Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
PAN avatar
PAN
PAN avatar
PAN
ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့ပေါ်ရှိ မိသားစု ၁၀၀ ကို ဆေးဝါးနှင့် အခြားအသုံးဆောင်ပစ္စည်းများထောက်ပံ့
****************
(ပြည်တွင်း) မေ ၇

မန္တလေးငလျင်ကြီးဒဏ်သင့် စစ်ကိုင်းမြို့ပေါ်ရှိ အိမ်ထောင်စု ၁၀၀ အား ဆန်၊ ဆေးနှင့် အသုံးအဆောင် များအား မေလ ၆ ရက်နံနက် ၈ နာရီက စစ်ကိုင်းတောင်ရိုးရှိ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေး စင်တာ (IBEC)၏ IBEC သဘာဝဘေးအန္တရာယ်စောင့်ရှောက်ကူညီရေးစင်တာတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ထောက်ပံ့ပစ္စည်းများအား နီပေါနိုင်ငံ Bodhisattva Vihara/ Budhanilkantha, Nepal ၏ ကိုယ်စား Mr. Piya Ratna Maharjam က ကူညီထောက်ပံ့ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ငလျင်ဒဏ်သင့်-စစ်ကိုင်းမ/

VK Link>>...
https://vk.com/wall-220066330_11802

Telegram»...
https://t.me/positiveanglenews

#PAN
ယီမင်နိုင်ငံအား အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
****************
(နိုင်ငံတကာ) မေ ၇

ယီမင်နိုင်ငံမြို့တော်ဆာနာနှင့်မြောက်ပိုင်းခရိုင်အမ်ရန်ကို အစ္စရေးတပ်မတော်က လေကြောင်းမှ မေလ ၆ ရက် တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုအပြီးတွင် မြို့တော်ဆာနာနှင့် အမ်ရန်ခရိုင်တို့တွင် အနက်ရောင်မီးခိုးများ ထူထပ်စွာတက်လာသည်ကို တွေ့မြင်ရကြောင်း ဒေသခံမျက်မြင်သက်သေများက ပြောသည်။

ဆာနာတွင် တိုက်ခိုက်မှုများသည် ဆာနာအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဓာတ်အားပေးစက်ရုံနှင့် စစ်ဘက် နေရာနှစ်ခုကို ထိမှန်ခဲ့သည်။ မြို့တော်၏ မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ အမ်ရမ် ခရိုင်တွင်လည်း အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများက ကွန်ကရစ်စက်ရုံတစ်ရုံကို ပစ်မှတ်ထားခဲ့ကြောင်း သိရသည်။

ဆာနာလေဆိပ်ကို အသုံးပြု၍ မရတော့ကြောင်း အစ္စရေး တပ်မတော်က အတည်ပြုခဲ့သည်။ ၎င်း တိုက်ခိုက်မှုမဖြစ်မီ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ယီမင်နိုင်ငံအား-အစ္စရေး/

VK Link>>...
https://vk.com/wall-220066330_11806

Telegram»...
https://t.me/positiveanglenews

#PAN
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပုစွန်တန်ချိန် ၉ ထောင်ကျော်တင်ပို့နိုင်ခဲ့
****************
(စီးပွားရေး) မေ ၇

ပြီးခဲ့တဲ့ ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပသို့ ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနကနေ သိရပါတယ်။ အခုလိုတင်ပို့ရာမှာ ပုံမှန်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆၅၃ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၇,၅၀၇ ဒသမ ၃၁၅ တန်၊ နယ်စပ်လမ်းကြောင်းမှ ဒေါ်လာ ၉ ဒသမ ၀၂ သန်းတန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၁,၆၃၉ ဒသမ ၃ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။

ဒါကြောင့် တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၆၇၃ သန်း တန်ဖိုးရှိတဲ့ ပုစွန်တန်ချိန် ၉,၀၀၀ ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ငါး၊ ပုစွန် အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ် နှင့် ဂျပန်နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၄၀ ကျော်ကို တင်ပို့ရောင်းချနေရပြီး.......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ပြီးခဲ့တဲ့-ဘဏ္ဍာနှစ်အတွ/

VK Link>>...
https://vk.com/wall-220066330_11801

Telegram»...
https://t.me/positiveanglenews

#PAN
ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်းရှိ နှင်းပုလဲနှင့် တောင်စွန်းဘူတာအကြား ရထားတံတားပေါ်၌ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲ
****************
(ပြည်တွင်း) မေ ၇

ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းအတွင်းရှိ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ နှင်းပုလဲဘူတာနှင့်တောင်စွန်းဘူတာအကြား၊ မိုင်တိုင်အမှတ် ၁၁၂/၁၀-၁၁ ရှိ အရှည်ပေ ၆၀ ရှိသော ရထားတံတား အမှတ် (၆၅)အောက်၌ မေလ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ရထားတံတားထိခိုက်ပျက်စီး နေကြောင်းသိရှိရသဖြင့် နှင်းပုလဲနှင့် တောင်စွန်းရထားလမ်းပိုင်းအား ယာယီပိတ်ထားကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများနှင့်.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ပဲခူး-မော်လမြိုင်ရထားလမ/

VK Link>>...
https://vk.com/wall-220066330_11797

Telegram»...
https://t.me/positiveanglenews

#PAN
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာတွင် နေအိမ်(၆)လုံး မီးလောင်မှုဖြစ်ပွား
**************
(မှုခင်း) မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ ပိုင်ရှင် ဦးနွဲ့ဝင်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ ပိုင်ရှင် ဦးနွဲ့ဝင်း၏(၂၀x၆၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် မေလ ၆ ရက်နေ့၊ နံနက် ၀၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ထင်းမီးဖိုဖြင့် ပဲပြုတ်အိုးတည်ပြီးကျန်နေသော မီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ ......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/လှိင်သာယာအရှေ့ပိုင်းမ-4/

VK Link>>...
https://vk.com/wall-220066330_11793

Telegram»...
https://t.me/positiveanglenews

#PAN
မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်မှ ရွှေ၊ ငွေ၊ လက်ဝတ်လက်စားများနှင့် အရေးကြီးစာရွက်စာတန်းများ တူးဖော်ရရှိ
*****************
(ပြည်တွင်း) မေ ၆

မန္တလေးမြို့ Sky Villa အဆောက်အဦ (B)အဆောင်၊ (C)အဆောင်နှင့် (D)အဆောင်များတွင် ကျန်ရှိနေသော ရုပ်အလောင်းများထုတ်ယူနိုင်ရေး မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့မှ ယန္တရားများနှင့် အတူနေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် Sky Villa အဆောက်အဦ (B)အဆောင်၊ (C)အဆောင်နှင့် (D)အဆောင်များအား ဖယ်ရှားရှင်းလင်းရာ (B)အဆောင် အခန်းအမှတ် (I9)မှ ရှာဖွေတွေ့ရှိခဲ့သော မြန်မာငွေ ၈၃,၀၀၀,၀၀၀ ကျပ်၊ US ဒေါ်လာ ၁၀၀ တန် ၃၀၀ ရွက်၊ တရုတ်ငွေ ၅၀ တန် ၂ ရွက်၊ ၁၀ တန် ၆ ရွက်၊ ထိုင်းဘတ်ငွေ ၂၀ တန် ၇ ရွက်၊ ရွှေ ၁၀ ကျပ်သားတုံး ၁၀ တုံး၊ ၁ ကျပ် ၄ ပဲတုံး ၂ တုံး၊ ၁ ကျပ် ၃ ပဲတုံး ၁ တုံး၊ ရွှေဆွဲကြိုး ၃၀ ကုံး၊ လက်ကောက်၊ ဟန်းချိန်း ၂၆ ကုံး၊ လက်စွပ် ၃၅ ကွင်း......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/06/မန္တလေးမြို့-sky-villa-အဆောက်အဦ-b/

VK Link>>...
https://vk.com/wall-220066330_11790

Telegram»...
https://t.me/positiveanglenews

#PAN
07.05.202523:00
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ .....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
အစ္စရေးထံမှ လက်နက်ကိုင်ပဋိပက္ခအား အဆုံးသတ်မည်ဟု ကတိကဝတ်မရမချင်း စေ့စပ်ဆွေးနွေးမည် မဟုတ်ဟု ဟားမတ်စ်ပြောကြား
****************
(နိုင်ငံတကာ) မေ ၇

