My Boss,My Teacher (2006)
ဒီကားကတော့ ပထမကား My Boss,My Hero (2001) ရဲ့ အဆက်ဖြစ်ပါတယ်။ပထမကားက သရုပ်ဆောင်တွေပဲ ပြန်ပါလာတာမို့ ပထမကားလိုပဲအချိတ်အဆက်မိမိ ရယ်ရတဲ့ဇာတ်ကားဖြစ်ပါတယ်
ပထမကားမှာတော့ လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ်တစ်ယောက်အထက်တန်းကျောင်းကို ပြန်တက်ပြီးအောင်လက်မှတ်ရရှိခဲ့ပေမယ့် သူ့ဆရာ လူမိုက်ဂိုဏ်းချုပ်ကြီးကတော့ တင်းတိမ်ခြင်းမရှိသေးပါဘူး။သူ့တပည့်ကျော်ဂန်ဒူဆစ်အနေနဲ့ အဆင့်မီလူမိုက်ဖြစ်ဖို့ကျောင်းပညာရေးဆက်သင်ရဦးမယ်ယူဆပြီး ကျောင်းကိုထပ်လွှတ်လိုက်ပါပြီ
ဒီတစ်ခါတော့ ကျောင်းသားမဟုတ်တော့ပါဘူး ကျောင်းဆရာအနေနဲ့ပါ။လူမိုက်ခေါင်းဆောင် ဂန်ဒူဆစ် တဖြစ်လဲ ကျောင်းဆရာဂန်ဒူဆစ်နဲ့ သူ့ရဲ့တပည့်ကျော်ခေါင်းကြီးတို့တွေကျောင်းမှာ ဘယ်လိုတွေချကြဦးမလဲဆိုတာဆက်လက်ကြည့်ရှု့လိုက်ကြရအောင်ပါ။