Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Инсайдер UA
Инсайдер UA
Min Zaw Lwin avatar

Min Zaw Lwin

TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Jan 15, 2021
添加到 TGlist 的日期
Sep 20, 2024
关联群组

记录

20.09.202423:59
17.6K订阅者
20.09.202423:59
0引用指数
07.10.202423:59
13.2K每帖平均覆盖率
03.04.202518:32
1K广告帖子的平均覆盖率
09.04.202523:59
128.57%ER
18.04.202500:05
15.10%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
OCT '24JAN '25APR '25

Min Zaw Lwin 热门帖子

17.05.202511:59
လှိုင်သာယာ ချန်ရိဖိနပ်စက်ရုံက အလုပ်သမား ၄၀၀၀ ကျော်က နေ့စားခလစာတိုး‌‌ပေးဖို့ဆန္ဒပြနေကြပါတယ်။

မူရင်းလစာက တစ်ရက်ကို ၅၂၀၀ ထဲမို့ ot ကြေးပါရင်တောင် တစ်လ နှစ်သိန်းဝန်းကျင်ပဲရကြတာဆိုတော့ အခုခေတ်ကုန်ဈေးနှုန်းနဲ့ မလောက်ငှကြတာတော့ အမှန်ပါပဲ။

ကျောင်းဆရာ၊ဆရာမတွေရဲ့လစာ၊ လုံခြုံရေးဝန်ထမ်းတွေရဲ့လစာ၊ ‌ပြည်သူ့ဆေးရုံဆရာဝန်တွေရဲ့လစာတွေအပြင် စက်ရုံတွေရဲ့အခြေခံလစာတွေကို တိုးမြှင့်ပေးဖို့ လိုအပ်လာနေတယ်။

တစ်လလုံးပင်ပင်ပန်းပန်းလုပ်နေတာတောင် ဝင်ငွေ ထွက်ငွေ မလောက်ငှရတဲ့အခါ နိုင်ငံတော်အတွက် ဆိုးကျိုးတွေအများကြီးရှိတယ်။

လူငယ်တွေ နိုင်ငံခြားထွက်ကုန်တယ်။ ဝန်ထမ်းတွေ အကျင့်ပျက်လာတယ်။ ခိုးဆိုးလုနှိုက်တွေ ပေါများလာတယ်။

ဆန္ဒပြသူတွေကိုလည်း အပြစ်မတင်ရက်သလို ဒီအရေးကိစ္စကို ဖြေရှင်းဖို့ဆိုတာကလည်း အခုအခြေအနေမျိုးနဲ့ အစိုးရဘက်ကခေါင်းခဲစရာပါပဲ။

အခြေခံလစာနည်းတာလည်း မှန်တယ်။ ပြည်တွင်းစစ်ကြောင့် ဈေးတက်နေတာလည်း မှန်တယ်။

ခက်တာက ကုန်ဈေးနှုန်းဆိုတာကလည်း တက်ပြီးရင် ကျရိုးထုံးစံမရှိလေတော့ ဈေးတက်တိုင်းလည်း လစာတိုးပေးလို့က မရပြန်ဘူး။

ဘယ်လိုလုပ်မလဲ အဖြေကိုရှာမှတော့ဖြစ်မယ်။

(ပိုင်စိုး)
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို The Open International Biology Olympic (OIBO) 2025 ပြိုင်ပွဲတွင် ဒဂုံ (၁) မှ တစ်ဦးချင်းတတိယဆုများရရှိ

ဒဂုံမြိုနယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို ဖက်ဒရယ်နယ်မြေ ဆိုင်ရပ်စ်၌ ကျင်းပသော The Open International Biology Olympic(OIBO) 2025 ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပြိုင်ပွဲအတွင်း တစ်ဦးချင်း တတိယဆုများ ဆွတ်ခူးခဲ့ကြပြီး ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒဂုံမြိုနယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာစန္ဒာမြငြိမ်းနှင့် ဆရာမများ၊ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက နိုင်ငံတော်အလံများ၊ ဗီနိုင်းပိုစတာနှင့် ပန်းစည်းများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြပါတယ်။
#News
တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin
19.05.202503:16
ရွေးကောက်ပွဲလား/ မာရှယ်လောလား

ဒီဇင်ဘာမှာ လုပ်မယ့်ရွေးကောက်ပွဲအတွက် ရက်သတ်မှတ်ပြီးသွားပြီလိုဆိုပါတယ်။ လက်ရှိမှာ နိုင်ငံရေးပါတီ ပါတီလျှောက်ထားတာ ၇၃ ပါတီရှိနေပြီး အဲဒီထဲက ၉ ပါတီကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ထောင်စုအဆင့်ဝင်ပြိုင်မယ်လို သိရတယ်။

