Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
KSL Anime Channel avatar

KSL Anime Channel

TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Квіт 07, 2025
添加到 TGlist 的日期
Квіт 07, 2025

记录

28.04.202523:59
87.4K订阅者
15.04.202518:49
217引用指数
21.04.202523:59
2.9K每帖平均覆盖率
21.04.202523:59
2.9K广告帖子的平均覆盖率
18.04.202515:52
2.74%ER
21.04.202523:59
3.42%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
06 КВІТ '2513 КВІТ '2520 КВІТ '2527 КВІТ '25

KSL Anime Channel 热门帖子

A Letter to Momo (2011)

Tomatoes 80% ရရှိထားတဲ့ ဇာတ်ကားလေးကတော့ မိုမိုဆိုတဲ့ ၁၁ နှစ်အရွယ်ကောင်မလေးဟာ အဖေဆုံးပြီးနောက် တိုကျိုမှာရှိတဲ့အိမ်ကိုရောင်းချပြီး သူ့အမေရဲ့ မွေးရပ်ဇာတိကို ပြောင်းရွှေ့လာခဲ့တယ်… သူ့အဖေမဆုံးခင် ရေးထားခဲ့တဲ့ အစမရှိအဆုံးမရှိစာလေးတစ်စောင်ကတဆင့် ထူးဆန်းတဲ့ ပရလောကသားတွေနဲ့ တွေ့ဆုံမှုအကြောင်း ဇာတ်လမ်းဆင်ထားတယ်ဗျ..အညွှန်းထက်စာရင် ဇာတ်လမ်းကို ကိုယ်တိုင်ကြည့်မှ အရသာရှိမယ့်ဇာတ်ကားမို့ ဘာမှအများကြီး မညွှန်းတော့ပါဘူး..သေချာတာကတော့ ” မိုမိုသို့ပေးစာ ” လို့ အမည်ရတဲ့ Rating မြင့် ဒီဂျပန်ကာတွန်းကားလေးဟာ ကြာမြင့်ချိန် ၂ နာရီအတွင်းမှာ ကြည့်ရှုသူတွေကို ခံစားချက်အမျိုးမျိုးပေးစွမ်းနိုင်မှာပါဗျ..

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1476

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
I Want to Eat Your Pancreas [2018]

Japan နိုင်ငံမှ စာရေးဆရာ Yoru Suminoက ရေးသားခဲ့ပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့Anime Movieလေးပဲဖြစ်ပါတယ်..

ဇာတ်အိမ်ကိုပန်းကရိယရောဂါခံစားနေရတဲ့ Sakura ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့
နေ့စဉ်ရေးထားတဲ့ ဒိုင်ယာရီစာအုပ်လေး
သူမရဲ့ ဒိုင်ယာရီလေးထဲမှာ သူမရဲ့ နေ့စဉ်ဘ၀တွေ ၀မှးနညှးမှုတှေ ပျော်ရွင်စရာတွေ ရေးထည့်ထားပြီးသူမရဲ့ ဒုတိယနှလုဲးသားလိုတောငတှငစှားလိုရပါတယ်

တနေ့မှာတော့ သူမရဲ့ဒုတိယနှလုဲးသားလေးဟာဆေးရုံပှတငှးပေါကကှနေ ပြုတ်ကျပြီး အတန်းဖော် Harukiဆိုတဲ့ကောင်လေးက ကောက်ရသွားခဲ့ပါတယ်.

harukiဟာသူမရဲ့ဒုတိယနှလုံးသားဒိုင်ယာရီလေးကို ဖတ်ပြီးတဲ့အခါမှာတော့

🎬 ကြည့်ရန် Channel Link 🔗

https://t.me/mmsub_cartoon_ch/20

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
Okko's Inn [2018]

နတ်ဘုရားတွေရဲ့ လက်ဆောင်တစ်ခုလို့ ခေါ်တဲ့ ဟာရူနိုယာ အရမ်းကို နာမည်ကြီးတဲ့ ရေပူစမ်းလေးဖြစ်ပါတယ်။

