𝗦𝗮*𝗯𝗱𝗵*𝗮𝗺 (သို့) အသံလှိုင်း (𝟮𝟬𝟮𝟱) ဇာတ်ကားသစ်
==================
Horror / Mystery
ဆေးကျောင်းတစ်ခုမှာ သေကြောင်းကြံစည်မှုဆိုတဲ့ အကြောင်းပြချက်နဲ့ လူသေမှုတွေ မကြာမကြာဖြစ်လာတဲ့အခါ ကျောင်းအာဏာပိုင်တွေက ဒီသဘာဝလွန်ဖြစ်ရပ်ကို ဖြေရှင်းဖို့အတွက် တစ္ဆေစုံစမ်းစစ်ဆေးသူတစ်ယောက်ကို တာဝန်ပေးခဲ့ကြတယ်။
အဲ့ဒီလူကလည်း ဒီကိစ္စရဲ့ဇစ်မြစ်ကို ဟိုးအစကနေ ဆွဲထုတ်ပြီး လူသေမှုလား လူသတ်မှုလားဆိုတာကို စုံစမ်းရင်း ပါဝင်ပတ်သက်နိုင်ခြေရှိသူတွေကို စောင့်ကြည့်နေခဲ့တယ်။ အဲ့ဒီလိုနဲ့ တစ်နေ့မှာ သူ သဲလွန်စတစ်ခုကိုရှာတွေ့သွားခဲ့တယ်။ အဲ့ဒီသဲလွန်စနောက်ကိုလိုက်ရင်း ထူးဆန်းတဲ့လူသေမှုကြီးအကြောင်းကို သူဖော်ထုတ်နိုင်ပါ့မလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာဖြစ်ပါတယ်