26.02.202505:57
မူဝါဒနှင့် ရည်မှန်းချက်တာဝန်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏မူဝါဒ
၁။ မျိုးချစ်စိတ်ရှိရမည်။
၂။ စွမ်းရည်ပြည့်ဝရမည်။
၃။ ခေတ်မီရမည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ရည်မှန်းချက်တာဝန်များ
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က) ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး။
( ခ ) တရားဥပဒေစိုးမိုးရေး။
( ဂ ) မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး။
( ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး။
https://t.me/MyanmarNationalPost

26.02.202503:00
ရှီကျင့်ဖိန်နှင့် ရုရှားသမ္မတ ပူတင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး
ပေကျင်း၊ ဖေဖော်ဝါရီ ၂၆
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဖိတ်ကြားချက်အရ ရုရှားသမ္မတ ပူတင်နှင့် ဖေဖော်ဝါရီ ၂၄ ရက် ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။
ထိုသို့ဆက်သွယ်ဆွေးနွေးရာတွင် ရှီကျင့်ဖိန်က တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်မတိုင်မီ မိမိနှင့် သမ္မတပူတင် တို့ ဗီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးပြီး တစ်နှစ်ပတ်လုံး တရုတ်-ရုရှား ဆက်ဆံရေး တိုးတက်ရေးအတွက် စီစဉ်လမ်းညွှန်မှုပေးခဲ့သလို နိုင်ငံတကာနှင့် ဒေသရေးရာ အရေးကြီးကိစ္စရပ်များစွာအတွက် ညှိနှိုင်းဆွေးနွေးမှုများ အားဖြည့်ဆောင်ရွက်ခဲ့ကြောင်း ထောက်ပြပြောကြားခဲ့သည်။
နှစ်နိုင်ငံ ဌာနအသီးသီးက မိမိတို့ ရရှိခဲ့သော သဘောတူညီချက်များအတိုင်း တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အခမ်းအနားများ ဆောင်ရွက်ခြင်းအပါအဝင် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြကြောင်း၊ တရုတ်-ရုရှားမှာ ရွှေ့ပြောင်းမရသည့် အိမ်နီးချင်း ဖြစ်သလို အေးအတူပူအမျှဖြစ်ပြီး အပြန်အလှန်ထောက်ခံအားပေးကာ အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြသည့် မိတ်ဆွေစစ် မိတ်ဆွေမှန်များ ဖြစ်ကြသည်ကို သမိုင်းနှင့် လက်တွေ့ ဖြစ်ရပ်က မိမိတို့အား ရှင်းလင်းစွာ ပြသခဲ့ကြောင်း၊ တရုတ်-ရုရှား ဆက်ဆံရေးသည် အင်အားကြီးမားသော ပင်ကိုတွန်းအားနှင့် တစ်မူထူးခြားသည့် မဟာဗျူဟာ တန်ဖိုးရှိရာ တတိယဘက်ကို ဦးတည်ခြင်း မရှိသလို မည်သည့် တတိယဘက်၏ ဩဇာလွှမ်းမိုးမှုကိုလည်း ခံမည်မဟုတ်ကြောင်း၊ တရုတ်-ရုရှား နှစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့် နိုင်ငံခြားရေးမူဝါဒသည် ရေရှည်ဖြစ်ကြောင်း၊ နိုင်ငံတကာအခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်-ရုရှား ဆက်ဆံရေးသည် အေးဆေးတည်ငြိမ်စွာ ရှေ့သို့ လျှောက်လှမ်းကာ ကိုယ်စီ ဖွံ့ဖြိုးတိုးတက်မှုအားကောင်းရေးအတွက် အထောက်အပံ့အင်အား၊ နိုင်ငံတကာဆက်ဆံရေးအတွက် တည်ငြိမ်မှုနှင့် အပြုသဘောစွမ်းအင် ဖြည့်တင်းသွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပူတင်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့်အတူ နှစ်သစ်တွင် အဆင့်မြင့်အလွှာ ဖလှယ်မှုများကို ထိန်းသိမ်းသွားရန် မျှော်လင့်သလို လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ ကမ္ဘာ့ ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့်နှင့် တရုတ်ပြည်သူများ ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်အခမ်းအနားများကို အတူတကွ ကျင်းပသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ ရုရှားနိုင်ငံ ရေရှည် အလေးထားသည့် မဟာဗျူဟာ ရွေးချယ်မှု ဖြစ်ရာ အခြေအနေအရ ယာယီထားရှိသော အစီအစဉ် လုံးဝဥဿုံမဟုတ်ကြောင်း၊ အချိန်အခါတစ်ခုခု အကြောင်းအရာ တစ်ခုခု၏ ရိုက်ခတ်မှုကို ခံမည်မဟုတ်သသို အပြင်ဘက်အကြောင်းရင်း၏ နှောင့်ယှက်မှုကိုလည်း ခံမည်မဟုတ်ကြောင်း၊ မျက်မှောက်အခြေအနေတွင် ရုရှား-တရုတ် ဆွေးနွေးညှိနှိုင်းမှုများကို နီးကပ်စွာ ထားရှိခြင်းသည် နှစ်နိုင်ငံ ခေတ်သစ် ဘက်စုံ မဟာဗျူဟာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စိတ်ဓာတ်နှင့် ကိုက်ညီသလို နိုင်ငံတကာရေးရာတွင် ရုရှား-တရုတ်သည် တည်ငြိမ်သည့် အခန်းကဏ္ဍမှ ပါဝင်သည့် အပြုသဘောအချက်ပြ သင်္ကေတလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပူတင်က ရုရှား-အမေရိကန် ထိတွေ့ဆွေးနွေးမှု နောက်ဆုံးအခြေအနေနှင့် ယူကရိန်းအကျပ်အတည်းတွင် ရုရှားနိုင်ငံ၏ မူကျသောရပ်တည်ချက်ကို မိတ်ဆက်ပြောကြားခဲ့ရာ ရုရှားဘက်က ရုရှား-ယူကရိန်း ပဋိပက္ခ အရင်းအမြစ်ကို ဖယ်ရှားရှင်းလင်းရန်၊ စဉ်ဆက်မပြတ်နှင့် ရေရှည်ဖြစ်သော ငြိမ်းချမ်းရေး အစီအစဉ် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က ယူကရိန်း အကျပ်အတည်း ဘက်စုံအရှိန်မြင့်တက်လာသည့် ကနဦးကာလတွင် မိမိအနေဖြင့် အကျပ်အတည်းဖြေရှင်းရေး “လုပ်ဆောင်သင့်သည့် အကြောင်း ၄ ရပ်” စသည့် အခြေခံ ခံယူချက်ကို အဆိုပြုခဲ့ကြောင်း၊ ယမန်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသည် ဘရာဇီးနှင့်အတူ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံအချို့နှင့်တကွ ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေး “ငြိမ်းချမ်းရေးမိတ်ဆွေ” အဖွဲ့ငယ် ဖွဲ့စည်းခဲ့ပြီး နိုင်ငံရေးဖြင့် အကျပ်အတည်းဖြေရှင်းရေး ပတ်ဝန်းကျင်နှင့် အခြေအနေများကို စုစည်းဖန်တီး၍ တွန်းအားပေးခဲ့ကြောင်း၊ အကျပ်အတည်း ဖြေရှင်းရန် ရုရှားနှင့် သက်ဆိုင်ရာ ဘက်ပေါင်းစုံက အပြုသဘောကြိုးပမ်းမှုများကို တရုတ်နိုင်ငံက မြင်တွေ့လိုပါကြောင်း အလေးထားပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများကို နည်းလမ်းအသွယ်သွယ်ဖြင့် ဆက်လက်ထိန်းသိမ်းထားရှိရန် သဘောတူညီခဲ့ကြသည်။
REF - (Xinhua)
#MNP #News
Join - https://t.me/MyanmarNationalPost

