Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
EM Channel avatar

EM Channel

Translation Team
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Лист 14, 2024
添加到 TGlist 的日期
Лист 14, 2024
关联群组
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
ГРУД '24СІЧ '25ЛЮТ '25БЕР '25КВІТ '25

EM Channel 热门帖子

မကြာမီ ကျရောက်မည့် မြန်မာ့နှစ်သစ်အခါသမယမှစတင်ကာ EM Channel မှ reader များအားလုံးနှင့် တကွ မြန်မာပြည်သူပြည်သားများအားလုံး
ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံ၍ စီးပွါးလာဘ်လာဘများတိုးပွါးကာ ဘေးဘယာအပေါင်းမှ ဝေးကွာပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်လိုက်ပါတယ်ရှင့် 💦

မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော နှစ်သစ်လေးဖြစ်ပါစေရှင် 🙏🏻


#EMChannel
Wind Breaker လေး လာမေးကြတဲ့ Reader တွေများလာလို့ Admin တို့ စိတ်မကောင်းစွာနဲ့ပဲ ဒီ Statement လေးကို ထုတ်ပြန်လိုက်ရပါတယ်ရှင့်😭

အခြေအနေအကြောင်းကြောင်းများစွာကြောင့် admin တို့ Wind Breaker လေးကို ပြန်ပြင်တဲ့နေရာမှာ စိစစ်စရာလေးတွေ အရမ်းများနေတဲ့အတွက် ထင်ထားတာထက် အချိန်လေးပိုနှောင့်နှေးနေကြောင်းကို စိတ်မကောင်းစွာနဲ့ အသိပေးလိုက်ရပါတယ်ရှင့် 😭

Admin တို့ အမြန်ဆုံး ပြန်ရအောင် ကြိုးစားနေတာမို့လို့ သည်းခံစောင့်ဆိုင်းပေးကြတဲ့ Reader အားလုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင့်😭

#EM_Channel
April 3 ရက်​နေ့က စတင်ခဲ့တဲ့ Admin တို့ရဲ့ "EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်မှာ ပါဝင် အားဖြည့်​ပေးခဲ့ကြတဲ့ Reader တစ်ဦးတစ်​ယောက်ချင်းဆီကို ဦးစွာ ​​ကျေးဇူးတင်​ကြောင်း ​ပြောကြားလိုပါတယ်ရှင့်

Admin တို့ EM မှ ပထမအသုတ် အလှူ​​ငွေ ခြောက်သိန်းကျပ်ကို Hysan နှင့်အတူ ငလျင်​ဘေးအလှူ အစီအစဥ်မှာ လှူဒါန်းခဲ့ပြီး
(လှူဒါန်း​ခဲ့​ကြောင်း တင်ပြလွှာ)

"EM နှင့်အတူဖတ်ရင်းလှူ" အစီအစဥ်မှ လှူဒါန်းရရှိ​ငွေ ​ခြောက်သိန်းကျပ်

= စုစု​ပေါင်း တစ်ဆယ့်နှစ်သိန်းကျပ် (1,200,000 Kyats) ကို ​မ,တည်ရရှိခဲ့ပြီး

သက်ဆိုင်ရာ ငလျင်​ဘေးအတွက် ကူညီ​နေတဲ့ အဖွဲ့အစည်းမှာ ထပ်မံလှူဒါန်းဖြစ်ခဲ့ပါတယ်

ဖတ်ရင်းလှူ အပြင် အခြားအလှူ​ငွေသီးသန့် ထည့်ဝင်ခဲ့ကြသူများကိုလည်း ထပ်မံ​ကျေးဇူးတင်ရှိပါတယ်ရှင့်

Manhwa reader ​တွေရဲ့ စည်းလုံးမှုကိုပြသ​ပေးခဲ့တဲ့အတွက် တကယ်ကို ​ကျေနပ်အားရမိပါတယ်❤️‍🔥

#EM_Channel
The Beginning After The End✨

EM Channel ရဲ့ subscribers တွေအတွက် သတင်းကောင်း 🎉

နာမည်ကြီး Manhwa ဇာတ်လမ်းကောင်းတွေဖြစ်တဲ့ Solo Leveling နဲ့ A Bad Person တို့ကို Free ဖတ်ခွင့်ပေးထားတာ သိပြီးကြပြီဟုတ် 😉