လူတွေ တိရစ္ဆာန်တွေရဲ့ ရောဂါကုသစရာ စိတ်အပန်းဖြေစရာ နေရာလေးလည်း ဖြစ်ပါတယ်။

အိုကိုလေးတို့ မိသားစုဟာ အဲဒီနေရာက အပြန်မှာ ယာဉ်မတော်တဆမှုဖြစ်ပြီး အိုကိုလေးရဲ့ အမေနဲ့အဖေနှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပါတယ်။

အိုကိုလေးကတော့ သဘာဝလွန်ထူးခြားဖြစ်စဉ်တစ်ခုကြောင့် သေလျက်နဲ့ ရှင်သန်ခဲ့ပါတယ်။

တစ်ခါသေဖူးတဲ့ အိုကိုဟာ ထူးခြားစွာနဲ့ ဝိညာဉ်တွေကို မြင်နိုင်လာပါတယ်။

ဇာတ်လမ်း အပြည့်အစုံကိုတော့ အံ့သြထူးခြားမှုတွေနဲ့ ပြည့်နေတဲ့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ..

🎬 ကြည့်ရန် Channel Link 🔗

https://t.me/cartoon_nd_mmsubmovies/293

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
From Up on Poppy Hill [2011]

ဒီကားလေးကတော့ Studio Ghibli ရဲ့ဇာတ်ကားကောင်းများစွာထဲက ဇာတ်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ် ဒီကားလေးကနေ ဂျပန်ရဲ့ရှေးအငွေ့သက်တွေကို ပြန်လည်ခံစားလို့ရပါတယ်
1963 ခုနှစ် ဒုတိယကမ္ဘာစစ် ပြီးခါစ ဂျပန်နိုင်ငံ တိုးတက်ပြောင်းလဲလာစ အချိန်လည်းဖြစ်ပြီး အိုလံပစ်အတွက် ပြင်ဆင်နေတဲ့အချိန်လည်း ဖြစ်ပါတယ်
အူမိ ဆိုတဲ့ မိန်းကလေးက အထက်တန်းကျောင်းသူလေး တစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ သူမဟာ ရွှန်း ကာဇူမဆိုတဲ့ ကောင်လေးကိုမြင်ပြီး စိတ်ဝင်စားမိသွားပါတယ်
ရွှန်းဆိုတဲ့ ကောင်လေးက သူတို့ကျောင်းရဲ့ Clubhouse ကအဖွဲ့ဝင် တစ်ယောက် ဖြစ်ပါတယ် ကျောင်းရဲ့ Clubhouse က ဟောင်းနေပြီမလို့ ဖြေချခံရဆဲဆဲဖြစ်နေတာပါ
ရွှန်းက ဒါကို တားဖို့လုပ်နေတဲ့ အဖွဲ့ထဲကလူတစ်ယောက်ပါ နောက်ပိုင်း အူမိကပါ အကျိုးကြောင်သိးသွားပြီ အဲ့အဖွဲ့ကို ကူညီရာကနေ အူမိ တစ်ယောက်ဟာ Clubhouse ကိုနေ့စဥ်သွားရင်းနဲ့ ရွှန်းကို ချစ်မိသွားပါတယ် နောက်ဘယ်လို ဆက်ဖြစ်မလဲဆိုတာကို ကြည့်ပေးကြပါဦး

😍 ကြည့်ရန်နှိပ်ပါ👇

https://t.me/AnimeZone_MM/1565

🎬 Main channel 🔗

https://t.me/addlist/2G3fUmTyyn9jZTJl
" Ne Zha 2 " [2025] မြန်မာစာတန်းထိုး

အရင်လကမှ ရုံစတင်တည်းက အရွယ်ပေါင်းစုံရဲ့စိတ်ဝင်စားမှုကိုရထားပြီး
စံချိန်မျိုးစုံကိုချိုးနေတဲ့ နီကျား ၂ မြန်မာစာတန်းထိုးနဲ့ ရပြီနော်။