26.02.202502:09
ထို့နောက် တက္ကသိုလ်စာကြည့်တိုက်အတွက် စာအုပ်၊ စာစောင်များနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားသည်။ တွေ့ဆုံပွဲသို့ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဆရာ ဆရာမ ၄၀၀ ခန့် တက်ရောက်ကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်ကို ကြည့်ရှုပြီး လိုအပ်သည်များ ဆွေးနွေးအကြံပြုခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မော်လမြိုင်ကိုယ်ပွားသတင်းစာတိုက်နှင့် မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် မုဒုံမြို့နယ်တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် ဆောက်လုပ် ဖွင့်လှစ်ထားသည့် ဘဲရမ်းကျေးရွာ ပညာပျိုးခင်းစာကြည့်တိုက်နှင့် နိုင်းပြိုင်ကျေးရွာ ပညာဥယျာဉ် စာကြည့်တိုက်တို့ကို ဝင်ရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ စာကြည့်တိုက်မှူး များနှင့်တွေ့ဆုံ၍ စာကြည့်တိုက် ရေရှည်တည်တံ့စေရေး၊ အချိန်မှန်ဖွင့်လှစ်နိုင်ရေး၊ စာအုပ်စာစောင် များ တိုးပွားရေးတို့ကို တိုက်တွန်း မှာကြားခဲ့သည်။
ဆက်လက်၍ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ရောက်ရှိပြီး စာကြည့်တိုက်နှင့် ရုံးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအား လုပ်ငန်းဆိုင်ရာများ မှာကြားခဲ့သည်။
#News #MNP

26.02.202501:36
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင်ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ညစာဖြင့်တည်ခင်းဧည့်ခံ
နေပြည်တော် ဖေဖော်ဝါရီ ၂၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ပြန်ကြားရေးဝန်ကြီးဌာန မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည့် “ထိရောက်သော လူထုဆက်ဆံရေးအတွက် အစိုးရပြောရေးဆိုခွင့်ရှိသူများ စွမ်းဆောင် ရည်မြှင့်တင်ခြင်း” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များအား ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lakeview resort ၌ ညစာဖြင့် တည်ခင်း ဧည့်ခံသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_968.html

