ခက်ခဲတဲ့သူလျှိုဘဝကိုစွန့်လွှတ်ချင်ပေမယ့် စစ်ဆွေခရိုင်မြို့လေးမှာ
ကလေးနဲ့ ယောင်္ကျားတွေပျောက်နေတာကိုသိရတဲ့အခါ ကိုယ်ချင်းစာပြီးတော့စစ်ဆွေဂိုဏ်းမှာ သူလျှိုလုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ သူ့ကိုကူညီဖို့အတွက်ရိုးသားဖြောင့်မတ်တဲ့ လူဆိုးထိန်းခေါင်းဆောင်ကိုလဲ ဌာနကလွှတ်ပေးလိုက်တယ်။
သူတို့နှစ်ယောက်ပေါင်းပြီးတော့ စစ်ဆွေခရိုင်ရဲ့လူပျောက်မှုကိုစုံစမ်းတဲ့အခါ ဒါကလူကုန်ကူးမှုဖြစ်နိုင်ဆိုပြီးသိလိုက်ရပါတယ်။လူတွေအများကြီးပျောက်နေတဲ့ဒီအမှုရဲ့နောက်ကွယ်ကတရားခံအစစ်ဟာဘယ်သူဖြစ်နေမလဲ......
My ID is Gangnam Beauty (2018)
ဇာတ်လမ်းအကျဉ်း
Kang Mi Rae ဟာ ရုပ်ဆိုးတဲ့အတွက် သူ့ဘဝတစ်လျှောက်လုံး အနိုင်ကျင့်ခံခဲ့ရပါတယ်။ ပွင့်လင်းပေမယ့် မလုံမလဲဖြစ်နေတဲ့ Mi Rae ဟာ ခွဲစိတ်ပြုပြင်ခဲ့ပြီး အသွင်သစ်နဲ့ တက္ကသိုလ်တက်ခဲ့ပါတယ်။
ဒါပေမဲ့ အနိုင်ကျင့်ခံရတာတော့ မရပ်သွားခဲ့ပါဘူး။ သူ့ရဲ့ပြင်ထားတဲ့မျက်နှာကိုလှောင်ပြောင်ပြီး Gangnam beauty လို့ခေါ်ခဲ့ကြပါတယ်။
Do Kyung Suk ဆိုတဲ့ကျောင်းသားက ချမ်းသာတယ်။ ရုပ်ချောတယ်။ ဉာဏ်ကောင်းပါတယ်။ အားလုံးကိုပိုင်ဆိုင်ထားပြီး အေးတိအေးစက်လည်းနိုင်ပါတယ်။ ဒါပေမဲ့လည်း အတွင်းစိတ်မှာတော့ ဂရုစိုက်တတ်ပါတယ်...
Do Kyung Sukကအလှစစ်က ရုပ်ရည်သွင်ပြင်နဲ့မဆိုင်ကြောင်းကို Mi Raeကိုဘယ်လိုနားလည်အောင်ရှင်းပြခဲ့လဲဆိုတာကတော့...