Анатолий Шарий

Україна Сейчас | УС: новини, політика, війна

Всевидящее ОКО: Україна | Новини

Мир сегодня с "Юрий Подоляка"

Труха⚡️Україна

Николаевский Ванёк

Лёха в Short’ах Long’ует

Лачен пише

Инсайдер UA | Україна | Новини

Myanmar Focus - MF
ပြည်တွင်းပြည်ပသတင်းများ နှင့် နည်းပညာဗဟုသုတများဖျော်ဖြေရေးအစီစဥ်များကိုလွှင့်တင်ပေးပါမည်။
关联群组
MF
Myanmar Focus Online Platform chat
18
记录
10.02.202508:05
3K
订阅者17.09.202423:59
0
引用指数24.02.202514:30
591
每帖平均覆盖率19.02.202513:49
66
广告帖子的平均覆盖率23.02.202514:34
14.29%
ER24.02.202514:30
19.47%
ERR25.02.202512:59
ထားဝယ်မြို့တွင် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲအား ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် စပ်လျဉ်း၍ မူဝါဒများ၊ ရည်မှန်းချက်များ ချမှတ်ကာ ခေတ်ကာလနှင့်လျော်ညီသည့် လုပ်ငန်းစီမံချက်ရေးဆွဲ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆပ်ကော်မတီ(၈)ခု ဖွဲ့စည်းထားရှိပြီး တိုင်းဒေသကြီးအတွင်း အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှတစ်ဆင့် သိရသည်။
ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက် ၂၀၂၄-၂၀၂၈ ခုနှစ်အထိ (၅)နှစ်တာ ကာလကို လုပ်ငန်းစီမံချက်ပါ လျာထားချက်များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များသညိ နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့်အတွက် ကလေးသူငယ်အားလုံးတန်းတူ ဖွံ့ဖြိုးတိုးတက်စေရန် ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှု၊ အထူးသဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ်ရန်အတွက် ဌာန/အဖွဲ့အစည်းများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ဦးသက်နိုင်က ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ဌာနဆိုင်ရာ သင်တန်းသားများနှင့် လူမှုရေးအဖွဲ့များအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေး၊ ပြန်လည်ကုစားရေးဆိုင်ရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
#myanmarfocus

16.02.202507:38
အလွမ်းနေ့ရက်ရှည်
တေးရေး - စိုးနိုင်ထွန်း
တေးဆို - မေစံပယ်ညို
#myanmarfocus
တေးရေး - စိုးနိုင်ထွန်း
တေးဆို - မေစံပယ်ညို
#myanmarfocus
11.02.202506:18
မြစ်သားမြို့နယ်တွင် ကျောက်ဖရုံသီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီး ကျေးရွာ၊ မသဲကျေးရွာ၊ စမြှောင်ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျောက်ဖရုံသီးကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြကြောင်း သိရသည်။
ကျောက်ဖရုံသီးကို ပေါင်ခတ်၍ မြေအောက်ရေတင်စနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကြပြီး မျှားနီ(ထိုင်ဝမ်)မျိုးနှင့် ဗမာမျိုးများရှိပြီး မျှားနီ(ထိုင်ဝမ်)မျိုးကိုသာ အများဆုံး စိုက်ပျိုးကြသည်။
ကျောက်ဖရုံသီးကို သီးသန့်စိုက်ပျိုးမှုနှင့် သီးညှပ်စိုက်ပျိုးမှု ဟူ၍ စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၄- ၅ ထုပ်ခန့် စိုက်ပျိုးရသည်။ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅၀၀၀၀၀-၅၅၀၀၀၀ ခန့် ကုန်ကျပြီး တစ်ဧကလျှင် ကျောက်ဖရုံသီး အလုံးရေ ၁၅၀၀-၁၆၀၀ ခန့် ထွက်ရှိသည်။
ဈေးကွက်အနေဖြင့် ကျောက်ဖရုံသီးများကို ပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူ ကြပြီး ရန်ကုန်မြို့နှင့် မိတ္ထီလာမြို့များသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ကျောက်ဖရုံသီး စိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိ၍ အဆင်ပြေလျက်ရှိသည်ဟု သိရသည်။

