Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
C 9 Plus 3 avatar
C 9 Plus 3
C 9 Plus 3 avatar
C 9 Plus 3
AFTER EARTH [2013]

လူသားတွေဟာဆိုရင် ဂေဟစနစ် ပျက်စီးမှုတွေကြောင့် အမိကမ္ဘာမြေကနေထွက်ခွာခဲ့ရပြီး Nova Prime လို့ခေါ်တဲ့ ဂြိုလ်တစ်ခုမှာ အခြေချနေထိုင်နေကျတဲ့ အချိန်...

အဲ့အချိန်မှာ လူသားတွေထပ်မံသိခဲ့ရတာက ဒီစကြာ၀ဠာကြီးမှာ ကျွန်တော်တို့ချည်းမဟုတ်ပါဘူးဆိုတာပါပဲ...

Nova Primeကိုပြောင်းရွှေ့လာတဲ့ လူသားတွေကို ဂြိုလ်သားတွေက တိုက်ခိုက်ပါတော့တယ်...

အဲ့လိုလူသားတွေလည်းအသေအပျောက်များပြီးတစ်ဖြည်းဖြည်းနဲ့ မျိုးတုန်းမယ့် အန္တရာယ်ကို ရင်ဆိုင်လာရပါပြီ...

အဲ့လို အခါမှာဆိုရင် လူသားတွေ ရဲ့ အားကိုးရာက ရိန်းဂျားလို့ခေါ်တဲ့ စစ်သားတွေအပေါ်မူတည်လာတယ်...

အဲ့ရိန်းဂျားတွေကြားထဲမှာမှ လက်မရွံ တက်တဲ့ ဆိုင်ဖာ(၀ီလ်စမစ်) ကထိပ်တန်းပေါ့...

ဆိုင်ဖာ့ဆီမှာရိန်းဂျားတစ်ယောက်ဖြစ်ချင်တဲ့ ကီတိုင်းလို့ခေါ်တဲ့ သားတစ်ယောက်ရှိတယ်...

သူကတော့ထုံးစံအတိုင်း ဖခင်
ရဲ့မေတ္တာကိုငတ်မွတ်နေလို့ ရိန်းဂျားတစ်ယောက် ဖြစ်လာအောင်သက်သေပြချင်နေတာပါ...

ဒီလိုနဲ့ဆိုင်ဖာ ရဲ့နောက်ဆုံးခရီးစဉ်မှာ ဆိုင်ဖာတစ်ယောက်ကီတိုင်းကို သူတို့ နဲ့အတူ ခေါ်သွားမလား...


Video Comments မှာ ကြည့်ရန်⤵
LION [2016]

ဖြစ်ရပ်မှန်ကားလေးပါ...

မငိုကြနဲ့နော်...

မိသားစုနဲ့ ဝေးကွာနေရတဲ့အခါ လွမ်းစွတ်တမ်းတမိတာမျိုး,ဒုက္ခတွေ ကြုံရတဲ့အခါ အိမ်လွမ်းမိတာမျိုးကို ကျွန်တော်တို့တွေ ကြုံဖူးကြမှာပါ...

ဘယ်လောက်ပင် သာယာတဲ့အခြေအနေမျိုးမှာ ရှိနေပါစေ မိသားစုနဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကိုပြန်တမ်းတမိကြမှာပါ...

Saroo ရဲ့ ရင်ထဲမှာရှိတဲ့ ခံစားချက်ကို ကျွန်တော် အလွယ်တကူဘဲ ကိုယ်ချင်း စာခံစားလို့ရခဲ့ပါတယ်...

၂၅နှစ်လောက် ငါ့မိသားစု ငါ့ကို ပူဆွေးစွာလိုက်ရှာနေခဲ့တဲ့ ခံစားချက်ကို...

ငါနားလည်တဲ့ဆိုတဲ့ Sarooရဲ့ စကားဟာ သူ့မိသားစု အပေါ်မှာထားရှိတဲ့သံယောဇဉ်ပါ...

Sarooရဲ့ သူ့အကိုပေါ်မှာ ထားတဲ့ သံယောဇဉ်ဟာ အကိုတစ်ယောက်ထက်ပိုတဲ့ ဖခင်တစ်ယောက်လို အားကိုးတဲ့ သံယောဇဉ်မျိုးဖြစ်ခဲ့မှာပါ...

တကယ်တော့ မိသားစု ရဲ့ မေတ္တာကသာ အနွေးထွေးဆုံးပါ…

အရမ်းကြည့်ကောင်းတဲ့ကားလေးပါ...


