Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Yangon Division News 2025 avatar
Yangon Division News 2025
Yangon Division News 2025 avatar
Yangon Division News 2025
#CC-4462
#CC_4462

18.4.2025 (8:45) pm
သာကေတကျောက်တိုင်အနီး မှာ လူတိုက်ပြီးထွက်ပြေးသွားပါကြောင်းမျက်မြင်သက် သေတဦးမှ သတင်းပို့လာပါတယ်။

Toyota Cadina ခဲပုပ်ရောင်ဖြစ်ပြီ ဘက်မှန် တဖက်ကျကျန်ခဲ့ပါသည်။

တိုက်ခံရသူမှာ နေရာမှာတင် ပွဲချင်းပြီး D သွားပါပြီ။

#တိုက်ကြေကား
ကမာရွက်မြို့နယ်၊မြို့မရဲစခန်း ခြံစည်းရိုး နဲ့ ကားမှတ်တိုင်ကြား၌ ယမန်နေ့ည ၁၀ နာရီခန့်က ဗုံးနှစ်လုံး ပေါက်ကွဲမှု့ ဖြစ်ပေါ်ခဲ့သည်။

ထိုအုတ်တံတိုင်းအား Yangon UG Armyနှင့် OF အဖွဲ့မှ ဖောက်ခွဲခဲ့ပြီး အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထိုအဖွဲ့များမှထုတ်ပြန်ထားသည်။
လှည်းကူးမိုးသည်းနေသည် - ည ၇ နာရီ ၄၅ မိနစ်

Edited ယခုမိုးသည်းသည့်မိုးရွာနှုန်းအတိုင်းရွာ တနာရီ ၁.၆၁ လက်မနှုန်း ဖြင့်ရွာနေမည်ဖြစ်သည်။
April-7

▪️လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့မှ ဧပြီ ၁၅ ရက်အတွင်း တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်း(ကပ္ပလီကျွန်းအနီး)တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ ဧပြီ ၇ ရက်မှ ဧပြီ ၁၅ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့၌ မိုးရွာသွန်းနိုင်သည်ဟု မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ယနေ့ ဧပြီ ၇ ရက်မှစ၍ ဧပြီ ၁၄ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
06.04.202516:03
ရန်ကုန်မြို့တော်ဝန်မဏ္ဍပ် ပြန်ဖျက်လိုက်ပါပြီ
ဒီနှစ်ရန်ကုန်သင်္ကြန်ကဲခြင်သူများ စိတ်ရှော့လိုက်ကြပါတော့ ဘာပဲဖြစ်ဖြစ် အကြတ် အတက်ကတော့ ရပ်ကွပ် သင်္ကြန်ဖြစ်နိုင်ပါတယ်။

ကိုကျော်ကြီး
Пераслаў з:
MRTV avatar
MRTV
19.04.202512:00
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ် တရားတော်နာ ရွတ်ဖတ်ပူဇော်ပွဲသို့ တက်ရောက်၊ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့ရှိ ဘိုးဘွားရိပ်သာများအား သွားရောက်ကြည့်ရှုအားပေး
Пераслаў з:
🛡⚔ Fighter🛡⚔ avatar
🛡⚔ Fighter🛡⚔
Breaking

စပယ်ဦး ( ခ )သောင်းသောင်း KNU. တောတွင်း သင်တန်းဆင်း ၂၁. ကြည့်မြင်တိုင် တစ်ဘက်ကမ်း အေးရွာနေအိမ်တွင် ဖမ်းဆီးရမိသည်။

#Fighter
07.04.202509:08
ရန်ကုန်မြို့...အထူးသတိ

ရန်ကုန်မြို့သို့ အမြို့မြို့အနယ်နယ်မှ စစ်ဘေး၊ငလျင်ဘေးဒဏ် သင့် ရှောင် ပြည်သူများနှင့်ရောယောင်၍ အကြမ်းဘက်များ သွားလာလှုပ်ရှားနေကြောင်းး

မြေအောက်UGများနှင့်ဆက်သွယ်၍ ရန်ကုန်မြို့ရဲ့ တည်ငြိမ်နေမှုကို အခွင့်ကောင်းယူ၍ နိုင်ငံရေးအမြတ်ထုတ်မှုများပြုလုပ်ရန်ကြံစည်နေကြောင်းး

