Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
KO CHIT (MDY) avatar
KO CHIT (MDY)
KO CHIT (MDY) avatar
KO CHIT (MDY)
မွန်ပြည်နယ်

ကျိုက်ကော်အထွက်

မိုးကောင်းတံတားအား

ယခင်တစ်ခါ မိုင်းခွဲခံထားရ၍

ပြင်ဆင်ပြီးမကြာသေးခင်

အကြမ်းဖက် pdf များမှ

ထပ်မံ မိုင်းခွဲ

ဘားအံ - ရန်ကုန် ၊

မော်လမြိုင် -ရန်ကုန်

ကားလမ်းပြတ်တောက်
03.05.202502:55
ယာပြင်စစ်ကြောင်းကြီး(စစ်နယ်မြေ-၁)

တမခ-၁၁ရဲ့ ယာပြင်စစ်ကြောင်းကြီးဟာ မနေ့က ကုန်းတွေထပ်ရပြီးရှေ့ကို ဆက်တိုးနိုင်ခဲ့တယ်။

နောက်ထပ်ဗျူဟာတစ်ခုကလည်း အခြားနေရာတစ်ခုကနေဝင်ကာ ရန်သူတွေကိုထောက်ပြီး မလှုပ်နိုင်အောင်လုပ်ထားတယ်။

မဲပုတ်စစ်ကြောင်းကြီး(စစ်နယ်မြေ-၂)

တပ်မ(၅၅) အဖွဲ့တွေကလည်း အားကျမခံ ရန်သူ့ရဲ့ LOC လမ်းကြောင်းကြီးတစ်ခုရဲ့အလယ်မှာ ခွထိုင်လိုက်တယ်။

မူရင်းမဲပုတ်စစ်ကြောင်းကြီးကလည်း ညာဘက်ကနေဖြတ်တိုးပြီး ရန်သူ့နယ်မြေကို ထောင့်ဖြတ်ချိုးဝင်ချလာပြီ။

——————————————————————-

(နောင်ချိုတန်ပြန်ထိုးစစ်)

ပြောရမယ်ဆိုရင် စစ်ကြောင်းကြီး(၂)ကြောင်းနဲ့ဗျူဟာကြီး၂ဗျူဟာဟာ မျဉ်းဖြောင့်(၅)မိုင်အကွာအဝေးအတွင်းမှာ ရင်ဘောင်တန်းပြီး ရန်သူ့ကိုပိတ်ဆို့တာရော၊ ဖြတ်တောက်တာရော၊ ချေမှုန်းတာရော တပြိုင်နက်ထဲလုပ်နေတယ်။

အရံဗျူဟာတွေရဲ့ကလည်းနောက်ချန်အဖြစ်ကပ်ပါနေပါတယ်။

ဒီအခြေအနေမှာ ကျနော်သာရန်သူဖြစ်ခဲ့လျှင် ဘာလုပ်မလဲဆိုပြီးစဉ်းစားမိတယ်။

ကျနော့်အတွက်တော့ အဖြေမရှိဘူး။ ဒီတော့အဖေရှိတဲ့ဆီပြေးပြီ။

တကယ့်မြေပြင်မှာ ရန်သူဟာ အတော်တိုင်ပတ်နေတယ်။ သူတို့ရဲ့ခံစစ်ကိုစုစည်းလို့မရဖြစ်နေတယ်။ TNLA ဟာ ဓနုလေးတွေကို ရှေ့ဆုံးမှာ ခံခိုင်းပြီး ပြေးနေတဲ့ဓနုလေးတွေကို မအေနှမကိုင်တုပ်နေရင်း သူတို့ကပါပြေးနေတာမျိုးတွေအထိဖြစ်နေပါတယ်။

