Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
News Of Myanmar NOM avatar

News Of Myanmar NOM

News Of Myanmar Official Channel.
WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Dec 25, 2021
添加到 TGlist 的日期
Sep 08, 2024
关联群组

Telegram频道 News Of Myanmar NOM 统计数据

订阅者

12 430

24 小时
7
-0.1%一周
49
-0.4%一个月
149
-1.2%

引用指数

0

提及0频道上的转发0频道上的提及0

每帖平均覆盖率

835

12 小时684
30.5%
24 小时835
68.9%
48 小时494
35.2%

参与率 (ER)

1.65%

转发2评论0反应7

覆盖率参与率 (ERR)

4.38%

24 小时
0.41%
一周
4.3%
一个月
4.31%

每则广告帖子的平均覆盖率

0

1 小时00%1 – 4 小时00%4 - 24 小时00%
将我们的机器人连接到频道以了解该频道的受众性别。
过去 24 小时内的帖子数
1
动态
16

"News Of Myanmar NOM" 群组最新帖子

မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်
အ​မေရိကန်နိုင်ငံနယူး​အော်လင်းစ်​ထောင်မှအကျဥ်းသား၁၁ဦး​ထောင်​​ဖောက်ထွက်​ပြေး
NOM
အ​မေရိကန်နိုင်ငံ၊လူဝီစီးနီးယားပြည်နယ်၊နယူးအော်လင်းစ်ထောင်မှ အကျဉ်းသားများ ထောင်မှ ထွက်​ပြေးလွတ်မြောက်သွားခဲ့သည်။ ထောင်ကိုပိတ်ထားပြီး လုံခြုံရေး အစီအမံများ မြှင့်ထားသည်။ရဲတပ်ဖွဲ့က​ထောင်​ဖောက်ထွက်​ပြေးသွားသူ၁၁ဦး၏အမည်များကို​ကြေညာလိုက်သည်။
အစ္စ​ရေးကယီမင်နိုင်ငံရှိဆိပ်ကမ်းသုံးခုကို​လေ​ကြောင်းမှယ​နေ့တိုက်ခိုက်ခဲ့သည်။
转发自:
MRTV avatar
MRTV
မင်းလှမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့အား ငွေကျပ် (၁၆ ဒသမ ၂) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၉၈)သိန်းခန့် အပါအဝင် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်းနှင့် စိတ်ပြောင်းဆေးဝါး (Happy Water) များ ဖမ်းဆီးရမိ
ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင် (တောင်) ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မေလ ၁၆၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံသို့ မေလ ၁၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန် ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်စစ်ဆေးခဲ့ရာ ကျောက်ပန်းတောင်းမြို့နယ်၊ လေးပင် (တောင်) ကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးမောင်သန်း (၅၈) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
ယူကရိန်းပဋိပက္ခ​ဆွေး​နွေးပွဲအ​ခြေအ​နေကိုရုရှားဖက်ကထုတ်ပြန်
NOM
