Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Лачен пише
Лачен пише
Реальний Київ | Украина
Реальний Київ | Украина
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Лачен пише
Лачен пише
Реальний Київ | Украина
Реальний Київ | Украина
Copyright Movie avatar
Copyright Movie
Copyright Movie avatar
Copyright Movie
DE,VA (20,25)

ကျွမ်းကျင်ပေမဲ့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ ရဲသားဒေ့ဗ်ဟာ
အကြမ်းဖက်တတ်လွန်းတဲ့သူ့စိတ်ကြောင့် ရဲယူနီဖောင်းဂုဏ်လေး ညှိုးနွမ်းသွားမှာစိုးရိမ်လို့
ယူနီဖောင်းမ၀တ်ဘဲ အရပ်၀တ်နဲ့တာ၀န်ထပ်ဆောင်တဲ့ တာ၀န်သိရဲတစ်ယောက်ဖြစ်ပါတယ်။
သူဟာ ပရာဟက် ဂျာဒေ့ဆိုတဲ့ ရာဇ၀တ်သားရဲ့အမှုကို လိုက်လံစုံစမ်းနေရင်းကနေ အကုန်သိသွားတဲ့အချိန်မှ
ရုတ်တရက် မတော်တဆဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။
အဲဒီကနေမှ အမှုကို ဘယ်လိုပြန်လိုက်ကြမလဲ၊ ဘယ်လိုသဲလွန်စတွေ ပြန်ရှာဖွေသွားမလဲ၊
အမှုကကောဖော်ထုတ်နိုင်သွားမလားဆိုတာ စိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။

🍓☘️ချာနယ်များ Join ရန်☘️🍓
https://t.me/addlist/C7UREXJ9in0yZDhl

✨☘️ဇာတ်ကား ကြည့်ရန်☘️✨
https://t.me/baahubalminthar/6328
https://t.me/baahubalminthar/6328

#Credit.....
Pr,avink,ood,u Shap,pu (20,25)

နယ်မြို့လေးတစ်မြို့ရဲ့ မိုးတွေသည်းနေတဲ့ ညလေးတစ်ညမှာပေါ့။
အဲဒီမြို့လေးထဲက ဘုံဆိုင်လေးတစ်ခုဟာ အပြင်မှာဆိုင်ပိတ်ထားပေမဲ့ ဆိုင်ထဲမှာတော့
သောက်နေကျဖောက်သည်တွေဟာ ရှက်ကီထုရင်း ဖဲရိုက်နေကြပါတယ်။
အဲဒီလိုလို အေးအေးလူလူ သောက်ရိုက်လုပ်နေတုန်း.. ဝုန်းဆို ဟိုဘက်အခန်းကနေ အသံကြားရလို့သွားကြည့်ကြတဲ့အချိန်မှာ ဆိုင်ရှင်ဖြစ်သူဟာ လည်ပင်းမှာ ကြိုးတန်းလန်းနဲ့ သေဆုံးနေတာကို အားလုံး တွေ့လိုက်ကြပါတယ်။
ဒါကို အစက သာမန် သဝာ်သေမှုလို့ ထင်ခဲ့ကြပေမဲ့ ရှက်ဘဲတွေထဲက လူရည်လည်သူတစ်ယောက်က
ဒါ သဝာ်သေတာမဖြစ်နိုင်ဘူး၊ လူသဝာ်မှုပဲဖြစ်မယ်၊ တရားခံက ဆိုင်ထဲမှာပဲရှိမယ်လို့
အာချောင်ပြီး ရဲစခန်းကို ဖုန်းဆက်တိုင်လိုက်ပါတယ်။
အဲဒီလို အာချောင်လိုက်တဲ့အတွက် အမှုဖော်တဲ့နေရာမှာ အင်မတန်တော်ပေမဲ့ ငယ်ဘဝက စိတ်ဒဏ်ရာကြောင့်
အရက်နံ့မခံနိုင်တဲ့ အင်စပက်တာဇာတ်လိုက်က အရက်ဆိုင်တွင်း လူသဝာ်မှုအတွက် ဝေလေလေ
ရှက်ကီဘဲတွေကြားကနေ တရားခံဖော်ဖို့ကြိုးစားပုံကို ဒီရုပ်ရှင်လေးထဲမှာ
အတည်ပေါက်ဟာသတွေနဲ့အတူ စိတ်ဝင်စားဖွယ် မြင်တွေ့ခံစားကြည့်ရှုကြရမှာပဲဖြစ်ပါတယ်…။

👇ချာနယ်အရင်ဝင်ထားပါ👇
https://t.me/addlist/C2gvfYxun-FmZmM1

🎬👇ဇာတ်ကားကြည့်ရန်🎬👇
https://t.me/mmusbmovie/2975
https://t.me/mmusbmovie/2975
𝐋𝐮𝐜𝐤𝐲 𝐁𝐚𝐬𝐤𝐡𝐚𝐫 (𝟐𝟎𝟐𝟒)

အိန္ဒိယရုပ်ရှင်ချစ်သူတို့ စောင့်မျှော်နေကြတဲ့
ဇာတ်လမ်းကောင်းဆိုတာမျိုးကို
တင်ဆက်ပေးလိုက်ပါတယ်။
တလေဂူးရုပ်ရှင်…။တောင်ပိုင်းမင်းသား ဒူလ်ကာဆာလ်မန်ရဲ့ ၃၂ကားမြောက်ရုပ်ရှင်။
မင်းသမီးအနေနဲ့ကတော့ တောင်ပိုင်းမင်းသမီးချော မီနာ့ခ်ရှီချောင်ဒရီပါဝင်ထားပါတယ်။
ဘာစကာ…။မာဂါဒါဘဏ်က ငွေကိုင်တစ်ယောက်။
လက်ထောက်မန်နေဂျာရာထူးနေရာကို လျာထားခြင်းခံရတဲ့သူ။
ရပ်ကွက်ထဲမှာ လက်ညှိုးထိုးမလွဲ အကြွေးရှင်တွေပေါများလှတဲ့သူ။
လူဆင်းရဲမျက်နှာမွဲမို့ လင်မယားနှစ်ယောက်လုံး
ယောက္ခမဘက်က အနှိမ်ခံထားရတဲ့သူ။
တစ်နေ့မှာတော့ စီဘီအိုင်ကနေ ခေါ်ယူစစ်ဆေးမေးမြန်းခြင်း ခံရပါတော့တယ်။
မွဲတေနေပြီး အတော်ဆုံးဝန်ထမ်းဆု သုံးကြိမ်တိုင်တိုင်ရထားတဲ့သူက
ဘာလို့ စီဘီအိုင်အဖွဲ့ကြီးရဲ့ ခေါ်ယူစစ်မေးခြင်းခံရလဲဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါဦး။