ဒီတစ်ခါ မိမိဘက်ကတပ်တွေ စစ်ချီရာလမ်းကြောင်းအသီးသီးကနေ ရင်ဘောင်တန်းပြီး ဟန်ချက်ညီညီနဲ့ ရန်သူရယူထားခဲ့တဲ့ နေရာတွေကို ပြန်ဝင်ထိုးစစ်ဆင်နေတာ တော်တော်စနစ်ကျတယ်။

လေယာဉ်ပေါ်ကနေကြည့်ရင် ကမ်းစပ်ကိုရေလှိုင်းကြီးတက်လာတာကို မြင်နေရသလိုဘဲ တော်တော်မိုက်တယ်လို့တောင်ပြောလို့ရပါတယ်။

မိမိစစ်သည်တွေအားလုံး စိတ်ထဲမှာစွဲနေတာကတော့ (ငါတို့အားလုံး National Highways ပေါ်မှာ မကြာခင်လက်ချင်းဆက်ကြမယ်)ဆိုတာပါဘဲ။

ကိုခိုင်ဇော်

မေ-၃-၂၀၂၅
03.05.202502:36
၃-၅-၂၀၂၅ (၀၉၀၅)

မိုးကုတ် အနောက်ပိုင်း ညောင်ပင်ကြီး ထပ်ကျဲ

✈️✈️✈️👍👍👍💪💪💪🇲🇲🇲🇲🇲🇲
03.05.202501:57
လားရှိုးပြည်သူ့ဆေးရုံကြီး
OPD(အရေးပေါ်/ပြင်ပလူနာဌာန)ကို မေလ(၅)ရက်နေ့မှာ ဖွင့်လှစ်ကုသပေးမှာဖြစ်ကြောင်းသိရပါတယ်။
(3-5-2025)
01.05.202514:46
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အမျိုးသား ၁ ဦးအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခဲ့မှုအား ဖော်ထုတ်ဖမ်းဆီး
နေပြည်တော်၊ မေ ၁
01.05.202511:27
မန္တလေး စိန်ပန်းရပ်ကွက်တွင် ထူးဆန်းသော လူtat မှု့ဖြစ် / တရားခံဖမ်းမိထား

ကနဦး

သတင်းတင်လို့ရရင်တင်ပေးပါ့မယ်
လဝါးယန် စခန်း တပ်မတော်နှင့် ဝရဇွတ်ပြည်သူ့စစ်တပ်ဖွဲ့ ပြန်လည် သိမ်းပိုက်
KIA အထိနာပြီး ဆင်းပြေးရ

မိမိတို့ပူးပေါင်းတပ်များအခြေပြုထားသောလဝါး​ကျေးရွာဆုတောင်းတောင်ကာကင်းအားရန်သူအင်အားအလုံးအရင်းဖြင့်တိုက်ခိုက်ခဲ့သောကြောင့်1.5.2025ရက်နေတွင်ယာယီလက်လွှတ်ခဲ့ရပီးယနေ့3.5.2025ရက်နေ့နံနက်၁၀နာရီခန့်တွင်မိမိတို့ကွန်မန်ဒိုတပ်ဖွဲ့များနှင့်ပူးပေါင်းစစ်ကြောင်းများမှအထိအခိုက်မရှိ ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။
ဟိတ် ခြေနေကောင်းလား

😜😜
03.05.202502:19
မိုးကုတ်တွင် တပ်စခန်းများအား တိုက်ရန်စုဖွဲ့ပြင်ဆင်နေသည့် TNLAများအား ကင်းထောက်စောင့်ဆိုင်းကာ ဗုံးကြဲသွား

TNLA သိမ်းထားသည့် မိုးကုတ်ကို မေလ ၂ ညသန်းခေါင်တွင် လေတပ်က ဗုံးနှစ်လုံးကြဲချတိုက်ခိုက်သွားသည်။

