Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Yan Nyein Aung avatar

Yan Nyein Aung

အမှန်တရားအတွက်ဖိတ်ခေါ်ပါတယ်
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Jan 15, 2022
添加到 TGlist 的日期
Feb 08, 2025

记录

04.04.202523:59
487订阅者
22.02.202523:59
533引用指数
15.02.202523:59
528每帖平均覆盖率
14.02.202509:07
581广告帖子的平均覆盖率
08.03.202518:38
100.00%ER
15.02.202523:59
136.43%ERR
订阅者
引用指数
每篇帖子的浏览量
每个广告帖子的浏览量
ER
ERR
FEB '25MAR '25APR '25MAY '25

Yan Nyein Aung 热门帖子

19.04.202512:59
ဟီရိုရှီးမားမှ သင်ခန်းစာ (အတိတ်အဖြစ်အပျက်မှ ယနေ့အထိ)

My Notes
Truth Waves
10.05.202506:53
ရင်ပြင်နီမှ အမြတ်များ
---------------
(၁၀-၅-၂၀၂၅)

မနေ့က ရုရှားနိုင်ငံ ရင်ပြင်နီမှာလုပ်တဲ့ နှစ်(၈၀) အမျိုးသားအောင်ပွဲမှာ နိုင်ငံတကာ တပ်မတော်တွေနဲ့အတူ မြန်မာနိုင်ငံလည်း ပါဝင်စစ်ရေးပြတယ်။ ကမ္ဘာ့နိုင်ငံတွေက ခေါင်းဆောင် ၂၈ ဦးအထိ တက်ရောက်တယ်လို့လည်း သိရပါတယ်။ ကမ္ဘာ့နဲ့ဆိုင်တဲ့ ကွန်ဖရင့်တွေ မဟုတ်ပဲနဲ့ နိုင်ငံတစ်နိုင်ငံက လုပ်တဲ့ အခမ်းအနားတစ်ခုကို နိုင်ငံ့ခေါင်းဆောင် ၂၈ ယောက် တက်ရောက်တယ်ဆိုတာ နည်းတဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။

အထူးသဖြင့် ပူတင်နဲ့ ရှီကို အခမ်းအနား အစအဆုံး တပူးတွဲတွဲ မြင်လိုက်ရတယ်။ စစ်ရေးပြပွဲတက်တာလား နှစ်နိုင်ငံတွေ့ဆုံပွဲလုပ်တာလားတောင် မသဲကွဲဘူး။ အမေရိကန်ရဲ့ ကုန်သွယ်စစ်ပွဲ၊ အိန္ဒိယ-ပါကစ္စတန်စစ်ပွဲ၊ အီရန်-အစ္စရေး-ပါလက်စတိုင်းအရေးအခင်းတွေမှာ တစ်နည်းနည်းနဲ့ ပါဝင်ပတ်သက်နေသူတွေမို့ ပြောစရာ စကားတွေ အများကြီးရှိနေပုံရပါတယ်။

နစက ဥက္ကဌကတော့ ပွဲမှာ ဘယ်လာရုစ်သမ္မတနဲ့ မွန်ဂိုလီးယားသမ္မတတို့ကို အလွတ်သဘောတွေ့ခဲ့ပြီး ကာဇက်စတန်သမ္မတနဲ့ တရုတ်သမ္မတတို့ကိုတော့ အခမ်းအနားနဲ့ တွေ့ဆုံခဲ့ပါတယ်။
တရုတ်နဲ့ ဒီနှစ်ပိုင်းအတွင်းမှာ တွေ့ဆုံမှုတွေ အများအပြားရှိခဲ့ပေမယ့် သမ္မတရှီကျင့်ဖျင်နဲ့ကတော့ ၂၀၂၀ နောက်ပိုင်း ၅ နှစ်ကြာမှ ပြန်လည်တွေ့ဆုံခြင်းဖြစ်ပါတယ်။ လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ်နဲ့ ရှီနဲ့ဟာ ၂၀၁၁ ခုနှစ်ကတည်းက စတင်တွေ့ဆုံဖူးခဲ့ပြီး အခုတစ်ခေါက်ကတော့ ၇ ကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်ပါတယ်။

သတိထားမိတာက ဘယ်သူနဲ့တွေ့တွေ့ အခုလာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲကို အသားပေးပြောဆိုခဲ့ပြီး နိုင်ငံတကာ ဘုတ်အဖွဲ့တွေနဲ့ လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်နေတာ၊ ခိုင်မာတဲ့ ရွေးကောက်ပွဲတစ်ခုဖြစ်အောင် ကြိုးပမ်းနေတာတွေ့မိတယ်။

ရှေ့ဆုံးတန်းမှာ မထားပဲ အလယ်တန်းမှာ ထားလို့ ခေတ်သစ်က ဘယ်လိုညာလို ဖွနေတာကိုတော့ မမြင်ချင်ယောင်ပဲဆောင်ထားလိုက်ပါတယ်၊ သူတို့အားပေးတဲ့သူတွေမှ မတက်ရတာ၊ ဒီလောက်တော့ ပြောပါစေပေါ့။