🍓☘️ချာနယ်များ Join ရန်☘️🍓
https://t.me/addlist/C2gvfYxun-FmZmM1

✨☘️ဇာတ်ကား ကြည့်ရန်☘️✨
https://t.me/channelmyanmar_1/161
https://t.me/channelmyanmar_1/161

#Credit....
ဇာတ်လမ်းအကျဉ်းအရ မင်းသားချောကတော့ စစ်ဗိုလ်တစ်ယောက်ပါ။
စစ်ဆင်ရေးတွေမှာလည်း ခေါင်းဆောင်ကောင်းပီသပြီး အရမ်းတော်တဲ့ စစ်သားတစ်ယောက်ပါ။ မိဘမဲ့တစ်ယောက်ဘဝနဲ့ စစ်တပ်ထဲမှာ အသက်ရင်းပြီး မိခင်မေတ္တာကို လိုချင်တောင့်တနေသူပါဒီလိုနဲ့ သူဦးဆောင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ စစ်သားတစ်ယောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပါတယ်။ လတ်တလောမှာ အဲ့ဒီစစ်သားဟာ ဒီစစ်ဆင်ရေးပြီးရင် ညီမဖြစ်သူရဲ့ မင်္ဂလာပွဲအတွက် အိမ်ပြန်မှာပါ။ ခွင့်လည်း တောင်းထားပြီးသား ခုလိုအခြေအနေကို မိသားစုကိုအကြောင်းကြားဖို့ရာ မိသားစုတစ်ခုလုံး အခြေအနေတွေ ကမောက်ကမဖြစ်မှာစိုးလို့ တပ်ရင်းရဲ့ ကိုယ်စား စစ်သားတစ်ယောက်သွားရောက်ပြီး အေးဆေးစွာ ပြောပြနိုင်ရပါမယ်။ ဒီတာဝန်ကို တာဝန်ယူလိုက်တဲ့ သူကတော့ မင်းသားချောပါပဲ။ ကဲ သူ့ ခရီးတစ်လျှောက် ဘယ်လိုမျိုးတွေ တွေ့ကြုံရမလဲ အဲ့ဒီအိမ်ကို ရောက်သွားတဲ့အခါမှာရော သူထင်ထားသလို ဖြစ်နေမလား ဆိုတာကို ကိုယ်တိုင် ခံစားကြည့်ကြပါဦးဗျာ။

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/thinthinyuxd/2584
https://t.me/thinthinyuxd/2584
Y,ama,kaath,aghi (20,25)

တမီးလ် သဘာဝလွန် ဟော်ရာရုပ်ရှင် အသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ
အယူသီးကြတဲ့ရွာတစ်ရွာမှာ ကျေးရွာလူကြီးရဲ့ ပန်းနာရောဂါသည် သမီးဖြစ်သူ လီလာဟာ
အိမ်ကလူတွေနဲ့ အမြင်မတူဘဲ စကားများလေ့ရှိပါတယ်
တစ်ရက်မှာ မိသားစုပြဿနာတစ်ခုကြောင့် လီလာတစ်ယောက် ထူးဆန်းစွာ ဆွဲကြိုးချသေဆုံးသွားခဲ့ပြီး တစ်ရွာလုံးအုတ်အော်သောင်းနင်းဖြစ်သွားပါတော့တယ် သူ့ဈာပနမှာ အလောင်းကောင်က ရုတ်တရက်ငေါက်ကနဲ ထထိုင်ရာကနေ သွေးပျက်စရာ ခြောက်လှန့်မှုတွေ ဘယ်လိုဖြစ်လာမှာလဲ ဘယ်လို နောက်ကြောင်းရာဇဝင်တွေရှိနေမှာလဲ သိရအောင်လို့ ပရိသတ်တို့ကပဲ ဆက်လက်အားပေးကြပါဦး

✅✅  Main Channel Link  ✅✅

အိန္ဒီယကုလားအသစ်အဟောင်းချန်နယ်အစုံ👍💫
https://t.me/addlist/uEHZPLgLURoxYWQ1

😍 အသက်ပြည့်မှ JOIN ကြည့်ရမဲ့
💗💗💗ချန်နယ် များ 😍
https://t.me/addlist/fvjPLks60FFiNTg9

👇👇ဇာတ်ကားကြည့်ရန်👇👇
https://t.me/mmusbmovie/2906
https://t.me/mmusbmovie/2906
Ka,bz,aa [ 20,23 ]

၁၉၄၇ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲဒီအချိန်ဟာ လွတ်လပ်ရေးကြိုးပမ်းသူတွေနဲ့ ဂန္ဒီကြီးရဲ့ နောက်လိုက်တွေ ရက်ရက်စက်စက်သုတ်သင်ခံနေရတဲ့အချိန်လည်းဖြစ်ပါတယ်
ဒီမှာဆိုရင် ဆန်ကတ်ရှ်ဝါရာနဲ့ အာကတ်ရှ်ဝါရာတို့ညီအစ်ကိုနှစ်ယောက်ဟာ လွတ်လပ်ရေးကြိုးပမ်းသူဖခင်ကြီးရက်စက်စွာ အသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာ
မိခင်နဲ့အတူ အိန္ဒိယတောင်ပိုင်းမှာဘဝကြီးကို ရုန်းကန်ရင်းအခြေချနေကြတာပဲဖြစ်ပါတယ်
ဒီလိုနဲ့နှစ်တွေကြာပြီး ညီအစ်ကိုနှစ်ယောက်အရွယ်ရောက်လာတဲ့အခါ အစ်ကိုဖြစ်သူက မိသားစုကိုတာဝန်ယူပြီး ညီဖြစ်သူကတော့ လေတပ်မှူးအဖြစ် ရဲတပ်ဖွဲ့ထဲကိုဝင်သွားခဲ့ပါတယ်
ဒီလိုနဲ့တစ်ရက်မှာတော့ အာကတ်ရှ်ဝါရာဟာ ပိတ်ရက်တိုရတော့ သူ့အစ်ကိုတို့ရှိတဲ့ အမရပူရမ်ကိုပြန်လာခဲ့ပါတယ်
ဒီခရီးက အာကတ်ရှ်ဝါရာရဲ့ဘဝကို ဘယ်လိုပြောင်းလဲသွားစေခဲ့လဲ၊ လွတ်လပ်ရေးကြိုးပမ်းသူရဲ့သားဖြစ်တဲ့ အာကတ်ရှ်ဝါရာကို လူမိုက်ဖြစ်သွားစေတဲ့အထိ တွန်းပို့ခဲ့တဲ့ဖိအားတွေက ဘာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်စောင့်ကြည့်ပါဦး

