Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
CHANNEL H (Bollywood movies) avatar

CHANNEL H (Bollywood movies)

TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置Індія
语言其他
频道创建日期Feb 06, 2025
添加到 TGlist 的日期
Aug 09, 2024

记录

19.01.202519:54
109.9K订阅者
31.08.202423:59
400引用指数
18.08.202423:59
12.7K每帖平均覆盖率
20.10.202423:59
10.9K广告帖子的平均覆盖率
28.09.202423:59
16.39%ER
18.08.202423:59
21.96%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
OCT '24JAN '25APR '25

CHANNEL H (Bollywood movies) 热门帖子

已删除02.04.202500:17
Sikandar (2025)
***

မြန်မာစာတန်းထိုးရပါပြီ


မနေ့ကမှရုံတင်တဲ့ Sikandar ဇာတ်ကားမှာဆိုရင် rashmika လေးကတော့ မိဖုရားနေရာကနေအဓိကပါဝင်ထားပီး ဘုရင်ကြီးဆိုသူက ကျနော်တို့ရဲ့ လူပျိုသိုးကြီးပေါ့ဗျာ။

ဇာတ်လမ်းအစ

လေယာဉ်ပေါ်မှာ နိုင်ငံရေးသမား တစ်ဉီးရဲ့သားက ခလေးအမေကို ဓာတ်ပုံရိုက်ကာ DeepFake လုပ်ပီး အဲ့ဒီ Video ဖိုင်နဲ့ အကြပ်ကိုင် ပီး ထိကပါးရိကပါး လုပ်ဖို့ကျိုးစားရာကနေ လူတစ်ယောက်က ဝင်ပီး ဆုံးမပေးလိုက်ရာကနေ စတဲ့ဇာတ်လမ်းက ကျူးလွန်သူကို အပြစ်မပေးပဲ ကယ်တင်သူကို မှ ဖမ်းချင်နေတဲ့ အင်စပတ်တာက အိမ်ကိုလိုက်သွားတဲ့အခါ ဘုရင်ကြီးဖြစ်နေမှန်းသိတာတောင် လက်မလျှော့သေးတဲ့ ရဲကို မိဖုရားကလဲ ခတ်ချေချေပဲလေ
အဲ့ဒီအချိန် ဘယ်ထဲကရောက်နေမှန်းမသိတဲ့လူအုပ်ကြီးက ရဲကားကို ဖျတ်စီးပီး ဆန္ဒပြပေးလိုက်တော့ သူလဲမကျေမနပ်နဲ့ စခန်းပြန်ခဲ့ရတာပေါ့ ဟိုရောက်တော့ ဘုရင်ကြီးနဲ့တွေ့ပီး ဘယ်လို မကျေပွဲတွေဆက်ဖြစ်လာမလဲ... ပီးတော့ အဲ့ဒီနောက်ကွယ်မှာ ဘာတွေရှိနေအုံးမလဲဆိုတာကိုတော့........

Movie Link 👇
https://t.me/khanthtookyaw555/292
ဆစ်ကန်ဒါ (၂၀၂၅)
***

အိန္ဒိယရဲ့ ယိုယွင်းနေတဲ့ စနစ်ကြီးကို “ရရင်ရ မရရင်ချ” ဆိုတဲ့နည်းနဲ့ ရှင်းမယ့် ဒဏ္ဍာရီလာ အက်ရှင်မင်းသား ဆယ်လ်မန်းခန်း ရဲ့ ဇာတ်ကားသစ်

