ထိုင်းလူမျိုုးတွေရဲ့ နိုင်ငံရေးရေချိန်နှင့် ချိန်ထိုးခြင်း
-------------------------------------------------
(၅.၂.၂၀၂၅)
ကိုယ့်နိုင်ငံမှာ ဒီလိုနိုင်ငံရေးအရေးအခင်းကြီးစဖြစ်ပြီး အပျ-က်အ-စီး၊ အေသ အပျောက်တွေကို နေ့စဉ်နဲ့အမျှ မြင်နေရတော့ အာဏာသိမ်းတာ ၁၃ ကြိမ်ရှိပြီဖြစ်တဲ့ အိမ်နီးချင်းထိုင်းနိုင်ငံအကြောင်းကို တွေးမိတယ်။
ထိုင်းနိုင်ငံနဲ့ နိုင်ငံရေးစနစ်ကို လေယူရာယိမ်းတဲ့ နိုင်ငံရေးစနစ်လို့ ငယ်ငယ်က ကြားဖူးတော့ မျိုးချစ်စိတ်မရှိဘူး၊ သာရာပေါင်းတဲ့နိုင်ငံ ဆိုပြီး ထင်ခဲ့ဖူးတာ ဝန်ခံပါတယ်။ သို့သော် သေချာပြန်တွေးကြည့်မိတော့ ကမ္ဘာမှာ ဒုတိယကမ္ဘာစစ်အတွင်း နယ်ချဲ့မခံခဲ့ရတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ စစ်ပရိယာယ်တွေကို မြင်လာခဲ့ရတယ်။
၁၆ ရာစုနဲ့ ၁၇ ရာစုနှစ်(တောင်ငူခေတ်နဲ့ ကုန်းဘောင်ခေတ်) တွေမှာ ဘုရင့်နောင်နဲ့ ဆင်ဖြူရှင်မင်းတရားတို့ သိမ်းပိုက်တာခံရပြီးကတည်းက ထိုင်းနိုင်ငံဟာ စစ်ရေးကို ပရိယာယ်နဲ့ ရှောင်ရှားတတ်လာခဲ့သလားတော့ မပြောတတ်ပါဘူး။ အဲ့ဒီခေတ်တွေမှာ အယုဒ္ဓယမြို့တော်ဟာ စစ်မက်ကြောင့် အကြီးအကျယ်ပျက်စီးခဲ့ရပေမယ့် ဘုရင်မျိုးဆက်ကျန်ခဲ့တာကိုပဲ ကြံဖန်ကျေးဇူးတင်ရတယ်။
အဲ့ဒီတုန်းက ဩဇာလောက်ပဲခံရတာပါ၊ နိုင်ငံမြေပုံက အရင်အတိုင်းကျန်နေခဲ့ပါသေးတယ်။ ဒါပေမယ့် ၁၉ ရာစုနှောင်းပိုင်း ပြင်သစ်ရဲ့ ကျူးကျော်စစ်မှာ သံတမန်စနစ်ကိုအသုံးပြုခဲ့လို့ စစ်အဖြစ်မခံခဲ့ရပေမယ့် သူတို့တောင်းဆိုတဲ့ နယ်မြေတွေ (လာအို၊ ကမ္ဘောဒီယားနဲ့ ဗီယက်နမ်အနောက်ပိုင်းဒေသတွေ) ကို ပြင်သစ်ကို ပေးခဲ့ရပါတယ် (အစက လာအိုတို့၊ ကမ္ဘောဒီယားတို့က ထိုင်းနိုင်ငံရဲ့ လက်အောက်ခံနယ်မြေတွေပါ)။
ဆိုတော့ ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အခါ ဂျပန်တွေ နယ်မြေချဲ့ထွင်လာမှုအပေါ်မှာလည်း ထိုင်းနိုင်ငံဟာ ကိုယ့်မြေမှာ စစ်အဖြစ်မခံတော့ပဲ ဂျပန်တွေနဲ့ မဟာမိတ်ပြုလုပ်ခဲ့ပါတယ်။ ဂျပန်တွေရဲ့အကူအညီနဲ့ သူဆုံးရှုံးထားတဲ့ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကို ပြန်လည်သိမ်းယူခဲ့ပေမယ့် ဂျပန်တွေစစ်ရှုံးတော့ ပြင်သစ်ဆီကို ပြန်ပေးခဲ့ရပါတယ်။
ထိုင်းဟာ ဂျပန်နိုင်ငံနဲ့ မဟာမိတ်ပြုလုပ်ထားတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း အင်္ဂလိပ်တွေနဲ့လည်း လျှို့ဝှက် အဆက်အသွယ်တွေလုပ်နေခဲ့ပါတယ်။ Seri Thai ဆိုတဲ့အဖွဲ့အစည်းကိုဖွဲ့စည်းပြီး ဗြိတိသျှအစိုးရကို သတင်းတွေ ပေးခဲ့တာကြောင့် စစ်ကြီးပြီးတဲ့အခါမှာ ထိုင်းဟာ ဂျပန်လိုမျိုးအပြစ်ပေးခြင်းတွေ မခံခဲ့ရပါဘူး။