Video Comments မှာ ကြည့်ရန်⤵
SANAM TERI KASAM [2016]

အရမ်းကို ဘာသာရေး လုပ်ပြီး ရှေးရိုးစွဲကြီးတဲ့ အိမ်မှာဆာရူး ဆိုတဲ့ သမီးတစ်ယောက် ရှိတယ်...

သူက ဥာဏ်ကောင်းပြီးတော်ပေမဲ့ အိမ်ကပေးစားတဲ့ယောင်္ကျားကို ယူရဖို့ပဲ စောင့်နေရတဲ့သူပေါ့...

ဒါပေမဲ့ အတော်များများက ဆာရူးကို လာကြည့်ပြီး ပုံတုံးလို့ခေါင်းခါသွားကြတယ်...

ဆာရူးတို့ ကွန်ဒိုတိုက်မှာ အခန်းငှားနေတဲ့ ဂျလေဘီဆန်ဆန် အင်ဒါဆိုတဲ့ကောင်လေး တစ်ယောက်ရှိတယ်...

တစ်ရက်ဆာရူးရဲ့ အဖြစ်ကို အင်ဒါမြင်သွားတယ် သနားသွားမိတယ်..

အင်ဒါရဲ့ လက်ရှိရည်းစားက နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်ဆိုတာ ဆာရူး သိတဲ့နောက်မှာ.

လူခြေတိတ်ချိန်လေး အင်ဒါ အခန်းကိုသွား အင်ဒါရည်းစားဆီမှာ သူမ ပုံစံကို ပြောင်းလဲပေးဖို့ အကူအညီတောင်းခဲ့တယ်...

အဲ့ဒီအချိန် အင်ဒါနဲ့ဆာရူးကို ပတ်ဝန်းကျင်က ဘယ်လိုအထင်လွဲကြမလဲ...

ရှေးရိုးစွဲအဖေကြီးက ဆာရူးကို အထင်လွဲပီး အိမ်က နှင်ထုတ်လိုက်တယ်...

ဆာရူးတစ်ယောက်လေလွင့်ရတော့မယ့် အခြေအနေမှာ အင်ဒါက ဘေးနားကမားမားမတ်မတ် ဘယ်လိုရပ်တည်ပေးမလဲ...


Video Comments မှာ ကြည့်ရန် ⤵️
REAL STEEL [2011]

2020 ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ် ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး...

ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်...

သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ...

သူ့ဆီကို သူ့အရင်ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင်...

သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်...

ထိုကေလးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို စွန့်လွှတ်ဖို့ လာရောက် အကြောင်းကြားတာဖြစ်ပါတယ်...


Video Comments မှာ ကြည့်ရန် ⤵️
CASE 39 [2009]

Bradley Cooper  ,Renée Zellweger တို့ နာမည်ကြီး သရုပ်ဆောင်ထားတဲ့ဒီကားကတော့ horror, thriller အမျိုးအစားဖြစ်ပြီးတော့...

အတော်ကောင်းတဲ့ဇာတ်ကားဖြစ်လို့ BO လည်း ဝင်ခဲ့ပါတယ်...

Emily က ကလေးတွေကူညီရေးအဖွဲ့တခုမှာအလုပ်လုပ်ပါတယ်...

ကလေးတွေမိသားစုကောင်းကောင်းရှိရဲ့လား...

မိဘတွေက ကောင်းကောင်းဆက်ဆံရလား စစ်ဆေးရတဲ့အခါ၃၉ ယောက်မြောက် ကလေးမလေးတစ်ယောက်လည်း ပါလာပါတယ်...

၁၀ နှစ်အရွယ် Lilyကို သူ့ရဲ့မိဘတွေက သူ့ကို သတ်ဖို့ကြိုးစားနေတာ သိရပြီး Emily ကကယ်လိုက်ပါတယ်...

မိဘတွေထောင်ထဲရောက်တော့ Lily တစ်ယောက် Emily ဆီ လိုက်နေပါတယ်...

အစက အဆင်ပြေပေမဲ့ တဖြေးဖြေး Lily ပတ်ဝန်းကျင်မှာထူးဆန်းတာတွေဖြစ်လာတဲ့အခါ Emily တစ်ယောက် ဘာလုပ်မလဲ...


Video Comments မှာ ကြည့်ရန် ⤵️
EVAN ALMIGHTY [2007]

ဘုရားနဲ့အဆက်အသွယ်ရှိလို့အန္တရယ်ကိုကြိုမြင်ပြီး လှေအကြီးကြီးဆောက်လိုက်တာကို...

တစ်မြို့လုံးက အရူးလို့ပြောတဲ့အပြင် လှေကိုပါဖြတ်ဆီးတဲ့အခါ...


