Nightmare Alley (2021)
=====================
နာမည်ကြီး crime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့ Nightmare Alley (2022)ထွက်ရှိလာပါပြီ...
Cast တွေအနေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcastတွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.1 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ်...
အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnival အဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်...
ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သဘောပေါက်သွားပါတယ်...
အဲဒီပါရမီ ကတော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ...
ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံးပေါ်ထိပ်ကွက် သူများမျက်ခုံးမွေးပေါ် စင်္ကြံလျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မကောင်းမှုတစ်ခုကို စိတ်ပညာမှာ သူ့လိုပဲထူးချွန်တဲ့ လီလစ်ဆိုတဲ့သူနဲ့ ပူးပေါင်းလုပ်ဖို့ ကြံစည်တဲ့ အခါမှာ...