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/kalarcarnew/3127
https://t.me/kalarcarnew/3127
Ma,x (20,24)

IMDb – 7.6/10အိန္ဒိယရုပ်ရှင်ချစ်သူတို စောင့်မျှော်နေကြတဲ့ အိန္ဒိယတောင်ပိုင်းမင်းသား ဆူဒိဆန်ဂျိဗ်ရဲ့
အသစ်ထွက် အကြမ်းစားကန်နာဒါအက်ရှင်ရုံကြီးကားကို တင်ဆက်ပေးလိုက်ပါတယ်။
တာဝန်ကျ စခန်းမှူးအချင်းချင်းတောင် ဖိန့်ဖိန့်တုန်အောင်
ကြောက်ရတဲ့ အင်စပက်တာအာဂျွန်။
နောက်ထပ် သူ့ကိုသိကြတာက မက်စ်။အကြောင်းအရင်းမယ်မယ်ရရမသိရဘဲ အလုပ်ကနေ
ဆိုင်းငံ့ခံထားရာက ပထမဆုံးအလုပ်ပြန်ဝင်တဲ့အချိန်။သူ တာဝန်ထမ်းဆောင်တဲ့ညမှာပဲ အချုပ်ထဲရောက်လာတာက ဝန်ကြီးတွေရဲ့ သားဖြစ်သူတွေ။
ဝန်ကြီးသားမကလို ဝန်ကြီးအဖေဖြစ်ဖြစ် အပြစ်ပေးဖိုဝန်မလေးတဲ့ မက်စ်တစ်ယောက်
မမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာတဲ့အခါမှာတော့…။
တို့ရပ်ကွက်က ကြမ်းတာမှကြိုက်တယ်ဆိုသူတွေအတွက်
ရှယ်ကြမ်းပြမဲ့ စခန်းမှူးမက်စ်ရဲ့
အကြမ်းအရမ်းတွေကို ခံစားကြည့်ရှုကြပါဦး။

🍓☘️ချာနယ်များ Join ရန်☘️🍓
https://t.me/addlist/C7UREXJ9in0yZDhl

✨☘️ဇာတ်ကား ကြည့်ရန်☘️✨
https://t.me/cnbollywood/23
https://t.me/cnbollywood/23

#Credit.....
Dav,eed [ 20,25 ]

အာရှစ် အာဘူက လက်ဝှေ့ပါရမီရှင်တစ်ဦးပါ။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့်
သူ့ရဲ့တောက်ပခဲ့တဲ့ အတိတ်‌နေ့ရက်တွေကို မေ့လျော့လို့ သာမန်ဘဝမှာ အေးဆေးသက်သာစွာ နေထိုင်‌နေလေရဲ့။
အာဘူ စားဝတ်နေရေးအတွက် လုပ်နေတဲ့အလုပ်ကတော့ အခမ်းအနား
ပွဲတွေမှာ လူရမ်းကားတွေကိုဆွဲထုတ်ဖို့ ဘော်ဒီဂတ်လိုမျိုး အလုပ်ပါ။
ဘဝရည်မှန်းချက် ဦးတည်ရာမရှိ ပုံမှန်ဝင်ငွေမရှိနဲ့ သူ့မိန်းမအပေါ်ပဲ လုံးလုံးလျားလျား မှီခိုနေသူပေါ့။
သူ့နေ့ရက်တွေကိုတော့ သူတို့ရဲ့သမီးလေးကို တုန်နေအောင်ချစ်ရင်းပဲ ကုန်ဆုံးစေပါတယ်။
တစ်ခါတစ်‌လေတော့လည်း အိမ်နားက ကန်လေးမှာ ငါးမျှားတာက သူ့‌အလုပ်တွေထဲက တစ်ခုပေါ့လေ။
တစ်နေ့ သူ့အလုပ်မှာ နာမည်ကြီးရုပ်ရှင် စတားတစ်ယောက်လာတာမို့ လူတွေကိုရှင်းလင်းပေးရင်း
တွန်းတိုက်ရင်း နာမည်ကြီးနေတဲ့ တူရကီလက်ဝှေ့သမားတစ်ယောက်ကို သွားလို့ရန်စမိပါတော့တယ်။
မမြင်ရတဲ့ ကံကြမ္မာ အလှည့်အပြောင်းအနေနဲ့ အာဘူတစ်ယောက် သူ့ရဲ့လက်ဝှေ့သမားဘဝကို
ဘယ်လိုပြန်လည်ရောက်ရှိလာမလဲ၊ သူဒီဘဝက ထွက်လာခဲ့ရတဲ့
အကြောင်းရင်းက ဘာလဲဆိုတာ စိတ်ဝင်စားစွာ ကြည့်ရှုခံစားကြည့်ရင်း အဖြေထုတ်ရမှာပဲ ဖြစ်ပါတယ်။

👇ချာနယ်အရင်ဝင်ထားပါ👇
https://t.me/addlist/C2gvfYxun-FmZmM1

🎬👇ဇာတ်ကားကြည့်ရန်🎬👇
https://t.me/channelmyanmarorgs/1829
https://t.me/channelmyanmarorgs/1829
Dhoomam (2023)
"မှတ်ဉာဏ် မီးခိုးငွေ့များ"
အတိတ်က မွှေးခဲ့တဲ့မီးက ပစ္စုပ္ပန်အထိ လိုက်ပါပြီး
မီးခိုးငွေ့တွေ တရိပ်ရိပ်လောင်နေတုန်းပဲ
အတိတ်စာမျက်နှာရဲ့ ဘယ်နေရာမှာ ဘာတွေ မှားခဲ့လဲ အခုခံစားနေရတဲ့ အကျိုးဆက်တွေက ဘာကြောင့်လဲ ဆိုတာတောင် မသိရတဲ့ အခြေအနေ...
CM ပရိသတ်ကြီး ရုံးပိတ်ရက်မှာ အနားယူဖို့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ Malayalam စကားပြော mystery/thriller ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းအကျဥ်းကတော့ အာဗီဆိုတဲ့ စီးကရက်ကုမ္ပဏီတစ်ခုက မားကတ်တင်းမန်နေဂျာနဲ့ သူ့ရဲ့ ဇနီးသည်ဖြစ်သူ ဒီယာ တို့က ညဖက် ကားမောင်းနေတုန်း
မတော်တဆမှုတစ်ခု ကြုံရပါတယ်
ဇာတ်လမ်းကို အတိတ်ဖြစ်ရပ် ကာလအပိုင်းအခြားနဲ့ လက်ရှိဖြစ်နေတဲ့ timeline ကို တစ်လှည့်စီ ရိုက်ကူးပြထားပါတယ်
အတိတ်နဲ့ ပစ္စုပ္ပန်တို့ရဲ့ ဇာတ်ကြောင်းနှစ်ခုဟာ ဘယ်လိုမှ မသက်ဆိုင်အောင် ကွာခြားနေပြီး ဒါကပဲ ဒီဇာတ်ကားမှာ
ပရိသတ်အနေနဲ့ ဘာဆက်ဖြစ်မလဲ ခန့်မှန်းချင်စိတ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်တဲ့ဇာတ်ကားလေးပါ