တူရကီနိုင်ငံတွင်ယ​နေ့​ယူကရိန်းပဋိပက္ခ​ဆွေး​နွေးပွဲနှင့်ပတ်သက်ပြီးရုရှားကိုယ်စားလှယ်အဖွဲ့ကသတင်းထုတ်ပြန်သည်။လာမည့်ရက်အနည်းငယ်အတွင်းနှစ်ဘက်စစ်သုံ့ပန်း၁၀၀၀စီလဲလှယ်ရန်နှစ်ဖက်သ​ဘောတူညီခဲ့သည်။ယူကရိန်းကနှစ်နိုင်ငံ​ခေါင်း​ဆောင်များ​တွေ့ဆုံ​ဆွေး​နွေးရန်​တောင်းဆိုသည်။နှစ်ဖက်အဖွဲ့များသည်အနာဂတ်အပစ်အခတ်ရပ်စဲ​ရေးအတွက်မိမိတို့၏လိုလားချက်များကိုတင်ပြခဲ့ကြသည်။
ပန်းပဲတန်းတွင်အမျိုးသမီးကြီးတစ်ဦးထိုင်လျက်​သေဆုံး
NOM၊​မေ၁၆၊၂၀၂၅
ရန်ကုန်မြို့၊​ကျောက်တံတားခရိုင်၊ပန်းပဲတန်းမြို့နယ်၊အမှတ်(၄)ရပ်ကွက်၊မဟာဗန္ဓုလလမ်းအလယ်၊၂၇လမ်းနှင့်၂၈လမ်းကြားတွင်​မေလ၁၆ရက်​နေ့လယ်၂း၄၀နာရီအချိန်ကအမျိုးသမီးကြီးတစ်ဦးလမ်း​ဘေးတွင်ထိုင်လျက်​သေဆုံး​နေ​ကြောင်းသိရသည်။
မြို့နယ်နှင့်ရဲတပ်ဖွဲ့တာဝန်ရှိသူများကသတင်းအရသွား​ရောက်စစ်​ဆေးရာ​သေဆုံးသူမှာဒလမြို့နယ်​နေ​ဒေါ်မ​အေး(အသက်၇၅နှစ်)ဖြစ်ပြီးပြင်ပဒဏ်ရာမရှိပဲထိုင်လျက်အ​နေအထားဖြင့်​သေဆုံး​နေသည်ကို​တွေ့ရသည်။ထို့​ကြောင့်​သေဆုံးသူအားမဟာမွန်မြတ်ပရဟိတအသင်းပိုင်မော်​တော်ယာဥ်ဖြင့်ရန်ကုန်​ဆေးရုံကြီးသို့ပို့​ဆောင်ပြီး​ဓမ္မတာအတိုင်း​သေဆုံးခြင်းဟုတ်မဟုတ်စစ်​ဆေးကာသေမှု​သေခင်းဖွင့်လှစ်​ဆောင်ရွက်လျက်ရှိ​ကြောင်းသတင်းရရှိသည်။
​မေလ၁၆ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။ဂျာမနီကာကွယ်​ရေးဝန်ကြီးနှင့်ဖိလစ်ပိုင်ကာကွယ်​ရေးဝန်ကြီးတို့သည်နှစ်နိုင်ငံကာကွယ်​ရေးပူး​ပေါင်း​ဆောင်ရွက်ရန်သ​ဘောတူလက်မှတ်​ရေးထိုးလိုက်သည်။
၂။တူရကီသမ္မတနန်း​တော်တွင်တူရကီ၊အ​မေရိကန်၊ရုရှားနှင့်ယူကရိန်းကိုယ်စားလှယ်များယူကရိန်းပဋိပက္ခပြီးဆုံး​ရေးအတွက်ယ​နေ့​မေလ၁၆ရက်တွင်စတင်ညှိနှိုင်းကြသည်။ညှိနှိုင်းပွဲမစတင်မီရုရှား၏​တောင်းဆိုချက်အရအ​မေရိကန်နှင့်တူရကီကိုယ်စားလှယ်များအခန်းတွင်းမှထွက်ခွာ​ပေးရသည်။ညှိနှိုင်းပွဲတွင်နှစ်ဖက်စလုံးကရုရှားဘာသာစကားအသုံးပြုပြီးဆွေး​နွေးပွဲမှာနှစ်နာရီ​ခန့်သာကြာခဲ့သည်။(ဓါတ်ပုံ)
၃။ယူကရိန်းအဖွဲ​ခေါင်း​ဆောင်ကာကွယ်​ရေးဝန်ကြီးအူမာ​ရော့ဗ်ကငြိမ်းချမ်း​ရေးအတွက်လိုအပ်ချက်မှာရက်၃၀အပစ်အခတ်ရပ်စဲ​ရေးနှင့်နှစ်ဖက်စစ်သုံးပန်းအားလုံးလဲလှယ်​ရေးဟု​ပြောလိုက်သည်။
၄။ရုရှားကျဆုံးစစ်သည်၄၁ဦးနှင့်ယူကရိန်းကျဆုံးစစ်သည်၉၀၉ဦးတို့၏ရုပ်အ​လောင်းများကိုယ​နေ့နှစ်ဖက်လဲလှယ်ကြသည်။
၅။ယူကရိန်း​F-16တိုက်​လေယာဥ်သည်ယ​နေ့နံနက်၃း၃၀နာရီအချိန်ကစစ်ဆင်​ရေးတွင်ပျက်ကျခဲ့ပြီး​လေယာဥ်မှူးမှာခုန်ထွက်နိုင်​ကြောင်းယူကရိန်းက​ကြေညာသည်။ယူကရိန်း၏F-16တိုက်​လေယာဥ်သုံးစီး​အထိပျက်ကျပြီးဖြစ်သည်။
ဝက်လက်မြို့နယ်၊ ဟလင်းကျေးရွာအား PDF အကြမ်းဖက်အဖွဲ့က Drone ဖြင့်တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

