ရပ်နိုင်အောင် ဖိအားပေါင်းများစွာနဲ့ကျိုးစားခဲ့ရသူတွေပါဗျာ၊လက်နက်/ခဲယမ်းအချို့ကို ပြည်ပကကြိုက်လို့ ထုတ်တောင်ရောင်းနေပါပြီဗျာ၊ အရှေ့တောင်အာရှ နိုင်ငံတွေမှာတောင်မရှိသေးတဲ့ နည်းပညာမြင့်တွေရှိနေပါပြီဗျာ၊ မာရဝိဇိယ ဆင်းတုတော်ကြီးက နည်းပညာသက်သေပါပဲဗျာ။လေးစားစွာဖြင့်
--------------------------------------------------------------

မနေ့က ကပစ ထုတ် MA စီးရီးရဲ့ တိုက်ခိုက်ရေးသုံး အားနည်းချက်တွေကို ဝေဖန်ထောက်ပြတဲ့ ပို့စ် အပေါ် ပြန်ရှင်းပြထားတာပါ ။ အဖြေတွေက လွှတ်တော် အမေး အဖြေ ကဏ္ဍကိုတောင် သတိရလာစေတဲ့ အထိ တခြားစီ ဖြစ်နေပါတယ် ။

လက်နက်ရဖို့ လွယ်ခဲ့သလား ဆောင်းပါးရှည် နဲ့ ပြုံယမ်းမှ နေပြည်တော် သို့ဆိုတဲ့ တပ်မတော်ရဲ့ အားထုတ်ခဲ့ရမှု ဆောင်းပါးရှည်တွေ ကျနော်လေ့လာရေးသားခဲ့ဖူးပါတယ် ။ ဒီတော့ လူကြီးမင်းရဲ့ အဖြေ နံပါတ် ၁ နဲ့ ၂ ကို မပြောလိုပါဘူး ။
Пераслаў з:
SittNwayOo avatar
SittNwayOo
27.03.202509:50
မကွေးရဲတပ်ဖွဲ့မှ တာ၀န်ရှိသူများ တွေ့မြင်ပါစေရန်

မိမိတို့ချန်နယ်တွင် လွန်ခဲ့တဲ့၂လခန့်က
မကွေးမြို့ဆူးကောက်စမ်း
ကျေးရွာမှာ အမည်ပေါ်ထွန်း
PDFသင်တန်းဆင်းတဦး ပြန်ရောက်နေကြောင်း တင်ပြခဲ့ရာ။
အဲ့ဒီနောက်ရဲတပ်ဖွဲ့၀င်များမှ၊ ခေါ်ယူစစ်ဆေးခဲ့ပြီး

အချက်လက်မခိုင်လုံ၍
ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်
အဲ့ဒီနောက် အဆိုပါအမျိုးသားနဲ့
အဖော်အမျိုးသား ၂ဦးဟာ စူးကောက်စမ်းကျေးရွာမှာ
နေထိုင်တဲ့ စစ်မှုထမ်းဟောင်း၏နေအိမ်အား

ညစဥ်တိုင်း အကဲခတ်စောင့်ကြည့်မှုတွေ
လုပ်လာကြပြီး၊ မကြာသေးခင်က
စစ်မှုထမ်းဟောင်း၏ နေအိမ်ခြံစည်းရိုးကျော် ၀င်ရောက်ဖို့ ကြိုးစားရာ
၀ိုင်းအော်လိုက်လို့ ပြန်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်

ယခုချိန်ထိ ညစဥ်တိုင်းအကဲခတ်စောင့်ကြည့်မှု နေအိမ်ရှေ့မှာ လုပ်ဆောင်နေတယ်လို့ သတင်းပေး၏ ပြောကြားချက်အရ

လူတယောက်၏ အသက်ကို ကယ်တင်ပေးဖို့ ထပ်မံ တောင်းဆိုတင်ပြအပ်ပါတယ်
စူးကောက်စမ်းကျေးရွာမှ ပေါ်ထွန်းနှင့် ကိုကိုလေး အပြင်နောက်ထပ်တယောက်ရှိကြောင်း သိရပါတယ်

https://t.me/Sittnweoo
Пераслаў з:
Nay Zin Latt avatar
Nay Zin Latt
31.03.202504:43
.

☯️

ဆရာမြတ်ထန်ရေးတဲ့

" တိုင်ပြည်ကနုနု... မုန်တိုင်းကထန်ထန် "

ဆိုတဲ့ဝတ္ထုကို သွားမှတ်မိတယ်၊
လူပျိုပေါက်ဘဝက ဖတ်ခဲ့တဲ့ ဆရာညွှန်းတဲ့ မြန်မာပြည်ကြီးဟာ....