မိုးကုတ်မြို့ကို ကင်းထောက်လေယာဉ်များက တနေ့လုံး စောင့်ကြည့် ကင်းထောက်နေခဲ့ပြီး မြို့အရှေ့ပိုင်း ဗဟင်းရွာနှင့်အုတ်အင်းကျေးရွာကို မေလ ၂ရက် ည ၁၁နာရီ ၄၇မိနစ်၌ မြေပြင်၌ကပ်ပျံလာသည့် တိုက်လေယာဉ်က ဗုံးကြဲသွားခြင်းဖြစ်သည်။

ဗဟင်းရွာတွင် တောထဲဘက်ကြဲသွားခြင်းဖြစ်ပြီး အုတ် အင်းတွင် ဓမ္မာရုံကိုတိုက်ရိုက်ထိမှန်အောင် ကြဲချတိုက်ခိုက်သွားခြင်းဖြစ်သည်။

ပလောင် TNLAများအား ၎င်းတို့ လာရောက် သိမ်းပိုက်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နှင့် မိုးမိတ် စသောဒေသများမှ ဆုတ်ခွါပြီး ရရှိထားပြီးသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သည့် နမ့်ဆန်နှင့် မန်တုံမြို့နယ်သို့ ပြန်ပါရန်တောင်းဆိုခဲ့သော်လည်း ပလောင်TNLA များက သဘောမတူငြင်းဆန်နေသည်။
ဖိုက်တင်း

😜
၂၇-၄-၂၀၂၅ အချိန် ၁၁၀၀ အချိန် မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်၊ အကွက်(၃၄၄)၊ ၃၇-၃၈ လမ်းကြား၊ သင်္ဂဇာပတ်လမ်း(အနောက်)ရှိ Happy Like လက်ဖက်ရည်ပိုင်ရှင် ဦးအောင်—
အိပ်ယာအတွင်း သေဆုံးနေကြောင်း ဇနီးဖြစ်သူ မရွှေဇင်ဝင်း(၃၅)နှစ်(ဘ)ဦးလှဝင်း၊ ၁၂/ရပသ(နိုင်)၀၈၉၄၄၇၊ ဗမာ/ဗုဒ္ဓ၊ လက်ဖက်ရည်ဆိုင်လုပ်ကိုင်သူ၏ အကြောင်းကြားချက်အရ လခရ အဖွဲ့များက သွားရောက်စစ်ဆေးခဲ့ …


ဇနီးဖြစ်သူမှပြောကြားရာ နံနက် ၀၉၃၀ အချိန် ခင်ပွန်းဖြစ်သူ အိပ်ယာမှ မထသေးသဖြင့် သမီးဖြစ်သူ မသိမ့်ရူပါနေမျိုးအား သွားရောက်ကြည့်ခိုင်းခဲ့ရာ ဖခင်ဖြစ်သူ ကိုအောင်‌နေမျိုးမှာ အိပ်ယာထဲတွင် သွေးများဖြင့်တွေ့ရှိ၍ သမီးဖြစ်သူမှ ကျွန်မအား ပြောပြသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ အိပ်ယာထဲတွင် ပက်လက်အနေထားဖြင့် သွေးထွက်၍ သေဆုံးနေသဖြင့် ဆွေမျိုးများအား အကြောင်းပြီး ရဲစခန်းသို့ အကြောင်းခဲ့ကြောင်း


အလောင်းအား စစ်ဆေးခဲ့ရာ ဝဲနားထင်နောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်ဝမ်းဗိုက် ထိုးသွင်းဒဏ်ကာ(၂)ချက်တွေ့ရှိရသဖြင့် သေဆုံးခြင်း
အားဆက်လက်စစ်ဆေးရာ သေနတ်ဒဏ်ရာဖြင့်သေဆုံးနေကြောင်း ဇနီးဖြစ်သူမှာ အိမ်ထောင်ရေးဖောက်ပြန်မှု့ရှိကြောင်း ကနဦးသိရှိရ
ဟ … ချစ်သောတို့ရေ

🥴
03.05.202505:58
အလောင်း/လက်နက်ရရှိ (မိုးဗြဲ)