NOM မေလ ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဟလင်းကျေးရွာအား မေလ ၁၄ ရက်နေ့၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဒေါ်လွင် (၆၀) နှစ်တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
ကသာမြို့နယ်၊ ကျန်တောကျေးရွာအနီးရှိတောအတွင်း KIA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးဒဏ်ရာရ

NOM မေလ ၁၆၊ ၂၀၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ကျန်တောကျေးရွာနေ မောင်ထွန်းထွန်းနိုင် (၁၂) နှစ်သည် မေလ ၁၅ ရက်နေ့ ၌ ကျေးရွာအနီးရှိ တောအတွင်းသို့သွားစဉ် တောအတွင်းမှ KIA နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
转发自:
NOM.World News avatar
NOM.World News
ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်

ကာတာ
- ဒေါ်လာ ၁.၂ ထရီလီယံအထိ ကုန်သွယ်ရေးစာချုပ်ချုပ်ဆို
- အမေရိကန်စစ်ဘက်ဆိုင်ရာစက်ရုံတွေမှာ ကာတာက ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြုပ်နှံပြီး ၄၂ ဘီလျံဖိုး လက်နက်ဝယ်ယူမယ်
- Qatar Airways က ဒေါ်လာ ၉၆ ဘီလျံတန်ဖိုးရှိတဲ့ ဘိုးရင်းလေယာဉ်တွေ ဝယ်ယူမယ်
- ကာတာအတွက် ဒေါ်လာ ၃ဘီလျံတန်တဲ့ ဒရုန်းကာကွယ်ရေးနည်းပညာရရှိမယ်

ဆော်ဒီ
- ဒေါ်လာ ၆၀၀ ဘီလျံအထိ ဆော်ဒီက ရင်းနှီးမြုပ်နှံမယ်လို့ ကတိပေးခဲ့
- နောက်ထပ်စာချုပ်ပေါင်း ၁၄၅ ခုက ဒေါ်လာ ၃၀၀ ဘီလျံတန်ဖိုးရှိတဲ့ ရင်းနှီးမှုတွေဖြစ်
- အမေရိကန်ဆီကနေ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁၄၂ ဘီလျံဖိုး ဆော်ဒီက ဝယ်မယ်

ဆီးရီးယား
- ဆီးရီးယားအပေါ် အရေးယူပိတ်ဆို့မှုအားလုံး ပယ်ဖျက်မယ်
- ဆီးရီးယားရဲ့ ရေနံနဲ့သဘာ၀ဓါတ်ငွေ့ကဏ္ဍမှာ ရင်းနှီးမြုပ်နှံဖို့ ထရမ့်က ကန်ကုမ္ပဏီတွေကို တိုက်တွန်း

ယူအေအီး
- လာမယ့် ၁၀ နှစ်အတွင်း ယူအေအီးက အမေရိကန်မှာ ဒေါ်လာ ၁.၄ ထရီလီယံ ရင်းနှီးမယ်
- နောက်ထပ် ဒေါ်လာ ၂၀၀ ဘီလျံတန်ဖိုးရှိ စာချုပ်တွေချုပ်ဆိုနိုင်ခဲ့