ဒီတစ်ခေါက်မှာတော့ Reader တွေအားလုံးအကြိုက် The Beginning After The End ဆိုတဲ့ နာမည်ကြီး manhwa လေးကို EM Channel မှာ member ဝင်စရာမလို အကောင့်ဖွင့်စရာမလိုဘဲ Chapter-120အထိအခမဲ့ ဖတ်ခွင့်ရတော့မှာပဲဖြစ်ပါတယ်

ဘယ်လိုဖတ်ရမလဲဆိုတော့ ဒီအောက်မှာ ပေးထားတဲ့ link လေးကို copy ပြီး Browser တစ်ခုမှာ paste
လုပ်ရုံလေးနဲ့ Free ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ 🥳

Telegram Channel လေး Joinရန်
https://t.me/emscanschannel

The Beginning After the End အခမဲ့ဖတ်ရန်
The Beginning After The End – EM Channel

Solo Leveling နှင့် A Bad Person ကို free ဖတ်ရန်
https://t.me/emscanschannel/5154



ဒါ့အပြင် တခြားသောManhwa ပေါင်းရာချီကို EM Channel တွင်ဖတ်ရှုနိုင်ပါတယ်နော်


EM Channel တွင် မြန်မာဘာသာပြန်
Manhwa/hua များကိုအမုန်းဖတ်ရန်
https://t.me/emscanschannel/4865



#EM_Channel
March 28 ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးအန္တရာယ်အတွက် Admin တို့ EM channel ဘက်က မနေ့ကစတင်ပြီးအလှူခံခဲ့ရာမှာ စုစုပေါင်း Kpay+Wave - နှစ်သိန်းကိုးသောင်းခုနစ်ထောင့်ရှစ်ရာကျပ် (297800) ရရှိခဲ့ပြီး EM Team မှ မတည်ငွေအဖြစ် ငွေကျပ်သုံးသိန်း (300000) နှင့်အတူ စုစုပေါင်း ခြောက်သိန်းကျပ် (600000) ကို Hysan နှင့်အတူ ငလျင်ဘေးအလှူ အစီအစဉ်မှာ ပါဝင်လှူဒါန်းဖြစ်ခဲ့ပါတယ်ရှင့်

ထပ်မံ၍ကောက်ခံရရှိထားသောအလှူငွေများကိုလည်း ဒုတိယအသုတ်အနေနှင့် လှူဒါန်းသွားဦးမှာဖြစ်တာကြောင့် EM Readers များအနေဖြင့် Donation တွင် ပါဝင်၍ရနိုင်သေးကြောင်း အသိပေးလိုက်ပါတယ်ရှင့်

ဒါ့အပြင် EM Channel  မှလည်း ငလျင်ဘေးအတွက် Funding Program တစ်ခုလုပ်ဖို့စီစဉ်ထားသေးတာကြောင့် Readers တို့အနေနဲ့ Funding Program မှာပါဝင်၍လည်း လှူဒါန်းနိုင်ပါကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်ရှင့်
Funding Program အကြောင်းအသေးစိတ်ကိုတော့ ထပ်မံ၍ကြေညာပေးသွားပါမယ်ရှင့်

EM Readers များအနေနှင့်လည်း ယခုကဲ့သို့ ပါဝင်လှူဒါန်းသည့်အကျိုးကျေးဇူးကြောင့် ဘေးအန္တရာယ်ကင်းရှင်းပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်

ငလျင်ဘေးအတွက် ပါဝင်လှူဒါန်းရန် --

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

#EM_Channel
ဒီ မတ်လ ၂၈ရက်​နေ့မှာ ဖြစ်ပွားခဲ့တဲ့ငလျင်ကြီး​ကြောင့် တစ်နိုင်ငံလုံး၊ အထူးသဖြင့် စစ်ကိုင်း မန္တ​လေး ​တွေမှာ ငလျင်ဒဏ်ကို ခံစား​နေရတဲ့သူ​တွေအတွက် admin တို့ EM မှ တကယ်ကို စိတ်မ​ကောင်းဖြစ်ရပါတယ်