အခုကားမှာက နီကျားနဲ့အောက်ပင်တို့
ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းလုပ်နေချိန် နှောင့်ယှက်ခံရပြီး ၇ရက်အတွင်း ကျောက်စိမ်းနန်းတော်ရဲ့ရတနာတိုက်ထဲမှာရှိတဲ့ ကျောက်စိမ်ပျားရည်လို့ခေါ်တဲ့ ရတနာတစ်မျိုးကိုရှာရင်ရှာ မရှာရင် ၂ ယောက်လုံးသေနိုင်မယ့်အဖြစ်ရောက်ခဲ့ရတဲ့သူတို့တွေနဲ့ သားအတွက်ဆို စစ်ပါခင်းပြီးရတနာကြာပန်းယူပေးမယ့်  နဂါးမျိုးနွယ်အဖေနဲ့ နီကျားတို့မိဘတွေရဲ့တင်းမာမှုတွေကြား ၇ရက်အတွင်း ဘယ်လိုကြံဖန်ကြမလဲဆိုတာကို ရသပေါင်းစုံခံစားရမယ့် နီကျား ၂ ကို ဟောဒီမှာ ဦးဦးဖျားဖျားကြည့်လို့ရပါပြီ။

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1517

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
Howl's Moving Castle [2004]

Review 🗒

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ရွေ့လျားနေတဲ့ရဲတိုက်ကြီးဆိုပြီး နာမည်ကြီးလှတဲ့ Howl's Moving Castle ပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းလေးမှာ ဖိနပ်ချုပ်သမားရဲ့ သမီးဖြစ်သူ Sophie ဟာ သူ့ဆိုင်မှာနေရင်း အလုပ်ကြိုစားလုပ်ကိုင်နေတဲ့သူတစ်ယောက်ပါ။
တစ်နေ့တော့ အကျပ်အတည်းနဲ့ကြုံနေတုန်း လျှို့ဝှက်ဆန်းကြယ် မှော်ဆရာလေး Howl က သူ(မ) ကိုကယ်တင်ခဲ့ပါတယ်။

သူတို့နှစ်ဦးချစ်ကြိုက်သွားမှာကို မလိုလားတဲ့ စုန်းမကြီးတစ်ယောက်က Sophie ကို ကျိန်စာတိုက်လိုက်ပြီး Sophie လည်း အဘွားအိုကြီးတစ်ယောက်ဖြစ်သွားပါတယ်။

Sophie ဟာ ကျိန်စာတိုက်ခံရပြီးနောက်မှာ ဘယ်လိုလောကဓံကို တွေ့ကြုံခံစားရမလဲ ၊ Howl နဲ့ရော ပြန်လည်တွေ့ဆုံခွင့်ရှိမလား ၊ ကျိန်စာရောပြန်ပျက်ပြယ်သွားမလား အဘွားကြီးအဖြစ်နဲ့ တစ်သက်လုံးနေသွားရမလားဆိုတာကိုတော့ ဇာတ်လမ်းမှာ ကြည့်ရှုအားပေးနိုင်ပါတယ်။

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1577

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
Grave of the fireflies [1988]

Review 📝

ဒုတိယကမ္ဘာစစ်ကြီးဖြစ်နေတဲ့အချိန်ဂျပန်နိုင်ငံလည်းနေရာအနှံ့ဗုံးကျဲခံရလို့…ထွက်ပြေးကြရ-ဗုံးကျင်းတွေခိုကြရတဲ့အချိန်မှာ…ဆဲတိုနဲ့ဆဲဆု တို့မောင်နှမ နဲ့သူတို့အမေလည်း ဗုံးခိုကြရရင်း..သူတို့အမေသေဆုံးသွားခဲ့ပါတယ်…

အဖေကလည်းတိုက်ပွဲမှာတိုက်ခိုက်နေရတဲ့အတွက်..အဆက်အသွယ်ကလည်းမရဖြစ်နေပြန်တော့..ခိုကိုးရာမဲ့ မောင်နှမနှစ်ယောက်လည်းအမေ့ညီမ တစ်ဝမ်းကွဲ အဒေါ်အိမ်ကိုမှီခိုဖို့ရောက်လာခဲ့ကြပါတယ်..

