Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Yangon Division News 2025 avatar

Yangon Division News 2025

ရန်ကုန်တိုင်းဒေသကြီးသတင်းများကို တိကျမှန်ကန်စွာဖော်ပြပေးလျှက်ရှိပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့ဆောင်ရွက်ချက်များ၏ဂုဏ်တစ်ရပ်ကိုမြှင့်တင်မယ်။
Рэйтынг TGlist
0
0
ТыпПублічны
Вертыфікацыя
Не вертыфікаваны
Надзейнасць
Не надзейны
Размяшчэнне
МоваІншая
Дата стварэння каналаSep 14, 2023
Дадана ў TGlist
Sep 04, 2024
Прыкрепленая група

Рэкорды

09.02.202523:59
2.7KПадпісчыкаў
22.03.202523:59
300Індэкс цытавання
14.12.202423:59
7.6KАхоп 1 паста
06.04.202509:45
7.9KАхоп рэкламнага паста
07.03.202502:34
16.22%ER
11.12.202423:59
305.15%ERR

Развіццё

Падпісчыкаў
Індэкс цытавання
Ахоп 1 паста
Ахоп рэкламнага паста
ER
ERR
OCT '24JAN '25APR '25

Папулярныя публікацыі Yangon Division News 2025

April-7

▪️လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
30.03.202515:00
လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပြတ်တောက်နေသည့်အခြေအနေနှင့်ပတ်သက်၍ အများပြည်သူသို့ အသိပေးသတင်းထုတ်ပြန်ခြင်း
***
၂၀၂၅ ခုနှစ်၊ မတ်လ   ၃၀  ရက်

၁။  ၂၈.၃.၂၀၂၅ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ၊ ထရန်စဖော်မာများနှင့် ဆက်စပ်ပစ္စည်းများ ပျက်စီးချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

၂။  အဆိုပါ ပျက်စီးချို့ယွင်းမှု ဖြစ်ပေါ်ခဲ့မှုများအနက် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးလိုင်းများနှင့် ပင်မဓာတ်အားခွဲရုံ ပျက်စီးခဲ့မှုများကို လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၃၄ ဦးဖြင့် လည်းကောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေးလိုင်းများနှင့် ဓာတ်အားခွဲရုံများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများအပြင် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၄၂၆ ဦး စုစုပေါင်းဝန်ထမ်းအင်အား ၅၆၀ ဦးတို့ဖြင့် ဓာတ်အား အမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး နယ်မြေအတွင်း ပျက်စီးမှုများအား အမြန်ဆုံးပြင်ဆင်နိုင်ရေးအတွက် တိုင်းဒေသကြီး အတွင်းရှိ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းများအပြင် ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ  လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၅၄၅ ဦးတို့ဖြင့် ဓာတ်အားအမြန် ပို့လွှတ်ဖြန့်ဖြူး နိုင်ရေး အင်အားစုဖွဲ့၍  ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက် လျက်ရှိပါသည်။

၃။  ထိုသို့ လျှပ်စစ်ဓာတ်အားများ အမြန်ဆုံး ပြန်လည်ပို့လွှတ်ဖြန့်ဖြူးပေးနိုင်ရေး အရှိန် အဟုန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်ထောင်စု ဝန်ကြီး ဦးစီး၍ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ဒုတိယဝန်ကြီးဦးစီး၍ လည်းကောင်း ပြုပြင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့်  လျှပ်စစ်ဓာတ်အား ပြတ်တောက် မှုများ ဖြစ်ပေါ်လျက်ရှိနေသည့်အပေါ် ပြည်သူလူထုအနေဖြင့် နားလည်ပေးနိုင်ပါရန် သတင်းထုတ်ပြန် အပ်ပါသည်။  
                               
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
https://t.me/Yangonnews2024
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးပေါ်  အခြေအနေထုတ်ပြန်ကြေညာထားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက် ။

မတ်လ -၂၈ ရက်
25.03.202509:18
ParadiiseSpa city
Grand Honey SPAမှာ
ဖာ ရောမူးယစ်ဆေးရောရနေပါတယ်လို့ သတင်းပေးပို့ထားပါတယ်။

လူကြီးမင်းများ နိုးထကြပါ။
အိပ်ခြင်ယောင်ဆောင်မနေကြပါနဲ့။

#YDN
28.03.202516:53
သတင်းအမှားတက်နေပါတယ်။ ရန်ကုန် VIP တွေသာ မီးပေးမည်ဆိုသည်မှာ လုံးဝမဟုတ်ပါ။ ရန်ကုန်ခွဲရုံများအားလုံး ချိတ်ဆက်ပြီးက အုပ်စုခွဲ၍ အလှည့်ကျစနစ်ဖြင့် ဓာတ်အားပေးရန် ညွှန်ကြားချက်ရရှိထားပြီး ဖြစ်ပါသည်။

ဓာတ်အားစနစ်၏သဘောမှာ ထုတ်လုပ်မှု၊ သုံးစွဲမှု ညီမျှမှ ရပါမယ်။ စက်ရုံတခုချင်းစီမှ ဓာတ်အားထုတ် ထုတ်သမျှကို ပို့လွှတ်ရသည့်ခွဲရုံမှ ဖီဒါများအား အရင်ပေးရပါသည်။ ၎င်းနောက် တည်ငြိမ်အောင်စောင့်၍ နောက်ထပ်စက်တလုံးထပ်မောင်း၊ ထုတ်သမျှကို ဆက်လက်ပေးပို့ ချိတ်ဆက် စသည်ဖြင့် တဆင့်ချင်း ချိတ်ဆက်နေရတာပါ။ ရနေတာက Systemတွဲနေတုန်း ငြိမ်အောင် အနီးဆုံးဖီဒါပေးရတာမို့ပါ။ ပေးတုန်း စုပြုံထဆွဲ ပြန်ပြုတ်နဲ့ အဆင်မပြေဘူးဖြစ်နေတာပါ။