Video Comments မှာ ကြည့်ရန် ⤵️
THE SHAOLIN BOY [2021]

သာမန်ကလေးတွေတက်တဲ့ကျောင်းကိုအပို့ခံခဲ့ရတဲ့ ရှောင်လင်ကျောင်းကကိုယ်တော်လေး...

ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ...

အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက် ၁၅ နှစ်အရွယ် ချုံနန်...

အသက် ၁၀ နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး...

ချုံနန်တိုမောင်နှမနှစ်ယောက်နဲ့ရှောင်လန်တို မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ...

ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တိုအိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ...

ရှောင်ယွီ ရှောင်လန်တိုအိမ်ကိုရောက်လာတဲ့နေ့မှာပဲရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ...

ထူလင်နံပါတ်ကိုးဆိုတဲ့ ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်...

သူတိုလိုချင်တဲ့ပစ္စည်းက ရှောင်လန်တို မောင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖိုကြိုးစားပါတော့တယ်...


Video Comments မှာ ကြည့်ရန်⤵
MY HAPPY MARRIAGE [2023]

Manga မှာရော Animeမှာပါ နာမည်ကြီး လူကြိုက်များပြီးသားဆိုတော့ တော်တော်များများ သိပြီးကြမှာပါ...

ဒါ့အပြင် IMDb rating ကလည်း 6.8 ဆိုတော့တစ်ခါလောက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ...
 
အချစ်မပါဘဲ မိဘတွေစီစဉ်ပေးလို့ မင်္ဂလာဆောင်ခဲ့ရတဲ့အိမ်ထောင်ရေးတစ်ခုကမွေးဖွားလာခဲ့တဲ့ Miyo Saimori...

မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့နောက်မှာတော့ မိထွေးနဲ့နေရပြီးစွမ်းအားစစ်ဆေးချိန်မှာ...

မိသားစုအမွေဖြစ်တဲ့
စိတ်စွမ်းအင်ကို ဆက်ခံနိုင်တဲ့သူက Miyo မဟုတ်ဘဲမိထွေးရဲ့သမီးဖြစ်သူဖြစ်နေပါတယ်...

အဲဒါကြောင့် မိသားစုအတွင်းမှာ နေရာမရဘဲ အစေခံသာသာပဲနေရပါတယ်...

ဒီလိုနဲ့ အင်မတန် ရက်စက်တယ်လို့ နာမည်ကြီးတဲ့စစ်တပ်ခေါင်းဆောင် Kiyoka Kudou နဲ့ လက်ထပ်ရဖို့ဖြစ်လာပါတယ်...

ဒီလို ကံဆိုးအကြောင်းမလှတဲ့ဘဝနဲ့ ကြီးပြင်းလာတဲ့Miyo Saimori တစ်ယောက်ရဲ့ဘဝ ဘယ်လိုတွေပြောင်းလဲလာမလဲ...

သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးက ဘယ်လိုအခက်အခဲတွေနဲ့တွေ့ဆုံရမလဲဆိုတာကို...


Video Comments မှာ ကြည့်ရန် ⤵️
SHE'S THE MAN [2006]

ဒီဇာတ်ကားကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်...

ဆယ်ကျော်သက်တွေရဲ့ ခံယူချက် ယုံကြည်ချက်တွေကို...

ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ပုံဖော်ထားနိုင်ပြီး ဟာသလေးတွေဖန်တီးထားတာလဲ ထိမိပါတယ်...

လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး သရုပ်ဆောင်ထားကြလို့ ကိုယ်တိုင်အူမြူးစွာ ကြည့်ရှုခံစားရမှာပါ...


Video Comments မှာ ကြည့်ရန် ⤵️
I LOVE LIZZY [2023]

ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ...

ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုကလစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာကစပါတယ်...

သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့...

လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့
ဘယ်လိုအကြောင်းတရားတွေနဲ့ “လစ်ဇီကို ချစ်မလဲ” ဆိုတာ ကြည့်ရမှာပါ...


Video Comments မှာ ကြည့်ရန် ⤵️
LOVE 101 [2022]

ဒီဇာတ်လမ်းလေးကတော့ တကယ့်ကိုမှဦးနဲ့ကလေးဇာတ်လမ်းလေးပါ...

အသက်သုံးဆယ်ကွာတဲ့ ရဲအရာရှိဒန်နဲ့ အထက်တန်းကျောင်းသူလေးဖတ်တို့ရဲ့ဇာတ်လမ်းလေးပါ...

တကယ်ချစ်မိရင်ရုပ်ရည်တွေအသက်တွေဆိုတာအရေးမပါတော့ပါဘူး...