ရာ့ဂျ်ကွတ်ရဲ့ဘုရင်ဖြစ်တဲ့ မင်းသားရာ့ဂျ်ဆဘ်ဟာ မိဖုရားကြီး မတော်တဆသေဆုံးခဲ့ရတဲ့နောက် ကြေကွဲနောင်တတွေနဲ့ ဇနီးအတွက်နောက်ဆုံးအနေနဲ့လုပ်ပေးနိုင်တာရှိမလား ရှာကြံရင်း…..
မိန်းမဖြစ်သူက မဆုံးခင်ကိုယ်တွင်းအင်္ဂါလှူခဲ့တာမို့
အဆုတ်၊ နှလုံး နှင့် မျက်လုံးတို့ လက်ခံယူထားတဲ့သူတွေဆီ နောက်ကြောင်းလိုက်စောင့်ရှောက်ပေးဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီမှာ လူနာတွေ ဒီရောဂါဖြစ်ရတဲ့အကြောင်းဟာ လူမှုပတ်ဝန်းကျင်တစ်ခုလုံးကိုဖျက်စီးနေတဲ့အရာဖြစ်နေတော့ အဲဒီအရာကို ရရရင်ရ မရရင်ချ” လုပ်ကြမယ့် အနုအရွဇာတ်အစုံနဲ့ ဒီမှာ ကြည့်နိုင်ပါပြီ

ကြည့်ရန်
⬇️⬇️⬇️
https://t.me/khanthtookyaw2233/15
K.G.F: Chapter 1+2 [2018]+[2022]

==========================

K.G.F 3 မထွက်ခင် ဒီကားတွေ ပြန်ကြည့်ထားကြပါ
လုံးဝ_အကြမ်းစားကြီးကို ၁+၂ ပါ တပြိုင်တည်း
ထိုင်ကြည့်လိုက်တော့ ပို ကြည့်လို့ကောင်းသွာယော။

𝐊.𝐆.𝐅: 𝐂𝐡𝐚𝐩𝐭𝐞𝐫 1+𝟐 (2018+ 𝟐𝟎𝟐𝟐 )မြန်မာစာတန်းထိုး

Google Users 97%
IMDB Rating 9.7/10 အထိ ရရှိထားတဲ့ မင်းသား Yash ရဲ့
K.G.F: Chapter 1+ 2 နှစ်ကားစလုံးကို တင်ဆတ်ပေးလိုက်ပါပီ

Movie Link 👇
https://t.me/khanthtookyaw555/398
Dragon (2025) "နဂါးလေးရာဂါဗန်"
***

လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။

ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။

စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။

ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။

ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...

လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/180
သင်္ကြန် ပိတ်ရက်လေးမှာကြည့်ရတော့မယ့် ဘာဟုဗလီမင်းသားရဲ့ ဇာတ်ကားသစ်

The Raja...saab (2025)

ဒီရုပ်ရှင်ကို 2025 ဧပီလ 10ရက်နေ့မှာရုံတင်ပြသမှာဖြစ်ပီး ဟော်ရာ ဟာသ ရိုမန့်တစ် ရသမျိုးစုံဖြင့်
Tamil
Telugu
Hindi
Malayalam ဘာသာစကား၎မျိုးနဲ့ထွက်ရှိမှာဖြစ်ပါတယ်

ပုံမှန်ဆိုရင် Prabhasရဲ့အနုပညာကြေးဟာ Rs 150 crore ထပ်မနည်းရှိပေမဲ့ ဒီရုပ်ရှင်မှာတော့
Rs 100 crore နဲ့သာသရုပ်ဆောင်ကြေးလျှော့ယူထားပါတယ်။

ဘာကြောင့်လဲဆိုရင် 2023တုန်းကထွက်ရှိခဲ့တဲ့ Adipurush ဇာတ်ကားမှာ အမြတ်မရခဲ့တဲ့အပြင် ဘတ်ဂျက်ရဲ့ ရူပီး100 crore ကျော်ဆုံးရှုံးနစ်နာခဲ့တာကြောင့် အဲ့ဒီပြဇာတ်ကိုဝယ်ယူခဲ့တဲ့ ဒီ The Rajasaab ရဲ့ ပရိုဂျူဆာ TG Vishwa Prasad ကို ပြန်လည် Respect ပေးတဲ့အနေနဲ့ အနုပညာကြေး ရူပီး100 crore နဲ့သာရိုက်ကူးပေးခဲ့ပါတယ်
ဒါကြောင့် ပရိုဂျူဆာတွေဖက်ကလဲ ဒီရုပ်ရှင် ရုံတင်တဲ့အခါ အမြတ်စွန်းများရရှိခဲ့ရင်လဲ Prabhas ကိုထပ်ပေးအုံးမယ်လို့သိရပါတယ်

