🍃ကြမ္မာနှင်တဲ့ ဆောင်းဦးအလီလီ🍃
Clash of the Titans /千秋令(2025)
Hi Soulers လေးတို့ရေ
ဒီတစ်ခေါက်မှာတော့ Tong Meng Shi နဲ့ Zhang Yu Xi တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်လမ်းတွဲအသစ်ကလေးနဲ့ မိတ်ဆက်ပေးပါရစေ
ဇာတ်လမ်းအကျဉ်း
အမှားနဲ့အမှန်၊အကောင်းနဲ့အဆိုးဟာ နှစ်ထောင်ပေါင်းများစွာကြာအောင် ဒွန်တွဲတိုက်ခိုက်လာခဲ့ကြပါတယ်
Danxue တောင်က မီးဇာမဏီမလေး နီဟွမ်ဟာ ချန်းချိုးလင့်ကိုချိပ်ပိတ်ပြီး ရေခဲထုထဲမှာ နှစ်တစ်ထောင်ကြာအိပ်ပျော်သွားခဲ့တဲ့ စစ်နတ်ဘုရားပိုင်ယန်ကို မတော်တဆတွေ့မိပြီး နိုးထလာစေခဲ့ပါတယ် နှစ်ဦးသားရင်းနှီးလာရင်း ခံစားချက်တွေဟာသာမန်မိတ်ဆွေတွေထက် သာလွန်လာခဲ့ကြတာပေါ့
ကောင်းကင်ဘုံဟာ ချန်းချိုးလင့်ရဲ့အန္တရာယ်ကို ဖယ်ရှားရမှာဖြစ်လို့ နီဟွမ်ရဲ့မီးဇာမဏီအမြုတေကိုရယူဖို့တဲ့အတွက် ကြိုးစားလာကြတဲ့တစ်နေ့မှာ ပိုင်ယန်ဟာ သူ့နဂါးဓာတ်လုံးကိုသုံးပြီး နီဟွမ်ရဲ့စစ်မှန်မီးဝိညာဉ်အငွေ့အသက်ကို ဖုံးကွယ်ပေးကာ လူ့လောကဆီလွှတ်လိုက်ပါတော့တယ်
ကာလအတော်ကြာပြီးတဲ့နောက်မှာ ပိုင်ယန်ဟာ ရှူရှန်းဂိုဏ်းမှာမော့ရှောင်းအဖြစ် ပြန်လည်မွေးဖွားလာခဲ့ပြီး ဝူချန် ဆိုတဲ့မိန်းကလေးနဲ့တွေ့ဖို့ ရေစက်ကြမ္မာဖန်လာခဲ့ပါတယ်
အိမ်ဆိုတာဘာမှန်းမသိခဲ့ရတဲ့ဝူချန်ဟာ မော့ရှောင်းနဲ့တွေ့မှ အိမ်ဆိုတာဘာမှန်းသိလာခဲ့ရပါတယ် ချစ်လို့မဝကြသေးခင်မှာပဲ ဝူချန်တစ်ယောက်အတိတ်ကအဖြစ်အပျက်တွေ ပြန်သတိရချိန်မှာ ငယ်စဉ်က မော့ရှောင်းဟာဆရာဖြစ်သူကိုကာကွယ်ဖို့ကြိုးစားရင်း ဖခင်ဖြစ်သူကိုသေစေပြီး ဖုန့်လီရွှယ်ဖြစ်တဲ့ သူ့ကိုပါ ချောက်ကမ်းပါးကနေပြုတ်ကျစေခဲ့တဲ့သူဖြစ်နေမှန်းသိလိုက်ရတဲ့အခါ...
ရှူရှန်းဂိုဏ်းရဲ့ဂိုဏ်းချုပ်ဖြစ်တာကြောင့် ခန္ဓာကိုယ်မှာ နှလုံးကာသဲကျောက်ကို ထည့်သွင်းကာ ချစ်ခြင်းကိုတားဆီးရမဲ့မော့ရှောင်းနဲ့ လီရွှယ်တို့နှစ်ဦးကြားကချစ်ခြင်းတရားက အတိတ်ဘဝကလိုပဲ ကံခေပြန်တဲ့အခါ.....
လက်စားချေလိုခဲ့ပေမဲ့ ချစ်မိသွားခဲ့ပြီးတဲ့နောက်မှာမှ အတိတ်ကိုပြန်သတိရလာချိန်မှာ အချစ်အမုန်းရောထွေးနေတဲ့ ဖုန့်လီရွှယ်တစ်ယောက် ဘယ်အရာကိုရွေးချယ်မလဲ....
အချစ်၊အမုန်း၊လက်စားချေလိုမှုတွေ ထမ်းဆောင်ရမဲ့တာဝန်ဝတ္တရားတွေကြားက သိပ်ချစ်ကြတဲ့သူတို့နှစ်ဦးသား နောက်ဆုံးမှာအထင်လွဲမှားမှုတွေကင်းရှင်းကာ ပေါင်းဖက်နိုင်ကြပါ့မလား သူတို့ရဲ့အတိတ်ဘဝကိုရော ပြန်မှတ်မိကြဦးမှာလားဆိုတာကို ဒီဇာတ်လမ်းတွဲလေးထဲမှာ စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်✌🏻
(အညွှန်းရေးသားသူကတော့ Sunny ပဲဖြစ်ပါတယ်)
Native Title: 千秋令
Also Known As: Qian Qiu Ling
Starring: Tong Meng Shi & Zhang Yu Xi
Genres: Romance, Wuxia, Fantasy
Episodes: 40
Airs : April 8,2025-???
Original Network: Hunan TV Mango TV
#ReviewbySunny
#DestinyAndSaving
#ClashOfTheTitans
#SoulKingdom