The Outpost (2020)
JakeTapperရေးထားတဲ့The Outpost :An untold story of American Valor ဆိုတဲ့ဖြစ်ရပ်မှန်စာအုပ်ကို ပြန်ရိုက်ထားတာပါ။ အမေရိကန်စစ်တပ်ဆိုတာနဲ့ ဗျူဟာကောင်းကောင်းနဲ့ အင်းအားကောင်းတဲ့ စစ်တပ်ဆိုတာချပြသွားမှာပါ။
အထက်လူကြီးက မြေပုံကိုကြည့် လေဆာပွိုင့်လေးပြပြီး အလုပ်လုပ်နေတဲ့အခါမှာဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအကြောင်း။ Red Platoonဆိုတဲ့ တပ်စုလေးရယ် အာဖဂန်နစ္စတန်ရဲ့နယ်စွန်က တပ်စခန်းလေးတခုရယ် တာလီဘန်တွေရယ်ပေါင်းစုံလိုက်တဲ့အခါ The Outpost ဆိုတဲ့ဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။
ဇာတ်လမ်းအဖွင့်မှာတော့ နယ်စွန်တပ်စခန်းလေးမှာ တာဝန်ကျတဲ့စစ်သားတဖွဲ့ကို ဟယ်လီကော်ပတာတွေနဲ့ လာပို့တယ်။သူတို့တပ်ဖွဲ့ ရောက်တဲ့အခါမှာတော့ ရှိနေတဲ့သူတွေနဲ့နှုတ်ဆက်ကြ နေမယ့်နေရာရှာကြပေါ့။ မနက်ရောက်လို့ အပြင်ထွက်ကြည့်တဲ့အခါမှာတော့သူတို့တပ်စခန်းက တောင်ကြားမှာ တည်ဆောက်ထားတယ်။
2009ခုနှစ်October 3ရက်နေ့ မှာပဲ တိုက်ပွဲတခုဖြစ်ပေါ်လာခဲ့တော့တယ်။ သူတို့မှာ ရှိတာက စုစုပေါင်းအမေရိကန် စစ်သည် 40ကျော်နဲ့အာဖဂန်စစ်သည် ANA တွေ 50 ကျော်လောက်ပဲရှိတဲ့နေရာ။ဝင်တိုက်တဲ့ တာလီဘန်တွေကတော့ 300 လောက် ကိုဘယ်ခုခံတိုက်ခိုက်သွားမလဲဆိုတာကြည့်ရှူရမှာပါ။