ဂါဇာဒေသတွင် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခအား အဆုံးသတ်စေမည်ဟု အစ္စရေးထံမှ ခိုင်မာသည့်ကတိကဝတ်ကို မရမချင်း စေ့စပ်ဆွေးနွေးခြင်းနှင့် အကျဉ်းသားလဲလှယ် ခြင်းတို့ကို ဟားမတ်စ်အဖွဲ့က ဆောင်ရွက်မည်မဟုတ်ဟု ဟားမတ်စ် တာဝန်ရှိသူတစ်ဦးက မေလ ၆ ရက်တွင် ပြောကြားသည်။

အစ္စရေးအနေဖြင့် ဂါဇာဒေသတွင် ယာယီအပစ်အခတ်ရပ်စဲရေးရရှိရေးအတွက် ဟားမတ်စ်အဖွဲ့အား ဖိအားပေးနေကြောင်းနှင့် ထာဝရအပစ်အခတ်ရပ်စဲရေးကို မရည်ရွယ်သည့် ၎င်းဆောင်ရွက် ချက်ကို မိမိတို့လက်မခံကြောင်း ၎င်းက .....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/အစ္စရေးထံမှ-လက်နက်ကိုင်/

VK Link>>...
https://vk.com/wall-220066330_11805

Telegram»...
https://t.me/positiveanglenews

#PAN
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
****************
(ပြည်တွင်း) မေ ၇

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားကြောင်း.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/နိုင်ငံတော်စီမံအုပ်ချ-64/

VK Link>>...
https://vk.com/wall-220066330_11800

Telegram»...
https://t.me/positiveanglenews

#PAN
ဝါရင့်ဒါရိုတ်တာ သရုပ်ဆောင် ဦးမောင်မောင်မြင့်ကွယ်လွန်
****************
(ပြည်တွင်း) မေ ၇

ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးမောင်မောင်မြင့်သည် ယနေ့ နံနက်ပိုင်းက ကွယ်လွန်သွားပြီလို့ သိရပါတယ်။

ဝါရင့်ဒါရိုတ်တာ သရုပ်ဆောင် ဦးမောင်မောင်မြင့် သည် ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်ရှိပြီလို့ သိရပါတယ်။

ဦးမောင်မောင်မြင့်သည် သရုပ်ဆောင်ပိုင်း၊ ဒါရိုက်တာအပြင် သူ့ကိုကဗျာဆရာတစ်ယောက်အဖြစ်လည်း သိရှိသူများရှိသလို ရုပ်ရှင်သရုပ်ဆောင်ပြေငြိမ်း၏ ဖခင်လည်း ဖြစ်ပါသည်။

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ဝါရင့်ဒါရိုတ်တာ-သရုပ်ဆေ/

VK Link>>...
https://vk.com/wall-220066330_11796

Telegram»...
https://t.me/positiveanglenews

#PAN
မြန်မာ့ငလျင်ဘေးအတွက် ဘရာဇီးလ်နိုင်ငံမှ ရေသန့်စက်များလှူဒါန်း
*****************
(ပြည်တွင်း) မေ ၇

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးလှုပ်ခတ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘရာဇီးလ်နိုင်ငံမှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များအား ပေးပို့လှူဒါန်းခဲ့သည်ဟု သိရသည်။

အဆိုပါ ပစ္စည်းများ စုစုပေါင်း (၁၃)ပုံး၊ 5820 Kg တင်ဆောင်လာသည့် ကိုတင်ဆောင်လာသည့် Korean Air လေကြောင်းလိုင်းက Airbus လေယာဉ်သည် မေလ ၅ ရက်နေ့ ည ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟုသိရသည်။

ထိုသို့ ရောက်ရှိလာသည့် ပစ္စည်းများကို ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့မှလွှဲပြောင်းလက်ခံရယူခဲ့ပြီး......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/မြန်မာ့ငလျင်ဘေးအတွက်-ဘရ/

VK Link>>...
https://vk.com/wall-220066330_11792

Telegram»...
https://t.me/positiveanglenews

#PAN
မင်းဘူးမြို့နယ်တွင် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်
*****************
(မှုခင်း) မေ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အိုင်းမကျေးရွာတွင် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီအချိန်ခန့်က အိုင်းမရွာခွဲတာဝန်ခံ ဦးဝင်းဌေး၏ နေအိမ်သို့ အိုးပြင်မဲရွာမှ ဦးဖိုးတင် နှင့် ၄င်း၏ဇနီး ဒေါ်မြသန်း တို့ရောက်ရှိနေစဥ် အကြမ်းဖက် PDFများရောက်ရှိလာပြီး ဦးဝင်းဌေး၊ ဦးဖိုးတင်နှင့် ဒေါ်မြသန်းတို့ ၃ ဦးစလုံးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