👇ချာနယ်အရင်ဝင်ပေးပါ 👇
https://t.me/addlist/C2gvfYxun-FmZmM1

👇ဇာတ်ကားကြည့်ရန်လင့်👇
https://t.me/chinese_idols_drama_3/4894
Ba,da,va (20,25)
ဘဝရဲ့ အချိုးအ‌ကွေ့လေးတွေ
IMDb 6.7/10

အက်ရှင် ဟာသဒရမ်မာပရိသတ်တို့အတွက် တမီးလ်ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
ဗယ်လန်က အလုပ်လက်မဲ့ ပြဿနာအိုးလေးတစ်ယောက်ပါ။ သူ့ကို အလုပ်လုပ်ဖို့ဆိုပြီး အိမ်ကသူအားလုံးက မလေးရှားကို အတင်းပြောင်းရွှေ့ခိုင်းကြပါတယ်။
မလေးရှားရောက်သွား‌တော့လည်း အဆင်မပြေပြန်တဲ့အတွက် အလုပ်ပြုတ်ပြီး အိမ်ပြန်ရဖို့ပဲ ဖြစ်လာလေရဲ့။
အဲဒီအချိန်မှာပဲ အုတ်ဖိုပိုင်ရှင်တစ်ယောက်ဟာ သူ့နယ်ခံအလုပ်သမားတွေကို လခနည်းနည်းပဲပေးပြီး အလုပ်မတရားခိုင်းနေတာကို သူက သိသွားပါတယ်။
ဒီလိုနဲ့ မဟုတ်မမှန်ရင်ခေါင်းငုံ့မခံတတ်တဲ့ သူ့ရဲ့စိတ်ဓာတ်လေးပေါ်ထွက်လာပြီး ခေါင်းပုံဖြတ်နေတဲ့ အလုပ်ရှင်ကို ဆန့်ကျင်တော်လှန်ပါတော့တယ်။
ဗယ်လန်ရဲ့ အခက်အခဲတွေကိုသတ္တိရှိရှိနဲ့ရင်ဆိုင်ပုံ၊ အရှုံးမပေးပုံတို့ကို စိတ်ခွန်အားတက်ကြွဖွယ်နဲ့ ဟာသဆန်ဆန်လေး တွေ့မြင်ရမှာမို့ ခံစားကြည့်ရှု အားပေးကြရအောင်ပါ။

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/zatkar01/2891
https://t.me/zatkar01/2891

#Credit..
Niram Marum Ulagil (2025)

IMDb – 5.9/10
လူသားတွေဟာ သူတို့ကိုယ်သူတို့ သက်ရှိတွေထဲမှာ အမွန်မြတ်ဆုံး
အသိဉာဏ်အရှိဆုံးသတ္တဝါတွေအဖြစ်သတ်မှတ်လေ့ရှိကြတယ်။ဘယ်လောက်မွန်မြတ်ပါတယ် အသိဉာဏ်ရှိတယ်ဆိုပါစေ အယုတ်ညံ့ဆုံးလို့သတ်မှတ်ကြတဲ့
တချို့တိရစ္ဆာန်တွေလောက်တောင်လောကကို ကောင်းကျိုးမပေးတဲ့လူသားတွေကလည်း ဒုနဲ့ဒေး။အခုတင်ဆက်ပေးလိုက်တဲ့ တမီးလ်ရုပ်ရှင်ကတော့ မိဘမေတ္တာကိုအဓိက ဖော်ကျူးထားတဲ့ရုပ်ရှင်။မိန်းကလေးတစ်ယောက် သူ့မွေးနေ့ပွဲမှာ အမေဖြစ်သူနဲ့ ကတောက်ကဆဖြစ်လို့
အမေဖြစ်သူကို တစ်နှစ်ပတ်လုံး စကားမပြောတော့တဲ့အထိနေပြီး နောက်တစ်ကြိမ် မွေးနေ့ရောက်ချိန်မှာတော့
အမေဖြစ်သူရဲ့မျက်နှာကိုတောင် မမြင်ချင်ဘူးဆိုပြီး သူငယ်ချင်းဖြစ်သူဆီ ရထားစီးလိုက်ပါခဲ့ပါတယ်။
ဒီမှာပဲ မီးရထားတွဲစောင့်ကြီးအဖြစ် ပါဝင်ထားတဲ့ ယိုဂီဘာဘူကြီးက အဲဒီမိန်းကလေးဖုန်းပြောနေတာကို
ကြားမိရာကစလို့ ရထားပေါ်မှာ သူကြုံတွေ့ကြားမြင်ခဲ့ရတဲ့ ဇာတ်လမ်းတွေကို ပြောပြတာပေါ့။ယိုဂီဘာဘူပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတွေမှာ လိုက်ပါစီးမျောလိုက်ကြပါဦး။

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/cnyokeshin/2884
https://t.me/cnyokeshin/2884
Sanak [2021]