ဒီရက်ပိုင်းမှာ ပါတီကြီးတွေ အထူးသဖြင့် ကြံ့ခိုင်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ တိုရဲ့ လှုပ်ရှားမှုတွေ မြင်လာရတယ်။ တရားဝင် မဲဆွယ်ခွင့်မပေးသေးလို ပြည်သူလူထုကို တိုက်ရိုက်မဲမဆွယ်ရသေးပေမယ့် အခုကတည်းက ပြင်ဆင်နေကြတာ ကောင်းသောလက္ခဏာတွေပါ။

ထုံးစံအတိုင်း တပ်က လုပ်မယ့်ကိစ္စဆို ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဖျက်ကြဦးမယ့် အဖျက်တွေကတော့ ခေတ်သစ်တို ဘီဘီစီတိုကနေ နှပ်ကြောင်းပေးနေကြပြန်ပြီ။ No vote တဲ့။ ပျက်အောင်ဖျက်ကြဦးမယ်တဲ့။

ဦးကိုကိုကြီးရဲ့ အင်တာဗျူးလိုပဲ ရွေးကောက်ပွဲ မဖြစ်မြောက်ဘူးဆိုရင် ဒီနိုင်ငံက မာရှယ်လောနဲ့ပဲ နေကြတော့မှာလား။ တစ်နိုင်ငံလုံး နေပြည်တော်အထိ တက်သိမ်းမယ်ဆိုတဲ့ အိပ်မက်ကိုပဲ ဆက်မက်နေကြဦးမှာလားဆိုတဲ့ မေးခွန်းကို မေးရမှာပါ။ လေးနှစ်လည်း ကျော်ခဲ့ပြီ။ တစ်ခြားလူတွေကို အားကိုးနေတာထက် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကျကျ ဆောင်ရွက်နိုင်တာဆိုလို ဒီရွေးကောက်ပွဲပဲ ရှိတာကို လက်လွတ်ခံရဦးမှာလားပေါ့။

ရွေးကောက်ပွဲမဖြစ်မြောက်လို တပ်ကဘာမှ မဖြစ်ဘူးဆိုတာလောက်တော့ နားလည်ထားသင့်ပါတယ်။ နယက တောင် ၁၉၈၈ ကနေ ၂၀၁၀ အထိ နှစ် ၂၀ ကျော် အုပ်ချုပ်ခဲ့ပြီးမှ ရွေးကောက်ပွဲလုပ်ပေးနိုင်ခဲ့တာ။ အခု နစက က သူတိုလုပ်နိုင်တဲ့အချိန်မှ လုပ်ပေးမယ်ဆိုပြီး အချိန်ဆွဲထားလို ရတာပေမယ့် လေးနှစ်နဲ့ ပြန်လုပ်နိုင်အောင် ကြိုးစားနေတာမို ပေးတုန်းယူထားတာ မကောင်းဘူးလား။

ဘာလို ရွေးကောက်ပွဲက တပ်အတွက် ထွက်ပေါက်တို၊ ပျက်အောင်ဖျက်ရမယ်ဆိုတဲ့ ဝါဒမှိင်းတွေကို ယုံနေကြဦးမလဲ။ ၁၉၈၈ ကနေ ၂၀၁၀ အထိ တပ်အုပ်ချုပ်ရေးကို သိခဲ့ကြပြီးပြီ။ ၂၀၁၀ ကနေ ၂၀၂၀ အတွင်း ဒီမိုကရေစီရဲ့အရသာကိုလည်း သိခဲ့ကြရပြီးပြီ။ ဘယ်ဟာ ပိုလိုချင်သလဲဆိုတာ ကိုယ့်ဘာသာ ရွေးရမယ့် အချိန်ပါ။

အတိုက်အခံနဲ့ EAO တွေပြောတာကိုတော့ နားယောင်မနေပါနဲ့။ သူတိုက တပ်ကိုပဲ အုပ်ချုပ်စေချင်တာ။ အဲ့တာမှ တော်လှန်ဖို အကြောင်းပြချက်ရှိနေမှာ။ အထောက်အပံ့တွေ အလှူငွေတွေက ငြိမ်းချမ်းနေရင် မရဘူးဆိုတော့ ရွေးကောက်ပွဲပျက်ဖို အကြောင်းပြချက်မျိုးစုံပေးနေမှာပဲ။