NOM
转发自:
NOM.World News avatar
NOM.World News
တောတွင်းဒေသတွေမှာ ယူကရိန်းစစ်တပ်က ထောင်ထားတဲ့ မိုင်းဖြစ်ပါတယ်။ မှိုကောက်သူတွေကို သတိထားဖို့အတွက် ရုရှားက သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

NOM
၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် အခမဲ့စနစ်ဖြင့် စတင် ကျောင်းအပ်လက်ခံတော့မည်
NOM၊မေ၁၆၊၂၀၂၅
ပညာရေး​ဝန်ကြီးဌာနက၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် အခမဲ့စနစ်ဖြင့် မေလ၂၂ရက်မှ စတင်ပြီး ကျောင်းအပ်လက်ခံတော့မည်ဖြစ်ကြောင်း သိရသည်။
မေလ၂၂ရက်မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ပြီး ပညာရေး​ဝန် ကြီးဌာနလက်အောက်ရှိ အခြေခံပညာကျောင်းများတွင် KGအဆင့်မှ Grade12 အဆင့်ရှိကျောင်းသူ ကျောင်းသားများကို အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
FBIဒါရိုက်တာ​ဟောင်းဂျိမ်းစ်ကိုမီး
လျှို့ဝှက်ဝန်ဆောင်မှုဌာန (Secret Service) မှ သမ္မတဒေါ်နယ်ထရမ့်ကို သတ်ဖြတ်ရန်ခြိမ်းခြောက်မှုဖြင့် FBI အကြီးအကဲဟောင်းဂျိမ်းစ်ကိုမီးကို စစ်ဆေးနေ
NOM
အမိ​မြေလုံခြုံ​ရေးဝန်ကြီးဌာန ဝန်ကြီး ခရစ္စတီ နိုအမ် က လျှို့ဝှက်ဝန်ဆောင်မှုဌာန (Secret Service) သည် FBI ဒါရိုက်တာ​ဟောင်း ဂျိမ်းစ်ကိုမီးအား သမ္မတ ဒေါ်နယ်ထရမ့်ကို သတ်ဖြတ်ရန်ခြိမ်းခြောက်မှုဖြင့် စုံစမ်းစစ်ဆေးနေကြောင်း​ကြေညာလိုက်သည်။ ထရမ့်ကိုတချိန်လုံး​ဝေဖန်ခဲ့သည့် ကိုမီးက သူ၏ Instagram တွင် တင်ထားပြီး နောက်ပိုင်းဖျက်လိုက်သည့် လျှို့ဝှက်စာသားပါပို့စ်သည် လုပ်ကြံသတ်ဖြတ်ရန် တိုက်တွန်းချက်မဟုတ်ဟု ငြင်းဆိုခဲ့သည်။
ကြာသပတေးနေ့က ကိုမီး သည် "8647"နံပါတ်ပုံစံဖြင့် ပင်လယ်ခရုခွံများဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး၊ စာတန်းတွင် "ကမ်းခြေလမ်းလျှောက်ရင်း တွေ့လိုက်ရတဲ့ ခရုခွံအစီအရီလေး" ဟု ရေးသားခဲ့သည်။
ထရမ့်အစိုးရ အရာရှိများနှင့် ရီပတ်ဘလီကန်နိုင်ငံရေးသမားများက ဤဓာတ်ပုံကို ၄၇ ဦးမြောက်သမ္မတ (ထရမ့်)အား ခြိမ်းခြောက်မှုအဖြစ် အလျင်အမြန် အဓိပ္ပာယ်ကောက်ခဲ့ကြသည်။ မီဒီယာအချို့က Merriam-Webster အဘိဓာန်ကို ကိုးကားပြီး "86" ဆိုသည့် အသုံးအနှုန်းသည်"ပစ်ထုတ်သည်"၊ "ဖယ်ရှားသည်"သို့မဟုတ် "သတ်ဖြတ်သည်"ဟူသော အနက်ရှိသည်ဟု ဖော်ပြခဲ့သည်။ Newsweek၏ ဖော်ပြချက်အရ၊ "86"သည် လူတစ်ဦးကို "မြို့အပြင်ရှစ်မိုင်အကွာ"သို့ ခေါ်ဆောင်သွားကာ "ခြောက်ပေအနက်ကျင်းအတွင်းမြေမြှုပ်ခြင်း" (သတ်ဖြတ်ခြင်း) ကို ရည်ညွှန်းသည့် လူဆိုးဂိုဏ်းသုံး စကားလုံးဖြစ်သည်ဟုသိရသည်။