ဒီဇာတ်ကားကတော့ သိပ်ပြီး ညွှန်းစရာတောင် မလိုတော့ဘူး ထင်ပါရဲ့ဗျာ။

ဇာတ်လမ်းအစမှာတော့ ဇနီးမောင်နှံဘဝနဲ့ စမြင်ရပါတယ် ဇနီးချောလေးဟာ နှလုံးနဲ့ ပတ်သက်ပြီး ခွဲစိတ်မှု လုပ်ဖို့ လိုလာခဲ့တယ်။
အားလုံးကို ရင်းရမယ့် ခွဲစိတ်မှုမို့ ဒီခွဲစိတ်မှုဟာ အောင်မြင်ဖို့ သူတို့ဇနီးမောင်နှံအတွက် တော်တော် အရေးကြီးပါတယ်။
မမျှော်လင့်ဘဲ ဆေးရုံကို လက်နက်ကိုင်တွေရောက်လာခဲ့ပါတော့တယ်။
အဲ့ဒီအချိန်မှာတော့ သူတို့ဇနီးမောင်နှံဟာ ဆေးရုံမှာပဲ ရှိနေချိန်ပါပဲ။
လက်နက်ကိုင်တွေနဲ့ သူတို့ ဇနီးမောင်နှံ ဘယ်လို ပတ်သက်နေလဲ၊ ဘယ်လိုဆHက်ဖြစ်ကြမလဲ၊
လက်နက်ကိုင်အဖွဲ့တွေက ဘယ်လို အကြောင်းကြောင့် ဒီဆေးရုံအတွင်းကို ရောက်လာခဲ့လဲ မင်းသားကြီးကရော ဘယ်လိုမျိုး ခုခံတိုက်ခိုက် ကာကွယ်သွားမလဲဆိုတာကို အက်ရှင်အလန်းစားတွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/kalarcarnew/3118
https://t.me/kalarcarnew/3118

#Credit..
ဝှိုက်ဟာ အွန်ဂွန်လီမှာရှိတဲ့ ငရုတ်သီးစျေး၀င်းထဲမှာ နေတဲ့ မိဘမဲ့ကလေးတစ်ယောက်ပါ။
သူ့ရည်ရွယ်ချက်ကတော့ တစ်ချိန်ကျရင် ငရုတ်သီးစျေးကွက်တစ်ခုလုံးကို လွှမ်းမိုးအုပ်ချုပ်သူတစ်ယောက်ဖြစ်လာဖို့ပါပဲ။
ဒါ့ကြောင့်အလုပ်ကြိုးကြိုးစားစား လုပ်ပြတဲ့အတွက် ကုန်သည်တွေရဲ့ အသည်းကျော်ဖြစ်လာခဲ့ပါတယ်။
အဒီကရ်ှဗာလူ ကတော့ အဲ့ဒီစျေးရဲ့ လက်ရှိရှယ်ယာမန်းတစ်ဦးဖြစ်ပြီး သူ့မှာ ဆန်ဒီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပါတယ်။
ကွေ့ကောက်များမြောင်လှတဲ့ အလှည့်အပြောင်းတွေကြားမှာ ဆန်ဒီဟာ ဝှိုက်နဲ့စေ့စပ်လိုက်ရပြီး
ဖခင်ဖြစ်သူအဒီကရ်ှဗာလူအတွက် လက်ထပ်ပေးဖို့ကလွဲပြီး ရွေးချယ်စရာမရှိခဲ့ပါဘူး။
ဝှိုက်က ဘာဖြစ်လို့ ဆန်ဒီကို လက်ထပ်ချင်တာလဲ..?
ဝှိုက်နဲ့ အဒီကရ်ှဗာလူကြားမှာ ဘယ်လို ပဋိပက္ခတွေရှိနေခဲ့လဲ..?
အဒီကရ်ှဗာဘူရဲ့ ဖုံးကွယ်ထားတဲ့ စရိုက်အမှန်က ဘာလဲ..?
ဆန်ဒီဟာ ဝှိုက်ကိုတကယ်ပဲလက်ထပ်ပါ့မလား..?
ဝှိုက်က သူ့အိပ်မက်တွေကို တကယ်ပဲအောင်မြင်အောင် လုပ်နိုင်ပါ့မလား..?

🍓☘️ချာနယ်များ Join ရန်☘️🍓
https://t.me/addlist/C7UREXJ9in0yZDhl

✨☘️ဇာတ်ကား ကြည့်ရန်☘️✨
https://t.me/channelmyanmarv2/232
https://t.me/channelmyanmarv2/232


#Credit.
Th,arun,am (20,25)

တမီလ်စကားပြော အချစ်သည်းထိတ်ရင်ဖိုရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။

အာဂျွန်ဟာ ရဲတပ်ဖွဲ့ယူနစ်တစ်ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ကိစ္စတစ်ခုကြောင့် အထက်က စစ်ဆေးတာကို ခံနေရသူပါ။

မင်္ဂလာဆောင်တစ်ခုမှာ အာဂျွန်ဟာ မီရာဆိုတဲ့ အကြောတင်းတင်း
ကောင်မလေးတစ်ယောက်ကိုတွေ့ပြီး သဘောကျသွားခဲ့ပါတယ်။

စိတ်ဒဏ်ရာတွေ ကိုယ်စီရှိနေတဲ့သူတို့နှစ်ယောက် ကံကြမ္မာကြောင့် ဆုံတွေ့ခဲ့ကြပြီး
ကံကြမ္မာကြောင့်ပဲ သူတို့နှစ်ယောက် ကိစ္စကြီးတစ်ခုကို ဖုံးကွယ်ရဖို့ ကြုံလာကြတဲ့အခါမှာတော့...။

သူတို့နှစ်ယောက် ဘာဆက်ဖြစ်မှာလဲ၊ ဘယ်လိုကိစ္စတွေနဲ့ ကြုံရမလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာမြင်ကြရမှာပါ..

👇ချာနယ်အရင်ဝင်ထားပါ👇
https://t.me/addlist/C2gvfYxun-FmZmM1

🎬👇ဇာတ်ကားကြည့်ရန်🎬👇
https://t.me/cnbollywood/14
https://t.me/cnbollywood/14
Edward Norton ရဲ့ Illusionist ကို မှတ်မိကြဦးမယ်ဆိုရင်.. သူ့လိုပဲ Illusionist တစ်ယောက်ရဲ့ ဘဝနောက်ကွယ်က ပဉ္စလက်ဆန်ဆန်အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ Ek Thi Daayan ကိုလဲ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယူဆမိတဲ့အတွက်ကြောင့် Goldchannel မှ ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။
Imdb 5.7 rating နဲ့ ကလေးသရုပ်ဆောင်တွေ ဒါရိုက်တာတွေ မင်းသမီးတွေ အကုန် Nomination တွေ ရတဲ့အထိ ခရီးပေါက်ခဲ့တဲ့ film တစ်ခု ဖြစ်တဲ့အတွက်ကြောင့်... 
ကျွန်တော်တို့ မြန်မာနဲ့ သိပ်မစိမ်းလှတဲ့အရှေ့တိုင်းမျက်လှည့်ဆရာတစ်ယောက်ရဲ့ ခြောက်ခြားဖွယ် အိပ်မက်ဆိုးတွေကို ထိထိမိမိ ခံစားနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျ။
Bobo ဟာ အောင်မြင်ကျော်ကြားနေတဲ့ ထိပ်တန်းမျက်လှည့်ဆရာတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်အာရုံထဲကို.. ထင်ယောင်ထင်မှား အာရုံတွေ ပူး၀င်နှောင့်ယှက်လာကတည်းက သူ့ရဲ့ စင်မြင့်ဖျော်ဖြေပွဲတွေမှာ.. အမြဲလိုလို အခက်အခဲတွေဖြစ်လာရပါတော့တယ်။