၎င်းနောက် အကြမ်းဖက် PDF အဖွဲ့များသည် မန်းချောင်းတံတား အိုင်းမဘက်ထိပ်အရောက်တွင် ဖမ်းဆီးခေါ်ဆောင်သွားသူ ၃ ဦးအနက် ဦးဝင်းဌေး နှင့် ဦးဖိုးတင် တို့ ၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ဒေါ်မြသန်းကို......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/06/မင်းဘူးမြို့နယ်တွင်-အပြ/

VK Link>>...
https://vk.com/wall-220066330_11789

Telegram»...
https://t.me/positiveanglenews

#PAN
07.05.202512:14
၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့မှာ ရရှိခဲ့တဲ့  မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှာ မိမိတို့ ရုရှားနိုင်ငံကလည်း ပါဝင်ကူညီပေးခဲ့တာတွေ ရှိခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Iskander Azizov က ပြောဆိုလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့ နှစ် ၈၀ ပြည့်တဲ့အနေနဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ရင်ပြင်နီမှာ လာမယ့် မေလ ၉ ရက်နေ့မှာ ပြုလုပ်သွားဖို့ ရှိနေတာ ဖြစ်ပြီး ထိုအောင်ပွဲအခမ်းအနားကို ဂုဏ်ပြုတဲ့အနေနဲ့ သံအမတ်ကြီးဟာ အခုလို ဆောင်းပါးရေးသား ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဥရောပစစ်မြေပြင်မှာ ဆိုဗီယက်တပ်မတော်ကြီးရဲ့ စစ်ရေးအောင်မြင်မှုတွေက ဝင်ရိုးတန်းအင်အားစုနိုင်ငံတွေကို ချည့်နဲ့စေပြီး ၁၉၄၄ ခုနှစ်မှာ မြန်မာနိုင်ငံအတွင်း ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် (ဖဆပလ) တည်ထောင်မှုကို အုတ်မြစ်ချစေနိုင်ခဲ့တယ်လို့ သံအမတ်ကြီးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

#pan_Broadcasting
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ (၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲကျင်းပမည်
****************
(ပြည်တွင်း) မေ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ (၄၂) ကြိမ်မြောက် မဟာဗောဓိကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကြီးကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့)နံနက် ၇ နာရီမှစတင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါနေ့မှာ ဘုရားဖူးလာသူများ ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များမှာ လွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရေး ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများကလည်း ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ရွှေတိဂုံစေတီတော်မြတ်က-4/

VK Link>>...
https://vk.com/wall-220066330_11804

Telegram»...
https://t.me/positiveanglenews

#PAN
အိန္ဒိယက ပဲ့ထိန်းဒုံးကျည်များဖြင့် ပါကစ္စတန်သို့စတင်တိုက်ခိုက်
****************
(နိုင်ငံတကာ) မေ ၇

ပါကစ္စတန်နိုင်ငံအတွင်းရှိ အကြမ်းဖက်များ ခိုအောင်းနေထိုင်သည့်နေရာအချို့ကို ပဲ့ထိန်းဒုံးကျည်များဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်သမားအချို့ သေဆုံးခဲ့ကြောင်း အိန္ဒိယအစိုးရမှ ထုတ်ပြန်ထားသော်လည်း ပါကစ္စတန်စစ်တပ်တာဝန်ရှိသူများက အရပ်ဖက်ပစ်မှတ်များသာဖြစ်ကြောင်း တုံ့ပြန်ပြောဆိုခဲ့သည်။

ပါကစ္စတန်စစ်တပ်၏ ထုတ်ပြန်ချက်အရ အိန္ဒိယစစ်တပ်၏ တိုက်ခိုက်မှုသည် နေရာသုံးခုကို ထိမှန်ခဲ့ပြီး ပါကစ္စတန်စစ်တပ်မှ အိန္ဒိယလေယာဉ် ၅ စင်းအား ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယစစ်တပ်မှ အဆိုပါတိုက်ခိုက်မှုအား Operation Sindoor ဟု အမည်ပေးခဲ့ပြီး ဟိန္ဒူအမျိုးသမီးများ၏ နဖူးတွင် လိမ်းချယ်သည့်.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/အိန္ဒိယက-ပဲ့ထိန်းဒုံးကျ/