25.02.202509:05
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်https://www.mmnationalpost.com/2025/02/blog-post_221.html
25.02.202508:52
မျိုးဆက်သစ်အဆိုပညာရှင်များ ပေါ်ထွက်လာစေရေး တပ်ကုန်းမြို့နယ်ဂီတအစည်းအရုံးမှ ဦးဆောင်ကျင်းပသည့် သီချင်းဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
26.02.202505:49
ချောင်းဦးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်းဆောင်ရွက်
ချောင်းဦး၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြိုနယ်အတွင်း ယမန်နေ့က နယ်မြေရှင်းလင်းစဉ် နွယ်ခွေကျေးရွာအနီးသို့အရောက် အကြမ်းဖက်အင်အား ၄၀ ဦးခန့်နှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွါထွက်ပြေးသွားခဲ့သည်။
ဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ အကြမ်းဖက်သမား ၂ လောင်း၊ အမ်အေ(၃) ၁ လက်၊ (၃) ကျည် ၁၀၀ ၊ ကျည်အိမ် ၂ ခု တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

26.02.202502:16
ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် မန္တလေး - နေပြည်တော် - မန္တလေး ခရီးစဉ် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲမည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထု ရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းများတွင် လူစီးရထားခရီးစဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ ရန်ကုန် - နေပြည်တော် ခရီးစဉ်အမှတ် (၇) အဆန်ရထားနှင့် နေပြည်တော် - ရန်ကုန် ခရီးစဉ်အမှတ် (၈) အစုန် လူစီးရထားများအား ဂျပန်နိုင်ငံမှ ဝယ်ယူရောက်ရှိလာသည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထား တွဲဆိုင်းသစ်များဖြင့်လည်းကောင်း၊ မန္တလေး - နေပြည်တော် ခရီးစဉ်အမှတ် (၂၈) အစုန်နှင့် နေပြည်တော် - မန္တလေး ခရီးစဉ်အမှတ် (၂၇) အဆန် လူစီးရထားများအား လေအိတ်ရထားတွဲဆိုင်းဖြင့်လည်းကောင်း ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အမှတ် (၇) အဆန် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် နံနက် ၆ နာရီတွင် ရန်ကုန်ဘူတာမှ စတင်ထွက်ခွာရာ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၂၇) အဆန် လေအိတ်ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ ညနေ ၅ နာရီတွင် ဆိုက်ရောက် မည်ဖြစ်သည်။
ထို့အတူ အမှတ် (၂၈) အစုန် လေအိတ်ရထားသည် နံနက် ၆ နာရီတွင် မန္တလေးဘူတာမှ စတင်ထွက်ခွာ ပြီး နံနက် ၁၁ နာရီတွင် နေပြည်တော်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကာ အမှတ် (၈)အစုန် လေအေး ပေးစက်ပါရှိသော ခေတ်မီ DEMU ရထားသည် မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ဘူတာမှ စတင် ထွက်ခွာ၍ ညနေ ၅ နာရီခွဲတွင် ရန်ကုန်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်သည်။
အဆင့်မြှင့်တင်ပြီးဖြစ်သည့် ရန်ကုန်-နေပြည်တော် ရထားလမ်းပိုင်း၌ စတင်ပြေးဆွဲမည့် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း လေးတွဲ၊အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်း ခြောက်တွဲဖြင့် ခရီးသည် ၃၁၂ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး နေပြည်တော်- မန္တလေးပြေးဆွဲမည့် လေအိတ်ရထားခရီးစဉ်အတွက် ရိုးရိုးတန်း လေးတွဲ၊ အထက်တန်း နှစ်တွဲ စုစုပေါင်း တွဲဆိုင်း ခြောက်တွဲဖြင့် ခရီးသည် ၃၃၀ လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။
လက်မှတ်ခ နှုန်းထားအနေဖြင့် ရန်ကုန်-နေပြည်တော်၊ နေပြည်တော် - ရန်ကုန် ခရီးစဉ် အတွက် အမှတ် (၇)အဆန်/ (၈)အစုန် လေအေးပေး စက်ပါရှိသော ခေတ်မီ DEMU ရထားတွင် ပထမတန်း ငွေကျပ် ၁၉၀၀၀၊ အထက်တန်းငွေကျပ် ၂၈၀၀၀နှင့် မန္တလေး-နေပြည်တော်၊ နေပြည်တော်-မန္တလေး ခရီး စဉ်အတွက် အမှတ်(၂၇)အဆန်/ (၂၈)အစုန် လေအိတ် ရထားတွင် ရိုးရိုးတန်းငွေကျပ် ၇၀၀၀၊ အထက်တန်း ငွေကျပ် ၁၁၀၀၀ ဖြစ်ကြောင်း သိရသည်။
ခရီးသည်များအနေဖြင့် ရန်ကုန် - မန္တလေးနှင့် မန္တလေး - ရန်ကုန် ခရီးစဉ်အစအဆုံး လက်မှတ်ဝယ်ယူ နိုင်ပြီး ပထမတန်း / ရိုးရိုးတန်း ငွေကျပ် ၂၆၀၀၀၊ အထက်တန်းငွေကျပ် ၃၉၀၀၀ ဖြစ်ကာ လက်မှတ်များ ကို သုံးရက် ကြိုတင်ရောင်းချပေးသွားမည်ဖြစ်သည်။
ခရီးသည်များအနေဖြင့် အဆိုပါ လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားနှင့် လေအိတ် ရထားများအား နေပြည်တော်ဘူတာတွင် ပြောင်းလဲလိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ရန်ကုန်-မန္တလေး ခရီးစဉ်တစ်လျှောက် ပဲခူး၊ ဖြူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာတို့၌ ရပ်တန့်ပေးသွား မည်ဖြစ်ကာ ခရီးစဉ်အစအဆုံး ဘူတာများတွင် ရပ်တန့်ချိန်အပါအဝင် ပြေးဆွဲချိန် ၁၁ နာရီသာ ကြာမြင့်မည်ဖြစ်ပြီး ရန်ကုန် - နေပြည်တော် - ရန်ကုန်လမ်းပိုင်းတွင် လေအေးပေးစက်ပါရှိသော ခေတ်မီ DEMU ရထားပြေးဆွဲချိန်သည် ငါးနာရီခွဲ ကြာမြင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

