
Korean series & movies mmsub by J
关联群组
记录
14.04.202515:12
62.9K订阅者31.03.202516:23
50引用指数12.04.202517:53
4.9K每帖平均覆盖率12.04.202517:53
4.9K广告帖子的平均覆盖率19.04.202523:59
0.95%ER12.04.202517:38
7.82%ERR登录以解锁更多功能。
တအားကြိုးစားပေမဲ့ မဖြစ်မြောက်တဲ့ ဘောလုံးသမား ယွန်းဟုန်းဒယ် ဟာ စိတ်ဆတ်ပြီး ဒေါသမထိန်းနိုင်ရာကနေ အနုပညာထဲဝင်မယ်ဆိုပြီး ဖြစ်လာပါတော့တယ်။ အဲဒီမှာ ပီဒီအီ ဆိုမင်းနဲ့တွေ့ပြီး မှတ်တမ်းရုပ်ရှင်ရိုက်ဖို့ အကြောင်းဖန်ရင်းနဲ့ ကြောင်နဲ့ကြွက်လို မတည့်အတူနေ အလုပ်အတူတွဲလုပ်ရပါတယ်။ သူတို့ရိုက်တဲ့အစီအစဉ်ကလည်း အိမ်ခြေရာမဲ့တွေကို ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့အတွက် လေ့ကျင့်ပေးရတဲ့အလုပ်ဆိုတော့ အခက်အခဲတွေကြားက ရုန်းကန်ပြီး အိပ်မက်တွေကို ဖြည့်ဆည်းသွားကြမှာပါ။ အမျိုးမျိုးကြုံတွေ့ရပြီးမှ ရေစက်လာဆုံကြတဲ့ သူတို့အသင်းက နောက်ဆုံးမှာ အောင်မြင်မလား ကျရှုံးမလားဆိုတာကို ကြည့်လိုက်ကြပါဦးနော်။
ဟိုးအရင်ကတည်းက ကိုယ်တွေကြိုက်ခဲ့ရတဲ့ မင်းသားကြီး Kwon Sang Woo ရဲ့ ပေါ့ပေါ့ပါးပါးရုပ်ရှင်လေးထွက်လာပါပြီနော်
ဘတ်ဂန်းဟာ ချစ်သူကိုလက်လွှတ်လိုက်ရတဲ့နောက် အရမ်းကိုနာမည်ကြီးပြီး ပေါ့ပျက်ပျက်နေတတ်တဲ့ သရုပ်ဆောင်ဖြစ်လာပါတယ်
ဒါပေမဲ့ သူ့သူငယ်ချင်းဂျိုယွန်းကတော့ သူ့ဘေးမှာမန်နေဂျာအဖြစ်နဲ့ အမြဲထောက်ပံ့ပေးခဲ့ပါတယ်
ဘတ်ဂန်းဟာ အရမ်းအောင်မြင်နေပေမဲ့ စိတ်ထဲမှာတော့ နောင်တတရားတွေရှိနေခဲ့တယ်..
အဲဒီတော့ ကံကြမ္မာရဲ့လှည့်စားမှုကြောင့်လားပဲ သူအရင်ကလက်လွှတ်ခဲ့ရတဲ့ဟာတွေကို ပြန်ရလာပြီး
နာမည်ကြီးဘဝကိုတော့ ဂျိုယွန်းကိုပေးလိုက်ရတော့တာပဲ
Switch ဆိုပေမဲ့ အရင်ကြည့်နေကျ တခြားရုပ်ရှင်တွေလို ဝိညာဉ်ချင်း ခန္ဓာကိုယ်ချင်းလဲတာမဟုတ်ဘဲ
ဘဝချင်းပါလဲသွားတဲ့ ဇာတ်လမ်းမို တစ်မျိုးတစ်ဖုံထူးခြားနေတာတော့ အမှန်ပါပဲ
နာမည်ကြီးရာကနေ အရာမဝင်တော့တဲ့ဘဝရောက်သွားတဲ့ ဘတ်ဂန်းနဲ့
နာမည်ကြီးဖြစ်သွားတဲ့ဂျိုယွန်းတိုရဲ့ အလွဲတွေကိုတော့ ရုပ်ရှင်ထဲမှာကြည့်ရင်း ရယ်မောလိုက်ကြပါဦးနော်