Villains Everywhere (2025)
Oh Na-Raဟာ လေယာဥ်မယ်တစ်ယောက်ဖြစ်ခဲ့ပြီး လက်ရှိမှာတော့ Seo Hyun-Chulနဲ့ လက်ထပ်ပြီး အိမ်ရှင်မတစ်ယောက်အဖြစ် နေနေတာဖြစ်ပါတယ်။ ရှေးရိုးစွဲတဲ့ ခင်ပွန်းသည်ကြောင့် Oh Na-Raဟာ လေယာဥ်မယ်လုပ်ခဲ့ကြောင်းကို ဖုံးကွယ်ထားရတာလည်းဖြစ်ပါတယ်။ သူတိုမှာ သမီးတစ်ယောက်နဲ့ သားတစ်ယောက်ရှိပါတယ်။
Oh Na-Raရဲ့ ညီမဖြစ်တဲ့ Oh Yu-Jinကတော့ ဟင်းချက်သင်တန်းတစ်ခုမှာ ဆရာမအနေနဲ့ အလုပ်လုပ်နေပြီး ဟင်းချက်နည်း သုတေသနပြုသူတစ်ဦးလည်းဖြစ်ပါတယ်။ သူကတော့ Song Jin-Wooနဲ့ လက်ထပ်ထားပြီး သားနှစ်ယောက်ရှိပါတယ်။
ဒီကားလေးမှာတော့ သက်လတ်ပိုင်းအရွယ် ညီအစ်မနှစ်ယောက်နဲ့ သူတိုရဲ့မိသားစုဝင်တွေရဲ့ကြားက ပြဿနာပေါင်းများစွာကို ရိုက်ကူးတင်ဆက်ပြထားတာဖြစ်ပါတယ်။ ဗီလိန်တွေပြည့်နှက်နေတဲ့ လောကကြီးထဲက ကိုရီးယားမိသားစုတွေရဲ့ နေ့စဥ်ဘဝကို ရိုက်ကူးထားတဲ့ မိသားစုဟာသကားလေးဖြစ်ပါတယ်။