19.02.202513:28
LAFC အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ အိုလီဗာယာ ဂျရူး ဟာ အခုလ အစောပိုင်းတုန်းက ၎င်းနေထိုင်ရာနေအိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ ၅ သိန်းဖိုးခန့် အခိုးခံခဲ့ရ
အမေရိကန်မေဂျာလိဂ်ဘောလုံးအသင်းဖြစ်တဲ့ LAFC အသင်းရဲ့တိုက်စစ်မှူးဖြစ်သူ အိုလီဗာယာ ဂျရူး ဟာ အခုလ အစောပိုင်းတုန်းက ၎င်းနေထိုင်ရာနေအိမ်ကိုဖောက်ထွင်းခံခဲ့ရပြီး ဒေါ်လာ ၅ သိန်းဖိုးခန့် အခိုးခံခဲ့ရကြောင်းသိရ ပါတယ်။ ဂျရူးဟာ ပြီးခဲ့တဲ့နှစ်မေလအတွင်းတုန်းက စီးရီးအေကလပ် အေစီမီလန် ကနေ LAFC ကိုပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

12.02.202516:11
ရှမ်းပြည်နယ် MSME ပြခန်းမှာ ရှမ်းဦးထုပ်ကြီးနဲ့ ဓာတ်ပုံသွားရိုက်လို့ရတယ်နော်။ #myanmarfocus
19.02.202513:29
ချန်ပီယံလိဂ် ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာ ဘိုင်ယန်မြူးနစ် နဲ့ ဘင်ဖီကာအသင်းတို့ကတော့ ပြိုင်ဘက်အသင်းတွေနဲ့သရေကျခဲ့ပေမယ့် ၁၆ သင်းအဆင့်ကိုတက် လှမ်းသွားခဲ့
ဖေဖော်ဝါရီလ ၁၉ ရက်နေ့မနက်အစောပိုင်းကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ၃၂ သင်းအဆင့်ရှုံးထွက်ပွဲစဉ်တွေမှာတော့ အေစီမီလန် နဲ့ အတ္တလန်တာ အသင်းတို့ပြိုင်ပွဲကနေထွက်ခဲ့ရပြီး ဘိုင်ယန်မြူးနစ် နဲ့ ဘင်ဖီကာအသင်းတို့ကတော့ ပြိုင်ဘက်အသင်းတွေနဲ့သရေကျခဲ့ပေမယ့် ၁၆ သင်းအဆင့်ကိုတက် လှမ်းသွားခဲ့ကြပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုဇော်ထက်အောင်က တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

2032 ဘရစ္စဘိန်းအိုလံပစ်ပြိုင်ပွဲအတွက် ကျင်းပမဲ့နေရာများနဲ့အစီအစဉ်များကို လာမဲ့မတ်လနှောင်းပိုင်းမှာ ထုတ်ဖော်ပြသသွားမှာဖြစ်ကြောင်း ကွင်းစ်လန်း အစိုးရက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာကြေညာခဲ့
2032 ဘရစ္စဘိန်းအိုလံပစ်ပြိုင်ပွဲအတွက် ကျင်းပမဲ့နေရာများနဲ့အစီအစဉ်များကို လာမဲ့မတ်လနှောင်းပိုင်းမှာ ထုတ်ဖော်ပြသသွားမှာဖြစ်ကြောင်း ကွင်းစ်လန်း အစိုးရက ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာကြေညာခဲ့ပါတယ်။ အခုလိုကြေညာခဲ့ပေမဲ့ အားကစားကွင်းတွေနဲ့ ပြေးခုန်ပစ်ကျင်းပမဲ့နေရာများအတွက် နောက်ဆုံးအစီစဉ်များနဲ့ပတ်သတ်ပြီး မသေချာမှုများဆက်လက်ဖြစ်ပေါ်နေ ကြောင်းလည်းသိရပါတယ်။ ဒီသတင်းကို Sports Channel မှ ကိုဇော်ထက်အောင်က တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