VK Link>>...
https://vk.com/wall-220066330_11798

Telegram»...
https://t.me/positiveanglenews

#PAN
ပါကစ္စတန်ဘက်က ပစ်မှတ် ၉ ခုကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်
****************
(နိုင်ငံတကာ) မေ ၇

ပါကစ္စတန်ဘက်က ပစ်မှတ် ၉ ခုကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေပြီဖြစ်ပါတယ်။ အကြမ်းဖက်တွေ နေထိုင်တယ်လို ယူဆရတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားပြီး ပစ်ခတ်ခဲ့တာလို အိန္ဒိယက ဆိုပါတယ်။

ပါကစ္စတန်ကလည်း သူတိုဟာ အိန္ဒိယလေယာဉ် ၅ စင်းအထိကို ပစ်ချခဲ့ပြီး စစ်သားအချိုကိုလည်း ဖမ်းဆီးထားတယ်လို သတင်းထုတ်ပြန် ခဲ့ပါတယ်။

ရန်လိုတဲ့ လုပ်ရပ်တွေကို ရပ်တန့်မယ်ဆိုရင် အိန္ဒိယနဲ့ ဆွေးနွေးသွားမယ်လို ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက .....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ပါကစ္စတန်ဘက်က-ပစ်မှတ်-၉/

VK Link>>...
https://vk.com/wall-220066330_11795

Telegram»...
https://t.me/positiveanglenews

#PAN
မင်္ဂလာနံနက်ခင်းလေးဖြစ်ကြပါစေ...


မိသားစုအားလုံးဘေးရန်ကြောင့်ကြဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာချမ်းသာပြီး ကောင်ကျိုးလိုရာဆန္ဒပြည့်ဝလျှက် ရပြီးတိုင်းခိုင်မြဲ ရဆဲတိုင်းဆန္ဒပြည့်ဝကြပါစေ .....
ကပ်သုံးပါးမှ ကင်းလွတ်နိုင်ကြပါစေ .....
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ...
အထင်သေးခြင်း အချင်းချင်း ကင်းဝေးကြ​ပါစေ...
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းဝေးကြပါစေ....

🙏🙏🙏
05.05.202510:15
ယာယီဲအပစ်အခတ်ရပ်စဲရေးမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့ စကားဝိုင်းကိုတက်ရောက်လာတဲ့ ခူမီအမျိုးသားပါတီဗဟိုကော်မတီဝင်ရဲ့ ပြောဆိုချက်

#pan_Broadcasting
07.05.202508:41
မြေငလျင်သတင်းအမှတ်စဉ် ၁၆၄
=====================
နေ့စွဲ ၇-၅-၂၀၂၅
လှုပ်ခတ်သည့်အချိန် - ၁၄း၀၅း၁၉
အင်အားပမာဏ - ၃.၅ ရစ်(ခ်)တာစကေး
အနက် - ၂၅ ကီလိုမီတာ
ဗဟိုချက်တည်နေရာ - ဖြူးမြို၏ အနောက်မြောက်ဘက် (၁၄) မိုင်ခန့်


Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပမည်
****************
(ပြည်တွင်း) မေ ၇

ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်တာကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက်မှာ ဆင်ယင်ကျင်းပသွားမယ်လို့ စေတီတော်မြတ် ကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။

အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း .....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ရွှေတိဂုံစေတီတော်မြတ်က-3/

VK Link>>...
https://vk.com/wall-220066330_11803

Telegram»...
https://t.me/positiveanglenews

#PAN
မန္တလေး တံတားဦး လေဆိပ်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်ပွား
**************
(မှုခင်း) မေ ၇

မန္တလေးမြို့ရှိ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေယာဉ်အတက်တွင် MNA လေကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘီးပေါက်ကာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၆ ရက် ညနေပိုင်း ၆ နာရီခွဲ အချိန်ခန့်က မန္တလေး မှ ရန်ကုန်သို့ ပျံသန်းမည့် MNA လေကြောင်းလိုင်းမှ လေယာဉ်သည် ပြေးလမ်းမှ အတက်တွင် ဘီးပေါက်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ ဘေးကင်းကြောင်း.......