သတင်းပေးပို့မှုများရှိလာသဖြင့် လုံခြုံရေး အဖွဲ့များ သတိရှိစွာဖြင့် နေ့ည မပြတ်ဆောင်ရွက်ကြပါရန်နှင့်ဧည့်စာရင်းစစ်ဆေးမှုများ နေ့စဥ် ပြုလုပ်ပါရန်နှင့်အေးချမ်းစွာနေထိုင်ကြလိုသော မိဘပြည်သူများက သတင်းပေးပို့ပူးပေါင်းပေးကြပါရန် တင်ပြအပ်ပါတယ်။

#YDNa@Yangonnews2024
#ပေးပို့သတင်း
#AdminTeams2025
06.04.202515:50
တရုတ်နိုင်ငံမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများရောက်ရှိ

ဧပြီလ ၆ ရက်

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ပြင်းထန်မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယင်းဒေသများမှ ငလျင်ဒဏ်သင့်ပြည်သူများအတွက် တရုတ်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ တင်ဆောင်လာသည့် လေယာဉ်သည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

အဆိုပါလေယာဉ်ဖြင့်ဆေးပစ္စည်းများနှင့်အသက်ရှူကရိယာများ ၃၂၈၈ kg ပါရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိချိန်တွင် ရန်ကုန်တိုင်းဒေသကြီး  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဉီးသန်းစိုးက လက်ခံ ရယူကာရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သားများ၊ ရန် ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်းကုန်တင် ကုန်ချလုပ်သားများက သက်ဆိုင်ရာမော်တော်ယာဉ်များပေါ်သို့ တင်ဆောင်ပြီး ငလျင် ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည်တော်သို့ ဆက်လက်ပို့ခဲ့ကြောင်း သတင်းရရှိသည်။
အဲ့လူ ဘယ်မြို့ကလဲ တော့မသိဘူး...

ရေခဲထုပ်တွေ
လာသမျှကား လှူပေးနေတယ် လို့တွေ့တယ်..

စိတ်ပူမိတာ တခုတော့ရှိတယ်

နောက်နေ့ ဈေးပြန်ရောင်းဖို့
အရင်း တောင် ရှိပါ့မလားပေါ့...

ထားပါတော့

အဲ့လူကို သိရင် ပြောပါ

တွန်းလှည်းနဲ့ ရေခဲထုတ်ကိုသူများဆီကဖောက်သည် ယူရောင်းနေရရင်

သူ့အိမ်မှာ လျပ်စစ်မီးသုံးလို့ရရင်

ကိုယ်ပိုင် ရေခဲထုတ်ရေခဲစက် ဆားကန်အသေး တလုံး လှူချင်ပါတယ်..

ကိုနိူင်
09963326488
ငရက်ကွက်
‌‌မွောကျဥကလာပ
အိမ်အမှတ် 439
နွယ်နီ 11လမ်း

ရန်ကုန်မြို့
19.04.202511:59
မိုင်းဖုန်းဆရာတော်င်္ကြး​၏ငလျင်ဘေးသင့်ခဲ့သော တောင်ကြီး၊ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်မြို့များသို့ သွားရောက်ကူညီထောက်ပံ့ လှူဒါန်းခြင်းခရီးစဉ်

(၁၉-၄-၂၀၂၅) ရက်နေ့ (၀၇:၃၀) နာရီတွင် မိုင်းဖုန်းမှ စတင်ထွက်ခွာပြီး တခလ-မိုင်းဆတ် လမ်း ကြောင်းအတိုင်း ကြွရောက်မည်ဖြစ်ပြီး  မိုင်းပန်မြိုတွင်ညအိပ်ရပ်နား မည်။

(၂၀-၄-၂၀၂၅) ရက်နေ့ တောင်ကြီးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၁-၄-၂၀၂၅) ရက်နေ့ မန္တလေးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၂-၄-၂၀၂၅) ရက်နေ့ မန္တလေးမြို့တွင်  လှူဘွယ်ပစ္စည်းများလှူဒါန်းပြီး ပြင်ဦးလွင်မြို့တွင် ညအိပ်ရပ်နားမည်။

(၂၃-၄-၂၀၂၅) ရက်နေ့ ပြင်ဦးလွင်မြိုမှ မန္တလေး မြို့သို့ ပြန်ကြွလာပြီး မန္တလေးမြို့တွင် ညအိပ်ရပ်နားမည်။