12.02.202513:43
#ပြည်တွင်းထူးခြားသတင်းတိုများ (၁၂-၂-၂၀၂၅)
၁။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြပါရန် နိုင်ငံတော်ဝန်ကြီးချုပ် တိုက်တွန်း။
၂။ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ်နှစ်သောင်းနှုန်းဖြင့် လစဉ် ထောက်ပံ့ပေးသွားမည်။
၃။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ဖွင့်ပွဲ တစ်နေ့တည်းတွင် ငွေကျပ်သိန်းပေါင်း (၂၀၀၀)ကျော်ဖိုး ရောင်းချရ။
၄။ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က မန္တလေး-ချင်းမိုင် တိုက်ရိုက်ခရီးစဉ်သစ်အား စတင်ပျံသန်းပြေးဆွဲ။
၅။ ရေပန်းဥယျာဉ်အား နေပြည်တော်၏ ဂုဏ်ပုဒ်တစ်ခုဖြစ်စေရန် ငွေကျပ်(၁၅)ဘီလီယံကျော် အသုံးပြုကာ အသစ်တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ။
၆။ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက နည်းပညာများ ပံပိုးပေးနိုင်ရန် One Stop Service ကောင်တာ ဖွင့်လှစ်ထားရှိ။
၇။ ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် သုံးရက်တာ ကျင်းပလျက်ရှိသည့် MMC စာအုပ်စာပေနှင့် ပန်းချီအရောင်းပြပွဲတွင် ပန်းချီကားပေါင်း ၁၀၀ ကျော်နှင့် စာအုပ်ရေပေါင်း သုံးသောင်းခွဲကျော် ခင်းကျင်းပြသ။
၈။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော (၂၁)ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန် ပြပွဲ၊ ပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ။
၉။ ပုသိမ်ထောင်၌ လုံခြုံရေးတင်းကျပ်ထားပြီး ဆေးဝါးနှင့်ဟင်းပါဆယ်ပို့ခြင်းများပါ ကန့်သတ်နေသည်ဟု မဟုတ်မမှန် သတင်းရေးသား ဖြန့်ဝေလျက်ရှိ။
၁၀။ ထောင်ပိုင်နှင့် ထောင်လုံခြုံရေးတာဝန်ခံတို့က နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုဝင်များအပေါ် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ပြောဆိုကြောင်း မဟုတ်မမှန် သတင်းရေးသား ဖြန့်ဝေလျက်ရှိ။

25.02.202512:26
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် (၂၄) နာရီ လျှပ်စစ်မီး ပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ် တပ်ဆင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄) နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ရေးနှင့် (၂၄) နာရီ လျှပ်စစ်မီး ပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်သို့ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက် KO DEDEE MOBILE & ELECTRONIC ကုမ္ဗဏီမှတာဝန်ယူတပ်ဆင်ပေးလျက်ရှိရာ DEYE 12 KW Three Phase အင်ပါတာဖြစ်ပြီးSOLAR BLUESUN 600W (14) ချပ်ရှိ၊ LIFEPO 4 BLU 16KWH 310Ah တပ်ဆင်ပေးလျက်ရှိသည်။
အဆိုပါ ဆိုလာစနစ်ဖြင့် ရွှေမုဋ္ဌောစေတီတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော်ထားရှိသော (8000) ဝပ် အသုံးပြုလျက်ရှိကြောင်း၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့် သုံးစွဲရာတွင် လျှပ်စစ်မီတာခ တစ်လလျှင် ကျပ် (၅) သိန်းခွဲ ကုန်ကျလျက်ရှိကြောင်း သိရသည်။
ယခုဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သုံးစွဲရာတွင် ကျပ် (၃၀၀) သိန်းကျော် ကုန်ကျခဲ့ပြီး ဆိုလာစနစ် တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လ (၂၅) ရက်နေ့တွင် လုပ်ငန်းများ စတင် အကောင်အထည်ဖော်ခဲ့ရာ ဖေဖော်ဝါရီလ (၂၅) ရက် ယနေ့ညမှ စတင်၍ အသုံးပြုပူဇော်သွားမည် ဖြစ်ကြောင်း ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌ ဦးကံညွန့်ထံမှ သိရသည်။

12.02.202511:35
MSME ပြခန်းတွေမှာ ဘယ်ပစ္စည်း ဘယ်ဈေးရှိလဲ😎😎
#Myanmarfocus
#Myanmarfocus