လူငယ်များ အသိပညာ၊ အတတ်ပညာပြည့်ဝရေး စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ
Пераслаў з:
Naung Taw Lay

25.02.202519:28
လမ်းဘေးရောက် ပြည်ဖျက်မိစ္ဆာများ ဆိုသည်မှာလည်း
ဇွတ်အတင်း အစိုးရနေတော့တာပဲ
နစက ကို အားကျလို့ ထင်ပါရဲ့
အစည်းအဝေး လုပ်ရတာနဲ့
ကျောင်းမတက်နဲ့ ကျောင်းထွက်လို့ လှုံ့ဆော်ခဲ့တဲ့ ငမိုက်သားများ က
ပညာရေးကော်မရှင် အစည်းအဝေး ဆိုတာလည်း လုပ်သေးတာ၊
ခွက်ခေါက် ဘဏ္ဍာရေးကော်မတီ ရဲ့ ဘဏ္ဍာငွေ ရှင်းတမ်းကိုတော့ ၄နှစ်ကျော်သည်အထိ အသံမကြားရ

25.02.202508:57
ရေဖြူ၌ ယခုနှစ်တွင် သီဟိုဠ်စေ့ စတင်ထွက်ရှိချိန်တစ်ပိဿာကို ငွေ ၈၅၀၀ ကျပ်အထိ ဈေးကောင်းရရှိ
ရေဖြူ ဖေဖေါ်ဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် သီဟိုဠ်စေ့ စတင်ထွက်ချိန်ရာသီတွင် မနှစ်ကပေါက်ဈေးထက် ဈေးကောင်းပိုရရှိကြောင်း သီဟိုဠ်သီးပင်စိုက်ပျိုး တောင်သူများထံမှ သိရသည်။
ယခင်နှစ်တွင် သီဟိုဠ်စေ့ရာသီစချိန်တွင် ဈေးနှုန်းမှာ တစ်ပိဿာကို ငွေ ၅၀၀၀ ကျပ်အထိ ဈေးရရှိပြီး ယခုနှစ်ရာသီစမှာ အစေ့စထွက်ချိန်ကတည်းက တစ်ပိဿာကိုငွေ ၇၅၀၀၊ ၈၀၀၀ ဈေး ကောင်းရရှိကြောင်း ခြံရှင်တစ်ဦးထံမှ သိရသည်။
ရေဖြူမြို့နယ်ရှိ ဧကနိကျေးရွာသည် မြန်မာနိုင်ငံ၌ သီဟိုဠ်ခြံ ဧကအများဆုံး စိုက်ပျိုးပြီး တစ်ရက်လျှင် ပိဿာရာချီ သီဟိုဠ်စေ့ ကောက်ယူရပြီး အလုပ်သမားများငှား၍ ရာသီချိန်အမီ လုပ်ကိုင်ကြရကြောင်း အရောင်းအဝယ်လုပ်ကိုင်သူထံမှ သိရသည်။
ရေဖြူရှိ သီဟိုဠ်စေ့ အရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက “သီဟိုဠ်စေ့ကို ရန်ကုန်က အဝယ်ဒိုင်ကြီးတွေက ပြည်ပနိုင်ငံဖြစ်တဲ့ တရုတ်နှင့် ထိုင်းကို တင်ပို့ရောင်းချလျက်ရှိကြောင်း” ၎င်းကပြောသည်။
ရေဖြူဒေသသည် နှစ်ရှည်ခြံစိုက်ပျိုးရေးကို စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် အဓိကထား၍ လုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံအဖြစ်သီဟိုဠ်၊ ရော်ဘာ၊ အုန်း၊ ကွမ်းသီးပင်များကို မြို့နယ်ရှိ ကျေးရွာနေတောင်သူများကစီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ခတ္တာ
တနင်္သာရီတိုင်းဒေသကြီး
#News #MNP
Join-https://t.me/MyanmarNationalPost