လုပ်တောင်မလုပ်ရသေးဘူး၊ အတုအယောင်ရွေးကောက်ပွဲတို မရိုးမသားရွေးကောက်ပွဲတို စသဖြင့် လေသံတွေ ပစ်နေကြတာလည်း ပြည်သူတွေ ရွေးကောက်ပွဲဘက်ကို မလှည့်ချင်အောင် ဝါဒကြိုဖြန့်ထားတာပဲ။ ၂၀၁၅ မှာ NLD ဝက်ဝက်ကွဲနိုင်ခဲ့တဲ့ ရွေးကောက်ပွဲက ဦးသိန်းစိန်အစိုးရ လုပ်ပေးခဲ့တာကို သတိရပါ။ နိုင်ငံတကာ စစ်ဆေးရေးအဖွဲတွေ လေ့လာရေးအဖွဲတွေနဲ့ မဲအလေအလွင့်မရှိအောင် လုပ်ပေးနိုင်ခဲ့တာမို ကန့်ကွက်လွှာတောင် တစ်နိုင်ငံလုံးမှ ၄၅ ခုပဲရှိခဲ့တယ်။

အခု ဒီနှစ်လည်း ကမ္ဘာပတ်ပြီး လေ့လာရေးအဖွဲတွေ လာကြဖို ခေါ်နေတာကြောင့် မရိုးမသားတွေ အတုအယောင်တွေမဖြစ်အောင် ကြိုးစားကြပါလိမ့်မယ်။ ပြောရမယ်ဆို လူကြိုက်များပြီးသား ပါတီတွေထဲက ဘယ်သူတွေ နိုင်မလဲဆိုတာတောင် ကြိုတွက်လို မရသေးပါဘူး။

လုပ်မယ့်သူနဲ့ ဖျက်မယ့်သူ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ဆောင်ရွက်ကြပါစေ။ ဖြစ်လာမယ့် အကျိုးဆက်ကို မျှော်တွေးဖိုကတော့ ကိုယ်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ရွေးကောက်ပွဲလား၊ မာရှယ်လော လားလိုမေးလိုက်ရင် နည်းနည်းခြိမ်းခြောက်ရာကျနိုင်ပေမယ့် တကယ်လည်း အဲ့လိုဖြစ်လာမှာမို အဆုံးအဖြတ်မမှားစေဖို ရေးလိုက်ရပါတယ်။

ပိုင်စိုး
17.05.202515:29
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ နှင့် ကိုယ်စားလှယ်အဖွဲ ပြည်ခိုင်ဖြိုးပါတီ နှင့် Belaya Rus  ပါတီ တို နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးစီး

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲသည် Belaya Rus  ပါတီ ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ၊ Minsk မြိုတွင် ရောက်ရှိနေပြီး ဘယ်လာရုစ်နိုင်ငံ၊ အနိုင်ရပါတီဖြစ်သည့် Belaya Rus  နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအကြား နှစ်နိုင်ငံပါတီချင်း ပါတီလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးစီးကြောင်း သတင်းရရှိပါတယ်။ 
#News
တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ ပြည်ပြေးမီဒီယာတွေရဲ့ သတင်းအမှား၊ အချက်အလက်အမှားနဲ့ ကိန်ဂဏန်းအမှားတွေကို ဝါဒဖြန့်ချိနေခြင်းများအပေါ် မယုံကြည်ကြဖို တိုက်တွန်းလိုပါတယ်။
#MinZawLwin
ရိုမေးနီးယား ရွှေးကောက်ပွဲကို ပြင်သစ် က ဝင်ရောက်စွတ်ဖက်နေတယ်လို့ စွပ်စွဲ

ပြင်သစ်အစိုးရက ရိုမေးနီးယားရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရှေးရိုးစွဲဝါဒီတွေရဲ့အသံတွေ ထွက်မလာအောင် တားဆီးတဲ့အနေနဲ့ တယ်လီဂရမ်အကောင့်တွေကို ပိတ်ပင်ရန်ကြိုးစားခဲ့တယ်လို့ တယ်လီဂရမ်တည်ထောင်သူ ပါဗယ်ဒူရော့ဗ် က မနေ့က ပြောကြားလိုက်ပါတယ်။