12.02.202504:16
ရေပန်းဥယျာဉ်အား နေပြည်တော်၏ ဂုဏ်ပုဒ်တစ်ခုဖြစ်စေရန် ငွေကျပ်(၁၅)ဘီလီယံကျော် အသုံးပြုကာ အသစ်တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိ
နေပြည်တော်ရေပန်းဥယျာဉ်ကို နေပြည်တော်၏ ဂုဏ်ပုဒ်တစ်ခုဖြစ်စေရန် မြို့တော်အင်္ဂါရပ်နှင့်အညီ Royal Garden အဖြစ် ငွေကျပ် ၁၅ ဘီလီယံကျော် အသုံးပြုကာ အသစ်တိုးချဲ့တည်ဆောက်ခြင်းများ ဆောင်ရွက် လျက်ရှိသည်ဟု သိရသည်။
အသစ်တိုးချဲ့တည်ဆောက်ခြင်းများ၊ ပြင်ဆင်မှုများကို လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး ခေတ်မီ ကလေးကစားကွင်းများ၊ ပန်းခြံအသစ်များ၊ အရုပ်ကြီးများကိုပါ ထည့်သွင်းပြင်ဆင်ထားသည်။
လက်ရှိတွင် အသစ်တိုးချဲ့တည်ဆောက်ခြင်း (၄၅)ခုလျာထားရာ (၁၄)ခုပြီးစီးသွားပြီဖြစ်ပြီး ဥယျာဉ်အတွင်း သစ်ပင်ပန်းမံများ အမြဲစိမ်းလန်းသာယာလှပစေရေးနှင့် ရာသီအလိုက်ပွဲတော်များ၊ ပန်းပွဲတော်များ ကျင်းပနိုင်စေရန် ဆောင်ရွက်ထားသည်။
နေပြည်တော်ရေပန်းဥယျာဉ်ကို ၂၀၀၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ရာ ၂၀၂၅ ခုနှစ်တွင် သက်တမ်း (၁၇) နှစ်ပြည့်မည်ဖြစ်သောကြောင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများနှင့် အသစ်တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခြင်းလည်းဖြစ်သည်ဟု သိရသည်။
#နေပြည်တော်ရေပန်းဥယျာဉ်

25.02.202509:27
တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဗီယင်ကျန်းမြို့ တွင် လက်မှတ်ရေးထိုးပြီး တည်ထောင်
ဖေဖော်ဝါရီလ ၂၃ ရက်နေ့က Guangxi နှင့် လာအိုနိုင်ငံတို့မှ တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ လက်မှတ်ရေးထိုးတည်ထောင်ပွဲ အခမ်းအနားကို ဗီယင်ကျန်းမြို့တွင် ကျင်းပခဲ့သည်။
ယင်းသည် တရုတ်နိုင်ငံနှင့် အဆီယံနိုင်ငံများအကြားချုပ်ဆိုထားသည့် ပထမဆုံး AI ပူးပေါင်းဆောင်ရွက်ရေး ဆန်းသစ်တီထွင်မှု ပလက်ဖောင်းဖြစ်သည်။
နှစ်ဖက်တို့သည် တရုတ်-လာအို AI ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးစင်တာ ပူးတွဲတည်ထောင်ခြင်းဖြင့် AI ခေတ်ကာလတွင် လာအိုနိုင်ငံ၏ အခြေခံစွမ်းရည်များကို စနစ်တကျမြှင့်တင်ပေးပြီး လာအိုနိုင်ငံ၏ လုပ်ငန်းဏ္ဍအသီးသီးတို့အတွက် အားသစ်လောင်းပေးမည်ဖြစ်သည်ဟု သိရသည်။
#CRI Myanmar