အသက်ကွာခြားလွန်းပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ကစစ်မှန်တဲ့အချစ်ဖြစ်ကြောင်းကို...

ဘယ်လိုသက်သေပြသွားမလဲဆိုတာ ကြည့်ရမဲ့ အချစ်ဟာသဇာတ်ကားလေးပါ...


Video Comments မှာ ကြည့်ရန် ⤵️
LEGION [2010]

ကန္တာရတစ်ခုကစားသောက်ဆိုင်လေးတစ်ဆိုင်မှာ စားသောက်ဆိုင်လေးမှာ ပိုင်ရှင်ဖြစ်သူ ဘော့ရယ်...

သားဖြစ်သူရယ် ချာလီဆိုတဲ့ကိုယ်ဝန်သည်ရယ် ပါစီဆိုတဲ့စားဖိုမှူးကြီးနဲ့အတူလည်ပတ်နေပါတယ်...

တစ်နေ့မှာTVတွေအလုပ်မလုပ်တော့လို့စိတ်ညစ်နေတဲ့ ဘော့တစ်ယောက်...

ဖုန်းလိုင်းတွေ ရေဒီယိုလှိုင်းတွေဘာတစ်ခုမှအလုပ်မလုပ်ကြောင်းသတိထားမိလာပြီးနောက်...

အဖွားကြီးတစ်ယောက်ဆိုင်ထဲကိုဝင်လာပြီးတဲ့နောက်မှာ ဇာတ်လမ်းတွေစလာပါတော့တယ်..


Video Comments မှာ ကြည့်ရန် ⤵️
MAN OF STEEL [2013]

ဂြိလ်ပြန်လည်တည်ထောက်ဖို့ ပင်မ သော့ကိုတော့Super Man ရဲ့ ဖခင်ဂျိုအယ် နဲ့ မိခင်လာရာက သူ့သားရဲ့ယဉ်ငယ်ကိုယ်ထဲကို ထည့်သွင်းပေးပြီးတော့ကမ္ဘာဂြိုလ်ဆီသို့ ယဉ်ငယ်လေးနဲ့ ပို့လွှတ်လိုက်ပါတယ်...

ဒီလိုနဲ့ Super Man လဲ တည်ငြိမ်စွာနဲ့ ဘ၀ ကို ဖြတ်သန်းလာပြီးနောက်လူပျိုပေါက်အရွယ်မှာပဲမွေးစား အဖေ အမေ နဲ့ အတူ ခရီးထွက်လာရင်း...

လမ်းတဝက်မှာ လေမုန်တိုင်း ရုတ်တရက်ဝင်လာပါတယ်...

လူတွေကို သားအမိသားအဖ သုံးယောက်လိုက်ကူပြီး နေရာရွှေ့ပေးနေတဲ့အချိန်မှာပဲ ကားထဲမှာ ခွေးလေး ကျန်နေခဲ့လို့...

ဖခင်ဖြစ်သူက သွားကယ်တဲ့အချိန်မှာပဲ ခွေးလေးကို ကယ်လို့ လွှတ်ပေးအပြီး လေမုန်တိုင်းက အဲ့ဒီနေရာကို ဝင်လာခဲ့ပါတယ်...

အကာအကွယ်ရှိတဲ့နေရာကနေ ဖခင်ကိုကယ်ဖို့ ထွက်ဖို့လုပ်နေတဲ့ Super Man ကို ဖခင်က ခေါင်းတစ်ချက်ခါပြခဲ့တယ်...

ဒီလိုနဲ့ ဂြိုလ်ပျက်စီးခဲ့စဉ်က ထိန်းသိမ်းထားခဲ့တဲ့ သစ္စာဖောက်အကျဉ်းသားတွေလဲ Super Man ရဲ့ အနံ့ကို ခံပြီး ကမ္ဘာမြေပေါ်ရောက်လာတဲ့အချိန်မှာတော့
...


Video Comments မှာ ကြည့်ရန်⤵
VESPER [2022]

အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်...

သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ...

နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်...

ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး...

ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်...

ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း ...

အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ...

ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်...

ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့...


Video Comments မှာ ကြည့်ရန် ⤵️
THE THREE STOOGES [2012]

The three stooges ဟာသဇာတ်ကားလေးပါ...

ဇာတ်လမ်းတစ်ခုလုံး မိုး,လယ်ရီ,ကယ်လီ ဆိုတဲ့ ဇာတ်ကောင်သုံးယောက်က သင့်ကို ကလိထိုးပေးပါလိမ့်မယ်...

