My Stubborn
ပီးဆွန် အဖြစ် Boat Yongyut Termtuo
ဂျွန် အဖြစ် Oat Pasakorn Sanrattana
အမြဲတမ်း တွေ့တာနဲ့ စကားများနေကြတဲ့ ခက်ထန်ထန်နဲ့ အရာရာတိုင်းမှာ တော်ထက်နေတဲ့ စီနီယာပီးဆွန်နဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပဲ နေတတ်တဲ့ ဂျူနီယာလေးဂျွန်
ကြွက်နဲ့ကြောင်လိုပဲ ဖြစ်နေတဲ့သူတို့နှစ်ယောက်က ပရောဂျက်တစ်ခုကို အတူလုပ်ကြရဖို့ တာဝန်ပေးခံခဲ့ရတယ်
စိတ်ရှုပ်စရာလို့ ထင်ခံနေရတဲ့ ဂျွန်နဲ့ အမြင်ကပ်စရာလို့ မြင်ခံနေရတဲ့ ပီးဆွန်တို့က အနေနီးတာကြာလာတာနဲ့အမျှ ကတောက်ကဆဖြစ်တာလေးတွေကနေ ဆက်ဆံရေးတွေက ရှုပ်ထွေးလာခဲ့တယ်။
"Enemy To Lover" ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပီးဆွန်နဲ့ ဂျွန်တို့ကြားက တစ်ကျက်ကျက်ရန်ဖြစ်တာလေးတွေကို ကြည့်ရမဲ့အပြင် အချင်းချင်း အမြင်မကြည်မှုတွေကြောင့် ခံစားချက်တွေကို ဖုံးကွယ်ထားကြတဲ့ သူတို့နှစ်ယောက်က ဘယ်လိုရှေ့ဆက်သွားကြမလဲဆိုတာကို သိရအောင် Ash Channel ကနေ ဘာသာပြန်တင်ဆက်ပေးသွားမဲ့ My Stubborn ဆိုတဲ့ ဇာတ်လမ်းတွဲလေးကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။