25.02.202509:25
စင်ကာပူနိုင်ငံရောက် မြန်မာများအတွက် Nation Light မှ တည်ဆောက်သော တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်ရှိ မီနီကွန်ဒိုများအရောင်းပြပွဲအား စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်
စင်ကာပူနိုင်ငံရောက် မြန်မာများအတွက် Nation Light မှ တည်ဆောက်သော တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ မြောက်ဒဂုံမြို့နယ်ရှိ မီနီကွန်ဒိုများအရောင်းပြပွဲအား စင်ကာပူနိုင်ငံတွင် ပြုလုပ်မည်ဖြစ်သည်ဟု သိရသည်။
အဆိုပါ (၆)ကြိမ်မြောက် မြန်မာ့အိမ်ရာများ အရောင်းပြပွဲကြီးကို Shwe Property က မတ်လ(၁)ရက်နှင့် (၂) ရက်တွင် နံနက် (၁၀)နာရီမှ ညနေ (၅)နာရီအထိ Mercure Bugis Hotel တွင် ကျင်းပသွားမည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ စိတ်ချ ခိုင်မာမှုရှိသည့် တည်ဆောက်ပြီး၊ တည်ဆောက်ဆဲ တိုက်ခန်း၊ မီနီကွန်ဒို၊ ကွန်ဒို၊ လုံးချင်းအိမ်နှင့် ဂရန် အမည်ပေါက်မြေကွက်များကို စိတ်တိုင်းကျရွေးချယ် နိုင်မည်ဖြစ်သည်။
သိန်း(၉၀၀)ကျော်မှစသည့် ဆောက်လုပ်ဆဲနှင့် BCC ကျပြီး တိုက်ခန်းများ၊ သိန်း (၂၀၀၀)ကျော်မှစသည့် ဆောက်လုပ်ဆဲနှင့် BCC ကျပြီး မီနီကွန်ဒိုများ၊ သိန်း (၃၀၀၀)ကျော်မှစသည့် အဆင့်မြင့်ကွန်ဒိုများ၊ သိန်း (၄၀၀၀) ကျော်မှစသည့် Luxury ကွန်ဒို ၊ လုံးချင်းအိမ်များ စသည့်ကွန်ဒို/ တိုက်ခန်း/ မြေကွက်/ လုံးချင်းအိမ်(၁၀၀၀) ကျော်ကို တစ်နေရာတည်းတွင် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။
ပြပွဲနှစ်ရက်အတွင်း ရရှိနိုင်မည့် အထူးအစီအစဉ်များအနေဖြင့် အသက်သာဆုံး 1 Sqft အထူးလျှော့ ဈေးများနှင့် ဝယ်ယူခွင့်၊ ငွေတစ်လုံးတစ်ခဲတည်း ပေးစရာမလိုဘဲ လစဉ် ပုံမှန်ပေးသွင်းဝယ်ယူနိုင်ခြင်း၊ အတိုးမဲ့အရစ်ကျစနစ်အပြင် နှစ်ရှည်ဝယ်ယူလိုသူများအတွက် သက်သောင့်သက်သာပေးချေပြီး အရစ်ကျဝယ်ယူခွင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ စင်ကာပူရောက် ရွှေမြန်မာများအတွက် အထူးသီးသန့် လျှော့ဈေးဖြင့် ဝယ်ယူခွင့်နှင့် သေချာခိုင်မာမှုရှိသည့်စာချုပ်စာတမ်းများဖြင့် အချိန်မကုန်ဘဲ စိတ်ကြိုက် ဝယ်ယူခွင့်ရရှိနိုင်မည်ဟု သိရသည်။
#ShweProperty

11.02.202504:50
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား ၂၁ ဦး ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း)မိုင်းရယ်မြို့နယ် မိုင်းဟဒေသအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် တရုတ်နိုင်ငံသား အမျိုးသား (၂၁)ဦးအား ဖေဖော်ဝါရီလ(၉)ရက်နေ့က ထပ်မံဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖမ်းဆီးရမိခြင်းနှင့်ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမှုအား ဆောင်ရွက်လျက်ရှိပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။
၎င်းနယ်မြေအတွင်း ဖေဖော်ဝါရီလ(၅) ရက်မှ (၉)ရက်အထိ တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်နေသူများကို လုံခြုံရေးဆောင်ရွက်ပေးနေသူငါးဦး၊ တရုတ်နိုင်ငံသားအမျိုးသား ၄၈ ဦး၊ အမျိုးသမီးနှစ်ဦး၊ ဗီယက်နမ်နိုင်ငံသားအမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသားအမျိုးသားငါးဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၁၀၂ ဦးတို့အား တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံအလုံး ၂၆၀ ၊ Laptop ၂၅ လုံး၊ Destop ၂၁ လုံး၊ Keyboard ၂၈ လုံး၊ Wifi စက်နှစ်လုံး၊ Starlink ခုနစ်လုံး၊ လက်နက်မျိုးစုံခုနစ်လက်၊ ကွန်ပျူတာ ၇၂ လုံး၊ ငါးဂိမ်းစက်ငါးလုံး၊ မော်တော်ယာဉ်မျိုးစုံသုံးစီး၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အထက်ပါဖြစ်စဉ်များတွင် ဖမ်းဆီးရမိသူများအား စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်ခြင်းနှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများ ဆောင်ရွက်ခဲ့ရာ အများစုသည် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့်လည်း အဆိုပါ တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းအပါအဝင် အခြားဒုစရိုက်လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် ပူးပေါင်းအဖွဲ့များက တက်ကြွစွာဖြင့် တင်းတင်းကျပ်ကျပ် ရှာဖွေစစ်ဆေးဖော်ထုတ်ဖမ်းဆီးမှုများ အဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

12.02.202510:02
MESE ပြခန်းတွေထဲမှာရခိုင်ပြည်နယ်ပြခန်းက ဘာတွေထူးသလဲ...အတူတူကြည့်ကြရအောင်နော်။
#myanmarfocus
#myanmarfocus
登录以解锁更多功能。