Navillera (2021)
Sim Deok Chul (Park In Hwan)ဟာ အသက်၇၀အရွယ်အဖိုးအိုတစ်ဦးဖြစ်ပြီး စာတိုက်ဝန်ထမ်းဘဝမှ ပင်စင်ယူထားသူပါ ~~ ဘဝတစ်လျှောက်လုံး ဘဲလေးအကသင်ဖို့ အိမ်မက်မက်လာခဲ့တဲ့သူဟာ ဘဝပေးအခြေအနေကြောင့် အိမ်မက်ကိုအကောင်ထည်ဖော်ခွင့်မရပဲ သာမန်အလုပ်နဲ့ပဲ မိသားစုကို ထောက်ပံ့ရှာဖွေပေးပြီးနေခဲ့ရပါတယ်~ သူပင်စင်ယူပြီးတဲ့နောက်မှာတော့ ဘဲလေးအကသင်ယူဖို့သူဆုံးဖြတ်လိုက်ပါတယ် သူ့မိသားစုက ဒါကိုသဘောမတူပေမဲ့ သူဟာ လက်မလျှော့ခဲ့ပါဘူး ဘဲလေးအကသင်ပေးတဲ့ companyကိုjoinရင်းနဲ့ မင်းသားLee Chae Rok
(Song Kang)နဲ့ တွေ့ဆုံခဲ့ပါတယ် ~~
Lee Chae Rok (Song Kang)ဟာဆိုရင်တော့ အသက်၂၃နှစ်အရွယ် ဝါသနာကိုရှာဖွေနေတဲ့ လူငယ်တစ်ဦးပါ သူဟာ အားကစားအမျိုးမျိုးကစားကြည့်ပေမဲ့ အဲ့အရာတွေမှာ တစ်ခုမှပါရမီမပါတာကိုသိရပြီးတဲ့နောက် ဘဲလေးအကပညာကို စိတ်ဝင်စားလာခဲ့ပါတယ် သူ့အမေဟာ ဘဲလေးကချေသည်တစ်ဦးဖြစ်ခဲ့ပြီးတော့ ရောဂါကြောင့် Lee Chae Rok ငယ်ငယ်က ဆုံးပါးသွားခဲ့ပါပြီ~သူ့အဖေဟာလဲ စီးပွားရေး ဒေဝါလီခံလိုက်ရလို့ သူ့ဘဝဟာဝါသနာပါရာ အိမ်မက်နောက်လိုက်ဖို့အတွက်အခက်အခဲတွေကြုံတွေ့နေရပါတယ် အိမ်မက်ကိုလက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ မမျှော်လင့်ပဲ Sim Deok Chulနဲ့တွေ့ဆုံတဲ့အခါမှာတော့
Heo's Diner အပိုင်း၁၀
Buried Hearts အပိုင်း 13
Karma အပိုင်း၂ ရပါပြီ
Karma အပိုင်း၁
The White Lotus Hotel Episode (7)
အသက်ရှင်ချင်စိတ်မရှိတော့တဲ့ ၂၄နှစ်အရွယ် Jung Hui Wan ဟာ တစ်ရက်မှာတော့ ငယ်သူငယ်ချင်း၊ အချစ်ဦး Kim Ram U က သူ့ရှေ့မှာ ပေါ်လာခဲ့ပါတယ် သူက လွန်ခဲ့တဲ့ ၄နှစ်က သေဆုံးသွားခဲ့တာဖြစ်ပြီး အခုအချိန်မှာ သေမင်းအဖြစ်နဲ့ ရောက်လာတာပေါ့နော်။ Ram U အသက်ရှင်စဉ်ကာလတုန်းက သူတိုဟာအရမ်းချစ်တဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး အချင်းချင်း ခံစားချက်တွေရှိနေကြတာပါ အကြောင်းအမျိုးမျိုးကြောင့် သူတိုခံစားချက်တွေကို ဖွင့်မပြောဖြစ်လိုက်ဘဲ Ram U က မတော်တဆမှုတစ်ခုနဲ့ သေဆုံးသွားခဲ့ရတာပါ။
အခုပြန်တွေ့ရချိန်မှာတော့ Hui Wan ဟာ တစ်ပတ်နေရင် သေရတော့မှာဖြစ်ကြောင်း သတင်းဆိုးတစ်ခုနဲ့အတူ ရောက်လာခဲ့ပါတယ်။ ပြီးတော့ Hui Wan သာ ငြိမ်းငြိမ်းချမ်းချမ်းသေချင်ရင် သူ့နာမည်ကို ၃ခါခေါ်လိုက်ပါလို့လည်း ဆက်တိုက်ပြောနေခဲ့တာပေါ့။ အထီးကျန်ဆန်နေခဲ့ရတဲ့ Hui Wan ကတော့ သူနဲ့ထပ်မခွဲချင်တဲ့အတွက် သူ့နာမည်ကိုမခေါ်ပါဘူး အဲဒီအချိန်မှာ Ram U က Hui Wan ကို လုပ်ချင်တဲ့ ဆန္ဒတွေကို ချရေးခိုင်းပြီး ၂ယောက်အတူတူပြီးမြောက်အောင် ဖြည့်ဆည်းကြမှာဆိုတော့မသေခင်မှာနောက်တမကျန်အောင်လိုချင်တာ အကုန်လုပ်သွားနိုင်ပါ့မလား..
Heart strings (2011)
You're Beautiful ထဲမှာ မညားလိုက်ရတဲ့ ရှင်ဝူးနဲ့ ဂိုမီနမ်အတွက်
သက်သက်တစ်ကားဖန်တီးပေးထားသလိုပါပဲ
Lee Shin (Jung Yong Hwa) က ခေတ်ပေါ်တေးဂီတမေဂျာကို အဓိကယူထားတဲ့
ကျောင်းသား ဖြစ်ပြီး Stupid အဖွဲ့ရဲ့ main vocalist နဲ့ guitarist ပါ
ရုပ်ရည်ချောမောပြီး ဂီတကို ပြင်းပြင်းပျပျ ဝါသနာပါသူအဖြစ် ကျောင်းမှာ
နာမည်ကြီး ရေပန်းစားပေမဲ့ တကယ်တမ်းကျ အေးတိအေးစက်နဲ့ အနာဂတ်ကို စိတ်မဝင်စားသူတစ်ဦးပါ ..
Lee Kyu Won (Park Shin Hye)ကတော့ ရိုးရာဂီတမေဂျာကဖြစ်ပြီး ကိုရီးယားရိုးရာ ၁၂ ကြိုးစောင်းကို ကျွမ်းကျင်သူပါ
အဘိုးဖြစ်သူ Lee Dong Gun က ထိပ်တန်းရိုးရာဂီတသမားဖြစ်တာကြောင့်
အဘိုးရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပြင်းရင်း ရိုးရာဂီတပညာရှင်ဖြစ်ဖို့ကလွဲပြီး ကျန်တာဘာမှမသိသူလေးပေါ့
တစ်နေ့မှာတော့ သူငယ်ချင်းတွေနဲ့ Lee Shin ဖျော်ဖြေတာကိုသွားကြည့်ရင်း Lee Shin က သူမရဲ့ အရာရာဖြစ်လာပါတော့တယ်
ဒီကားလေးက တက္ကသိုလ်ကျောင်းသားတွေရဲ့ ဘဝ၊ အိပ်မက်နဲ့ အချစ်ကို
လှလှပပ ပုံဖော်ထားတဲ့ youth melodrama လေးပါ