#KS
https://t.me/Yangonnews2024
09.04.202513:52
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
==========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(က) ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီ အတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက် သို့ ပြန်ကွေ့ကာ နောက် ၃၀ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ၁၂-၄-၂၀၂၅ ရက်နေ့မှ ၁၇-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်
===========
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုအပ်ပါသည်။
18.04.202508:57
ငလျင်နဲ့ ပတ်သက်၍ နိုင်ငံတော်၏ ထုတ်ပြန်ချက်



ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်။ ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

https://t.me/Yangonnews2024
Пераслаў з:
🛡⚔ Fighter🛡⚔ avatar
🛡⚔ Fighter🛡⚔
Breaking

စပယ်ဦး ( ခ )သောင်းသောင်း KNU. တောတွင်း သင်တန်းဆင်း ၂၁. ကြည့်မြင်တိုင် တစ်ဘက်ကမ်း အေးရွာနေအိမ်တွင် ဖမ်းဆီးရမိသည်။

#Fighter
18.04.202513:45
ယနေ့ညနေမှ ၂၀-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
https://t.me/Yangonnews2024
ကမာရွက်မြို့နယ်၊မြို့မရဲစခန်း ခြံစည်းရိုး နဲ့ ကားမှတ်တိုင်ကြား၌ ယမန်နေ့ည ၁၀ နာရီခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှု့ ဖြစ်ပေါ်ခဲ့သည်။

ထိုအုတ်တံတိုင်းအား Yangon UG Armyနှင့် OF အဖွဲ့မှ ဖောက်ခွဲခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထိုအဖွဲ့များမှထုတ်ပြန်ထားသည်။
28.03.202508:07
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++++++
             
ယနေ့ (၂၈.၃.၂၀၂၅) ရက်နေ့၊  (၁၂:၅၀) နာရီ အချိန်ခန့်တွင် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်သွားပါသဖြင့်  ရန်ကုန်တိုင်းဒေသကြီး အတွင်း ယာယီဓာတ်အားပြတ်တောက်နေပါကြောင်းနှင့် ဓာတ်အားပြန်လည်ပေးနိုင်ရေး အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါကြောင်း  မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြား အပ်ပါသည်။

                                                                                                                                                  
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
#CC-4462
#CC_4462

18.4.2025 (8:45) pm
သာကေတကျောက်တိုင်အနီး မှာ လူတိုက်ပြီးထွက်ပြေးသွားပါကြောင်းမျက်မြင်သက် သေတဦးမှ သတင်းပို့လာပါတယ်။

Toyota Cadina ခဲပုပ်ရောင်ဖြစ်ပြီ ဘက်မှန် တဖက်ကျကျန်ခဲ့ပါသည်။

တိုက်ခံရသူမှာ နေရာမှာတင် ပွဲချင်းပြီး D သွားပါပြီ။

#တိုက်ကြေကား
နောက်ထပ် ၆နာရီကြာ နောက်ဆက်တွဲ ငလျှင်များ ထပ်မံလှုပ်ခတ်နိုင်
အဲ့လူ ဘယ်မြို့ကလဲ တော့မသိဘူး...

ရေခဲထုပ်တွေ
လာသမျှကား လှူပေးနေတယ် လို့တွေ့တယ်..

စိတ်ပူမိတာ တခုတော့ရှိတယ်

နောက်နေ့ ဈေးပြန်ရောင်းဖို့
အရင်း တောင် ရှိပါ့မလားပေါ့...

ထားပါတော့

အဲ့လူကို သိရင် ပြောပါ

တွန်းလှည်းနဲ့ ရေခဲထုတ်ကိုသူများဆီကဖောက်သည် ယူရောင်းနေရရင်

သူ့အိမ်မှာ လျပ်စစ်မီးသုံးလို့ရရင်

ကိုယ်ပိုင် ရေခဲထုတ်ရေခဲစက် ဆားကန်အသေး တလုံး လှူချင်ပါတယ်..

ကိုနိူင်
09963326488
ငရက်ကွက်
‌‌မွောကျဥကလာပ
အိမ်အမှတ် 439
နွယ်နီ 11လမ်း

ရန်ကုန်မြို့
07.04.202509:08
ရန်ကုန်မြို့...အထူးသတိ

ရန်ကုန်မြို့သို့ အမြို့မြို့အနယ်နယ်မှ စစ်ဘေး၊ငလျင်ဘေးဒဏ် သင့် ရှောင် ပြည်သူများနှင့်ရောယောင်၍ အကြမ်းဘက်များ သွားလာလှုပ်ရှားနေကြောင်းး

မြေအောက်UGများနှင့်ဆက်သွယ်၍ ရန်ကုန်မြို့ရဲ့ တည်ငြိမ်နေမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်မှုများပြုလုပ်ရန်ကြံစည်နေကြောင်းး

သတင်းပေးပို့မှုများရှိလာသဖြင့် လုံခြုံရေး အဖွဲ့များ သတိရှိစွာဖြင့် နေ့ည မပြတ်ဆောင်ရွက်ကြပါရန်နှင့်ဧည့်စာရင်းစစ်ဆေးမှုများ နေ့စဥ် ပြုလုပ်ပါရန်နှင့်အေးချမ်းစွာနေထိုင်ကြလိုသော မိဘပြည်သူများက သတင်းပေးပို့ပူးပေါင်းပေးကြပါရန် တင်ပြအပ်ပါတယ်။

#YDNa@Yangonnews2024
#ပေးပို့သတင်း
#AdminTeams2025
Увайдзіце, каб разблакаваць больш функцый.