ထိုင်းမှာ အာဏာသိမ်းခဲ့တာက ဒုတိယကမ္ဘာစစ် မတိုင်မီ ၁၉၃၂ ခုနှစ်ကတည်းကပါ။ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ်ကို ပြောင်းလဲခဲ့တာကနေစလို့ ၁၉၄၇ ခုနှစ်မှာ ဒုတိယအကြိမ်သိမ်းတယ်၊ နှစ်နှစ်ကြာတယ်။ ၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈ ထပ်သိမ်းတယ်၊ ၁၀ နှစ်ကြာတယ်။ ၁၉၇၁၊ ၁၉၇၆၊ ၁၉၇၇ ထပ်သိမ်းတယ်။ ၁၉၈၀ ကနေ ၁၉၉၁ အထိကတော့ အရပ်သားအစိုးရတွေ စတင်ပြောင်းလဲခဲ့တဲ့ နှစ်တွေဖြစ်ခဲ့တယ်။
ဆက်ပြီး ၁၉၉၁ အာဏာသိမ်းရာမှာ ၁၉၉၂ မေလ Black May ဆန္ဒပြမှုတွေကြောင့် အရပ်သားအစိုးရကို ပြန်ပေးခဲ့တယ်။ ၂၀၀၆ ခုနှစ် သိမ်းတာကတော့ ထူးဆန်းတယ်။ သက်ဆင်ရဲ့ အုပ်ချုပ်မှုကို မကြိုက်တဲ့ ရှပ်ဝါအဖွဲ့တွေက သက်ဆင်ကိုဖြုတ်ချဖို့ကြိုးစားခဲ့တာကြောင့် သိမ်းရတာဖြစ်ပြီး ၂၀၀၇ မှာ ရွေးကောက်ပွဲပြန်လုပ်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၇ နှစ်အကြာ ယင်လတ် လက်ထပ် ၁၉၉၄ မှာ နောက်ဆုံးတစ်ခေါက်သိမ်းခဲ့ပြီး ၉ နှစ်ခွဲအကြာ ၂၀၂၃ ခုနှစ်မှ ရွေးကောက်ပွဲပြန်လုပ်ပေးခဲ့တာပါ။
ဒီလောက်အာဏာသိမ်းဖြစ်စဉ်တွေဖြစ်ခဲ့ပေမယ့် ဘာလို့ ကိုယ့်နိုင်ငံလောက် ဆိုးဆိုးဝါးဝါးတွေ မဖြစ်ကြသလဲ???
အာဆီယံမှာ လူမှုစီးပွားရေးအဆင့်အတန်း တတိယချိတ်နေနိုင်သေးတာဘာကြောင့်လဲ လို့မေးရင် ထိုင်းလူမျိုးတွေရဲ့ နိုင်ငံရေးရေချိန်မြင့်လို့ပါ။
ထိုင်းစစ်တပ်က ဆန္ဒပြတိုင်းမှာ ဘာမှမလုပ်ဘူးမထင်ပါနဲ့၊ တရားဝင်သတင်းစာတွေမှာဖော်ပြထားချက်အရ ၁၉၇၃၊ ၁၉၇၆၊ ၁၉၉၂၊ ၂၀၁၀ ဆန္ဒပြပွဲတွေမှာ လူပေါင်း ရာဂဏန်းစီလောက် ေ သ-ဆုံ-းပါတယ်။ ယူကျု့မှာ ဆန္ဒပြသူတွေဘက်ကို တပ်ဘက်က ေ သန-တ်နဲ့ တည်ပစ်နေတဲ့ ဗီဒီယိုတွေရှိပါတယ်ရှာကြည့်ပါ။ ဒါပေမယ့် ထိုင်းလူမျိုးတွေ လ-က်န-က်မကိုင်ခဲ့ကြပါဘူး။ ပြည်သူပိုင်ပစ္စည်းတွေ မဖျ-က်စီးခဲ့ကြပါဘူး။ လည်ပတ်နေတဲ့ အစိုးရ ယန္တရားကို မရပ်တန့်ခိုင်းခဲ့ကြပါဘူး။
ထိုင်းလူမျိုးတွေ တော်ပါတယ်။ အစွ-န်းရောက်ချင်တဲ့ ရှပ်နီအဖွဲ့တွေကို ထိန်းကျောင်းပေးမယ့် ရှပ်ဝါအဖွဲ့ရှိတယ်။ ရှပ်နီအဖွဲ့အနေနဲ့ကလည်း လူများတဲ့အချိန် ခံစားချက်ပြင်းထန်ချိန်မှာ ဖျက်ဆီးမှုအနည်းငယ်လုပ်ကြပေမယ့် လူသ-တ်ရလောက်အောင်၊ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးရလောက်အောင် စိတ်မလွတ်သွားခဲ့ကြဘူး။