25.02.202508:48
ချမ်းအေးသာစံမြို့နယ်ရှိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
အောင်မြေသာစံ , ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သွားနှင့်ခံတွင်းဆရာဝန်သစ်လွင်များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှုးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းကို ဆက်လက်သင်ကြားပို့ချကြသည်။
အဆိုပါသင်တန်းကို ဖေဖော်ဝါရီလ၂၅ ရက်မှ ၂၆ ရက်အထိ နှစ်ရက်ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တစ်ဦး၊ ကုသရေးဦးစီးဌာနမှ (၁၄) ဦး၊ သွားနှင့်ခံတွင်းဆရာဝန် စုစုပေါင်း (၁၅) ဦး တက်ရာက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း
#News #MNP
Join-

26.02.202505:45
အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း နှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများ ပူးပေါင်းဆောင်ရွက်
တာမွေ၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း တာမွေ မြို့နယ် နတ်မောက်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_428.html
တာမွေ၊ ဖေဖော်ဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများ၌ မီးဘေး အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်ကလည်း တာမွေ မြို့နယ် နတ်မောက်ရပ်ကွက်ရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_428.html
26.02.202502:16
ခေတ်မီ DEMU ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်နှင့် မန္တလေး - နေပြည်တော် - မန္တလေး ခရီးစဉ် ဖေဖော်ဝါရီ ၂၈ ရက်မှ စတင်ကာ ချိတ်ဆက်ပြေးဆွဲမည်
26.02.202501:58
အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ် အစည်းအဝေး ကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
အမျိုးသားမြေအသုံးချမှုကောင်စီ သတ္တမအကြိမ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်အမှာစကားပြောကြားသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_977.html