ကျနော်တို့လို ကြည့်ရှု့သူတွေအနေနဲ့ကတော့ The Rajasaabရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ကြရတဲ့အခါမှာ ကြောက်ရမလား ရယ်ရမလား အချစ်ခန်းလေးတွေကိုမြင်တွေ့ရမလားဆိုတာ.......

ကြည့်ရန် 👇
https://t.me/khanthtookyaw555/252
已删除02.04.202500:46
L2 Empuraan (2025)
=================
စတီဖင် နက်ဒွန်ပါလီဆိုတာဘယ်သူလဲ။

ဟိန္ဒူဘာသာ၀င်တွေအတွက်တော့  နတ်ဆိုးဘုရင် ရာဗာနာရဲ့သားတော် မာဟီရာဗာနာ

အစ္စလာမ်ဘာသာအရဆိုရင် အီဘလီစ်ဆိုတဲ့ နတ်ဆိုး

ခရစ္စယာန်တွေအတွက်တော့ သူဟာ လူစီဖာ(စေတန်) လို့ပြောရလောက်တဲ့အထိကို

ဆိုးသွမ်းကြမ်းတမ်းပြီးအာဏာရှိတဲ့ လူတစ်ယောက်

နိုင်ငံရေးပါတီတွေပြိုင်ဆိုင်ကြရင်း နိုင်ငံရေးအတွက် ဘာသာရေးကိုပါ ရောယှက်အသုံးချလာကြတဲ့အခါ အဓိကရုဏ်းတွေဖြစ် လူတွေသွေးကဲ သေကြေကုန်ကြတာတွေကို အမှန်တရားဘက်တော်သားတွေ ဘယ်လိုရင်ဆိုင်တားဆီးသွားမလဲဆိုတာကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။


Movie Link 👇
https://t.me/khanthtookyaw555/268
Ra*ay*an [ 2/0/2/4 ] မြန်မာစာတန်းထိုး

နာမည်ကျော် မင်းသား Dhanush ရဲ့
သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့
ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်။

ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ
မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီး

အဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ
လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်

ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး
ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါ

တုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...

တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့
ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး...

အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...

Movie Link 👇
https://t.me/khanthtookyaw555/307
JATT (2025) မြန်မာစာတန်းထိုး
===========

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/446
Co*b*ra [ 2/0/2/2 ] မြန်မာစာတန်းထိုး

ဒီတစ်ခေါက်မှာတော့ IMDB 6.5 နဲ့ ခါးကုန်းမင်းသား၊ ကြပ်မပြည့်တဲ့မင်းသားအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ဗစ်ကရမ် လိုနာမည်ကြီးမင်းသားဟောင်းကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ Cobra လို့အမည်ရတဲ့ Crime,Actionအမျိုးအစားရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်ဟာ သင်္ချာနည်းတွေနဲ့ ပြစ်မှုကျူးလွန်နိုင်လား?

ဟုတ်ကဲ့ ဒီကားမှာတော့ မာသီဆိုတဲ့လူဟာ သင်္ချာသဘောတရားတွေနဲ့ပြစ်မှုကျူးလွန်ပါတယ်

သူပြစ်မှုကျူးလွန်ပုံကတော့ ကမ္ဘာတစ်ဝှမ်းက ရာထူးကြီး အရေးကြီးပုဂ္ဂိုလ်တွေကိုမှ နိုင်ငံရေး သမားတွေကိုမှ လုပ်ကြံသ-တ်ဖြ-တ်တာ ဖြစ်ပါတယ်

ဒါကို အပြည်ပြည်ဆိုင်ရာ ရဲအရာရှိက သင်္ချာပါရမီရှင်ကောင်မလေးတစ်ယောက်ရဲ့ အကူအညီနဲ့ သူ့ကို
အမိဖမ်းမှာပဲ ဖြစ်ပါတယ်