记录

08.09.202406:07
13.8K订阅者
03.09.202423:59
0引用指数
05.05.202504:33
3.1K每帖平均覆盖率
17.05.202520:21
0广告帖子的平均覆盖率
24.04.202512:02
23.81%ER
05.05.202504:33
24.54%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
OCT '24JAN '25APR '25

News Of Myanmar NOM 热门帖子

28.04.202520:50
အ​မေရိကန်​လေယာဥ်တင်သင်္ဘော​ပေါ်မှ​လေယာဥ်တစ်စီးပင်လယ်ထဲကျ
NOM
ပင်လယ်နီတွင်​လေယာဥ်တင်သင်္ဘောထရူးမင်း​ပေါ်၌စစ်ဆင်​ရေးတာဝန်ထမ်း​ဆောင်​နေ​သောF/A-18Eဆူပါဟွန်းနက်စ်တိုက်​လေယာဥ်တစ်စီးသည်ဆွဲကားဖြင့်​လေယာဥ်ရုံအတွင်းထည့်စဥ်ပင်လယ်အတွင်းသို့​လေယာဥ်​ရောဆွဲကားပါပြုတ်ကျခဲ့သည်။​သေဆုံးသူမရှိ​သော်လည်းတစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
28.04.202520:45
အ​မေရိကန်၏တိုက်ခိုက်မှု​ကြောင့်၄၀ဦး​သေ
NOM
ယီမင်ဟူသီများကအာဖရိကမှတရားမဝင်​ဝင်​ရောက်လာသူများကိုထိန်းသိမ်းထားသည့်စင်တာကိုအ​မေရိကန်က​လေ​ကြောင်းမှတိုက်ခိုက်သဖြင့်၄၀ဦး​သေဆုံးပြီး၆၈ဦးပြင်းထန်စွာဒဏ်ရာရသည်။အပျက်အစီး​အောက်တွင်ပိ​နေသည့်​သေဆုံးသူများရှိ​သေး​ကြောင်းဟူသီအာဏာပိုင်များက​ပြောသည်။
10.05.202512:30
Breaking News
အိန္ဒိယနှင့်ပါကစ္စတန်တို့သည်အပစ်အခတ်ရပ်စဲလိုက်​ကြောင်းအ​မေရိကန်သမ္မတထရမ့်က​ပြောလိုက်ပြီးသတင်းမှန်ကန်​ကြောင်းပါကစ္စတန်နိုင်ငံခြား​ရေးဝန်ကြီးကအတည်ပြုခဲ့သည်။
စပိန်နိုင်ငံအနှံ့လျပ်စစ်မီးပြတ်​တောက်မှု၁၀နာရီခန့်ဖြစ်​ပေါ်​နေသဖြင့်မက်ဒရစ်မြို့တွင်မီးပွိုင့်များ၌ကားများပိတ်ဆို့လျက်ရှိသည်။
ကော့ကရိတ်မြို့နယ်တွင် KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က သံဃာတော်တစ်ပါးကို ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်သတ်

NOM မေလ ၁၀၊ ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လှိုင်ကွယ်ကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တသုဇာတ (၅၆) နှစ် (၃၅) ဝါသည် မေလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်၌ အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်ရှိနေစဉ် KNU နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ဝင်းကကျေးရွာအနီးအရောက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဆရာတော် ဘဒ္ဒန္တ သုဇာတတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ ပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။

