“ ကံကြမ္မာအလွန် ”
Twisted Destinies (2025)
တစ်ယောက်နဲ့တစ်ယောက် သိပ်ချစ်ကြတဲ့ သူငယ်ချင်းလို ညီအစ်မလို သွေးစည်းခဲ့ကြတဲ့ မိန်းကလေးသုံးယောက်ကို တကွဲတပြားစီ စိတ်ဝမ်းကွဲစေခဲ့ရတဲ့ အကြောင်းအရင်းတစ်ခု...
အဲဒီအကြောင်းရင်းဟာ ယောက်ျားတစ်ယောက် ဖြစ်နေတဲ့အခါမှာတော့...
ရိုဆာရင် အဖြစ် Preem Ranida
အန်ချီတာ အဖြစ် Marilyn Kate
အင်ထူအွန် အဖြစ် Prima Bhunjaroen
ချာနွန်အဖြစ် Masu Junyangdikul
ငယ်ငယ်ထဲက အမေတစ်ခု သမီးတစ်ခုရုန်းကန်ခဲ့ရတဲ့ ရိုဆာရင်နဲ့ ချမ်းသာတဲ့မိသားစုကနေလာပြီး အထည်ကြီးပျက်ဖြစ်ခဲ့ရတဲ့ အန်ချီတာနဲ့အင်ထူအွန်တို့ညီအစ်မနှစ်ယောက်
နဂိုထဲက အစစအရာရာရုန်းကန်ရတဲ့ရိုဆာရင်ဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ကိုယ်တိုင်ရပ်တည်နိုင်သူဖြစ်ပေမဲ့ အင်ထူအွန်တို့ကတော့ ရွှေပေါ်မြတင်သူဌေးသမီးပီပီ နူးညံ့ပြီး ထိရှလွယ်တဲ့ ညီအစ်မနှစ်ယောက်ပါ။
ဒီလို အစစအရာရာကွာခြားနေတဲ့ သူတို့သုံးယောက်ဟာ ကံကြမ္မာစေစားချက်အရ ရိုဆာရင်တစ်ယောက် ပတ်ဝန်းကျင်သစ်မှာ ဒုက္ခရောက်နေတဲ့ အင်ထူအွန်တို့ညီအစ်မနှစ်ယောက်ကို လိုက်ကူညီရင်း အချစ်ဆုံးသူငယ်ချင်းသုံးယောက်ဖြစ်လာတော့တာပေါ့။
ဒါပေမဲ့ ဒီသူငယ်ချင်းသုံးယောက်ရဲ့ဘဝထဲကို ထာနာကွန်ဆိုတဲ့ လူလည်လုပ်ပြီး ပွေရှုပ်တတ်တဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် လူချောလေးတစ်ယောက် ရောက်လာချိန်မှာတော့...
( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် )
Subtitle By - Ash Team
Encode By - Little
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
#ကံကြမ္မာအလွန် #AshThai
#AshChannel #AshOngoing
#Ash #AshOngoing2025