25.02.202519:13
ယူကရိန်းတွေက ရုရှားတွေကို ဖုန်းလိမ်လည်ခေါ်ဆိုမှု သန်းနဲ့ချီပြီးလုပ်ကာ တိုက်ခိုက်ခဲ့
ဖေဖော်ဝါရီ - ၂၆ ( ဗုဒ္ဓဟူးနေ့ )
စဘားဘဏ် ၏ အမှုဆောင်ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ စတန်နီစလဗ် ကတ်ဇ်နီစတောဗ် က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဆိုင်ရာ ဆိုင်ဘာလုံခြုံရေး ယူရာယ်ဖိုရမ်တွင် ရုရှားနိုင်ငံသားအားလုံး၏ ထက်ဝက်ကျော်သည် အမည်မသိနံပါတ်များမှ မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကို အနည်းဆုံး တစ်ကြိမ် လက်ခံရရှိထားခဲ့တယ်လို့ ပြောပါတယ်။ နည်းပရိယာယ်အမျိုးမျိုးကို အသုံးပြု၍ ဖုန်းလိမ်လည်သူများသည် လူတစ်ဦးချင်းစီအား ငွေပို့ရန် သို့မဟုတ် တရားမဝင်သော လုပ်ရပ်များကျူးလွန်ရန် လှည့်စားခဲ့ကြပါတယ်။
ဤခေါ်ဆိုမှုအများစုကို ပြုလုပ်တဲ့ ထောင်ပေါင်းများစွာသော ခေါ်ဆိုရေးစင်တာများသည် ရည်မှန်းချက် တစ်ခုတည်းဖြင့် လုပ်ဆောင်နေပြီး ယူကရိန်းနိုင်ငံမှဖြစ်ကြောင်း မသင်္ကာဖွယ် သားကောင်များထံမှ ငွေကြေး အများအပြားကို ထုတ်ယူခဲ့ကြပါတယ်။ တစ်နှစ်အတွင်း ဆိုင်ဘာရာဇဝတ်ကောင်များသည် ရုရှားနိုင်ငံသားများ ထံမှ ရူဘယ်ဘီလီယံရာနှင့်ချီ ခိုးယူခဲ့ကြပြီး နေ့စဉ် ဖုန်းခေါ်ဆိုမှု ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖုန်းအလိမ်အညာများကို ယူကရိန်းဘက်က ပြုလုပ်နေတာက ရုရှား ဆန့်ကျင်ရေး အဓိကနည်းဗျူဟာ ပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “ဒါကို ယူကရိန်းနိုင်ငံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်နယ်အဖွဲ့အစည်းတွေကနေ လုပ်ဆောင်နေတာပါ။ ဒါဟာ ရုရှားကို တိုက်ခိုက်တဲ့ လမ်းကြောင်းတွေထဲက တစ်ခုပါပဲ”လို့ ၎င်းကပြောသွားပါတယ်။
လိမ်လည်သူများသည် ရုရှားနံပါတ်များသို့ နေ့စဉ်ဖုန်းခေါ်ဆိုမှု ရှစ်သန်းအထိ ပြုလုပ်ခဲ့ကြပါတယ်။ စာတိုပေးပို့ခြင်း အက်ပ်များကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းအသစ်များကို ထည့်သွင်းစဉ်းစားပါက၊ ဤအရေအတွက်သည် နှစ်ဆနီးပါးတိုးလာပြီး ခန့်မှန်းခြေအားဖြင့် နေ့စဉ် လိမ်လည်ခေါ်ဆိုမှု ၁၅ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊ ရုရှားသို့ လိမ်လည်ခေါ်ဆိုမှု ၉၅ % သည် ယူကရိန်းမှ ဆင်းသက်လာကာ ဒနီပရိုပီထရိုဗက် (အတိုကောက်အားဖြင့် ဒနီပရာ ဟုခေါ်သည်) မြို့ကို ထိုသို့သော ရာဇဝတ်မှု၏ ဗဟိုချက်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ “ဒနီပရိုပီထရိုဗက်တွင် ခေါ်ဆိုရေးစင်တာပေါင်း ၁၁၀၀ ကျော်ရှိသည်။ ၁၅၀လောက်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ ယူကရိန်းတစ်ဝှမ်းမှာတော့ ခေါ်ဆိုရေးစင်တာပေါင်း ၈၀၀ ကနေ ၉၀၀ လောက်ရှိနေပါ သေးတယ်။ အဲ့ဒါတွေကို ခြေရာခံနေတုန်းပါပဲ”လို့ ၎င်းကပြောပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ဒီလိမ်လည်သူတွေအသုံးပြုတဲ့ ဇာတ်ညွှန်း၊ ဇာတ်လမ်းတွေကို ယူကရိန်းမှာ ဖန်တီးတာ မဟုတ်ဘဲ "ဥရောပရဲ့အနောက်ဘက်ပိုင်းတွေမှာ လုပ်ထားတာပါ" လို့ ရုရှားအမျိုးသား ငွေပေးချေမှု ကတ်စနစ်ရဲ့ စီအီးအို ဖြစ်သူ ဗလာဒီမာကွန်လဗ် ကပြောပါတယ်။ လွန်ခဲ့သည့်နှစ်များအတွင်း၊ အဆိုပါ ခေါ်ဆိုရေးစင်တာများ၏ နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများ၊ ၎င်းတို့၏ နည်းဗျူဟာများနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုစကေးများသည် သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။
၂၀၂၄ ခုနှစ်အတွင်း လိမ်လည်သူများသည် ရုရှားလူမျိုးများထံမှ ရူဘယ် ၂၅၀-၃၀၀ ဘီလီယံ (ဒေါ်လာ ၂.၉ - ၃.၀ ဘီလီယံ) ခိုးယူခဲ့ကြောင်း ကတ်ဇ်နီစတောဗ် ကဆိုပါတယ်။
REF: RT