သူ့ရဲ့ သင်္ချာအတွက်အချက် ဗျူဟာတွေနဲ့
ပြစ်မှုဘယ်လိုကျူးလွန်တာလဲ။

သူကတကယ်ရောတရားခံအစစ်မှဟုတ်ရဲ့လား။ ဘယ်လို အရှုပ်အထွေးတွေပါဝင်ပါတ်သက်နေမလဲ။

ဘာကြောင့် နိုင်ငံတကာက အရေးကြီးပုဂ္ဂိုလ်တွေကိုမှ လုပ်ကြံရတာလဲဆိုတာ ဒီကားလေးထဲမှာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်လို့ အခုလိုပဲ တင်ဆက်ပေးလိုက်ရပါတယ်နော်

Movie Link 👇
https://t.me/khanthtookyaw555/283
JATT (2025) မြန်မာစာတန်းထိုး
===========

လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က အကျင့်ပျက်ရဲတစ်ယောက်ဟာ အိန္ဒိယနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့ ပြည်ပကရာဇဝတ်သားလေးယောက်ဆီက လာဘ်စားပြီး ဒီလူလေးယောက်ကို နိုင်ငံအတွင်းခိုလှုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ရာနာသွန်ဂါခေါင်းဆောင်တဲ့ အဲဒီရာဇဝတ်သားလေးယောက်ဟာ သူတို့ခိုလှုံရာနယ်မြေတစ်ဝိုက်မှာ အကြောက်တရားကြီးစိုးစေပြီး အဲဒီနယ်တွေမှာ သူတို့ရဲ့အာဏာစက်ကိုဖြန့်ကျက်ထားခဲ့ပါတယ်။

ဒီနေ့မှာတော့ ရာနာသွန်ဂါတို့ရဲ့ပိုင်နက်ထဲကို မဟုတ်မခံစိတ်ရှိတဲ့ ဂျာ့ဒ်လူမျိုးတစ်ယောက်ရောက်ရှိလာပါတယ်။ တောင်းပန်စကားတစ်ခွန်းအတွက် ကောင်းကင်ထိတက်မဲ့ဒီလူဟာ မတရားမှုတွေကို မျက်မြင်တွေ့ရတဲ့အချိန်မှာတော့ ဒီအရှုပ်အထွေးတွေကြားမှာ ဝင်ပါဖို့ဖြစ်လာပါတော့တယ်။

ဒီဇာတ်ကားလေးက မနေ့ကမှထွက်ရှိထားတဲ့ ရုံတင်ကားအသစ်စက်စက်လေးဖြစ်ပြီး အားလုံးကိုကြည့်စေချင်လို့ အစောကြီးဘာသာပြန်ပြီးတင်ပေးထားတာမို့ အက်ရှင်ကားကောင်းလေးတစ်ကားကြည့်ရင်း ဘဝအမောတွေပြေကြပါစေခင်ဗျာ။

Movie Link 👇
https://t.me/khanthtookyaw555/446
ရိုက်သမျှထဲမှာ မကောင်းတဲ့ကား မရှိသလောက်ကိုရှားတဲ့ မင်းသားကြီး မာဒေဗန်းရဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။

ဒီရုပ်ရှင်ဟာဆိုရင် လက်တွေ့မှာလည်း အများကြီးတွေ့နေရတဲ့
ဘဏ်တွေရဲ့ ရိုက်စားကွက်တွေကို ပညာသားပါပါ တင်ဆက်ပြထားတာပါ။