မေလ ၃ ရက် (ယနေ့) မနက်ပိုင်းအချိန်တွင် မိုးဗြဲဒေသ၌ လခရဆောင်ရွက်နေသည့် စစ်ကြောင်းအား အကြမ်းဖက် KNDF/PDF ၁၅ ဦးခန့်က စတင်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။ ဖြစ်စဉ်တွင် မိမိထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ -
(၁) အကြမ်းဖက် KNDF/PDF ၁ လောင်း
(၂) သေနတ် ၂ လက်
(၃) ကျည်အိမ် ၆ ခု
(၄) ကျည် ၂၁၇ တောင့်

တို့အား သိမ်းပိုက်ရရှိခဲ့ပါသည်။
-
တိုက်ပွဲသတင်းစုံ
03.05.202502:42
NUG အောက်က တပ်ရင်းတစ်ရင်း နှုတ်ထွက်တဲ့ ကျောက်ဆည် PDF တပ်ရင်းမှူးကို NUG က လိမ်လည်ခေါ်ဆောင်ဖမ်းဆီး ( မေလ ၂ )

NUG ကို အယုံအကြည်မရှိလို့ NUG ရဲ့ ကွပ်ကဲမှုကနေ ဧပြီလ ၂၁ ရက်နေ့မှာ နှုတ်ထွက်ခဲ့တဲ့ ကျောက်ဆည်ခရိုင် PDF ရင်း ၂ တပ်ရင်းက တပ်ရင်းမှူး စစ်နိုင်ကို
NUG စစ်ရုံးချုပ်က ခေါ်ခိုင်းသည်ဟုဆိုပြီး ဧပြီလ ၂၄ ရက်နေ့ ည (၁၀) နာရီခန့်မှာ
လိမ်ညာခေါ်ဆောင်ကာ မိုးကုတ်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

NUG က ကျောက်ဆည် PDF ရင်း ၂ ကို ၎င်းတို့အောက်သို့ ပြန်လည် ဝင်ရောက်ဖို့
ခြိမ်းခြောက်ပြောဆိုနေပြီး NUG အောက် ပြန်လည်မဝင်ရောက်ပါက
တပ်ရင်းမှူး စစ်နိုင်ကို တပ်ပြိုကွဲမှု၊ လက်နက်ကုန်ကူးမှုစတဲ့အမှု အပြင်
သေဒဏ်ချမှတ်နိုင်တဲ့ အမှုတွေနဲ့ ဖမ်းဆီးအရေးယူသွားမယ်လို့
ပြောဆိုထားကြောင်း သိရပါတယ်။

ကျောက်ဆည်ခရိုင်မှာ PDF တပ်ရင်း ၃ ရင်းရှိပြီး ရင်း ၂ က လူအင်အားများပြားတဲ့အပြင်
လက်နက်အင်အားတောင့်တင်းတဲ့ တပ်ရင်းဖြစ်တဲ့အတွက် အခုလိုမျိုး ၎င်းတို့တပ်ရင်းမှူးကို
ဖမ်းဆီးထားတာကို မကျေနပ်လို့ ပြင်ပသတင်းဌာနတွေကို သတင်းပေးခဲ့တာဖြစ်တယ်လို့လည်း
သိရပါတယ်။

ဒါ့အပြင် ၎င်းတို့တပ်ရင်းမှူးကို ပြန်မလွှတ်ခဲ့ရင် NUG ကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့
ကျောက်ဆည်ခရိုင် PDF ရင်း ၂ က လူအများစုက သတင်းလွှင့်ထားပါတယ်။

htinmyataung
မန္တလေး မြတောင်ကျောင်းအလည်တိုက်လှေကားဘေးတွင် ၂၈.၃.၂၀၂၅ ရက်နေ့ကတည်းက ရပ်ထားခဲ့တဲ့ဆိုင်ကယ်၂စီးမှာ အခုထိပိုင်ရှင် လာမယူသေးပါ။ ပိုင်ရှင်မှာ မိန်းကလေးဖြစ်လောက်မယ်ထင်တယ်။ သေသွားတာလားတော့မသိပါ။ သူတို့ရဲ့မိသားစုတွေ သိကြပါစေ။ နီးစပ်သူများအကြောင်းကြားပေးပါ။တိုက်အုပ်ဆရာတော်ထံအပ်နှံထားပါတယ်။