News Of Myanmar NOM
25.04.202513:40
စစ်မီး​တောက်​အောင်​မြှောက်ပင့်​နေ​သောအထည်ကြီးပျက်ဝန်ကြီးချုပ်
NOM
​နေမဝင်အင်ပါယာ၏အရှင်သခင်ဟုသူ့ကိုယ်သူထင်​နေ​သော၊ကိုယ်တိုင်စစ်မတိုက်ရဲပဲစစ်မက်ဖြစ်ပွားသည့်နိုင်ငံများကိုစစ်မီးပိုမို​တောက်​လောင်​အောင်​မြှောက်​ပေးတတ်​သောဗြိတိန်ဝန်ကြီးချုပ်ကီယာ စတာမာသည် ဒေါ်နယ်ထရမ့်၏ အဆိုပြုချက်များကို စိန်ခေါ်လျက် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် မည်သို့ပင်ဖြစ်စေ ယူကရိန်းကသာ အချုပ်အခြာအာဏာကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဟု တဇွတ်ထိုးပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ်ဖြစ်သူက ထရမ့်၏အဆိုကို ပယ်ချခဲ့ပြီး စစ်ပွဲအဆုံးသတ်ရန် သဘောတူညီချက် မရရှိမှုအတွက် "သတ္တိရှိသော" ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးပအား အပြစ်တင်စရာမလိုဟု ​မြှောက်ပင့်ခဲ့သည်။
ထို့ပြင် ၎င်းက ဗလာဒီမာ ပူတင်နှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် ခရိုင်းမီးယားဒေသအား ရုရှား၏အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုရန် အမေရိကန်၏ အစီအစဉ်ကို ထောက်ခံခြင်းမပြုဘဲ မော်စကိုအနေဖြင့် "အခြေအနေမရွေး စစ်ပြေငြိမ်းရေး" လိုက်နာရန် တောင်းဆိုခဲ့သည်။ရုရှားသမ္မတပူတင်ကပိုဆီဒမ်ဒုံးကျည်တစ်လုံးဖြင့်ဗြိတိန်ကို​ရေ​အောက်မြှုတ်ပစ်မည်ဟူ​သောခြိမ်း​ခြောက်မှုကိုမတုန့်ပြန်ရဲပဲယူကရိန်းသို့ဗြိတိန်စစ်သားများလွှတ်မည်ဟု​လေတစ်လုံးမိုးတစ်လုံး​ပြောပြီးတိတ်တိတ်​လေးသူ့စကားကို​လျောချသွား​သောဗြိတိန်ဝန်ကြီးချုပ်ကယူကရိန်းနိုင်ငံသားတို့၏အသက်ဖြင့်စစ်မီး​တောက်​အောင်လုပ်​နေ​သောလုပ်ရပ်မှာမျက်နှာဖြူတို့၏မ​ကောင်း​သော​စောက်ကျင့်များထဲမှတခုသာဖြစ်သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် ရုရှားတွင် တွေ့ဆုံဆွေးနွေး

ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင်ကျင်းပနေသည့် ၁၉၄၁ - ၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားတက်ရောက်ရန် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရောက်ရှိနေကြသော တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သည် ရုရှားနိုင်ငံမှာ သီးခြားတွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။
17.04.202513:52
ရုရှားကဂျာမနီကိုသတိ​ပေးပြီ
NOM
ဂျာမနီထုတ်​တောရပ်စ်(Tuarus)ဒုံးကျည်များဖြင့်ယူကရိန်းကရုရှား၏အ​ရေးကြီးအ​ခြေခံအ​ဆောက်အအုံများကိုတိုက်ခိုက်ပါကယူကရိန်းစစ်တွင်ဂျာမနီသည်ယူကရိန်းဖက်မှတိုက်ရိုက်ပါဝင်တိုက်ခိုက်သည်ဟုမှတ်ယူပြီးဂျာမနီကိုလက်တုန့်ပြန်တိုက်​ခိုက်မည်ဟုရုရှားနိုင်ငံခြား​ရေးဝန်ကြီးဌာန​ပြော​ရေးဆိုခွင့်ရှိသူကသတိ​ပေးလိုက်သည်။
ဂျာမနီအဓိပတိအသစ်ဖြစ်လာမည့်မာ့ခ်ကယူကရိန်းကို​တောရပ်စ်ဒုံးကျည်များ​ပေးပြီးရုရှားနိုင်ငံရှိမည်သည့်​နေရာကိုမဆိုတိုက်ခိုက်ခွင့်ပြုမည်ဆို​သောသတင်းနှင့်ယူကရိန်းကခရိုင်းမီးယားတံတားကိုအဆိုပါဒုံးကျည်များနှင့်တိုက်ခိုက်ရန်ကြံစည်​နေ​ကြောင်းသတင်းများထွက်​ပေါ်အပြီးရုရှားကယခုလိုသတိ​ပေးလိုက်ခြင်းဖြစ်သည်။
10.05.202511:20
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗာစီဗစ်မြို့သို့ ရောက်ရှိ

NOM မေ ၁၀၊ ၂၀၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ် စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မေ ၁၀ ရက်နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြိုရှိ ဘနူကာဘာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဗာစီဗစ်မြိုကို အထူးလေယာဉ်ဖြင့်ထွက်ခွါရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Andrey Rudenko နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံ အမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦး နှင့် တာဝန်ရှိသူများက လေဆိပ်သို့လိုက်လံပို့ဆောင် နှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲဝင်များလိုက်ပါလာ‌သော အထူးလေယာဉ်သည် နိုဗာစီဗစ်မြို၊ သာမာရှယ်ဗာ လေဆိပ် ကိုရောက်ရှိရာ အဆိုပါလေဆိပ်တွင်နိုဗာစီဗစ်ဒေသ အုပ်ချုပ်ရေးမှူး Mr. Travnikov Ahdrey Aleksandrovich နှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသတင်းရရှိသည်။

News Of Myanmar NOM
နှစ်နိုင်ငံထိန်းချုပ်​ရေးမျဥ်းတစ်​လျောက်တွင်အိန္ဒိယကပါကစ္စတန်ဖက်သို့အ​မြောက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်​နေခြင်းဖြစ်သည်။
NOM
09.05.202515:26
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မဟာမျိုးချစ်စစ်ပွဲကြီး‌အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်လာသည့် မွန်ဂိုလီးယား သမ္မတနှင့်တွေ့ဆုံ
02.05.202516:08
တက္ကသိုလ်၀င်စာမေးပွဲ ပြန်ဖြေဆိုမည့်သူ ခြောက်သောင်းကျော် ရှိ

NOM မေ ၂၊ ၂၀၂၅

မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် စာမေးပွဲအဖြေလွှာများ ပျက်စီးခဲ့သည့်အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ပြန်လည်ကျင်းပရာတွင် ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူပေါင်း ခြောက်သောင်းသုံးထောင်ခန့် ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

အဆိုပါတိုင်းဒေသကြီး၊ ပြည်နယ်များအတွက် တက္ကသိုလ်ဝင် စာမေးပွဲကို ဇွန်လ ၁၆ ရက်မှ ၂၁ ရက်ထိ ပိတ်ရက်မရှိ ပြန်လည်ကျင်းပ စစ်ဆေးသွားမည်ဖြစ်ပြီးစာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအတွက် လိုအပ်သည့် စာအုပ်များနှင့် တခြား လိုအပ်သည်များကို နိုင်ငံတော်က ထောက်ပံ့ပေးသွားမည်ဖြစ်‌ကြောင်းသိရသည်။

NOM
27.04.202515:32
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅) နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြား

NOM ဧပြီ ၂၇၊၂၀၂၅

(၇၅) နှစ်မြောက် စိန်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နေ့အခမ်းအနားကို ဧပြီ ၂၆ ရက်နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နယ်မြေခံတပ်ဌာနချုပ်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