၅၀ တန်သကြားလုံးနဲ့ လဲယူလိုက်ရတဲ့ ၁၀၀ တန် အမ်းငွေ၊
ဘဏ်စာရင်းတွေထဲမှာ အစပျောက်သွားတတ်တဲ့ ကျပ်စွန်း ပြားစွန်း၊
စပါယ်ရှယ်အကောင့်ဖွင့်လိုက်လို့ ဘယ်တော့မှ ပြန်ထုတ်မရတော့တဲ့ ပိုက်ဆံ ၁၀၀၀၀၊
အဲဒီလို အစွန်းထွက်ငွေတွေကို ပမာဏနည်းနည်းလေးပါဆိုပြီး
ဘယ်သူကမှ အရေးတယူမလုပ်ကြပါဘူး။

ဒါပေမဲ့ အဲဒီိိလို ၁၀၀၀၀ တွေ အများကြီးပေါင်းသွားရင်၊
ကျပ်စွန်းပြားစွန်းလေးတွေ အဆပေါင်းများစွာပေါင်းသွားရင်
လူတစ်ယောက်ကို ဘဝပြောင်းစေနိုင်လောက်တဲ့ ပမာဏဖြစ်လာပါတယ်။

ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက်ဖြစ်သူ ရာဒီကတော့ စတိုးဆိုင်မှာ သကြားလုံးအကြွေ
ပြန်အမ်းတာကအစ ဘဏ်စာရင်း ပြားစွန်းထွက်တာအထိကို စာရင်းတွက်တတ်တဲ့ အင်မတန်တိကျတဲ့သူပါ

၁၀ တန် ဆယ်ရွက်ပေါင်းရင် ၁၀၀ ဖြစ်တာသိတဲ့ ရာဒေးဟာ အဲဒီလို ကျပ်စွန်းပြားစွန်းတွေဖြတ်ပြီး လူညွန့်ခူးစားနေတဲ့ ဘဏ်သူဌေးနဲ့ ထိပ်တိုက်တွေ့ပြီး

Movie Link
⬇️⬇️⬇️
https://t.me/khanthtookyaw555/540
အက်ရှင်စွန့်စားသဲဖို 8.0
၁၀ နှစ်အကြာ ထောင်က လွတ်မြောက်လာတဲ့ B*h*o*l*a*a (Ajay Devgn) ဟာ သူ့သမီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖို့ အသည်းအသန် စောင့်မျှော်နေပါတယ်။ ဒါပေမဲ့ IPS အရာရှိ Diana Joseph (Tabu) က မူးယစ်မာဖီးယားဂိုဏ်းတွေ၊ သာမန်လူတွေနှင့် ရဲတွေပါ၀င်တဲ့ဖိအားမြင့်မားအခြေအနေမှာ သူ့မကိုကူညီရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ဘဲ B*h*o*l*a*a ရဲ့အိမ်မပြန်လမ်းခရီး မရေရာသောအခြေအနေထဲသို့ရောက်ရှိသွားပြီး နောက်....လမ်းလယ်မှာ အဖမ်းခံရတဲ့အခါ သူ့ခရီးက စခက်လာတယ်။ အစပိုင်းမှာတော့ သူကိုယ်တိုင်ဝင်သွားခဲ့တဲ့ သင်္ချိုင်းတွင်းအခြေအနေကို မသိပေမယ့် ရူးသွပ်တဲ့ အဖြစ်အပျက်တစ်ခု ကြုံလာပြီးနောက်မှာတော့ ထောင့်ပေါင်းစုံက အတားအဆီးတွေနဲ့ ပြည့်နှက်နေတဲ့ သေမင်းတမန်လမ်းကို လျှောက်သွားရမှာ ဖြစ်ပြီး သူ့သမီးနဲ့တွေ့နိူင်မှာလား...