ရောက်ခါစကတော့ မောင်နှမနှစ်ယောက်ဆီကပါလာတဲ့အစားအသောက်တွေမျက်နှာကြောင့်ကြည်ကြည်ဖြူဖြူဖြစ်ပေမယ့်..အားလုံးကုန်သွားတဲ့အခါမှာတော့ ညိုငြင်စပြုလာပါတော့တယ်..

ကြံခိုင်တဲ့အကိုဖြစ်ဆဲတိုက အပြောအဆိုမခံချင်တာနဲ့မောင်နှမလေးနှစ်ယောက်အမေချန်ထားခဲ့တဲ့ပိုက်ဆံလေးနဲ့လမ်းဘေးနေရာတစ်ခုမှာ စားသောက်ခဲ့ကြတယ်..

ညမှောင်လာတဲ့အခါ ျိုးတို့ရဲ့ကုန်းကောက်စရာမရှိအောင်ဆင်းရဲမွဲတေပုံကနေခေတ်မှီတဲ့နိုင်ငံတော်တစ်ကြတယ်..

တဖြည်းဖြည်းနဲ့စားစရာတွေမရှိတော့တဲ့အချိန်မှာသူတို့မောင်နှမနှစ်ယောက်ဘာတွေဆက်ဖြစ်ကြမှာလဲ

🎬 ကြည့်ရန် Channel Link 🔗

https://t.me/mmsub_cartoon_ch/19

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
Look Back [2024]

မူလတန်းကျောင်းသူ Ayumu Fujino ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး Manga Artist လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ Kyomoto ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။

🎬 ကြည့်ရန် Channel Link 🔗

https://t.me/cartoon_nd_mmsubmovies/178
Natsume's Book of Friends the Movie (2018)

ငယ်ငယ်ကတည်းက မိဘတွေကွယ်လွန်သွားတဲ့အတွက် ‌အမျိုးတွေရဲ့အိမ်မှာ လိုက်နေနေရတဲ့ နာဆုမဲတာကာရှိက အဘွားဖြစ်သူ နာဆုမဲရဲခိုရဲ့ ဝိညာဉ်မြင်နိုင်စွမ်းကိုအမွေရရှိခဲ့ပါတယ်။

အဲဒီအစွမ်းအပြင် အဘွားဖြစ်သူရဲ့ပစ္စည်းတွေကိုပါ အမွေရခဲ့ပြီး အဲဒီအမွေပစ္စည်းတွေထဲမှာ စာအုပ်လေးတစ်အုပ် ပါလာပါတယ်။

အဲဒီစာအုပ်ကတော့ အဘွားဖြစ်သူ နာဆုမဲရဲခိုတစ်ယောက် ငယ်စဉ်က မကောင်းဆိုးဝါးတွေကိုအနိုင်ယူပြီး နာမည်တွေစုဆောင်းထားခဲ့တဲ့စာအုပ်လေးပါ…

မကောင်းဆိုးဝါးတွေရဲ့နာမည်တွေဖြစ်တဲ့အလျောက် နာမည်ကိုခေါ်လိုက်ရင် အခေါ်ခံရတဲ့မကောင်းဆိုးဝါးက အမိန့်ကိုနာခံရတဲ့အစွမ်းပါရှိပါတယ်။

အဲဒီလိုအစွမ်းကြီးတဲ့စာအုပ်ကို အပိုင်စီးချင်တဲ့မကောင်းဆိုးဝါးတွေရဲ့ရန်ကနေ ထွက်ပြေးရင်း နာဆုမဲတာကာရှိတစ်ယောက်က နာမည်ပိုင်ရှင်မကောင်းဆိုးဝါးတွေကို နာမည်လိုက်ပြန်ပေးနေပါတယ်။

2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးထဲမှာတော့ နာဆုမဲတစ်ယောက် အဘွားကိုသိတဲ့လူတစ်ယောက်နဲ့တွေ့ပြီး ဘယ်လိုမျိုးမကောင်းဆိုးဝါးတွေနဲ့တွေ့ရမယ်၊