မုန်တိုင်းထန်လို့ကို မပြီးသေးပါလား...
လို့လဲတွေးမိရပြန်ပါတယ်၊

ကံ တရားကြီးရယ်
မြေနိမ့်ရာ လှံစိုက်တာလဲ ရပ်ပေးပါတော့
ကံဆိုးမသွားရာ လိုက်ရွာတဲ့မိုးကြီးလဲ တိတ်ပေးပါတော့၊

ကံဆိုးလွန်းတဲ့မြန်မာလဲ တုန်နေအောင် ချမ်းလှပါပြီ ဗျာ....

အားလုံး ကပ်ဘေးက လွတ်မြောက်အေးချမ်းကြပါစေ။


BaMg ☯️

.
27.03.202514:49
ကရင်ပြည်နယ်ရဲ့ KNU တို့ရဲ့ ဒုတိယအကြိမ်တိုက်ပွဲခေါ်သံကို ဘယ်လိုအဆုံးသတ်ပေးမလဲ စိတ်ဝင်စားရင်ခုန်စရာ ပွဲကြီးတစ်ပွဲတော့ မြင်ရဦးမယ်နဲ့တူတယ် လက်ရှိ KNU က ထိုင်းနိုင်ငံရဲ့ အထောက်အပံ့နဲ့ နယ်စပ်ဒေသကိုအခြေပြုပြီး ကရင်ပြည်နယ်မြို့နယ်တွေအထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေကြပြီး ထိုင်းနိုင်ဘက်မှ စားရေရိက္ခာမှအစ တြိက်ခိုက်ရေးအထိ ဒရူန်းများကိုပါ ပံ့ပိုးကူညီပေးနေတာတွေဟာ တောက်လျှောက်ဖြစ်နေပါတယ် ကရင်ရော ထိုင်းရော လူဖြူတွေကိုပါ ဒီတစ်ခါ အပြီးသုတ်နိုင်ဖို့လိုမယ် အားလုံးကို အမျိုးပါဖြုတ်မှရတော့မယ် မဟုတ်လျင် NCA အဖွဲ့ကလည်း သူ့လူသူမနိုင် နှစ်ကျပ်ကွက်နဲ့ အမျိုးမျက်နှာတွေကြည့်နေကြရတော့ တပ်မတော်ကပဲ အရာအားလုံးအတွက် အဆုံးအဖြတ်ပေးဖို့ ရာတာဝန်ရောက်ရှိလာပြီဖြစ်သည် တပ်မတော်က အမျိုးပဲဖြုတ်မလား မစွတ်မပွတ်ပဲလုပ်မလား ကြည့်ရဦးမယ် တို့အဖူးဆိုရင်တော့ ဒီတစ်ကြိမ်မှာ လုံးဝညှာမှာမဟူတ်တော့သလို ကလေးတွေစာမေးပွဲဖြေချိန်အတွင်း knu တွေရဲ့ လက်သရမ်းမှုတွေအခဲမကြေရှိ‌နေတယ်ဆိုတော့ကာ ကဲ တပ်မတော်ကြီးရဲ့တုံ့ပြန်မှုအဖြေကိုစောင့်ကြည့်ပြီး ဆဲသင့်ရင်ဆဲ လက်ခုပ်တီးဩဘာပေးသင့်ရင် ပေးကြရတာပေါ့ဗျာ ပြည်နယ်တစ်ခုခုကို စံ အဖြစ်နဲ့ ပြတ်ပြတ်သားသားလုပ်ကြပါတော့ဗျာ ပျော့တိပျော့ပတ်အခြောက်မဗျူဟာတွေကိုစွန့်ပစ်ကြပါတော့ ရက်စက်ချိန်တန်ပါပြီ

#Hein Kyaw
ပေတိုးမီဒီယာ

ခိုင်မာဇော် ခိုင်ဇော် ၏
VK မှကူးယူဖော်သည်
Пераслаў з:
Nay Zin Latt avatar
Nay Zin Latt
16.04.202510:43
ခိုင်မာဇော် ခိုင်ဇော် (VK မှ)

ပြည်သူတွေက တာဝန်ကျေပါသည်
==========================
28-3-2025 ရက်နေ့မှာ ဆင်လူးပသစတွေနဲ့ ထိတွေ့မှု
ဖြစ်တယ် ။
3-4-2025 ရက်နေ့မှာ မိုင် ၂၀ စခန်းကို တပ်မတော်က
ပြန်ရလိုက်တယ်။

အဲ့ဒီတိုက်ပွဲတွေမှာ
မင်းဘူးခရိုင် အမှတ် (၇) တပ်ရင်း ၊ အမှတ် ( 4 )တပ်ရင်းနဲ့ စလင်းမြို့နယ် အမှတ်( 5 ) တပ်ရင်းက PDFတွေဟာ အထိနာသွားကြတယ်။