Movie Link 👇
https://t.me/khanthtookyaw555/182
Dra***gon (2025) "နဂါးလေးရာဂါဗန်"

လက်ရှိမှာ ၂၀၂၅ ခုနှစ်အတွက် ၀င်ငွေအကောင်းဆုံး တမီလ်စကားပြောရုပ်ရှင်အဖြစ်ရော
စတုတ္ထမြောက်၀င်ငွေအကောင်းဆုံးအိန္ဒိယရုပ်ရှင်အဖြစ်ပါ စံချိန်တင်ထားတဲ့
အချစ်-ဒရာမာ-ဟာသဇာတ်လမ်းသစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လူတစ်ယောက်တကယ်ပြောင်းလဲချင်ရင် စက္ကန့်ပိုင်းပဲ ကြာတယ်ဆိုတဲ့စကားကို
ကြားဖူးမှာပါ။ ဘာမဟုတ်တဲ့ကိစ္စလေးက လူတစ်ယောက်ကို
အကြီးအကျယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ဒီလိုပါပဲ။

ဒီရာဂါဗန်ဆိုတဲ့လူငယ်လေးဟာ ၁၂ တန်းကို ထူးထူးချွန်ချွန်အောင်မြင်ပြီး
အင်ဂျင်နီယာကျောင်းကောင်းကောင်းကို ၀င်ခွင့်ရခဲ့ပါတယ်။
ဒါပေမဲ့ သူဆုရတဲ့နေ့မှာပဲ သူကြိုက်နေတဲ့သူငယ်ချင်းကောင်မလေးကို
ဖွင့်ပြောမိရာကစလို့ သူ့ဘ၀ကြီးလုံး၀ပြောင်းလဲသွားရဖို့ ဖြစ်လာပါတယ်။

စာတော်ပြီးလိမ္မာရင် မိန်းကလေးတွေကြိုက်ကြမယ်လို့ အထင်ရှိခဲ့တဲ့
လူလိမ္မာလေးရာဂါဗန်တစ်ယောက် သူချစ်တဲ့မိန်းကလေးက
ကျောင်းကလူဆိုးလူပေကိုမှ ကြိုက်နေတာကို သိသွားပါတယ်။
အဲဒီကစလို့ ရာဂါဗန်ဟာ စာတော်တဲ့လူလိမ္မာကျောင်းသားလေးဘ၀ကို တစ်ခန်းရပ်ပစ်လိုက်ပါတယ်။

ဒီရာ‌ဂါဗန်ဆိုတဲ့နာမည်ကိုလည်း နဂါးလေးလို့ သူ့ကိုယ့်သူပြောင်းမှည့်ပြီး
အင်ဂျင်နီယာကျောင်းမှာ ကမ်းကုန်အောင်ဆိုးပါတော့တယ်။
သူ့ရဲ့ဆိုးမိုက်မှုတွေကြောင့်ဘွဲ့ရခါနီးမှ ကျောင်းတန်းလန်းနဲ့
ဟိုမရောက်ဒီမရောက် ဖြစ်သွားပါတယ်။ ဘွဲ့မရ အလုပ်မရှိနဲ့
ဘ၀ကိုအချိန်ဖြုန်းလေလွင့်နေပေမဲ့ မိဘတွေကိုတော့
အလုပ်ရှိသယောင် လုပ်ဇာတ်ခင်းထားတာပါ။

ဒီလိုနဲ့တစ်နေ့တော့ ၆ နှစ်ကြာအောင် သူ့ရဲ့ဆိုးမိုက်မှုဒဏ်ကို
သည်းခံပေးလာတဲ့ ချစ်သူမိန်းကလေးကပါ သူ့ကို ထားသွားဖို့အကြောင်းဖန်လာတဲ့အခါ...

လေလွင့်‌နေတဲ့ ရာဂါဗန်တစ်ယောက် နောင်တရလာမှာလား၊
သူ့ဘ၀ပြောင်းလဲလာပါဦးမလား၊ သူ့မိဘတွေနဲ့ရော
ဘယ်လိုရှေ့ဆက်စခန်းသွားမလဲဆိုတာကို အချစ်နဲ့ဒရာမာမှာ
ဟာသလေးပါနှောပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

Movie Link 👇
https://t.me/khanthtookyaw555/180
已删除08.04.202506:10
07.04.202514:12
TikTok အကောင့်သစ်လေးမို့ ဝန်ရံပေးကြပါဦးဗျ❤️

⬇️⬇️⬇️
https://vt.tiktok.com/ZSrydq4CK/
登录以解锁更多功能。