Deep Sea (2023)
မွေးနေ့မှာ ပင်လယ်ကြီးကို ဆုတောင်းရင် ပင်လယ်နတ်လေးကထွက်လာပြီး ဆုတောင်းတွေကို ဖြည့်ပေးလိမ့်မယ်တဲ့……စိမ်းရှို့ဆိုတဲ့ ကလေးမလေးဟာ အမေထွက်သွားပြီးနောက်မိဘမေတ္တာကို ငတ်နေသူလေးတစ်ယောက်ပေါ့။အတူတူရှိနေတဲ့ အဖေက ဂရုမစိုက်ပေးတဲ့အတွက်ထွက်သွားတဲ့ အမေ့ဆီက မေတ္တာကို တမ်းတနေသူလေးတစ်ယောက်ပေါ့။တစ်နေ့မှာ သူတို့ မိသားစု ၄ ယောက် ပင်လယ်ထဲကို ခရီးထွက်ကြတဲ့အခါစိမ်းရှို့ဟာ အမေ့ရဲ့ သီချင်းသံကို ကြားခဲ့ရတယ်။ထိုသီချင်းသံနောက်ကနေ အမေကိုလိုက်ရှာတုန်းမှာစိမ်းရှို့တစ်ယောက် ပင်လယ်ထဲကျသွားပြီးပင်လယ်အောက်က လျှို့ဝှက်ကမ္ဘာထဲကို ရောက်သွားပါတယ်။စိမ်းရှို့လေးတစ်ယောက် ပင်လယ်အောက်က ကမ္ဘာကြီးထဲမှာဘယ်လို ထူးခြားဆန်းကြယ်မှုတွေကို မြင်တွေ့ရမလဲ……သူမရဲ့ အမေကိုရော ရှာတွေ့နိုင်ပါ့မလား ……ဆိုတာကို ကာတွန်းဇာတ်လမ်းလေးရဲ့ လှပတဲ့သရုပ်ဖော်မှုတွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါနော်။