25.02.202508:47
ချမ်းအေးသာစံမြို့နယ်ရှိ သွားနှင့်ခံတွင်းဆရာဝန်(သစ်လွင်)များအား အုပ်ချုပ်မှုနှင့်ပြည်သူ့ဆက်ဆံရေးဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
26.02.202505:17
ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ
ပေါင်၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊
ဆီတစ်ပိသာ(၈၀၀၀)ကျပ်၊ ကြက်ဥ(၄)လုံး(၁၀၀၀)ကျပ် စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဋ္ဌ ဥက္ကဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး
#News #MNP
https://t.me/MyanmarNationalPost
ပေါင်၊ ဖေဖော်ဝါရီ ၂၆
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဖေဖော်ဝါရီလ (၂၆) ရက်နေ့ နံနက်(၉)နာရီက ကဒါရပ်ကွက် မင်္ဂလာဈေးတွင် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊
ဆီတစ်ပိသာ(၈၀၀၀)ကျပ်၊ ကြက်ဥ(၄)လုံး(၁၀၀၀)ကျပ် စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဋ္ဌ ဥက္ကဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မွန်မလေး
#News #MNP
https://t.me/MyanmarNationalPost
26.02.202502:09
လူငယ်များ အသိပညာ၊ အတတ်ပညာပြည့်ဝရေး စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဦးစောကြည်နိုင်နှင့်အတူ မော်လမြိုင်တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ လူငယ်ရေးရာကိစ္စများ ဆွေးနွေးမှာကြားသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ဖြစ်ကြ၍ အခြေခံပညာအဆင့်တွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုသည့် လေ့ကျင့်သင်ကြားမှုများဖြင့် ထိုက်သင့်သည့် အတတ်ပညာ၊ အသိပညာပြည့်ဝခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီ ဘွဲ့ရပညာတတ် များအဖြစ် လောကအကျိုး၊ နိုင်ငံ့ အကျိုး သယ်ပိုးနိုင်ကြတော့မည့် နိုင်ငံ့အင်အားများဖြစ်ကြောင်း၊ ပညာကို စွဲစွဲမြဲမြဲသင်ယူခဲ့ကြ၍ ယခုအဆင့်အထိ ရောက်လာခြင်းမှာ အားရစရာဖြစ်ကြောင်း၊ ပညာ သည် တစ်ဦးချင်းအတွက်သာမက နိုင်ငံအတွက်ပါ အဓိကကျသဖြင့် ဆုံးခန်းတိုင် တတ်နိုင်သလောက် သင်ယူကြစေလိုကြောင်း၊ ဘဝတွင် စာတတ်လေ၊ ပညာတတ်လေ၊ အကျိုးရှိလေဖြစ်ကြောင်း၊ သို့ဖြစ် ၍ ဘွဲ့ရရှိရုံသာမက ကျွမ်းကျင်သူ များ၊ ပညာရှင်များ၊ ပါရဂူများဖြစ်သည်အထိ ဆက်လက်လေ့လာ သင်ယူဆည်းပူးသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ အတတ်ပညာများ ကျွမ်းကျင် တတ်မြောက်ရုံသာမက အသိဉာဏ် ပညာပြည့်ဝသူများ၊ ဗလငါးတန်နှင့် ပြည့်ဝသူများဖြစ်အောင် ကြိုးစားတည်ဆောက်ကြစေလိုကြောင်း မှာကြားသည်။
ဆက်လက်၍ အသိဉာဏ်ပညာပြည့်ဝရေးအတွက် စာပေလေ့လာဖတ်ရှုကြရန်လိုကြောင်း၊ လေ့လာသင်ယူမှုတွင် ပြည့်စုံပြီ၊ ပြီးမြောက်ပြီဟု မရှိနိုင်ကြောင်း၊ အသက်ရှင်နေသရွေ့ ထာဝရ လေ့လာသင်ယူနေခြင်းဖြင့် မိမိတို့ဘဝကို မြှင့်တင်သွားကြရမည်ဖြစ်ကြောင်း၊ ယနေ့လူငယ်အချို့မှာ စာပေဖတ်ရှုမှုနည်းပါးသဖြင့် အတွေးအခေါ် အယူအဆလွဲမှားနေကြသည်မှာ အားလုံးအသိဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက လူငယ်များ အသိပညာ၊ အတတ်ပညာ ပြည့်ဝရေး၊ စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို တိုက်တွန်းအားပေးလျက်ရှိ ကြောင်း၊ စာမတတ်သူသည် ထိုင်နေသူနှင့်တူပြီး စာတတ်သော်လည်း စာမဖတ်ပါက ရပ်နေသူနှင့် တူကြောင်း၊ စာတတ်ပြီး စာပေလေ့လာဖတ်ရှုကြမှသာ လမ်းလျှောက်နေသူနှင့် တူမည်ဖြစ်ကြောင်း ဥပမာပေး၍ လမ်းညွှန်ထားသည်နှင့်အညီ မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် စာပေလေ့လာ ဖတ်ရှုကြရန် တိုက်တွန်းမှာကြားပါသည်။
ထို့ပြင် မူးယစ်ဆေးဝါးကင်းစင်ပြီး အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို ရှောင်ရှားကြရန်လိုကြောင်း၊ မိမိတို့ဘဝ ပျက်စီးစေမည့်အရာများကို အသိတရားဖြင့် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် မဲမသမာမှုများ ရှိခဲ့သဖြင့် ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်များကြောင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ရကြောင်း၊ အရေးပေါ်ကာလသတ်မှတ်ပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံတော်ကို ပြန်လည်လွှဲအပ်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆူပူအကြမ်းဖက်မှုများ ပပျောက်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရွေးကောက်ပွဲအောင်မြင်ရေး ဝိုင်းဝန်းပါဝင်ဆောင်ရွက်သွား ကြစေလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် နိုင်ငံသား တိုင်းတွင် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံ့သားတိုင်းသည် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့အကျိုး မလိုလားသူ၊ နိုင်ငံတော်ကို ပျက်စီးစေလိုသူ၊ အဖျက်အမှောင့်သမားများနှင့် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ကောလာဟလများဖြင့် ဖျက်ဆီးလုပ်ဆောင်လျက်ရှိကြောင်း၊ သိလိုသည့်အချက်များ စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ တိုင်ကြားရန်ရှိပါက ဆက်သွယ်နိုင်ရေး သတင်းစာများတွင် ဖော်ပြပေးလျက်ရှိကြောင်း၊ အဖျက်အမှောင့်လုပ်ရပ်များကို သတိတရားဖြင့် ကာကွယ်သွားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။
ဆက်လက်၍ ကျောင်းသား ကျောင်းသူများအနေဖြင့် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများကို သိရှိနားလည်ထားရန် လိုကြောင်း၊ မဖြစ်သင့်တာ မဖြစ်အောင်၊ ဒုက္ခမရောက်အောင်၊ ဥပဒေဘောင်အတွင်း နေထိုင်ခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းနိုင်ကြောင်း အသိပညာဗဟုသုတ ပြည့်စုံပြီး ဗလငါးတန်နှင့် ပြည့်စုံသော နိုင်ငံ့သားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်နှင့် ဆရာ ဆရာမများကလည်း သားသမီးအရင်းများကဲ့သို့ ပြုစုစောင့်ရှောက်သွန်သင်ပြသပေးကြပါရန် တိုက်တွန်းပါကြောင်းဖြင့် မှာကြားသည်။