မဏိရတနာမြတောင်တိုက်
မင်္ဂလာပါ
01.05.202512:46
မန္တလေးမြို့တွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရန် ​မြေကွက်ပြမည်ဟုဆိုကာ လူသတ်ပြီးပစ္စည်းများယူဆောင်သွားသူအား ဖမ်းဆီးရမိ

မန္တလေးမြို့တွင် အငြိမ်းစားပါမောက္ခအမျိုးသမီးတစ်ဦးအား အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်ရန် မြေကွက်ပြမည်ဟုဆိုကာ လူသတ်ပြီးပစ္စည်းများယူဆောင်သွားသူအား မေလ ၁ ရက်နေ့ နံနက် ၁၀နာရီခန့်က (ယနေ့) ဟဲဟိုးမြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

" လတ်တလောသူနဲ့ အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်နေတဲ့သူက ကျူးလွန်သွားတာပါ ။ အိမ်ခြံမြေပြပြီးတစ်ခါထဲသတ်လိုက်တာ ။၀တ်ထားတဲ့လက်၀တ်လက်စားရွှေထည်တွေ ၊ပိုက်ဆံတွေအပြင် အိမ်ခြံမြေစာချုပ်တွေကိုလည်း ယူသွားတယ် ။သူက ကျူးလွန်ပြီး မိသားစုလိုက် ရှမ်းပြည်ဘက်ပြေးသွားတာ ။အဆင့်ဆင့်နေရာပြောင်းရင်း နောက်ဆုံးဟဲဟိုးမှာ ဒီကနေ့ပဲ သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့ပါတယ်"ဟု ရဲတပ်ဖွဲ့တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

ဧပြီလ ၂၇ရက်နေ့က ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာမြောင်းဘောင်ဘေး လယ်ကွင်းအတွင်း ဆောက်လုပ်ထားသည့် လူနေထိုင်ခြင်းမရှိသည့် တစ်ထပ်တိုက်အတွင်း အမျိုးသမီးတစ်ဦး ဒဏ်ရာများနှင့် ပုပ်ပွသေဆုံးနေကြောင်း သတင်းရရှိသဖြင့် သက်ဆိုင်ရာတာ၀န်ရှိသူများက စုံစမ်းခဲ့ရာ ဧပြီလ ၂၅ရက်က ပျောက်ဆုံးနေခဲ့သည့် ဒေါ်ထွေးထွေးဆိုသူဖြစ်ကြောင်း သိရသဖြင့် စုံစမ်းစစ်ဆေးခဲ့ရာ ကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အသတ်ခံရမှာ အငြိမ်းစားပါမောက္ခတစ်ဦးဖြစ်ပြီး အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူဖြစ်ကာ တစ်ဦးထဲနေထိုင်သူဖြစ်​ပြီး အခင်းဖြစ်ပွားသည့် ဧပြီလ ၂၅နေ့က အိမ်မှ နံနက်၁၀နာရီခွဲခန့်က အိမ်ခြံမြေကြည့်ရန် ထွက်သွားပြီးနောက် ယခုကဲ့သို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်ထွေးထွေးအား သတ်ပြီးပစ္စည်းများယူခဲ့သည့် စိုင်းထွန်းနော(ခ)ကိုစိုင်း (အသက်၂၅နှစ်) အား ရာဇသတ်ကြီးပုဒ်မ၃၀၂ဖြင့် ပုသိမ်ကြီးမြို့မရဲစခန်းတွင် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည်။
01.05.202507:31
မန္တလေးရန်ကုန်ကားလမ်းဟောင်းပလိပ်တံတားကျိုး