ဒီလို ငလျင်ဒဏ်ခံစား​နေရသူ​တွေအတွက် တစ်​ထောင့်တစ်​​နေရာက​နေ ကူညီနိုင်ဖို့ admin တို့အသိ ယုံကြည်ရတဲ့သူဆီက​နေတစ်ဆင့် ပါဝင်အားဖြည့် လှူဒါန်း​ပေးနိုင်ပါ​ကြောင်း ​ပြောကြားလိုပါတယ်ရှင့်

ဖြစ်နိုင်ရင် Admin တို့ကိုယ်တိုင် လှုပ်ရှားချင်​​ပေမဲ့လည်း လူအင်အားအရ​ရော သွား​ရေးလာ​ရေးအရပါ အခက်အခဲ​တွေ ရှိ​​နေတဲ့အတွက် အခုလို လှူဒါန်းဖို့ ညွှန်း​ပေးရုံမှတပါး မလုပ်နိုင်တာကိုလည်း တကယ်စိတ်မ​ကောင်းပါဘူးရှင့်

ပါဝင်လှူဒါန်းနိုင်မယ့် ဖုန်းနံပါတ်က​တော့

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

ကို လှူဒါန်းနိုင်ပါတယ်ရှင့်

အားလုံးအတူတူ ဒီအ​ခြေအ​​နေဆိုးကြီးတွေကို ​ကျော်ဖြတ်ကြရ​အောင်ပါ


#EM_Channel
Action revenge manhwa ​လေးလာပါပြီ​နော်🐱

The Childe | Ch -  25 ထိ (Ongoing မီ)✨

တစ်နေ့မှာမိသားစုအပျော်ခရီးထွက်နေတုန်း ဂျင်ထယ်ဟာဆိုတဲ့ ကောင်လေးရဲ့မိဘတွေဟာ လုပ်ကြံခံလိုက်ရတယ်

အဲ့လိုနဲ့ ထယ်ဟာက ချွန်းဂုမိသားစုရဲ့ အမွေဆက်ခံသူမဟုတ်တော့ဘဲ သူ့ဘဝကြီးငါးပါးမှောက်သွားပါလေရော

ဒီလူသတ်မှုရဲ့နောက်ကွယ်ကဖြစ်ရပ်မှန်တွေကို သိပြီးသွားတဲ့အခါမှာတော့ ထယ်ဟာကကလဲ့စားပြန်ချေမယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပြီး အီတလီကိုထွက်ပြေးသွားခဲ့တယ်

၁၇ နှစ်အကြာမှာ ကိုရီးယားကိုပြန်လာပြီး ဂျင်ထယ်ဟာတစ်ယောက် ဘယ်လိုနည်းလမ်းတွေနဲ့ ကလဲ့စားချေသွားမလဲ? ချွန်းဂုမိသားစုဝင်တွေရဲ့ ဆက်ဆံရေးတွေကရော ဘယ်လိုတွေဖြစ်မလဲ?

Action, Drama Genre ကိုမှ Fight Scene အမိုက်စားတွေနဲ့အတူတူ k drama တစ်ကားကြည့်နေရတဲ့အတိုင်း ဇာတ်အိမ်ကောင်းကောင်းလေးမလို့ ဒီ Ongoing Manhwa ကို စောင့်မျှော်ဖတ်ရှုပေးကြပါနော်


Review & Translated by Sarah


Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန်🐱
https://t.me/emscanschannel/7061

Channel လေးJoin ရန်😂
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်😆
https://t.me/emscanschannel/4865


#EM_Channel
#Chaw
12.04.202507:13
Manhwa အတွက် Translator (E to M) နှင့် Editor လေးတွေ ခေါ်ချင်ပါတယ်
(Test ရှိပါမယ်)
မှတ်ချက်-Test အတွက် Fees လေးမရှိပါဘူးရှင့်