စစ်လက်နက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများသည် စစ်မြေပြင်တွင်မှတ်ကျောက်တင်ခံရမည်ဖြစ်၍ အရည်သွေးပိုကောင်းသည်ထက်ကောင်းအောင်၊ စွမ်းဆောင်နိုင်ရည် မြင့်မားသည်ထက်မြင့်မားအောင် နယ်ပယ်စုံမှကြိုးပမ်းဆောင်ရွက်ရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။

မြန်မာနိုင်ငံ၏ စစ်လက်နက်ပစ္စည်းများထုတ်လုပ်မှုနှင့်ပတ်သက်၍ ကုန်းဘောင်ခေတ်နှောင်းပိုင်းဖြစ်သည့် မင်းတုန်းမင်းတရားကြီးလက်ထက်တွင် အိမ်ရှေ့စံကနောင်မင်းသားကြီးက စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး စက်ရုံများစတင်တည်ထောင်ရန် ကြိုးပမ်းအားထုတ်ခဲ့မှု၊ ဒင်္ဂါးစက်ရုံ၊ ယက်ကန်းစက်ရုံ၊ ဆန်ကြိတ်စက်ရုံ၊ မဲနယ်စက်ရုံများနှင့် သံဖိုရုံများအပြင် လက်နက်ငယ်များ၊ အမြောက်ကြီးငယ်များနှင့် ဗုံးဆန်အမြောက်ဆန်များ သွန်းလုပ်နိုင်သည့်စက်ရုံများ၊ ရေမြုပ်ဗုံးစမ်းသပ်ဖောက်ခွဲမှုများကိုဆောင်ရွက်နိုင်ခဲ့မှုများကိုပြောကြားခဲ့သည်။

ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့မှ ၂၀၂၃ ခုနှစ်တွင် ထုဆစ်ခဲ့သည့် ကမ္ဘာ့အကြီးဆုံး စကျင်ကျောက်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး “မာရဝိဇယ" တည်ထားရာတွင်လည်း အဓိကအခန်းကဏ္ဍမှ ထူးခြားစွာပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောသည်။ ထို့ကြောင့် နိုင်ငံတော်မှ သက်ဆိုင်ရာ ပညာရပ်အလိုက် နိုင်ငံတော်နှင့် တပ်မတော်အတွက် အကျိုး ပြုခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ဂုဏ်ပြုချီးမြှင့်လျက်ရှိရာတွင် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ ဝန်ထမ်းများထဲမှ ဘွဲ့ထူး၊ ဂုဏ်ထူး လက်မှတ်ရရှိသူပေါင်း ၅၁၃ ဦးရှိသည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသိရသည်။

News Of Myanmar NOM
12.05.202515:12
​မေလ ၄ ရက်မှ ၁၁ ရက်ထိမြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်သူမရှိ

NOM မေ ၁၂၊ ၂၀၂၅

မြန်မာနိုင်ငံတွင်​မေလ ၄ ရက်​နေ့မှ​မေလ ၁၁ ရက်​နေ့အထိ ကိုဗစ်ရောဂါသံသယရှိသူ၂၇၅၄ ဦးကိုဓါတ်ခွဲစစ်​ဆေးခဲ့ရာ ကိုဗစ်​ရောဂါကူးစက်သူ မ​တွေ့ရှိ​ကြောင်းကျန်းမာ​ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်သည်။
转发自:
NOM.World News avatar
NOM.World News
ပါကစ္စတန်ရဲ့ Rahim Yar Khan လေတပ်အခြေစိုက်စခန်းကို အိန္ဒိယဘက်က တိုက်ခိုက်မှုအပြီး မြင်တွေ့ရတာဖြစ်ပါတယ်။ ပြေးလမ်းပေါ်မှာ ကြီးမားတဲ့ မီးတောင်၀လိုမျိုး ချိုင့်ကြီးကို မြင်တွေ့နိုင်ပါတယ်။

NOM
登录以解锁更多功能。