အမှတ် ၇ နဲ့ အမှတ် ၄ က PDF အချို့ဟာ ကျောက်ပုံ
ဘက်မှာ စခန်းချနေကြပြီး

အမှတ် ၄ နဲ့ အမှတ် ၅ က PDF တစ်ချို့ကတော့
ညောင်ပင်ဝိုင်း မြောက်ဘက်ကနေ ၄ မိုင်ခန့်အကွာရှိ
တောင်တလုံးထောက်ကြံတောရကျောင်းနဲ့

ညောင်ပင်ဝိုင်းရွာမှ မြောက်ဘက် ၂ ဖာလုံအကွာမှာ
စခန်းချနေတယ်လို့ သိရတယ်။

တစ်ချို့ တစ်လေကတော့ ကျွဲခြံနဲ့ လယ်မဘက်မှာ
ဖြန့်ခွဲနေကြတယ်။

ပြောချင်တာက
ညောင်ပင်ဝိုင်း မြောက်ဘက်မှာ နေရာယူထားတဲ့
PDF တွေဟာ ရေပုတ်ကြီး ၊ ရေပုတ်ကလေး ၊
ကနီ ၊ မဒဲ ၊ ထူးပေါက်နဲ့ ညောင်ပင်ဝိုင်း ရွာတွေကို
လစ်ရင် လစ်သလို ဝင်လာပြီး

ရိက္ခာစုဆောင်းခြင်း
USDP ပါတီဝင်များကို သတ်ဖြတ်ခြင်းနဲ့ အသက်မပြည့်
သေးတဲ့ ယောက်ကျားလေး ၊ မိန်းခလေးတွေကို ဖမ်းဆီး
ပြီး လူသစ်စုဆောင်းခြင်းတွေကို လုပ်နေကြတယ်။

ဥပမာအားဖြင့်
3 - 4 - 2025 ရက်နေ့မှာ PDF တွေဟာ ကနီရွာကို ဝင်လာ
ပြီး ကနီရွာက ဦးစိုးလှရဲ့ သား ဇေယျာမင်းထက်နဲ့
ဦးခင်မောင်ဝင်းရဲ့သား မောင်နိုင်လင်းသူကို ဖမ်းသွားတယ်။

13-4-2025 ရက်နေ့ကလည်း မဒဲရွာကို ဝင်လာပြီး
USDP ပါတီကို ထောက်ခံသူ ဦးလှဝင်းကို သတ်တယ်။

အဲ့ဒီနေ့မှာပဲ
မဒဲရွာက ဦးလှိုင်မင်းစိုးရဲ့ သမီး မတွယ်တာလင်းနဲ့
ဦးစိုးထွန်းရဲ့ သမီး မမေပြည့်သူတို့ကို ဖမ်းသွားတယ်။

မေးချင်တာက တာဝန်ရှိသူတွေကိုပါ

သင်္ကြန်မကျခင်မှာ
ပခုက္ကူ နဲ့ မြိုင်ဘက်က PDF တွေ စေတုတ္တရာဘက်ကို
ဝင်လာတယ် ၊ စစ်ရေးလှုပ်ရှားမှုတွေလုပ်လိမ့်မယ်လို့
သတင်းပေးခဲ့တယ်။
မလှုပ်ဘူး ။ အခု စေတုတ္တရာထဲက ၁၈ မိုင်စခန်းကျသွား
ပြီ။

ကျောက်ပုံမှာ PDF တွေ စခန်းရှိတယ်လို့ သတင်းပေး
ကြတယ် ။ ဗုံးမကြဲဘူး ။

အခု
ညောင်ပင်ဝိုင်း ပတ်ဝန်းကျင်မှာ PDF တွေ စခန်းချပြီး
ညောင်ပင်ဝိုင်းပတ်ဝန်းကျင်က ရွာတွေကို ဝင်ပြီး
ရိက္ခာစုတာ ၊ လူသစ်စုဆောင်းတာ ၊ အကြမ်းဖက်တာ
တွေ လုပ်နေကြောင်း သတင်းထပ်ပေးကြပြန်တယ်။

မလုပ်လို့
ဧပြီလ ၁၈ ရက် ၁၉ ရက်ပတ်ဝန်းကျင်မှာ PDF တွေ
စစ်ရေးလှုပ်ရှားမှုလုပ်လို့ မဲဇလီရဲစခန်း ၊ ဆင်လူးနဲ့
ကျောင်းကုန်းကြီး ပသစ ရွာတွေ ခံလိုက်ရပြီ ဆိုရင်တော့။

16-4-2025

aungsatthi
Увайдзіце, каб разблакаваць больш функцый.