ခေတ်သစ် မစ္ဇျိမ၊ ဧရာဝတီ၊ မြန်မာနောင်း၊ BBC VOA, RFA တို့က သတင်းအမှားတွေကို တမင် ထုတ်ပြန်နေတာဟာ အလကား လုပ်နေတာ မဟုတ်ဘူး။
ပညာရေးလောကသားတွေ အများစု ကိုးကားနေကြရတဲ့ Wikipedia ဆိုဒ်အတွက် Reference အဖြစ် ထည့်ရေးဖို့ တင်နေကြတာဖြစ်ပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံသမိုင်းဖြစ်စဥ်တွေကို Wikipedia မှာ ရှာကြည့်မယ်ဆိုရင် သမိုင်းဖြစ်ရပ်မှန်တွေနဲ့ အများကြီး ကွဲလွဲနေတာ တွေ့ရပါလိမ့်မယ်။
အာဏာထိန်းဖြစ်စဥ်မှ အစပြု၍ အကြမ်းဖက်မှုဖြစ်စဥ်များ၊ အမြင်မတူသူ ဒို့ရန်သူ လုပ်မှုများ၊ သာမန်အရပ်သား ပြည်သူတွေ အကြမ်းဖက်သတ်ဖြတ်ခံနေရမှုများ၊ သူပုန်အဖွဲ့အသီးသီးရဲ့ အကြမ်းဖက်မှုများကို ပြောင်းပြန်ရေးသား မှတ်တမ်းတင်ထားတာ တွေ့ရပါလိမ့်မယ်။
ဒီမှတ်တမ်းတွေဟာ နောင်တချိန် သုတေသနတွေအတွက် အကိုးအကား Reference တွေ ဖြစ်ပါလိမ့်မယ်။
ဒီအချက်ကို မြန်မာအစိုးရပိုင်းမှာကော လူငယ်ပညာတတ်အသိုင်းအဝိုင်းမှာပါ သတိပြုမိသူ၊ သိရှိသူ နည်းပါးလွန်းနေပါတယ်။
ဒါကြောင့် သမိုင်းအချက်အလက်အမှားတွေကို ပြန်လည်ပြင်ဆင်ရေးသားနိုင်ဖို့နှင့် ဖြစ်ရပ်မှန်များကို မှတ်တမ်းတင်နိုင်ဖို့ Wikipedia Reporting Term ကဲ့သို့ ဖွဲ့စည်းပြီး အချိန်နှင့် တပြေးညီ ဖြေရှင်းနိုင်ကြဖို့ လိုအပ်ပါတယ်။
Dr Kyaw Swe