Church တစ်ခုမှာ တစ်ပြိုင်တည်း စွန့်ပစ်ခံရတဲ့ မိဘမဲ့ကလေးသုံးယောက်ဟာ ရောက်ရောက်ချင်းမှာတော့ sister တွေရဲ့ဆုလဒ် နတ်သားလေးသုံးပါးပေါ့...

ဘာမှမသိ ချစ်စဖွယ်ကလေးတွေ...

နောက်ဆယ်နှစ်အကြာမှာတော့ အနီးကပ်ပြုစုတဲ့ sister ကပြောတယ်...

“ဒီသုံးယောက်ဘေးမှာ မနေနိုင်တော့လို့ မတော်တဆ ငါးမန်းကိုက်ခံရနိုင်တဲ့ ငါးဖမ်းသင်္ဘောမှာဘဲ အလုပ် လုပ်တော့မယ်တဲ့ ” အကုန်လုံး လက်လန်သွားရတဲ့ ငမွှေတွေဖြစ်သွားတယ်...

ဒီလို အော်ကြောလန်သုံးယောက်က သူတို့ရဲ့ မတော်တဆအမှားတွေကြောင့် အကြွေးနစ်သွားရတဲ့ ဘုရားကျောင်းလေးကို...

မဖျက်သိမ်းရအောင်လိုတဲ့ပိုက်ဆံတွေကို ပြန်ရှာပေးဖို့ ကျိုးစားရင်း ကမောက်ကမ အဖြစ်တွေနဲ့ ရယ်ရမဲ့ ပျော်စရာ ဇာတ်ကားကောင်းလေးတစ်ခုပါ...


Video Comments မှာ ကြည့်ရန် ⤵️
TERRIFIER 2 [2022]

ပထမပိုင်းမှာသူကလူရှစ်ယောက်ကိုသတ်ခဲ့ပြီးကျန်ခဲ့တဲ့တစ်ယောက်ရဲ့မျက်နှာကလဲလုံးဝကိုစုတ်ပြတ်သတ်နေခဲ့ပါတယ်...

သူ့ကိုသေသွားပြီလို့ ထင်ခဲ့ကြပေမဲ့ မထင်မှတ်ထားပဲ ပြန်ပေါ်လာပြီးနောက်ထပ်လူတွေကိုလိုက်သတ်ပြန်ပါတယ်....

သူ့ကိုတားနိုင်မဲ့သူရှိနိုင်မလား...

သူကပဲအားလုံးကိုအဆုံးသတ်သွားမလားဆိုတာတစ်ကားလုံးကြက်သီးတွေထပြီးကြည့်ရမဲ့ Thriller ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်...

(သတ်ဖြတ်ခန်းနဲ့သွေးထွက်သံယိုအများကြီးပါတာမို့ သတိထားချင့်ချိန်ကြည့်ကြပါ)


Video Comments မှာ ကြည့်ရန် ⤵️


Terrifier 3ကြည့်ရန် Link 🖇️
https://t.me/c9plus3/45
Panda Plan [ 2024 ] အကြည်

မင်းသားကြီး ဂျက်ကီချန်းရဲ့
အသစ်ထွက် ဇာတ်ကားသစ်
💗

ကမ္ဘာကျော်မင်းသားဖြစ်တာကြောင့်
နိုရာတိရစ္ဆာန်ရုံက ကမ္ဘာကျော် ပန်ဒါလေးကို
မွေးစားဖို့ဆိုပြီး ဖိတ်ခေါ်ခံရပါတယ်...

အဲဒီ နိုရာတိရစ္ဆာန်ရုံမှာ ပွဲတက်နေတုန်း ဒီပန်ဒါလေးကိုပဲ အမေရိကန် သန်း ၁၀၀ ရဖို့ လာဖမ်းတဲ့ ကြေးစားလူမိုက်တွေ ရောက်လာပါတယ်...

ဂျက်ကီချန်းရယ် သူ့လက်ထောက်ဒေးဗစ်ရယ် ပန်ဒါထိန်းလေး ရှောင်ကျူးရယ် ပန်ဒါလေးကို ကယ်ဖို့ ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာ ဟာသတွေအက်ရှင်တွေနဲ့
ကြည့်ရမှာပဲဖြစ်ပါတယ်...

ဒီတစ်ခါလည်း ဟိုးအရင်ကလိုပဲ
ဖျော်ဖြေရေးကားဖြစ်လို့ အတည်ပေါက်လေးနက်တာတွေတော့ မြင်ရမှာမဟုတ်ပေမဲ့
ဂျက်ကီချန်းပါလို့ပဲ
ကြည့်လို့ကောင်းနေဦးမှာပါပဲ
...