၁.၅.၂၀၂၅
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပြောကြားချက်
03.05.202502:42
NUG အောက်က တပ်ရင်းတစ်ရင်း နှုတ်ထွက်တဲ့ ကျောက်ဆည် PDF တပ်ရင်းမှူးကို NUG က လိမ်လည်ခေါ်ဆောင်ဖမ်းဆီး ( မေလ ၂ )
03.05.202502:01
၁၀၂၇ မဖြစ်ခင် လားရှိုးမြို့အဝင်မယ်ဟန်ဂိတ်မှာ တပ်ကတစ်ဂိတ် ၊ ရဲကတစ်ဂိတ် ၊ ဒေသခံပြည်သူ့စစ်ကတစ်ဂိတ် ဝင်သမျှကားတွေကို အဆင့်ဆင့်စစ်ကြတယ် တစ်ခုခုမှားလို့ကတော့ ဘယ်သူ့ကိုတောင်းပန်ရမှန်းမသိဘူး အကုန်လုံးက ဆရာကြီးတွေချည်းပဲ ဒီဂိတ်မှာငါသာလျှင်အရေးပါဆုံး ဆိုတဲ့အထှာတွေနဲ့

၁၀၂၇ စဖြစ်ပြီး လားရှိုးမြို့ကို ကိုးကန့်တွေဝိုင်းထားပြီလဲဆိုရင် မြို့အဝင်ဂိတ်မှာ တစ်ကောင်တစ်မြှီးမှမရှိတော့ဘူး ဆရာကြီးတွေပြေးရော

အခုလဲ ကြားရတဲ့သတင်းက လားရှိုးမှာဒေသခံပြည်သူ့စစ်တွေ ဂိတ်တွေမှာနေရာယူနေပြီတဲ့ သောက်ဆံတောင်းရုံသက်သက် ခရီးသွားပြည်သူတွေကိုအနိုင်ကျင့်ရုံသက်သက်နဲ့တော့ ဂိတ်တွေလဲဖွင့်မနေပါနဲ့ဗျာ တကယ်အရေးကြုံလာရင် အကုန်ပြေးတာပါပဲ အဲဒီဂိတ်တွေကနေ အကြမ်းဖက်သမားတွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေလဲ ဖမ်းနိုင်တာမဟုတ်ပါဘူး မြို့အတွက်ဘာမှအကျိုးမရှိပါဘူး

Ko Myat🇲🇲
3-4-2025
01.05.202514:50
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ အမျိုးသား ၁ ဦးအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်းလုပ်ကြံသတ်ဖြတ်ခဲ့မှုအား

ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ မေ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ နယ်၌ ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည့် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့်ပူးပေါင်း၍ လုပ်ကြံသတ်ဖြတ်ခဲ့မှုအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီတွင် မဟာအောင်မြေမြို့နယ်၊ စိန်ပန်း ရပ်ကွက်၊ ၃၇x၃၈လမ်းကြား၊ သင်္ဂဇာပတ်လမ်း(အနောက်)ရှိ Happy Like လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဖြစ်သူ ဦးအောင်နေမျိုး(၅၀)နှစ်သည် လက်ဖက်ရည်ဆိုင် အိပ်ခန်းအတွင်း ကျည်ထိမှန်ဒဏ်ရာ များဖြင့် အသတ်ခံထားရကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ရွှေစင်ဝင်း၏ ဖုန်းဆက်အကြောင်းကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဦးအောင်နေမျိုးအား လက်ဖက်ရည်ဆိုင် အိပ်ခန်းအတွင်း ကုတင်ပေါ်၌ ယာနားထင်မှ ကျည်ဖောက်ဝင်ပြီး ဝဲနားထင်ကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာ ၂ ချက်တို့ဖြင့် သေဆုံးနေပြီး အခင်းဖြစ်နေရာမှ Thai Arms 9mm စာတန်းပါ ကျည်ခွံ ၁ ခု သိမ်းဆည်းရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သူ တရားခံအား ဖော်ထုတ်ဖမ်းဆီးရရှိနိုင်ရေး အမှတ်(၇)နယ်မြေရဲစခန်း (ပ)၅၀/၂၀၂၅။ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် အထူး အမှုစစ်အဖွဲ့ ဖွဲ့၍ အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ မသင်္ကာတရားခံများစုံစမ်း ရှာဖွေခြင်းများအား အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ခဲ့ရာ သေဆုံးသူ ဦးအောင်နေမျိုး၏ ဇနီး ဒေါ်ရွှေစင်ဝင်းမှာ မသင်္ကာဖွယ် အမူအယာပျက်ယွင်းနေသဖြင့် ၎င်းအား အသေးစိတ်စစ်ဆေးခဲ့ရာ ခင်ပွန်းဖြစ်သူမှာ ၎င်းအား အမျိုးမျိုးညှင်းပန်းနှိပ်စက်သည့်အပြင် အတူနေ၎င်း၏ ညီအစ်ကိုမောင် နှမများအား နေအိမ်မှ အကြိမ်ကြိမ်မောင်းချသဖြင့် စိတ်နာကျည်းခဲ့ကြောင်း၊

လွန်ခဲ့သော(၁)နှစ်ကျော်က Tik Tok အသုံးပြုရာမှ ၎င်းနှင့် ချစ်ကြိုက်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး၊ သီရိမင်္ဂလာဈေးအတွင်း ကုန်စိမ်းရောင်းချသူ ဇော်ဖြိုးအောင် (၃၃)နှစ်အား မန္တလေးမြို့ သို့ ခေါ်ဆောင်၍ အတူနေထိုင်ခဲ့ကြောင်း၊ လွန်ခဲ့သော ၁ လကျော်မှစတင်၍ မန္တလေးမြို့သို့ ဇော်ဖြိုးအောင် ရောက်ရှိလာသည့်အခါ ၎င်းတို့ ၂ ဦး အတူနေထိုင်ရန်အတွက် အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုတ်စက်ရပ်၊ အကွက်(၁၃)ရှိ အဆောင် ၁ ဆောင်အား ငှားရမ်းပေးခဲ့ကြောင်း၊ ဒေါ်ရွှေစင်ဝင်းက ၎င်းအား ညှင်းပန်းနှိပ်စက်နေသည့် ခင်ပွန်းဖြစ်သူအား လုပ်ကြံ သတ်ဖြတ်ပေးရန် ဇော်ဖြိုးအောင်အား လွန်ခဲ့သော ရက်အနည်းငယ်က ဖုန်းဖြင့် ဆက်သွယ် ပြောဆိုတိုင်ပင်ခဲ့ကြကြောင်း၊ ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဇော်ဖြိုးအောင်မှာ ရန်ကုန်မြို့မှ မန္တလေးမြို့ သို့ ပြန်လည်ရောက်ရှိချိန်တွင် ၎င်းမှ ခင်ပွန်းဖြစ်သူအား လုပ်ကြံသတ်ဖြတ် ရန်အတွက် လာရောက်ရမည့်အချိန်နှင့် ခင်ပွန်းဖြစ်သူအိပ်သည့်နေရာတို့အား အသေးစိတ်ထပ်မံ ရှင်းလင်းပြောပြခဲ့ကြောင်း၊ ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ဇော်ဖြိုးအောင်မှ ဦးအောင်နေမျိုး အိပ်သည့်အခန်းအတွင်း ဝင်ရောက်ကာ သေနတ်ဖြင့်လုပ်ကြံပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ဇော်ဖြိုးအောင် နေထိုင်ရန် ၎င်းငှားရမ်းပေးထားသည့် အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ အုက်စက်ရပ်၊ အကွက်(၁၃)ရှိ အဆောင်အား ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါအခန်း အတွင်းမှ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် SIGSAUER အမျိုးအစား 9mm ပစ္စတိုသေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၈ တောင့်နှင့် Scoopy ဆိုင်ကယ် ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ပြီး တရားခံ ဇော်ဖြိုးအောင်မှာ ၎င်း၏ဇာတိဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ မော်ကျွန်းမြို့နယ်၊ တံခွန်တိုင်ကျုံဝါးကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း ထပ်မံစုံစမ်း ဖော်ထုတ်သိရှိရသဖြင့် ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ မေလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တရားခံ ဇော်ဖြိုးအောင် (၃၃)နှစ် (ဘ)ဦးစံမြင့်အား တံခွန်တိုင်ကျုံဝါးကျေးရွာ၌ ဖမ်းဆီးရမိခဲ့ပါသည်။