👇ချာနယ်အရင်ဝင်ပေးပါ 👇
https://t.me/addlist/C2gvfYxun-FmZmM1

👇ဇာတ်ကားကြည့်ရန်လင့်👇
https://t.me/drwaigyimovie/2808
https://t.me/drwaigyimovie/2808
Vee,ra Dhe,era Soo,ran: Pa,rt - 2(202,5)

မင်းသား ဗစ်ခရမ်နဲ့ S.J Suryah တို့
ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်လေးပါ
ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဟာ ရာဗီဆိုတဲ့
တစ်ချိန်က လူမိုက်ခေါင်းဆောင်ကို အငြှိုးအတေးထားပြီး
တစ်နေ့ရအောင်လက်စားချေနိုင်ဖို့ ရည်မှန်းထားပါတယ်
လက်ရှိမှာ ရာဗီက သားဖြစ်သူ ကန်နန်မိသားစုနဲ့ အတိတ်ကလုပ်ရပ်တွေကို
ဖုံးဖိပြီး လူမြင်တင့်တယ်အောင်နေနေပေမယ့်
ပွဲတော်ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမနဲ့ကလေးက
ရန်လာတွေ့တဲ့အခါ ပြဿနာတစ်စတစ်စကြီးထွားလာပြီး
SP ရဲအရာရှိနဲ့ ပြန်လည်ရင်ဆိုင်ဖို့ တချိန်က လူမိုက်ဖြစ်ခဲ့ပြီး
လက်ရှိသာမန်မိသားစုဘဝမှာ ရှင်သန်နေထိုင်နေတဲ့ ကာလီကို ပြန်ခေါ်ရပါတော့တယ်
ဘာတွေဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့
အက်ရှင်ပရိသတ်တို့ မလွတ်တမ်းရှုစားအားပေးကြပါဦး

✅✅  Main Channel Link  ✅✅

အိန္ဒီယကုလားအသစ်အဟောင်းချန်နယ်အစုံ👍💫
https://t.me/addlist/uEHZPLgLURoxYWQ1


👇👇ဇာတ်ကားကြည့်ရန်👇👇
https://t.me/cnyokeshin/2901
https://t.me/cnyokeshin/2901

#credit_org_owner
Rakshasa (2025)
အသစ်ထွက် တေလဂူး သည်းထိပ်ရင်ဖို Horror ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်

ချိူလာနန်းဆက်ကာလမှာ ဘုရင့်သမီးတော်ကို ဒုက္ခပေးခဲ့တဲ့ မိစ္ဆာကောင်ဟာ
ဂုရုတစ်ပါးရဲ့ ဆုံးမခြင်းခံရပြီးနောက် ဘူးတစ်ဘူးထဲ ပိတ်လှောင်ဖမ်းချုပ်ခံခဲ့ရပါတယ်
မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် အဆိုပါဘူးကို ထိန်းသိမ်းလာခဲ့ရာမှာ တစ်ကွေ့မှာတော့
ဘူးပျောက်သွားခဲ့ပြီး မိစ္ဆာဝိညာဉ်လွတ်သွားတဲ့အခါ
ရဲစခန်းကို ရောက်လာတဲ့ ဒီဘူးထဲက မိစ္ဆာနဲ့ ဘုမသိဘမသိ ရဲအရှိ ဆတ်တယာတို့
ထိပ်တိုက်တွေ့ကြရင်း ဘာတွေဆက်ဖြစ်လာမလဲ ခံစားကြည့်ရှုကြပါဦး

✅✅  Main Channel Link  ✅✅

အိန္ဒီယကုလားအသစ်အဟောင်းချန်နယ်အစုံ👍💫
https://t.me/addlist/uEHZPLgLURoxYWQ1

😍 အသက်ပြည့်မှ JOIN ကြည့်ရမဲ့
💗💗💗ချန်နယ် များ 😍
https://t.me/addlist/fvjPLks60FFiNTg9

👇👇ဇာတ်ကားကြည့်ရန်👇👇
https://t.me/baahubalminthar/6274
https://t.me/baahubalminthar/6274
Court - State vs. A Nobody (2025)

"အညတရလူတစ်ယောက်အတွက်"
တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး
၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့
ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ်
တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး
သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့်
အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ
စိတ်ပျက်လျက်ရှိပါတယ်
ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့်
အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့
ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါ
တရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး
အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့
ဒီကောင်လေးအတွက် တေဂျာတစ်ယောက်
ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/mmusbmovie/2878
https://t.me/mmusbmovie/2878

#Credit..
𝗚𝗼,𝗼𝗱 𝗕,𝗮𝗱 𝗨𝗴,𝗹𝘆 (𝟮𝟬,𝟮5)

IMDb 7.1 တောင်ရရှိထားပြီး good review တွေတော်တော်လေးရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ Ajith fansတွေအတွက် လက်မလွှတ်သင့်တဲ့ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။

ဇာတ်ကားအညွှန်း

မကောင်းမှုဒုစရိုက်လောကမှာ နာမည်ဆိုးတဲ့ကျော်ကြားတဲ့ ''အေကေ '' ဆိုတဲ့ဂိုဏ်းခေါင်းဆောင်။အိမ်ထောင်ကျပြီးတော့ သားဦးလေးကိုရလိုက်တဲ့ အေကေတစ်ယောက် သားရူးရူးနေပေမဲ့ မိန်းမဖြစ်သူကတော့ သူ့ရဲ့မကောင်းမှုတွေကိူသဘောမကျတာကြောင့် သားလေးကိုထိခွင့်တောင်မပေးခဲ့ပါဘူး။သားကိုချစ်တဲ့အချစ်ကြောင့် အေကေက မကောင်းတာတွေစွန့်လွှတ်ပြီး ထောင်ထဲဝင်သွားခဲ့ပြီးဘာတွေဆက်ဖြစ်မလဲဆိုတာကို ရသမျိုးစုံနဲ့ခံစားရမဲ့ကားလေးဖြစ်ပါတယ်။
Ajith Kumar ကိုလွမ်းနေတဲ့သူတွေအတွက် ကြည့်လို့အမောပြေစေမဲ့ကားကောင်းလေးတစ်ခုဆိုလည်းမမှားပါဘူး။