Video Comments မှာ ကြည့်ရန် ⤵️
GOING IN STYLE [2017]

အသက်အရွယ်ထောက်လာပြီဖြစ်တဲ့ဝီလီ၊,ဂျိုးနဲ့အယ်ဘာ့တ်တို့သူငယ်ချင်းတတွေ...

ငွေကြေးအခက်အခဲတွေနဲ့ရင်ဆိုင်လာရပြီးဘဏ်တွေရဲ့နှိပ်စက်မှုတွေကိုခံနေရပါတယ်..

အဲဒီနောက်သူတို့နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့တဲ့ company ဟာပိုင်ရှင်အသစ်လက်ထဲရောက်ပြီးနောက်...

သူတို့ခံစားနေရတဲ့ပင်စာလစာလေးတွေကိုပါဖျက်သိမ်းတော့မယ်လို့သိလိုက်ရတဲ့အခါမှာတော့...

သူတို့ချစ်တဲ့မိသားစုတွေအပေါင်းအသင်းတွေဒုက္ခနဲ့လှလှနဲ့တွေ့ရတော့မယ်ဆိုတာသဘောပေါက်လာကြပါတယ်...

အဲဒီတော့အဖိုးကြီးသုံးယောက်သားဘဏ်ကိုဓါးပြတိုက်ဖို့ဆုံးဖြတ်လိုက်ကြပါတော့တယ်...

အသက်အရွယ်တွေကြီးနေကြပြီဆိုပေမဲ့
သုံးယောက်သားဘယ်လိုအချက်ကျကျသေချာစီစဉ်ပြီးပွဲကြမ်းကြမလဲဆိုတာ...

တကယ်ကြည့်လို့ကောင်းပြီးစိတ်အမောပြေစေမယ့်ကားကောင်းလေးဖြစ်မယ်ဆိုတာအသေအချာပဲဖြစ်တာမို့ ပိတ်ရက်လေးမှာ အနားယူရင်း ကြည့်လိုက်ကြတော့နော်...


Video Comments မှာ ကြည့်ရန် ⤵️
FA QIU LING ZHONG [2023]

မင်မင်းဆက်နှောင်းပိုင်းမှာ ဖာချိုးမျိုးဆက်၊ဆက်ခံသူ ဟူသောင်းကျုံးဟာ...

မတော်တဆ မသမာသူတွေ ရွှေနဂါးလုယူဖို့ ကြိုးစားကြတဲ့ အကြံအစည်ကို ရုတ်တရက်ကြားသိခဲ့ရပါတယ်...

ရွှေနဂါးဟာ ရှေးအုတ်ဂူဟောင်းမှာ မန္တာန်တွေနဲ့အတူ မြုပ်နှံထားတာပဲ ဖြစ်ပါတယ်...

ဒီလိုနဲ့ ဖာချိုးမျိုးဆက်ပီပီ ဟူကျုံးသောင်းဟာ မှော်တောင်ဖွင့်ချိန်မှာ လျှိူ့ဝှက်ပြီး အန္တရာယ်ကြီးတဲ့ ခရီးစဉ်ကို...

သူ့အပေါင်းအပါအဖွဲ့သားတွေနဲ့အတူ သတင်းကြားထားတဲ့ ရှေးဟောင်းဂူဗိမာန်ဆီ သွားကြပါတော့တယ်...

အသွားလမ်းမှာတော့ အဆင်ပြေချောမွေ့နေတဲ့ ဟူသောင်းကျုံးတို့ တစ်သိုက် အပြန်လမ်းမှာရော ငွေထုတ်ပိုက်ပြီး အသက်ရှင်လျက်ပြန်နိုင်ပါ့မလား...


Video Comments မှာ ကြည့်ရန်⤵
GHOST'S NEWS [2023]

ထိုင်းကားတွေမှာ သရဲကားကို အခွီလေးတွေ ရိုက်ရင် ထိမိနေအောင် ရိုက်တတ်ကြပါတယ်...

ဒီကားကလည်း ဒီလိုမျိုး မကြောက်ဘဲ ရယ်နေရတဲ့ သရဲကားမျိုးပါ...

“အသည်းကွဲသရဲ” အကြောင်းပါ...

ချစ်ရတဲ့ ကောင်မလေးဆီကနေ အထင်လွဲခံလိုက်ရတဲ့Bert ဆိုတဲ့ ကောင်လေးက ရေနစ်သေပြီးတော့ သရဲ ဖြစ်သွားခဲ့ပါတယ်...

ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကတော့ ဖြစ်လာခဲ့ပါတယ်...