အဘွားဖြစ်သူရဲ့ဘယ်လိုဇာတ်ကြောင်းတွေကို သိရှိရမယ်ဆိုတာကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။

Link -
https://t.me/AnimeZone_MM/1528
Spirited Away [2001]

Studio Ghibli ရဲ့ artwork တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

တစ်ကယ်တော့ မိတ်ဆက်တယ်ဆိုတာထက် ပြန်ပြီး remind လုပ်တာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။Spirited Away ပါ။

Otaku တော်တော်များများ ကြည့်ဖူး ကြလိမ့်မယ်လို့ထင်ပေမယ့် ကောင်းလွန်း၊ သဘောကျလွန်းတာကြောင့် မရေးပဲမနေနိုင်လို့ ရေးလိုက်ရပါတယ်။

၁၀နှစ်သမီးလေး Chihiro ဟာသူမရဲ့ မိဘနှစ်ပါး နဲ့အတူ တစ်ခြား မြို့တစ်မြို့ကိုအိမ်ပြောင်းဖို့ခရီးထွက် လာပါတယ်။

တောလမ်း ခရီး တစ်နေရာ မှာ လိုဏ်ခေါင်း ကြီးတစ်ခုကို  တွေ့တော့ Chihiro ရဲ့မိဘတွေက ဝင်ကြည့် ပါတယ်။

လိုဏ်ဂူထဲ ကို ဝင်မကြည့် ချင်ပေမဲ့လည်းကားပေါ်မှာ တစ်ယောက်တည်း နေဖို့  ကြောက်တဲ့ Chihiro ကလည်းမိဘတွေနဲ့အတူ လိုက်လာ ပါတယ်။

လိုဏ်ခေါင်းရဲ့ တစ်ဖက်ခြမ်း မှာတော့ ပျက်စီးနေပြီ ဖြစ်တဲ့theme park ကြီး တစ်ခုကို တွေ့ကြ ရပါတယ်။

Park ထဲမှာ လျှောက်သွား ကြရင်း တစ်နေရာမှာ ဖွယ်ဖွယ်ရာရာပြင်ဆင်ထား တဲ့ စားစရာတွေ ကို တွေ့တော့ Chihiro ရဲ့ မိဘများ ကမနေနိုင်ပဲ ယူစား မိပါတယ်။

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1556

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
Maquia: When the Promised Flower Blooms [2018]

Anime တို့ ထုံးစံအတိုင်း မဟာတရားတွေ ကြမ်းပြီး deep ဖြစ်တဲ့ plot တွေနဲ့ ကြည့်ရှုသူကို ဆွဲဆောင်နိုင်မယ်ဆိုတာk သေချာပါတယ်

ဇာတ်လမ်းကနှစ်နာရီနီးပါးကြာမြင့်ပြီးဇာတ်အိမ်တည်ထားတာလဲတော်တော် ခိုင်မာလွန်းပါတယ်

အပြစ်ပြောစရာတစ်ပေါက်တောင်မရှိအောင်ကောင်းလွန်းတယ် Anime လေးတွေကလဲဆွဲထားတာ ချစ်စရာလေးတွေ

ပြီးတော့နောက်ထပ် ညွှန်းလိုတာက theme song ပါ

ပြလိုက်တဲ့ scene နဲ့ theme song နဲ့ကအံဝင်ခွင်ကျဖြစ်လွန်းလို့ တကယ့် climax ရောက်တော့မယ့် scene တွေမှာဆို မျက်ရည်ပါဘူးသီး လုံးလောက်ကျမိပါတယ်

😍 ကြည့်ရန်နှိပ်ပါ👇

https://t.me/AnimeZone_MM/1468

🎬 Main channel 🔗

https://t.me/addlist/2G3fUmTyyn9jZTJl
မြေအောက်မြို့တော်မှာ နေကြတဲ့ရှေးဟောင်း မံမီသုံးကောင်ဟာ ယနေ့ခေတ်လန်ဒန်မြို့ပေါ်ကို မတော်တဆရောက်လာတဲ့အခါ.....