Translator အတွက်

- စာကိုလိုရင်းတိုရှင်းအဆင်ပြေချောမွေ့စွာဘာသာပြန်နိုင်ရပါမယ်

- မြန်မာစာသတ်ပုံမှန်ကန်ရပါမယ်

- Word/Docs file နဲ့ပို့ပေးနိုင်ရပါမယ်

- တစ်ရက်နှစ်ပိုင်း ပုံမှန်ပေးနိုင်ရပါမယ်


Editor အတွက်

- သတ်မှတ်ထားတဲ့ fontတွေအတိုင်း ပြောင်းသုံးတတ်ရပါမယ်

- သေသေသပ်သပ် လုပ်နိုင်ရပါမယ်

- Zip file နဲ့ ပို့ပေးနိုင်ရပါမယ်

- တစ်ရက်နှစ်ပိုင်း ပုံမှန်ပေးနိုင်ရပါမယ်

Fees လေးက ညှိုနှိုင်းပါရှင့်

*Fee တိုး​ပေးမှာက​တော့

- အလုပ်လုပ်တာ နှစ်လပြည့်ပြီး အပိုင်း ၁၅၀ အထိ ဘာသာပြန်/ edit ထားသူဆိုလျှင် Fees လေး တိုးပေးသွားမှာပါ

အလုပ်လုပ်တာအဆင်ပြေရင်ပြေသလိုလည်း bonus ပေးသွားမှာဖြစ်ပါတယ်

စိတ်ဝင်စားသူများ @Adelia_EM မှာလာလျှောက်လို့ရပါတယ်ရှင့်
Solo Leveling: Ragnarok | Ch-47 (Season 1 Completed) 😗

ဒီ webtoon က Solo Leveling ထဲက MC ဆောင်းဂျင်ဝူးရဲ့ သားအကြောင်းကို ဆက်ရေးထားတဲ့ webtoon လို့ပြောလို့ ရပါတယ်

ဒီ Webtoon ထဲမှာ ဆောင်းဂျင်ဝူးရဲ့သား ဆောင်းဆူဟို (MC) က ဆောင်းဂျင်ဝူးလို Eအဆင့် Hunter တောင်မဟုတ်ပဲ နိုးထသူတစ်ယောက်ကိုမဟုတ်တာပါ

အမှန်တော့ သူကနိုးထသူတစ်‌ယောက် မဟုတ်တာမဟုတ်ပဲ သူ့ရဲ့စွမ်းအားက အဖျက်စွမ်းအားအရမ်းများနေတဲ့အတွက် သူ့အဖေကသူငယ်ငယ်လေးထဲက ချိပ်ပိတ်ခဲ့တာပါ

ဒါပေမယ့် ကမ္ဘာကြီးကိုအန္တရာယ်ကျရောက် လာတဲ့အချိန်မှာတော့ သူ့စွမ်းအားတွေကို ထုတ်သုံးမှရတော့မယ့်အခြေအနေကို‌ ရောက်လာခဲ့ပါတယ် 

အဲ့တာကိုကြိုသိနေတဲ့ဆောင်းဂျင်ဝူးက သူ့ရဲ့လက်ပါးစေဘီရူးကို Level up System နဲ့အတူ သူ့သားဆီလွှတ်လိုက်ပါတော့တယ် System ရောက်လာပြီးနောက်ပိုင်းမှာ ဆောင်းဆူဟိုဟာ E အဆင့် Hunter တစ်ယောက်အဖြစ် နိုးထလာပါတော့တယ် ဒါပေမယ့်သူက System ကြောင့် သာမန် Eအဆင့် Hunter တွေနဲ့တော့မတူပါဘူး System ကပေးအပ်တဲ့မစ်ရှင်တွေကို အောင်မြင်လေလေ သူ့ Level တွေက ပိုမြင့်လာနိုင်ပြီး ဒီထက်ပိုပြီးအများကြီး စွမ်းအားကြီးတဲ့လူတစ်ယောက်ဖြစ်လာမှာပါ

တကယ်တော့ ဆောင်းဆူဟို Level မြင့်လာအောင်ကြိုးစားနေရတဲ့ တခြားအကြောင်းအရင်းလည်းရှိပါသေးတယ် အဲ့တာကတော့ သူငယ်ငယ်လေးထဲက ရုတ်တရက်ကြီးပျောက်သွားတဲ့ အဖေနဲ့အမေကိုပြန်တွေ့ချင်လို့ သူ့ကိုယ်သူ စွမ်းအားကြီးလာအောင်ကြိုးစားနေခဲ့တာပါ