ပါဗယ်ဒူရော့ဗ် ၎င်းကိစ္စနဲ့ပတ်သက်ပြီး ပြင်သစ်နိုင်ငံလို့ တိုက်ရိုက်အမည်မတပ်ဘဲ ပြင်သစ်နိုင်ငံထုတ် ဘာဂတ်တီပေါင်မုန့် အီမိုဂျီနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ “တယ်လီဂရမ်သည် ရိုမေးနီးယားအသုံးပြုသူများ၏ လွတ်လပ်ခွင့်များကို ကန့်သတ်ခြင်း သို့မဟုတ် ၎င်းတို့၏ နိုင်ငံရေးလမ်းကြောင်းများကို ပိတ်ပင်မည်မဟုတ်” ဟု ပို့စ်တစ်ခုတွင် ၎င်းက ပြောကြားခဲ့ပါတယ်။

ဒူရော့ဗ်ရဲ့ ထုတ်ပြန်ချက်ကို ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ချက်ခြင်းပင် “အတု” ဖြစ်ကြောင်း ကြေညာခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ "မကြာသေးမီက ပြင်သစ်အပေါ်စွပ်စွဲချက်များသည် ရိုမေးနီးယားကို ပစ်မှတ်ထားတဲ့ ဝင်ရောက်စွက်ဖက်ခြင်းရဲ့ အစစ်အမှန်ခြိမ်းခြောက်မှုမှ လွှဲဖယ်ထားသောစစ်ဆင်ရေး တစ်ခုမျှသာဖြစ်သည်" လို့ ဆိုပါတယ်။
#News
19.05.202523:34
10.05.202515:57
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိ
#နစက
10.05.202503:38
ရင်ပြင်နီမှ အမြတ်များ

မနေ့က ရုရှားနိုင်ငံ ရင်ပြင်နီမှာလုပ်တဲ့ နှစ်(၈၀) အမျိုးသားအောင်ပွဲမှာ နိုင်ငံတကာ တပ်မတော်တွေနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်စစ်ရေးပြတယ်။ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၂၈ ဦးအထိ တက်ရောက်တယ်လိုလည်း သိရပါတယ်။ ကမ္ဘာ့နဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ မဟုတ်ပဲနဲ့ နိုင်ငံတစ်နိုင်ငံက လုပ်တဲ့ အခမ်းအနားတစ်ခုကို နိုင်ငံ့ခေါင်းဆောင် ၂၈ ယောက် တက်ရောက်တယ်ဆိုတာ နည်းတဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။

အထူးသဖြင့် ပူတင်နဲ့ ရှီကို အခမ်းအနား အစအဆုံး တပူးတွဲတွဲ မြင်လိုက်ရတယ်။ စစ်ရေးပြပွဲတက်တာလား နှစ်နိုင်ငံတွေ့ဆုံပွဲလုပ်တာလားတောင် မသဲကွဲဘူး။ အမေရိကန်ရဲ့ ကုန်သွယ်စစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ အီရန်-အစ္စရေး-ပါလက်စတိုင်းအရေးအခင်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေသူတွေမို ပြောစရာ စကားတွေ အများကြီးရှိနေပုံရပါတယ်။

နစက ဥက္ကဌကတော့ ပွဲမှာ ဘယ်လာရုစ်သမ္မတနဲ့ မွန်ဂိုလီးယားသမ္မတတိုကို အလွတ်သဘောတွေ့ခဲ့ပြီး ကာဇက်စတန်သမ္မတနဲ့ တရုတ်သမ္မတတိုကိုတော့ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ဒီနှစ်ပိုင်းအတွင်းမှာ တွေ့ဆုံမှုတွေ အများအပြားရှိခဲ့ပေမယ့် သမ္မတရှီကျင့်ဖျင်နဲ့ကတော့ ၂၀၂၀ နောက်ပိုင်း ၅ နှစ်ကြာမှ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ရှီနဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်တွေ့ဆုံဖူးခဲ့ပြီး အခုတစ်ခေါက်ကတော့ ၇ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။

သတိထားမိတာက ဘယ်သူနဲ့တွေ့တွေ့ အခုလာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲကို အသားပေးပြောဆိုခဲ့ပြီး နိုင်ငံတကာ ဘုတ်အဖွဲတွေနဲ့ လာရောက်စစ်ဆေးဖို ဖိတ်ခေါ်နေတာ၊ ခိုင်မာတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ကြိုးပမ်းနေတာတွေ့မိတယ်။

ရှေ့ဆုံးတန်းမှာ မထားပဲ အလယ်တန်းမှာ ထားလို ခေတ်သစ်က ဘယ်လိုညာလို ဖွနေတာကိုတော့ မမြင်ချင်ယောင်ပဲဆောင်ထားလိုက်ပါတယ်၊ သူတိုအားပေးတဲ့သူတွေမှ မတက်ရတာ၊ ဒီလောက်တော့ ပြောပါစေပေါ့။