26.02.202501:44
အဂတိကင်းစင်သော ပညာရေးအသိုက်အဝန်းကို တည်ထောင်နိုင်မည်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2025/02/blog-post_426.html

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
ထားဝယ်, ဖေဖော်ဝါရီ ၂၅
၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်အောင်၊ အကြံဉာဏ်များ ရယူနိုင်ရေး အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပျော်ပွဲရွင်ပွဲများနှင့် ဖျော်ဖြေ ရေးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မဏ္ဍပ်ဆောက်လုပ်ရေး စသည့် နေရာများတွင် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည် မြန်မာ့ယဉ်ကျေးမှုဒြပ်မဲ့ဖြစ်သည့်အတွက် ယူနက်စကိုက အသိအမှတ်ပြုထားသောကြောင့် ပို၍စည်ကားမည့် သင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ပွဲတော်တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ကြောင်း၊ ထားဝယ်ဒေသတွင် ထူးခြားမှုအနေဖြင့် ကလေးသင်္ကြန် (၃)ရက်ရှိပြီး လူကြီးသင်္ကြန်(၃)ရက် စုစုပေါင်း (၆)ရက်ရှိကြောင်း၊ လာမည့်သင်္ကြန်ပွဲတော်တွင် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးနှင့် ဆက်စပ်ပြီး ပူးပေါင်းပါဝင်မည့် ဒေသခံပြည်သူများအား ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှကို မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ်လက် ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်၊ ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်ရန်၊ ဘာသာသာသနာရေးများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ ကျောင်းတွင်းသင်္ကြန် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပြီး ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖျော်ဖြေရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရေး၊ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပွဲ ကျင်းပ ရေး စသည့် လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ကျော်ကျော်လတ်
#News # MNP
join- https://t.me/MyanmarNationalPost

တပ်ကုန်း ဖေဖော်ဝါရီ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ပထမအကြိမ် သီချင်းဆိုပြိုင်ပွဲနှင့် စျေးရောင်းပွဲ ကျင်းပလျက်ရှိရာ သီချင်းဆိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပြိုင်ပွဲတွင် ဆန်ကာတင် ၁၂ ဦး ရွေးချယ်ပြီး ဆန်ကာတင် ၁၂ ဦး ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား မြို့နယ်ဂီတအစည်းအရုံးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် စျေးရောင်းပွဲတွင် လူသုံးကုန်ပစ္စည်း၊ မီးဖိုချောင်သုံးကုန်ပစ္စည်း၊ အစားအသောက်နှင့် ကလေးကစားစရာအမျိုးမျိုးတို့ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ တပ်ကုန်းမြို့နယ်အတွင်း ရွက်ပုန်းသီးအဆိုပညာရှင်များ ပေါ်ထွက်လာစေရေးနှင့် ဝါသနာတစ်ရပ်အနေမဟုတ်ဘဲ စည်းဝါးမှန်ကန်စွာ သီဆိုတတ်စေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အဆိုပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း မြို့နယ်ဂီတအစည်းအရုံးဥက္ကဋ္ဌထံမှ သိရသည်။
တင်စိုးလွင်
#News #MNP
join -https://t.me/MyanmarNationalPost

25.02.202508:39
ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ နှစ်ဆုံးစာမေးပွဲများဆက်လက်ဖြေဆို
ညောင်လေးပင် , ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ (၂၆)ရက်နေ့အထိ စစ်ဆေးသွားမည်ဖြစ်ရာ (၅)ရက်မြောက်နေ့ (သမိုင်း)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် ညောင်လေးပင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် Grade-4 မှ Grade-11 ထိ ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ညောင်လေးပင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ ကျောင်းသူ/ကျောင်းသားများမှာ အေးချမ်းပျော်ရွင်စွာ ပညာသင်ယူခဲ့ကြပြီးယနေ့၌ အတန်းတင်စာမေးပွဲ(၅)ရက်မြောက်နေ့ (သမိုင်း) ဘာသာရပ်ကိုအေးချမ်းစွာ ဖြေဆိုလျက်ရှိသည်။
အဆိုပါစာမေးပွဲကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်၊ မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ တာဝန်ကျဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
#MNP # NEWS

Паказана 1 - 24 з 575
Увайдзіце, каб разблакаваць больш функцый.