👇ချာနယ်အရင်ဝင်ထားပါ👇
https://t.me/addlist/C2gvfYxun-FmZmM1

🎬👇ဇာတ်ကားကြည့်ရန်🎬👇
https://t.me/cnbollywood/16
https://t.me/cnbollywood/16
De,va (20,25)

IMDb – 7.3/10
ဘောလိ၀ုဒ်အက်ရှင်ရုပ်ရှင်ဖန်တွေ စောင့်မျှော်နေကြတဲ့
မင်းသားကြီး ရှာဟစ်ကပူးရဲ့ အသစ်စက်စက်
အက်ရှင်ဇာတ်ကြမ်းကြီးကို တင်ဆက်ပေးလိုက်ပါတယ်။အိန္ဒိယတောင်ပိုင်းရဲ့ အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲကတစ်လက်ဖြစ်တဲ့ ပူဂျာ၊
Thappad (2020)မှာ ဇနီးဖြစ်သူကို ပါးတစ်ချက်ရိုက်လိုက်မိလို့
ကွာရှင်းဖို့ကြိုးစားခံရတဲ့ မင်းသားနေရာက ပါဗေးလ်ဂူလတ်တီတို့လည်း ပါဝင်ထားကြပါတယ်။အဖေဖြစ်သူ လူမိုက်ကြီးကို ထောင်ထဲထည့်ဖို့ ရည်မှန်းချက်နဲ့ ရဲဖြစ်ဖို့ကြိုးစားခဲ့တဲ့ ဒေဗာ။
ရဲလား မာဖီးယားလားလို့ မီဒီယာကနေ မေးခွန်းထုတ်ခံရလောက်အောင် ယူနီဖောင်းမဝတ်ဘဲ
ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ ရဲအရာရှိ ဒေဗာ။သူငယ်ချင်းဖြစ်သူ လက်ထောက်ရဲမင်းကြီးက ဘယ်လောက်ချော့ပြောပြော နားမထောင်တဲ့ ဒေဗာ။
ဒါပေမဲ့ မတရားမှုဆို လက်မခံ၊ ရဲဘော်ရဲဘက် ဘော်ဒါအပေါင်းအသင်းတွေပေါ်မှာ သံယောဇဉ်ကြီးတဲ့ ဒေဗာ။
တစ်နေ့ သူ သဲကြီးမဲကြီးလိုက်နေတဲ့ အမှုတစ်ခုကို ဖြေရှင်းပြီးပြီလို့
သူငယ်ချင်းဖြစ်သူ အရာရှိဆီ လှမ်းအစီရင်ခံနေတုန်းမှာ
မတော်တဆမှုဖြစ်ပြီး အတိတ်မေ့သွားခဲ့ပါတော့တယ်။
စိတ်ဝင်စားစရာ ဇာတ်အလှည့်အပြောင်းတွေအပြင်
ဆိုင်ကယ်ကြီးတစ်စီးနဲ့ ပတ်ကြမ်းနေတဲ့ မင်းသားကြီးရှာဟစ်ကပူးကို
ရှုစားလိုက်ကြပါဦး။

👇ချာနယ်အရင်ဝင်ထားပါ👇
https://t.me/addlist/C2gvfYxun-FmZmM1

🎬👇ဇာတ်ကားကြည့်ရန်🎬👇
1080P
https://t.me/channelmyanmarv2/142

720P
https://t.me/channelmyanmarv2/141
Go,lam (20,24)
7.7/10 · IMDb

ဒီဇာတ်ကားဟာ 2024 ထွက် သည်းထိတ်ရင်ဖို
မှုခင်းစုံထောက်ကားပဲဖြစ်ပြီး IMDb 7.7/10 ရရှိထားပါတယ်
ဇာတ်လမ်းအကျဉ်း-
ပုံမှန်အတိုင်း လည်ပတ်နေတဲ့ IT Firm တစ်ခုမှာ
အလုပ်ချိန်အတွင်း လူသေမှုတစ်ခုဖြစ်လာတာကြောင့်
အားလုံးကို မေးခွန်းပေါင်းများစွာနဲ့ ချာချာလည်စေခဲ့ပါတယ်..
ဒါပေမဲ့ အဲဒါဟာ လူသေမှုမဟုတ်ဘဲ ပိပိရိရိကြံစည်ထားတဲ့ လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ...
Golam ဇာတ်ကားဟာ ဇာတ်ပို့ ၊ ဇာတ်ရံအမြောက်အမြားသုံးစွဲထားတဲ့အပြင်
လူတိုင်းကိုသံသယအမြင်နဲ့ကြည့်မိအောင် ရိုက်ပြထားတာကြောင့်
လူသတ်သမားဘယ်သူဆိုတာတွေးရင်း ဇာတ်လမ်းအဆုံးထိ
ဇာတ်ရှိန်မကျဘဲ စီးမျောခံစားနိုင်မှာပါ

(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ်ခင်ဗျ)

✅✅  Main Channel Link  ✅✅

အိန္ဒီယကုလားအသစ်အဟောင်းချန်နယ်အစုံ👍💫
https://t.me/addlist/uEHZPLgLURoxYWQ1


👇👇ဇာတ်ကားကြည့်ရန်👇👇
https://t.me/kalarcarnew1/3155
https://t.me/kalarcarnew1/3155

#credit_org_owner
Sika,n,dar (20,25) မြန်မာစာတန်းထိုး အစဆုံး

ဒီနေ့မနက်မှရုံတင်တဲ့ Sikandar ဇာတ်ကားမှာဆိုရင် rashmika လေးကတော့ မိဖုရားနေရာကနေအဓိကပါဝင်ထားပီး ဘုရင်ကြီးဆိုသူက ကျနော်တို့ရဲ့ လူပျိုသိုးကြီးပေါ့ဗျာ။