ဖြစ်စဉ်တွင် ခင်ပွန်းဖြစ်သူအား ဇနီးဖြစ်သူမှ ၎င်းနှင့်လူမှုရေးဖောက်ပြန်နေသည့် အမျိုးသားနှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်၍ လိမ်လည်သတင်းပေးတိုင်တန်းခဲ့မှုအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အသေးစိတ်စစ်ဆေးဖော်ထုတ်နိုင်ခဲ့ပြီး ဖမ်းဆီးရမိသူ တရားခံများဖြစ်သည့် ရွှေစင်ဝင်း နှင့် ဇော်ဖြိုးအောင်တို့ ၂ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
01.05.202512:46
မြင်းမူလျှပ်စီး PDF အကြမ်းဖက်အဖွဲ့က မြင်းမူမြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်
=========================
ပြီးခဲ့တဲ့ရက်က မြင်းမူမြို့ရှိ ရွှေဆိုင်တစ်ဆိုင်ကို မြင်းမူလျှပ်စီး PDF အကြမ်းဖက်အဖွဲ့ဝင်အကြမ်းဖက် ၄ ကောင်က ဓားပြဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်...ရွှေဆိုင်တွေ၊ စိန်ဆိုင်တွေကို ဓားပြဝင်တိုက်ပြီး ဆိုင်ရှင်တွေနဲ့ ဆိုင်ဝန်ထမ်းတွေကို ဖမ်းဆီးပြန်ပေးဆွဲ ငွေညှစ်နေတာက အကြမ်းဖက် PDF တွေပဲဆိုတာ ဒီဖြစ်စဉ်က သက်သေခံနေပါပြီ...ပြီးခဲ့တဲ့ရက်ကလည်း မန္တလေးက ရွှေဇာမဏီ ရွှေဆိုင်ကို PDF အကြမ်းဖက်တွေက ဓားပြဝင်တိုက်ခဲ့ပါသေးတယ်...ဒီလိုမျိုး ရွှေဆိုင်တွေ၊ စိန်ဆိုင်တွေကို ဓားပြဝင်တိုက်နေတာက PDF အကြမ်းဖက်တွေတင်မဟုတ်ပါဘူး...NUG လက်ပါးစေ ငတ်ပြတ်နေတဲ့ ပသုံးလုံးအကြမ်းဖက်အဖွဲ့တွေလည်း ပါပါတယ်...ပြောရမယ်ဆိုရင် PDF/ပသုံးလုံးအကြမ်းဖက်တွေ လက်နက်ကိုင်တယ်ဆိုတာ လက်နက်အားကိုးနဲ့ ဆက်ကြေးကောက်၊ ဓားပြတိုက်စားပြီး ကိုယ်ကျိုးစီးပွားရှာချင်လို့ပဲ...
显示 1 - 24 2 014
登录以解锁更多功能。