ဝက်သည်းကန်(စလင်း) ၏ အနောက်ဘက်ကျေးရွာများတွင် PDF အဖွဲ့များလှုပ်ရှားနေ
ဧပြီ ၂၀
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဝက်သည်းကန်(စလင်း) ၏ အနောက်ဘက်ကျေးရွာများတွင် PDF အဖွဲ့ဝင်များလှုပ်ရှားနေကြောင်းသိရသည်။
ယခုလက်ရှိတွင် စလင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်ကလည်း စစ်ကြောင်းများစွာဖြန့်ခွဲ၍တိုက်ခိုက်လျက်ရှိပါသည်။ PDF အဖွဲ့များသည် ဝက်သည်းကန်(စလင်း) ၏ အနောက်ဘက်ရှိ ရွာသစ်ကျေးရွာ၊ တမာချောင်ကျေးရွာ နှင့် ရွှေတွင်းတူးကျေးရွာ တို့တွင်လည်း ရောက်ရှိနေကြောင်းသိရသည်။
ထို့ပြင် PDF အဖွဲ့များသည် ရွှေတွင်းတူးကျေးရွာ ၏ အနောက်ဘက်တွင် နင်းမိုင်းများထောင်ထားကြောင်းသိရသည်။ ကန်ချောင်းတောရကျောင်း ဆရာတော်သည် တပ်မတော်၏လှုပ်ရှားမှုများကို ဆရာတော်ကိုယ်တိုင် PDF အဖွဲ့ထံသို့ သတင်းပေးနေကြောင်း သိရသည်။ PDF အဖွဲ့များသည် ကန်ချောင်းတောရကျောင်းကို တစ်ခါတလေရောက်ရှိလာတတ်ကြောင်း ဒေသခံများထံမှသိရသည်။
MFG media