(၂၄-၄-၂၀၂၅) ရက်နေ့ နေပြည်တော်သို့ ခရီးဆက်ပြီး နေပြည်တော်တွင် ညအိပ်ရပ်နားမည်။

(၂၅-၄-၂၀၂၅) ရက်နေ့ နေပြည်တော်တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၆-၄-၂၀၂၅) ရက်နေ့ နေပြည်တော်မှ ရန်ကုန်မြို့သို့ကြွရောက်ပြီး ရန်ကုန်မြို့တွင် ညအိပ်ရပ်နားမည်။

(၂၇-၄-၂၀၂၅) ရက်နေ့ ရန်ကုန်မြို့တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၈-၄-၂၀၂၅) ရက်နေ့ ရန်ကုန်တွင် ထပ်မံ ညအိပ်ရပ်နားမည်။

(၂၉-၄-၂၀၂၅) ရက်နေ့ ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ပြန်လည် ကြွရောက်ပြီး ညအိပ်ရပ်နားမည်။

ဆရာတော်၏ ခရီးစဉ် တလျှောက်လုံးတွင် မိုင်းဖုန်း(က)အုပ်စုအုပ်ချုပ်ရေးမှူး ဦးအိုက်လာ (09899996995) နှင့်အတူ မော်တော်ယာဉ် ၃၈ စီး၊ အလှူရှင် ၉၃ ဦး တို့ လိုက်ပါသွားမည်ဖြစ်သည်။

Photo Kyaw win Naing
18.04.202513:45
ယနေ့ညနေမှ ၂၀-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
https://t.me/Yangonnews2024
09.04.202513:54
07.04.202507:02
ဧပြီလ ၇ ရက် နံနက်ပိုင်းမှာ တွေ့ရတဲ့ ဂြိုဟ်တုတိမ်ပုံတွေနဲ့ D-PRINT (DeeP learning - IR INtensity of TCs) အချက်အလက်များအရ 92B က အားကောင်းလာခြင်းမရှိပါ။ 14knots to 16 knots(တနာရီ ၁၆.၁၁ မိုင်မှ ၁၈.၄၁ မိုင်နှုန်းခန့်သာ 92B ရဲ့ ဗဟိုအနီးလေတိုက်နှုန်းရှိနေကြောင်း တွေ့ရပါတယ်။
အားပျော့တဲ့ လာနီညာဆက်လက်ဖြစ်ပေါ်နေဆဲအခြေအနေကြောင့် အရှေ့လေစီးကြောင်းအားကောင်းနေတာလဲ တွေ့ရပါမယ်။

လက်ရှိအချိန်မှာ INVEST-92B မှ ဆက်ပြီး ဖြစ်လာနိုင်တဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ အရှိန်သက်ရောက်မှုက ဧပြီလ အတွင်း ၅ ရက် (၁၁/၁၂/၁၃/၁၄/၁၅ နေ့တွေ) မှာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်းး ဒေသတွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။

ကျန်ပြည်နယ်တိုင်းဒေသများမှာဖြစ်ပေါ်နိုင်မဲ့ မိုးလေဝသအခြေအနေများအတွက် ကြည့်ရန် link :
https://www.mmweather.org/divisional-cities-weather

တရားဝင်မိုးလေဝသဌာနများမှ မနေ့က - နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်တယ်လို ကြေညာထားကြောင်းလဲ တင်ပြထားပြီးဖြစ်ပါတယ်။

⚠️ အခုအချိန်မှာ ငလျင်ဒဏ်သင့်ဒေသများ မိုးများနိုင်မဲ့ အခြေအနေရှိနေတာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ သဘာဝဘေးများအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန် အသိပေးတင်ပြလိုက်ပါတယ်။

(ဧပြီလ ၇ ရက် - ၁၂ နာရီ ၄၀ မိနစ်)
06.04.202514:10
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက်
===============================

ယနေ့မြန်မာစံတော်ချိန် ၁၈:၃ဝ နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တိုမှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်း ဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်  ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အထိ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တိုတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရပါသည်။

အလားတူ ၁၂-၄-၂ဝ၂၅ ရက်နေ့မှ ၁၄-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တိုတွင် နေရာစိပ်စိပ်မှ နေရာအနှံအပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်းသိရှိရပါသည်။

အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် မြေပြိုခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအား ကြိုတင်သတိပြုနိုင်ရန် မိုး/ဇလ မှ ထုတ်ပြန်ထားပါသည်။
18.04.202508:57
ငလျင်နဲ့ ပတ်သက်၍ နိုင်ငံတော်၏ ထုတ်ပြန်ချက်



ငလျင်သည် မည်သည့်အချိန်၊ မည်သည့်နေရာတွင် လှုပ်ရှားမည်ကို ယနေ့အချိန်ထိ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံ၊ မည်သည့်ငလျင်ပညာရှင်မှ တိတိကျကျ ကြိုတင်မခန့်မှန်းနိုင်သော သဘာဝဘေးတစ်မျိုး ဖြစ်ပါသည်။ ငလျင်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက သက်ဆိုင်ရာ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဖုန်းနံပါတ်များဖြစ်သည့် ၀၆၇-၃၄၁၁၂၆၉ နှင့် ၀၆၇-၃၄၁၁၂၅၃ တို့သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

https://t.me/Yangonnews2024
09.04.202513:52
အားကောင်းသောလေဖိအားနည်းရပ်ဝန်းအခြေအနေ
==========================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်

(က) ယနေ့မြန်မာစံတော်ချိန် ၁၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဆက်လက်တည် ရှိနေပါသည်။ အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် နောက် ၆ နာရီ အတွင်း မြောက်ယွန်းယွန်းသို့ ရွေ့လျားနိုင်ပြီး၊ ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက် သို့ ပြန်ကွေ့ကာ နောက် ၃၀ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ခ) အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညမှ ၁၁-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ၁၂-၄-၂၀၂၅ ရက်နေ့မှ ၁၇-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသ များတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

အကြံပြုချက်
===========
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုအပ်ပါသည်။
06.04.202517:41
၆.၄.၂၀၂၅ ရက်နေ့၊ ၂၃ ၂၈ အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် Level 1 ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်လျက်ရှိပါသည်။Update
၂၃ ၄၈ အချိန် မီးထိန်းပါသည်။Update
၂၃ ၅၆ အချိန် မီးငြိမ်းပါသည်။
06.04.202515:39
ပါကစ္စတန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများ ရောက်ရှိ
+++++++++++++++++++++++++++++++++++++++++++++++++++++++++++
နေပြည်တော်၊  ဧပြီ-၆  ရက်                                                                                                                                                                                                                                                                                                                                                                  
နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများရှိ ပျက်စီးဆုံးရှုံးမှုများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ် ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်ပမှလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအ ကူအညီ များကိုလမ်းဖွင့် ပေးထားပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်သင့်ပြည်သူများအတွက်  ပါကစ္စ တန်နိုင်ငံမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ဆေးဝါးများ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒုတိယအကြိမ် ရောက်ရှိသည်။
အဆိုပါ ကူညီကယ်ဆယ်ရေးပစ္စည်းများတွင် မိုးကာတဲ၊ တကိုယ်ရည်သုံး ပစ္စည်များ၊ တာပေါ်လင်၊ ဆေးဝါးများ၊ (MRE)အသင့်စားအစားအစာများ စုစုပေါင်း ၃၁၃၀၁ kg ပါဝင်ပြီးရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက် ရှိ လာရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ၊ တပ်မတော် အရာရှိကြီးများ၊ မြန်မာ နိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး H.E. Mr. Imran Haider နှင့်သံရုံးတာဝန်ရှိသူများ၊ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ မဟာဗျူဟာလေ့လာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်၍ လိုအပ်သည်များပေါင်း စပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ရောက်ရှိလာသည့် ကယ်ဆယ်ရေးပစ္စည်းများကို တပ်မတော်သား များ၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီမှ ဝန်ထမ်းများ၊ ပြည်တွင်း ကုန်တင်ကုန်ချလုပ်သားများက သက်ဆိုင်ရာ မော်တော်ယာဉ်များ ပေါ်သို့ တင် ဆောင်ပြီး ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် နေပြည် တော်သို့ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
06.04.202506:27
လှည်းတန်း ထန်းတပင်ကျောင်း ထဲ လူသတ်မှု ဖြစ်ပွားဟု ဆို...

https://www.facebook.com/share/v/1A7VsxeDKY/?mibextid=oFDknk
Паказана 1 - 24 з 182
Увайдзіце, каб разблакаваць больш функцый.