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/မန္တလေး-တံတားဦး-လေဆိပ်တွ/

VK Link>>...
https://vk.com/wall-220066330_11799

Telegram»...
https://t.me/positiveanglenews

#PAN
ချောင်းအစပ်ရေဆင်းချိုးရာမှ မိချောင်းကိုက်ခံရမှုဖြစ်ပွား
****************
(ပြည်တွင်း) မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာတွင် ယမန်နေ့ညနေ ၆ နာရီအချိန်ခန့်က ချောင်းထဲရေဆင်းချိုးရာမှ မိချောင်းအကိုက်ခံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ရေကျော်တိုးကျေးရွာအုပ်စု၊ ရွာသာအေးကျေးရွာနေ မောင်လှမင်းသန့်၊ ၁၈ နှစ်၊ (ဘ)ဦးမင်းသန့်သည် နေအိမ်နောက်ဖေးရှိ ချောင်းအတွင်းသို့ ရေးဆင်းချိုးခဲ့ရာမှ ရေးချိုးပြီးပြန်အတက်တွင် ခြေတောက်၌ ရွှံ့များပေနေသဖြင့် နောက်တဖန်ချောင်းအတွင်း ခြေတောက်ပြန်ဆေးချိန်တွင်း မိချောင်းအကိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။

၄င်းမှ အော်ဟစ်အကူညီတောင်းသဖြင့် ဖခင်ဖြစ်သူမှာအိမ်ပေါ်မှဆင်းလာပြီး မိချောင်းအားဝင်လုံးခဲ့သောကြောင့် မောင်လှမင်းသန့် မှာ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်လှမင်းသန့် မှာ မိချောင်းအကိုက်ခံ.....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/07/ချောင်းအစပ်ရေဆင်းချိုး/

VK Link>>...
https://vk.com/wall-220066330_11794

Telegram»...
https://t.me/positiveanglenews

#PAN
06.05.202514:49
မန္တလေးငလျင်ကြီးဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသည့် တိုင်းဒေသကြီး/ပြည်နယ်(၆)ခုတွင် (၆-၅-၂၀၂၅)ရက်နေ့အထိ သေဆုံးသူ(၃၇၈၉ )ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၅၁ဝ၆ )ဦး၊ ပျောက်ဆုံးသူ(၈၈)ဦး ရှိပြီဖြစ်သည်။
ဟူသီသူပုန်များ ပစ်လွှတ်သည့် ဒုံးကျည်ကို အစ္စရေးလေကြောင်းရန် မကာကွယ်နိုင်ခဲ့
*****************
(နိုင်ငံတကာ) မေ ၅

လေကြောင်းရန်ကာကွယ်ရေးတွင် နာမည်ကြီးသည့် အစ္စရေးစစ်တပ်သည် ဟူသီသူပုန်များ ပစ်လွှတ်လိုက်သည့် ဒုံးကျည်အား မကာကွယ်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါဒုံးကျည်မှာ အစ္စရေးနိုင်ငံ၏ အဓိကလေဆိပ်တစ်ခုဖြစ်သည့် Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လေဆိပ်အားယာယီပိတ်ထားခဲ့ရကြောင်းသိရသည်။

အစ္စရေးစစ်တပ်တာဝန်ရှိသူများက အဆိုပါဒုံးကျည်အား ၎င်းတို့၏ တာဝေးပစ် Arrow ကြားဖြတ်ဒုံးကျည်ဖြစ် ဟန့်တားပစ်ခတ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါပစ်ခတ်မှု မအောင်မြင်သည့် အကြောင်းအရင်းကို တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေ။

အစ္စရေးမြို့တော် တဲလ်အဗီလ်းအနီးတဝိုင်တွင် အမေရိကန်၏ အဆင့်မြင့် THAAD ဒုံးခွင်း ဒုံးစနစ်များလည်း ဖြန့်ကျက်ထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။

ထို့အပြင် အစ္စရေး၏....

သတင်းအပြည့်အစုံဖတ်ရန် -
Webpage>>...
https://positiveanglenews.com/2025/05/05/ဟူသီသူပုန်များ-ပစ်လွှတ်/

VK Link>>...
https://vk.com/wall-220066330_11780

Telegram»...
https://t.me/positiveanglenews

#PAN
显示 1 - 24 2 051
登录以解锁更多功能。