Mummies ( 2023 )
===============

ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။

ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။

အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတို့ရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို့ အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖို့လိုတယ်လို့ ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။

အဲဒီအလောင်းတွေကို မံမီတွေလို့ခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လို့ခေါ်ရာကနေ ဆင်းသက်လာတာပါ။

အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။

😍 ကြည့်ရန်နှိပ်ပါ👇

https://t.me/cartoon_nd_mmsubmovies/428

🎬 Main channel 🔗

https://t.me/addlist/2G3fUmTyyn9jZTJl
Ponyo [2008]

ဒီ animeဇာတ်ကား Ponyoကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ပွန်ငြိုဆိုတဲ့ငါးမလေးဟာ လူအဖြစ်ကိုစွန့်လွှတ်ထားတဲ့မှော်ဆရာကြီးနဲ့ ပင်လယ်နတ်ဘုရားမရဲ့ရင်သွေးလေးဖြစ်ပြီး သူဟာ သူသွေးသောက်လိုက်တဲ့သတ္တဝါရဲ့ အသွင်သဏ္ဍာန်ကိုတုနိုင်ပါတယ်။

တစ်နေ့မှာပွန်ငြိုဟာ အဖေဖြစ်သူရဲ့စောင့်ရှောက်မှုအောက်မှာရှိနေတုန်း သူ့အဖေအာရုံများနေတဲ့အချိန်မှာ အသာလေးစွန့်စားခန်းလစ်ထွက်လာခဲ့ရင်း လူသားတိုရှိရာကမ်းစပ်ကိုရောက်လာခဲ့ပါတယ်။

နောက်ထပ်အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆိုးစုကဲဆိုတဲ့ကောင်လေးကတော့ ပင်လယ်ကမ်းစပ်ဒေသမှာနေထိုင်တဲ့ သာမန်လူသားလေးတစ်ယောက်ပဲဖြစ်ပါတယ်။

သူဟာ ထွက်ပြေးလာတဲ့ပွန်ငြိုကို ငါးအသွင်နဲ့ရှာတွေ့ခဲ့ပြီး ပွန်ငြိုတစ်ယောက် မတော်တဆ ဆိုးစုကဲရဲ့သွေးကိုလျက်လိုက်တဲ့အချိန်မှာတော့လူဖြစ်သွားရင်း နှစ်ယောက်သားရင်းနှီးသွားပါတယ်။

သို့သော်လည်း လူသားတွေနဲ့မသက်ဆိုင်တဲ့ပွန်ငြိုဟာ ဆိုးစုကဲကို ချစ်ခင်စုံမက်ပြီး လူတွေရဲ့လောကကိုခင်တွယ်လာတဲ့အတွက် ကမ္ဘာကြီးထဲ ကမောက်ကမတွေဖြစ်ကာ ကမ္ဘာပျက်နိုင်မယ့်အရေးနဲ့ကြုံတွေ့လာရတဲ့အခါမှာတော့ နှစ်ယောက်သားအနေနဲ့ ဒီအရေးကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1578
Look Back [2024]