ဒီတော့ဆူဟိုတစ်ယောက် Level up ဖြစ်အောင်လုပ်ရင်း သူ့အဖေဆောင်းဂျင်ဝူးထက်တောင် ပိုပြီးစွမ်းအားကြီးလာမလား သူ့အမေနဲ့ အဖေကရော ဒီအတိုင်းပျောက်သွားတာလား သူတို့နှစ်ယောက်ကို ဆူဟို အသက်ရှင်လျက် ပြန်တွေ့နိုင်ပါဦးမလားဆိုတာကိုတော့ 
ဒီ Webtoon လေးကို အဆုံးထိစောင့်ကြည့် ဖတ်ရှုပေးကြပါနော်

Translated and Review by Scarlett , Axel


Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန် ❤️
https://t.me/emscanschannel/7061

Channel လေးJoin ရန်❤️
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🩷
https://t.me/emscanschannel/4865



#EM_Channel
#James
"EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်✨

Admin တို့ EM မှ ငလျင်​ဒဏ်ခံ​နေရတဲ့သူ​တွေကို ​ထောက်ပံ့ကူညီဖို့အတွက် Funding program ​လေးတစ်ခု စီစဥ်ထားပါတယ်ရှင့်

ဒီ "EM နဲ့အတူ ဖတ်ရင်းလှူ" အစီအစဥ်​လေးမှာ​တော့ မြန်မာ​ငွေ ၁ ကျပ်ကစလို့စေတနာရှိသလောက်လှူရင်းတစ်လတာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ရှင့်

ဖတ်ရှုနိုင်မယ့် Manhwa ​လေး​တွေက​တော့

Solo leveling
A bad person
Our office story
Killer peter
Dungeon Defense အပြင်
Return Of The Mount Hua Sectကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်ရှင့်

ဒီ program ကရတဲ့​ငွေ​တွေကိုလည်း အကုန် ငလျင်​​ဘေးအတွက် သက်ဆိုင်ရာ​နေရာ​တွေမှာ လှူဒါန်း​ပေးသွားမှာဖြစ်လို့

Manhwa လည်း Read အကျိုးလည်းရှိ​အောင် တစ်ဖက်တစ်လမ်းက​နေ ဝိုင်းဝန်းပါဝင်​ပေးကြဖို့ နှိုး​ဆော်အပ်ပါတယ်ရှင့်

09768910356
(Kpay - Chaw Su Hnin Lwin)

09442299009
(Wavepay - Wai Yan Moe Hein)

၁ ကျပ်ကနေစလို့စေတနာရှိသလောက်လှူဒါန်းပြီး ဖတ်ရှုနိုင်ဖို့အတွက် မင်မင့်ရဲ့ telegram account လေးကို gmail လေးပို့ထားပေးပါနော် @yumi_em | တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင့်


#StaySafe
#EM_Channel
Second Life Ranker | Ch-172 အထိ ✨

ယွန်းဝူဆိုတဲ့ကောင်လေးရဲ့အမွှာညီကိုဟာ လွန်ခဲ့တဲ့ငါးနှစ်ကဘဲပျောက်ဆုံးသွားခဲ့တယ်၊ တစ်နေ့ကျ သူ့ညီချန်ခဲ့တဲ့အိတ်ဆောင်နာရီဟာ သူ့နေရာအတိုင်းရောက်နေတာကိုတွေ့ခဲ့ရတယ်
 
 အထဲမှာလည်း လျှို့ဝှက်ဒိုင်ယာရီစာအုပ်တစ်အုပ်ကိုတွေ့ခဲ့ရတယ်၊ အဲ့စာအုပ်ထဲမှာရေးထားတဲ့ "ဒီစာကို မင်းဖတ်ရတဲ့အခါကျ ငါသေနေလောက်ပါပြီ..." ဆိုတဲ့အပိုင်းကိုဖတ်ပြီးနောက် သူတွေးစရာတွေဖြစ်လာခဲ့တယ်
 