ကမ္ဘာ့သတင်းစာတွေမှာလည်း အာဏာသိမ်းဆိုတဲ့ စကားပျောက်ပြီး မြန်မာ့ခေါင်းဆောင်လို ပြောင်းလဲသုံးနှုန်းလာကြတာဟာ အခုလို ရုရှားနဲ့တရုတ်လို ကမ္ဘာ့အဆင့် ၂ နဲ့ ၃ လိုပြောလိုရမယ့် အင်အားကြီးနိုင်ငံတွေနဲ့ တရားဝင် တွေ့ဆုံနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေ၊ ဘင်းစတက်လို အခမ်းအနားတွေကြောင့် နစကရဲ့ တရားဝင်မှုဟာ တဖြည်းဖြည်း ထင်ပေါ်လာခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအတွက် အထောက်အကူအများကြီး ဖြစ်လာပါလိမ့်မယ်။

တရုတ်နဲ့ ရုရှား မကြိုက်တဲ့ သူတွေအတွက်လည်း တစ်ခုမှတ်ထားရမှာက မကြိုက်တာက မကြိုက်တာပဲ။ ကမ္ဘာ့အဆင့် Top 3 နိုင်ငံနှစ်ခုက တစ်ချက်မွှေတာနဲ့ ကိုယ့်နိုင်ငံက ပြီးခဲ့တဲ့ ငလျင်ထက် ပိုဆိုးသွားနိုင်တယ်ဆိုတာပဲ။ ၁၀၂၇ ကို သင်ခန်းစာယူရမယ်။ အိန္ဒိယလို နိုင်ငံမျိုးတောင် Proxy ကိုမကျော်လွှားနိုင်ပဲ သူတိုတွေရေးတဲ့ ဇာတ်ညွှန်းကိုလိုက် က နေရတာကို မြင်အောင်ကြည့်နိုင်ရမယ်။

ကိုယ်တွေကတော့ မြန်မာ့အလံကို ရင်ပြင်နီမှာ မြင်ရတာနဲ့တင် ကျေနပ်ပါတယ်။ မြန်မာစစ်သီချင်းကို တိုင်းတပါးရပ်ခြားမှာ ကြားရတာ ဂုဏ်ယူတယ်။

ပိုင်စိုး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံဆွေးနွေးစဉ်ပြောကြားခဲ့သည့်ကောက်နုတ်ချက်
#Speech
09.05.202515:50
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်နှင့် သီးခြား တွေ့ဆုံဆွေးနွေး
#နစက
17.05.202523:32
ရင်ပြင်နီမှ အမြတ်များ
(ပိုင်စိုး)
09.05.202509:38
ရန်ပုံငွေ ပယ်ဖျက်ရုပ်သိမ်းခံရမှုကြောင့် RFA မြန်မာပိုင်းအစီအစဉ် လုံးဝရပ်နားလိုက်ကြောင်း အသိပေး

ရန်ပုံငွေ ပယ်ဖျက်ရုပ်သိမ်းခံရမှုကြောင့် RFA (လွတ်လပ်တဲ့အာရှအသံ) မြန်မာပိုင်းအစီအစဉ်ကို လုံးဝ ရပ်နားလိုက်ပြီဖြစ်ကြောင်း RFA မြန်မာပိုင်းအစီအစဉ်ဌာနမှူး ဦးကျော်ကျော်အောင်က ယ‌နေ့တွင် တရားဝင် ထုတ်ပြောလိုက်ပါတယ်။

“ကျွန်တော်တိုရဲ့ RFA မြန်မာပိုင်းအစီအစဉ် လုံးဝ ရပ်နားရပါတော့မယ်။ ပရိတ်သတ်များအားလုံးကို ဝမ်းနည်းစွာနဲ့ပဲ နှုတ်ဆက်စကား ဆိုရပါတော့မယ်” ဟု ဦးကျော်ကျော်အောင်က ပြောပါတယ်။

RFA ကို အားပေးသည့် မြန်မာပြည်သူပရိသတ်များကြောင့် RFA မြန်မာပိုင်းအစီအစဉ် ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ ကူညီမှုကြောင့် ပြည်သူများ၏အကြောင်းကို RFA မှ တင်ပြခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ သတင်းထုတ်လွှင့်ခဲ့သည့် ကာလတစ်လျှောက် မည်သည့်အန္တရာယ်ပဲရှိရှိ အမှန်တရားကို တင်ပြခဲ့သည်ဟုလည်း ယင်းက ဆိုပါတယ်။
#News
登录以解锁更多功能。