အဲဒါကတော့ အလောင်းကောင်တစ်ကောင် ငုတ်တုတ်ထိုင်နေတဲ့ပုံတစ်ပုံက လူမှုကွန်ရက်မှာ ပြန့်လာခဲ့တာပါပဲ...

ညတွင်းချင်း ကြည့်ရှုသူပေါင်း သန်းနဲ့ချီ ရှိလာခဲ့တာကြောင့်သတင်းသမားတွေက ဒီသတင်းကို အလုအယက် လိုက်ကြပါတော့တယ်...

သတင်းသမားတစ်သိုက်နဲ့ ဒီသရဲရဲ့ အလွဲလွဲ အချော်ချော် ဖြစ်ရပ်တွေကိုအသောအခွီတွေနဲ့ ရယ်မောကြည့်ရှုရမှာကတော့ အသေအချာပါပဲ...


Video Comments မှာ ကြည့်ရန် ⤵️
 EDGE OF TOMORROW [2014]

ဒီတစ်ခါတော့ Tom Cruise ရဲ့ Sci-Fi Action ဇာတ်ကားကောင်း တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်...

၂၀၁၄ ရဲ့ ဇာတ်ကားကောင်း တွေထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး ပရိတ်သတ် ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်...

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဂိမ်းကစားသလိုပါပဲ၊ မနိုင်တဲ့ Stage ကို အကြိမ်ကြိမ်ပြန်ကစားသလိုပါပဲ...

ရန်သူတွေကလညး ဒီနေရာကပဲထွက်ထွက်လာသလို ကိုယ်ကလည်း အကုန်လုံးကို မှတ်မိနေပါတယ်...

တစ်ခုပဲ ရှိတာက ပါဝါပိတ်လိုက်ရင် Check Point က နေပြန်စလို့မရတော့ပါဘူး...

ဂိမ်းထဲမှာက အစကနေ ပြန်ပြီး ဆော့လို့ရပေမယ့် ဒီမှာကတော့ No Reset ပါ...

မင်းသားမင်းသမီးကတော့ ဝါရင်နာမည်ကြီးသရုပ်ဆောင်တွေ ဆိုတော့ ပြောနေစရာတောင်မလိုပါဘူး...

ဇာတ်လမ်း ဇာတ်အိမ်လည်းကောင်းပြီးဇာတ်ကားတစ်ကားလုံးကောင်းပါတယ်...

ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါ...


Video Comments မှာ ကြည့်ရန် ⤵️
TERRIFIER 1 [2016]

တယ်ရာနဲ့ ဒေါင်းန် တို့သူငယ်ချင်းနှစ်ယောက်ဟာ ဟောလိုးဝင်းပါတီတစ်ခုကအပြန်မှာပီဇာဆိုင်ကိုသွားကြပါတယ်...

ဆိုင်ထဲဝင်သွားပြီးမကြာခင် လူပြက်ဝတ်စုံနဲ့လူတစ်ယောက်လည်း ရောက်လာပြီး တယ်ရာကိုကြက်သီးထဖွယ် မျက်တောင်မခတ်စိုက်ကြည့်နေပါတော့တယ်...

တော်တော်အရက်မူးနေတဲ့ ဒေါင်းန်ဟာ ထိုလူပြက်ကို ကျီစယ်နောက်ပြောင်ခဲ့ပြီးနောက်သူငယ်ချင်း ၂ယောက်အိမ်ပြန်ဖို့အလုပ်မှာ ကားဘီးပေါက်နေတာတွေ့လိုက်ရပါတယ်...

တယ်ရာဟာ အစ်မဖြစ်သူကိုလာခေါ်ဖို့အကူအညီတောင်းပြီး
အနီးအနားကဂိုထောင်တစ်ခုထဲကို
သန့်စင်ခန်းလိုက်ရှာဖို့ဝင်သွားပါတယ်...

ဒေါင်းန်တစ်ယောက်တည်းကားပေါ် ရှိနေချိန်ရေဒီယိုမှာ လူပြက်တစ်ယောက်ဟာပီဇာဆိုင်ဝန်ထမ်း၂ဦးကိုရက်ရက်စက်စက်သတ်သွားကြောင်းကို အံ့သြစွာကြားလိုက်ရပြီးနောက်...

ကားတံခါးဖွင့်သံနဲ့အတူ ကားထဲရောက်လာသူကိုသူ့သူငယ်ချင်းတယ်ရာအမှတ်နဲ့စကားပြောနေရင်းလှည့်ကြည့်လိုက်တဲ့အခါ...