အဲ့တွေးစရာတွေနဲ့အတူ နောက်ပိုင်းကျဘယ်လိုဇာတ်အိမ်တွေပါလာမလဲဆိုတာကို စိတ်ပါဝင်စားစွာနဲ့ ဖတ်လိုက်ကြရအောင်လား!!
Reviewed by val

Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန် ❤️
https://t.me/emscanschannel/7061

Channel လေးJoin ရန်😋
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🔪
https://t.me/emscanschannel/4865



#EM_Channel
#James
Player Who Returned 10,000 Years Later | Ch- 108 အထိ (Ongoing မီ) 🤩

ကျွန်တော်တိုရဲ့ MC လေးဟာ စော်မရှိ၊ ကင်ချီဟင်းရည်မရှိတဲ့ ငရဲပြည်မှာနတ်ဆိုးဘုရင်အဖြစ်နှစ်တစ်သောင်းလောက်နေခဲ့ရပြီးနောက်မှာကမ္ဘာမြေကို ပြင်းပြင်းပြပြ ပြန်လာချင်ခဲ့တယ်

တစ်ရက်မှာ သူ့ရဲ့ဆန္ဒတွေပြည့်ဖိုဖြစ်လာခဲ့တာကြောင့် သူ့ရဲ့နတ်ဆိုးစွမ်းအင်တွေကိုပိုက်ပြီး ကမ္ဘာမြေကိုပြန်လာဖိုလုပ်ခဲ့တယ်။ ဒါပေမယ့်…

သူပြန်ရောက်သွားတဲ့ကမ္ဘာဟာ သူသိခဲ့တဲ့နေရာဟုတ်မနေတဲ့အချိန်မှာ ဘယ်လိုတွေဆက်ဖြစ်လာမလဲ?

နှစ် ၁ သောင်းလောက် မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးမတွေနဲ့ပဲ စကားပြောခဲ့ရတဲ့ MC ဟာ လူတောထဲရောက်သွားတဲ့အချိန်မှာဘယ်လိုတွေတစ်လွဲလုပ်မလဲဆိုတာကိုစောင့်မျှော်ဖတ်ရှုရမှာဖြစ်ပါတယ်
Review by Esth
Translated by Esth, Dinn

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်
https://t.me/emscanschannel/5154

Channel လေးJoin ရန်
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🤩
https://t.me/emscanschannel/4865


#EM_Channel
#Yoon
Solo Max Level Newbie | Ch-202(Ongoingမီ)✨

စထွက်ထွက်ချင်းမှာလူတွေ
စိတ်ဝင်စားကြပင်မဲ့အောင်မြင်ဖို့
အရမ်းခက်တာ ကြောင့် တဖြည်းဖြည်း
လူကြိုက်နည်းလာခဲ့တဲ့ VR ဂိမ်းတစ်ခု

ဒါပေမဲ့ ဇွဲနပဲကြီးတဲ့MC ကတော့
အကြိမ်ကြိမ်မရမကကြိုးစားပြီး 
နောက်ဆုံးအထပ်ထိ ရအောင်
ရှင်းနိုင်ခဲ့တာပေါ့

ဂိမ်းပြီးလို နားမယ်စိတ်ကူး
နေတဲ့အချိန်မှာပဲအဲ့ဒီဂိမ်းထဲက
မျှော်စင်ကြီးကလက်တွေ့မှာထွက်
ပေါ်လာခဲ့တယ်

တစ်ကမ္ဘာလုံးမှာမှ ဂိမ်းကိုအဆုံးထိ ပြီး မြောက်ထားတဲ့တစ်ဦးတည်း 
သောသူ MC က

သူများ တွေမသိနိုင်တဲ့
ဘယ်လိုလှည့်ကွက် တွေနဲ့ 
တစ်ထပ်ပြီးတစ်ထပ်တက်သွားမလဲ?