မူလတန်းကျောင်းသူ Ayumu Fujino ဟာ ကျောင်းတွင်းသတင်းစာမှာ တစ်မျက်နှာလေးကွက်မန်းဂလို့ခေါ်တဲ့ Yonkoma ကိုရေးဆွဲလေ့ရှိသူပါ။ သူ့သူငယ်ချင်းတွေကလည်း သူ့လက်ရာတွေကိုချီးကျူးကြပြီး Manga Artist လုပ်သင့်တယ်လို့အကြံပေးကြတယ်။ တစ်နေ့ ကျောင်းလာမတက်ဘဲ အိမ်တွင်းပုန်းဖြစ်သူ Kyomoto ဆိုတဲ့ ကျောင်းသူတစ်ယောက်ရဲ့ Yonkoma က သူ့ Yonkoma နဲ့ယှဉ်ပြီးပါလာလို့ ကရိုမိုတိုရဲ့လက်ရာကအများကြီးပိုသာနေတာကို တွေ့လိုက်ရတယ်။ ဖူဂျီနိုလည်း မနာလိုစိတ်ဝင်သွားပြီး သူ့ထက်သာအောင်လုပ်မယ်ဆိုပြီး မန်းဂဆွဲတဲ့ဘက်ကို ဇောက်ချလုပ်ပေမဲ့လည်း မူလတန်းဆဋ္ဌမနှစ်ရောက်တဲ့အထိ သူဘယ်လိုပဲကြိုးစားကြိုးစား ကရိုမိုတိုရဲ့လက်ရာကို မမီမှန်းသိလိုက်ရတော့ လမ်းခုလပ်မှာ မန်းဂဆွဲတာကိုရပ်လိုက်တော့တယ်။ အဲဒီလိုနဲ့ မူလတန်းကျောင်းပြီးသွားတဲ့အချိန်ရောက်တော့ ဖူဂျီနိုတစ်ယောက် ကရိုမိုတိုရဲ့မူလတန်းအောင်လက်မှတ်ကို ဆရာဖြစ်သူခိုင်းလို့ သွားပေးရတဲ့နေ့ကစပြီး သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ကောင်းမွန်တဲ့ဆက်ဆံရေးဖြစ်သွားမလား ဆိုးဝါးတဲ့ဆက်ဆံရေးဖြစ်သွားမလဲဆိုတာ ပိတ်ကားထက်မှာ ဆက်လက်ရှုစားလိုက်ပါခင်ဗျာ။

🎬 ကြည့်ရန် Channel Link 🔗

https://t.me/cartoon_nd_mmsubmovies/284
Mary and the Witch's Flower [2017]

မယ်ရီဆိုတဲ့ ကလေးမလေးဟာ မွေးရာပါ ဆံပင်နီကြောင်ကြောင်လေးပေါ့

အရမ်းသွတ်သွတ်လက်လက် နေတက်သလို လုပ်သမျှတိုင်းကလဲ အလွဲတွေကြီးပါပဲ

သူဟာ လူကြီးမိဘ တွေကို အရမ်းကူညီချင်ပေမယ့် သူလုပ်လိုက်တိုင်း အလွဲကြီးတွေ ဖြစ်လို့ မခိုင်းရဲကြဘူး

ဒီလိုနဲ့ မယ်ရီ လေးဟာ ဟိုယောင်ယောင် ဒီယောင်ယောင် လေး ဖြစ်နေတာပေါ့

တစ်ရက်မှာတော့ တောစပ်အနီးမှာ မုန့်စား
နေတုန်း ကြောင်လေး တစ်ကောင် မုန့်လာတောင်းစားလို့
ကျွေးလိုက်မိရင်း အဲ့ဒီကြောင်လေး တောအုပ်ထဲကို အ၀င် စပ်စုပြီး လိုက်သွားပါတော့တယ်

မယ်ရီ တစ်ဖြေးဖြေး လိုက်သွားရင် ကြောင်လေးဟာ ၂ ကောင်ဖြစ်သွားပြီး ထူးဆန်းတဲ့ ပန်းတွေ ရှိရာကို လမ်းပြပေးခဲ့ပါတယ်

အရမ်းလှလွန်းတဲ့ ပန်းလေးမို့ မနေနိုင်ပဲ ခူးမိပြီး အိမ်သို့ သယ်သွားတဲ့နောက်မယ်ရီ ဘ၀မှာ ထူးထူးဆန်းဆန်း ကိစ္စတွေပဲ ဆက်တိုက်ကြုံလာခဲ့ရသောအခါ..

🎬 ကြည့်ရန် Channel Link 🔗

https://t.me/AnimeZone_MM/1477

✅ Main Channel လေး Join ထားပေးပါနော် 💖

https://t.me/addlist/2G3fUmTyyn9jZTJl
登录以解锁更多功能。