(သတ်ဖြတ်ခန်းနဲ့သွေးထွက်သံယိုအများကြီးပါတာမို့ သတိထားချင့်ချိန်ကြည့်ကြပါ)


Video Comments မှာ ကြည့်ရန် ⤵️


Terrifier 3ကြည့်ရန် Link 🖇️
https://t.me/c9plus3/45
12.04.202515:50
TERRIFIER 3 [2024]

ထပ်ပီးကြည့်ရအောင် တင်ပေးလိုက်ပါတယ်


ရှေ့မှာထွက်ခဲ့တဲ့ 1ရော 2မှာပါ မတရားကြမ်းလို့ Horror fan တွေကြား နာမည်ကြီးတဲ့ Terrifier ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ နံပါတ် 3ထွက်လာပါပြီ...

( သတ်ဖြတ်ခန်းနဲ့သွေးထွက်သံယိုအများကြီးပါတာမို့ သတိထားချင့်ချိန်ကြည့်ကြပါ)

ဇာတ်လမ်းက အရင်ရုပ်ရှင်မှာဖြစ်ခဲ့တဲ့နောက်ဆက်တွဲကိုဆက်ထားတာပါ...

ဇာတ်ကောင် စီအာနာက အရင်ဖြစ်ခဲ့တာတွေအတွက် စိတ်ကျန်းမာရေးဆေးရုံမှာ ကုပြီး ဆေးရုံဆင်းလာခဲ့ပါတယ်...

အခု သူဦးလေးမိသားစုနဲ့နေရင်း ခရစ်စမတ်ကို စိတ်သစ်ကိုယ်သစ်နဲ့ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ထားသူပါ...

ဒါပေမဲ့ သူသတိမထားခဲ့မိတာ သူ့နောက်ကို လိုက်လာတဲ့အရာကိုပါ...

အဲဲဒီအရာက သူ့ကိုပစ်မှတ်ထားပြီး သူ့ဘေးက အရာတွေတစ်ခုချင်းစီကို တရိပ်ရိပ်ဝါးမျိုဖို့ရောက်လာတဲ့အခါ…


Video Comments မှာ ကြည့်ရန် ⤵️


Terrifier 1,2ကြည့်ရန် Link 🖇️
https://t.me/c9plus3/50
နာခီ 2 [2018]

ထေဝါလိုင်ရွာမှာရှိတဲ့ ရွာသူရွာသားတွေက ကျန်းမာ‌ရေး အချစ်ရေး ချမ်းသာရေး အတွက် “နာခီ”ဆိုတဲ့ နဂါးမယ်တော်ဆီမှာဆုတောင်းကြတယ်...

တစ်နေ့မှာတော့ “ပေါင့်ပတ်ဖနုံးဖိုင်”ဆိုတဲ့ ရဲမှူးက တာဝန်နဲ့လာခဲ့တယ်...

ရွာထဲအလည်ခေါ်သွားရင်း ကိုးကွယ်နေကြတဲ့ နဂါးမယ်တော် “နာခီ”ဆီရောက်သွားတယ်...

အဲ့အချိန်မှာ “ခမ်းဂျန်”ဆိုတဲ့လူက “နာခီ”ကိုကျိန်ဆဲနေတာကို “စွယ်”ဆိုတဲ့မင်းသမီးလေးက တွေ့ပြီး ဝင်တားတယ်...

နောက်တစ်ရက်မနက်မိုးလင်းအချိန်မှာ “နာခီ”ကိုစော်ကားကျိန်ဆဲတဲ့ “ခမ်းဂျန်”ကသေသွားတယ်...

နဂါးလုပ်တယ်လို့ ရွာသားတွေကယုံကြည်နေပေမယ့် “ပေါင့်ပတ်ဖနုံးဖိုင်”ကမယုံခဲ့ပါဘူး...

ဆာရဝပ်ကတော့ သာမန်လူရဲ့လက်ချက်ကြောင့်ထင်ပြီး စုံစမ်းလိုက်ကာမှ တနေ့ထက်တနေ့ထူးဆန်းစွာ "နာခီ"ကိုကျိန်ဆဲတဲ့သူတွေ သေနေတာကိုတွေ့လိုက်ရတယ်...

“စွယ်”က နေကြတ်တဲ့နေ့မှာ မွေးပြီး “နာခီ”ကဝင်စားတာလို့ အားလုံးကယုံကြတယ်...

လူသေမှုက ရိုးရ်ိုးလူသတ်မှုလား နာခီက "စွယ်"ကိုဝင်စားလိုက်လို့လား...

ဆာရဝပ်ကရော အဖြေရှာရမလား...


Video Comments မှာ ကြည့်ရန် ⤵️
显示 1 - 24 50
登录以解锁更多功能。