ဆိုတာကိုတော့ ဒီ webtoon မှာ
ဖတ်ရှုနိုင်ပါတယ်
Review by BunnyC

Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန်😆
https://t.me/emscanschannel/7061

Channel လေးJoin ရန်❤️
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်😳
https://t.me/emscanschannel/4865


#EM_Channel
#Chaw
Greatest Estate Developer | Ch-140အထိ ☺️

လူတိုင်းသိတဲ့ ဒီ Manhwa လေးကတော့ မြို့ပြအင်ဂျင်နီယာကျောင်းသား ကင်ဆူဟိုတစ်ယောက် ဝတ္ထုဖတ်ရင်း အိပ်ပျော်သွားပြီး 'မြင်သူချစ်ခင်စေ' ဆန့်ကျင်ဘက် မျက်နှာကို ပိုင်ဆိုင်လိုက်ရပါတယ်

အဲ့ဒီဒုက္ခတင်မက အကြွေးနွံကလည်းနစ်၊ သူဝင်ပူးထားတဲ့ခန္ဓာကိုယ်ရဲ့အနားကလူတွေအားလုံးက အန္တရာယ်တစ်ခုပြီးတစ်ခု တွေ့ကြုံနေရပါတယ် သူကလည်း သူတတ်စွမ်းသမျှ အကြိမ်ကြိမ်ကာကွယ်ပေးခဲ့ပေမယ့် 

ကိုယ့်ကို ရွေးချယ်မှုတွေ ဘယ်လောက်ပဲ ပေးထားပါ‌စေ သူ့နောက်ကွယ်မှာ ပုံသေသတ်မှတ်ထားတဲ့ ပရိုဂရမ် ရှိပြီးသားလောကကြီးမှာ သူကယ်တင်ခဲ့တဲ့ လူတွေရဲ့ကံကြမ္မာဆိုးတွေဟာလည်း မူလပျက်စီးခြင်းကိုပဲ ပြန်လည်ဦးတည်နေတယ်

ဒါကြောင့် ပျက်စီးဖို့ရာ ကံကြမ္မာပါနေတဲ့ လူတွေကို သူဆက်ပြီးကယ်တင်နိုင်မလား
ဒါမှမဟုတ် သန်းနဲ့ချီတဲ့ကံကြမ္မာတွေကို ပုခုံးပေါ်ထမ်းရွက်ထားရတဲ့ ကင်ဆူဟိုဟာ လောကဒဏ်တွေကြောင့် ဖွတ်ဖွတ်ညှက်ညှက် ကြေမွသွားမလား.....
Reviewd by Zelenka
Translated by Zelenka,Dinn,boa,Muffin,Aurora

Solo Leveling နှင့် A Bad Person တို့ကိုလှူရင်းဖတ်ရှုရန် ❤️
https://t.me/emscanschannel/7061

Channel လေးJoin ရန်❤️
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်🩷
https://t.me/emscanschannel/4865




#EM_Channel
#James
Eternally Regressing Knight | Ch-49 (Ongoing မီ) ✨

အန်းခရစ်ဟာ စစ်သူရဲကောင်းဖြစ်ချင်တဲ့ ကောင်လေးတစ်ယောက်ပါ

ဒါပေမဲ့ လက်တွေ့မှာတော့ အဆင့်အနိမ့်ဆုံးစစ်သည်ပဲ ဖြစ်နေရပြီး ပါရမီလည်း ပါမလာခဲ့ပါဘူး။ အဲ့လိုနဲ့ သူ့ဆီကို ကျိန်စာတစ်ခုရောက်လာခဲ့ပါတယ်

သူတစ်ခါသေသွားတိုင်း မသေခင်အချိန်ကို ထပ်တလဲလဲပြန်ရောက်နေမယ့် ကျိန်စာပါတဲ့

ဒီကျိန်စာနဲ့ အန်းခရစ်တစ်ယောက် သူ့ကိုသတ်ခဲ့တဲ့ ရန်သူတွေကို ဘယ်လိုမျိုး လက်တုံပြန်မလဲ

စစ်သူရဲကောင်းဖြစ်အောင်ရော ဘယ်လိုကြိုးစားသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖတ်ရှုရမှာပါ 🥺

Solo Leveling နှင့် A Bad Person တို့ကိုအခမဲ့ဖတ်ရှုရန်❤️
https://t.me/emscanschannel/5154

Channel လေးJoin ရန်
https://t.me/emscanschannel


EM Channel တွင်မြန်မာဘာသာပြန်Manhwa/huaများစွာကိုဖတ်ရန်
https://t.me/emscanschannel/4865



#EM_Channel
#James
登录以解锁更多功能。