စစ်ကိုင်းထဲကကော မန်းလေးဘက်ကကော လာပြီးကူညီပေးမဲ့သူတွေအရမ်းများနေလို့ ဒီကနေပဲ ပြောပေးပါ့မယ်ဗျ
လူအင်အားမလောက်လို့ အနံကတော်တော်ကြီးကိုဆိုးပါတယ်ဗျ မခံနိုင်တဲ့သူဆိုနေရာမှာတင်အံနိုင်ပါတယ်
အလောင်းတွေကပုံပျက်တာတွေရှိကောင်းရှိနိုင်တာမို့ နှလုံး စိတ် မခိုင်ရင် အဆင်ပြေမာမဟုတ်ဘူးဗျ
နေကလည်းပူတာမို့ ပင်ပန်းခံနိုင်ရပါမယ်ဗျ လူအင်အားပဲလိုတာမို့ အလှူငွေကတော့လက်မခံသေးပါဘူးဗျ
အလှူငွေအစား
မုန့် ရေ ခြင်ဆေးခွေ mask ကြက်ဥ ဒါလေးတွေလာလှူပေးလို့ရပါတယ်ဗျ
လာမေးပေးတဲ့တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဗျ
ကျွန်တော်တို့ အဆိုးဆုံးအခြေနေတွေကိုအတူတူဖြတ်သန်းနေကြတာမို့ အားမလျော့ပဲ အားတင်းပြီးဆက်လက်ကျော်လွှားကြမယ်ဗျာ. 😍
Edit မနက်ဖန်စစ်ကိုင်းမြို့ရဲ့အခြေနေကို viedoနဲ့ပုံတွေကိုယ်တိုင်ရိုက်လာပေးပါ့မယ်ဗျ ကျွန်တော်ကိုယ်တိုင်
စစ်ကိုင်းသားစစ်စစ်ဖြစ်တာမို့ပါဗျ