Mickey 17 (2025)
IMDb: 6.9/10
ဒီကားလေးကတော့ လူသားတွေရဲ့ သဘောသဘာ၀၊ ဗရုတ်သုတ်ခအတွေးအခေါ်တွေနဲ့ အာဏာအလွဲသုံးစားလုပ်မှုတွေကို ဟာသလေးနှောပြီး ခွီနေရမယ့်ကားလေးပဲဖြစ်ပါတယ်
ကမ္ဘာကြီးဟာ လူသားတွေကို မှတ်ညာဏ်တွေရော တွေးခေါ်ပုံတွေပါ တူညီတဲ့အထိ ပုံတူပရင့်ထုတ်နိုင်တဲ့အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါပြီ။ ဒါပေမဲ့လည်း ကျင့်၀တ်မညီမှုတွေကြောင့် ကမ္ဘာမြေပေါ်မှာ အသုံးပြုခွင့်ပိတ်ပင်ထားပါတယ်။
ဖွံ့ဖြိုးလာတာနဲ့အမျှ ကမ္ဘာကြီးဟာလည်း တဖြည်းဖြည်း ညစ်ညမ်းပျက်စီးလာခဲ့တာကြောင့်တစ်ကြောင်း၊ အာဏာရူးပြီး ကိုယ်ပိုင်ပြည်ထောင်စုတည်ထောင်ချင်တာက တစ်ကြောင်းကြောင့် မာရှယ်ဆိုတဲ့ ရွေးကောက်ပွဲနှစ်ပွဲဆက်တိုက်ရှုံးအထက်လွှတ်တော်က နစ်ဖယ်ဟမ်ဆိုတဲ့ဂြိုဟ်မှာ ခြေချဖို့ လူစုပြီး လူသားပရင့်ထုတ်တဲ့နည်းပညာကိုလည်း ဂြိုဟ်သစ်မှာအခြေချတဲ့အခါ ကြုံတွေ့ရမယ့် အန္တရာယ်တွေအတွက် "စွန်ပစ်ခံ"ဆိုတဲ့ လူတစ်ယောက်ကိုပဲ ထပ်ခါတလဲလဲ ပြန်ထုတ် ပြန်စမ်းသပ်လုပ်ဖို့အတွက် အသုံးချဖို့လုပ်ပါတယ်။