ဇာတ်လမ်းအစ

လေယာဉ်ပေါ်မှာ နိုင်ငံရေးသမား တစ်ဉီးရဲ့သားက ခလေးအမေကို ဓာတ်ပုံရိုက်ကာ DeepFake လုပ်ပီး အဲ့ဒီ Video ဖိုင်နဲ့ အကြပ်ကိုင် ပီး ထိကပါးရိကပါး လုပ်ဖို့ကျိုးစားရာကနေ လူတစ်ယောက်က ဝင်ပီး ဆုံးမပေးလိုက်ရာကနေ စတဲ့ဇာတ်လမ်းက ကျူးလွန်သူကို အပြစ်မပေးပဲ ကယ်တင်သူကို မှ ဖမ်းချင်နေတဲ့ အင်စပတ်တာက အိမ်ကိုလိုက်သွားတဲ့အခါ ဘုရင်ကြီးဖြစ်နေမှန်းသိတာတောင် လက်မလျှော့သေးတဲ့ ရဲကို မိဖုရားကလဲ ခတ်ချေချေပဲလေ
အဲ့ဒီအချိန် ဘယ်ထဲကရောက်နေမှန်းမသိတဲ့လူအုပ်ကြီးက ရဲကားကို ဖျတ်စီးပီး ဆန္ဒပြပေးလိုက်တော့ သူလဲမကျေမနပ်နဲ့ စခန်းပြန်ခဲ့ရတာပေါ့ ဟိုရောက်တော့ ဘုရင်ကြီးနဲ့တွေ့ပီး ဘယ်လို မကျေပွဲတွေဆက်ဖြစ်လာမလဲ... ပီးတော့ အဲ့ဒီနောက်ကွယ်မှာ ဘာတွေရှိနေအုံးမလဲဆိုတာကိုတော့........

✅✅  Main Channel Link  ✅✅

အိန္ဒီယကုလားအသစ်အဟောင်းချန်နယ်အစုံ👍💫
https://t.me/addlist/uEHZPLgLURoxYWQ1


👇👇ဇာတ်ကားကြည့်ရန်👇👇
https://t.me/zatkar01/2941
https://t.me/zatkar01/2941
Ma,rakk,ar: Lio,n o,f th,e Arabi,an Se,a [20,21]

ဒီဇာတ်ကားဟာဆိုရင် 2021 တုန်းကထွက်ရှိခဲ့တဲ့ အိန္ဒိယသူရဲကောင်း ကွန်ဂျာလီ မာရက်ကာရဲ့ဇာတ်ကြောင်းကိုပြန်ရိုက်ထားတာဖြစ်ပြီး ကုဋေပေါင်းများစွာအကုန်ကျခံရိုက်ကူးထားတဲ့ကားတစ်ကားဖြစ်ပါတယ်
          ဇာတ်လမ်းအကျဥ်းကတော့ ကွန်ဂျာလီဆိုတဲ့လူငယ်ဟာစိတ်ထားဖြောင့်မတ်မှန်ကန်သူဖြစ်ပြီး အမှန်တရားဘက်မှာသာရပ်တည်သူဖြစ်ပါတယ်။တစ်နေ့မှာတော့ ကွန်ဂျာလီတစ်ယောက်ယုံကြည်ရတဲ့ သူတစ်ယောက်ဆီက သစ္စာဖောက်ခံရပြီး တစ်မိသားစုလုံးကိုဆုံးရှုံးလိုက်ရတဲ့အခါ....
         ကွန်ဂျာလီတစ်ယောက် မိသားစုကိုသတ်ခဲ့သူကိုရှာဖွေရင်း ပေါ်တူဂီနယ်ချဲ့တွေကိုတိုက်ထုတ်ကာ အမှန်တရားအတွက်ကြိုးစားပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီကားဟာ ကုဋေပေါင်းများစွာပြန်အမြတ်ဝင်ထားတဲ့ကားမို့လို့ သမိုင်းရေးရာဇဝင်များကိုစိတ်ဝင်စားသူတွေအတွက်လဲ ကြည့်ကိုကြည့်သင့်တဲ့ အတ္ထုပတ္တိ ဇာတ်ကားလေးတစ်ကားပါပဲ။

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/zatkar01/2922
https://t.me/zatkar01/2922
တစ်ရက် လမ်းမရဲ့အလယ်ခေါင်မှာ ကိုယ်တုံးလုံးနဲ့ နိုင်ငံခြားသူလေးတစ်ယောက် မေ့လဲနေတာကို
မြင်တွေ့ခဲ့ကြရပြီးတော့ ရဲတွေလာရောက်စစ်ဆေးတဲ့အခါမှာတော့
မုဒိမ်းကျင့်စွန့်ပစ်သွားခဲ့တာဖြစ်ကြောင်းသိခဲ့ရပါတော့တယ်
နိုင်ငံခြားသူလေးရဲ့ အမှုမှာ အဓိကတရားခံကတော့ ဝန်ကြီးရဲ့သားနဲ့ တူဖြစ်သူတိုဖြစ်ကြပြီးတော့
အာဏာရှိသူတွေပီပီ ဒီအမှုကို ဖုံးကွယ်ဖိုအတွက် လုပ်ကြပါတော့တယ်
ဒီအခါမှာ ဒီအမှုနဲ့ ဘာမှမဆိုင်ပေမဲ့ သူကိုယ်တိုင်လည်း ဒီလိုအမှုမျိုးနဲ့ကြုံတွေ့ခဲ့ရပြီး အခုအခါမှာ
NGOထောင်ထားပြီး နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေဘက်ကနေ လိုက်လံကူညီပေးနေတဲ့
ဆတ်တယာဆိုတဲ့ကောင်မလေးဟာ နိုင်ငံခြားသူလေးကို ကူညီပေးဖို ဖြစ်လာပါတော့တယ်
ဒီကိစ္စမှာ အထက်အာဏာပိုင်တွေ ပါဝင်တဲ့အတွက် ဒီအမှုကိုလိုက်ဖို ရှေ့နေငှားတဲ့အခါမှာ
ဘယ်သူကမှ မလိုက်ချင်ကြတဲ့အဆုံးမှာတော့ ဆတ်တယာတစ်ယောက် မှန်ကန်ဖြောင့်မတ်ပြီးတော့
အမှန်တရားကို လိုလားတဲ့ ရှေ့နေကြီး ဆီတာပတ်တီ ရှူကလာဆိုသူထံ အပူကပ်ရပါတော့တယ်

👇ချာနယ်လင့်အရင်ဝင်ရန်👇
https://t.me/addlist/fvjPLks60FFiNTg9

👇ဇာတ်ကားကြည့်ရန်👇
https://t.me/zatkar01/2909
https://t.me/zatkar01/2909

#Credit..
显示 1 - 24 178
登录以解锁更多功能。