ကမ္ဘာ့သတင်းစာတွေမှာလည်း အာဏာသိမ်းဆိုတဲ့ စကားပျောက်ပြီး မြန်မာ့ခေါင်းဆောင်လို့ ပြောင်းလဲသုံးနှုန်းလာကြတာဟာ အခုလို ရုရှားနဲ့တရုတ်လို ကမ္ဘာ့အဆင့် ၂ နဲ့ ၃ လို့ပြောလို့ရမယ့် အင်အားကြီးနိုင်ငံတွေနဲ့ တရားဝင် တွေ့ဆုံနိုင်မှုတွေကြောင့် ဖြစ်ပါတယ်။ တွေ့ဆုံမှုတွေ၊ ဘင်းစတက်လို အခမ်းအနားတွေကြောင့် နစကရဲ့ တရားဝင်မှုဟာ တဖြည်းဖြည်း ထင်ပေါ်လာခဲ့ပြီး လာမယ့်ရွေးကောက်ပွဲအတွက် အထောက်အကူအများကြီး ဖြစ်လာပါလိမ့်မယ်။

တရုတ်နဲ့ ရုရှား မကြိုက်တဲ့ သူတွေအတွက်လည်း တစ်ခုမှတ်ထားရမှာက မကြိုက်တာက မကြိုက်တာပဲ။ ကမ္ဘာ့အဆင့် Top 3 နိုင်ငံနှစ်ခုက တစ်ချက်မွှေတာနဲ့ ကိုယ့်နိုင်ငံက ပြီးခဲ့တဲ့ ငလျင်ထက် ပိုဆိုးသွားနိုင်တယ်ဆိုတာပဲ။ ၁၀၂၇ ကို သင်ခန်းစာယူရမယ်။ အိန္ဒိယလို နိုင်ငံမျိုးတောင် Proxy ကိုမကျော်လွှားနိုင်ပဲ သူတို့တွေရေးတဲ့ ဇာတ်ညွှန်းကိုလိုက် က နေရတာကို မြင်အောင်ကြည့်နိုင်ရမယ်။

ကိုယ်တွေကတော့ မြန်မာ့အလံကို ရင်ပြင်နီမှာ မြင်ရတာနဲ့တင် ကျေနပ်ပါတယ်။ မြန်မာစစ်သီချင်းကို တိုင်းတပါးရပ်ခြားမှာ ကြားရတာ ဂုဏ်ယူတယ်။

(ပိုင်စိုး)
11.05.202513:20
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အထူးလေယာဉ်ပေါ်၌ မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြား
17.04.202515:27
(၁၇ ဧပြီ ၂၀၂၅)

အဲ့ဒီလူ ရခိုင်မြောက်ပိုင်း INGO တွေကို ရိက္ခာနဲ့ ပစ္စည်းသွင်း ကန်ထရိုက်လုပ်ရင်း ချမ်းသာသွားတဲ့ မောင်တောဇာတိ အောင်ကျော်မိုးပဲ

NUG မှာ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်နေတယ်

သူက ကျွန်တော်တို့နိုင်ငံကို ခြိမ်းခြောက်နေတယ်

သူပြောသလို နစကက တစ်ဖက်နိုင်ငံရောက် ဘင်္ဂါလီ တစ်သိန်းခြောက်သောင်းကို စတင်လက်ခံမယ်ဆိုတာ

သမ္မတဦးသိန်းစိန်စတင်စီစဉ်ပြီး NLD လက်ထက် အတည်ပြုခဲ့တာကို Repeat လုပ်ခြင်းသာဖြစ်ပါလိမ့်မယ်

မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်းအထောက်အထားရှိပြီး အကြမ်းဖက်မှုများမှာ ပါဝင်ခဲ့ခြင်း မရှိသူများကို စိစစ်လက်ခံရန်ဖြစ်တယ်

(၁) ကျွန်တော်တို့နိုင်ငံ ရခိုင် သက် ခမီ ချင်း ကချင် ရှမ်း ကရင် မွန်စသဖြင့် တိုင်းရင်းသား ၁၃၅ မျိုးစလုံးဟာ အိမ်နီးချင်းနိုင်ငံများမှာလည်း တရားဝင် တိုင်းရင်းသားများဖြစ်နေကြတယ်။

(၂) အိမ်နီးချင်းနိုင်ငံ တရားဝင်တိုင်းရင်းသားများလည်း ကျွန်တော်တို့ဆီမှာ တရားဝင်တိုင်းရင်းသား/နိုင်ငံသားဖြစ်နေပါတယ်

(၃) ဒါပေမယ့် ရိုဟင်ဂျာလူမျိုးဆိုတာ ဘင်္ဂလားဒေ့ရှ်မှာ တရားဝင်လူမျိုး တစ်ယောက်မှ မရှိပါ

(၄) ရိုဟင်ဂျာဆိုတာ နယ်ခြား နတ်မြစ်ကိုကျော်ပြီး ရခိုင်မြောက်ပိုင်းမှာသာ ကွက်ကွက်လေး ထူးခြားစွာ တွေ့ရတဲ့ လူမျိုးဖြစ်နေပါတယ်

(၅) သူတို့ဟာ ကျွန်တော်တို့ဆီက အညာသား မြစ်ဝကျွန်းပေါ်သား ကွဲပြားသလို လေသံကွဲ ဘင်္ဂါလီစကားပြောဆိုသူများဖြစ်ကြောင်း DNA ပင် စစ်နေစရာ မလိုပါ၊ အစစ်ခံနိုင်သလား မေးချင်ပါတယ်

(၆) သူတို့ဟာ ဖရန်စစ်ဘူချနမ် Francis Buchanan ဗြိတိသျှ အိန္ဒိယကျောက်စာဌာန မှတ်တမ်းများကို ဗလောင်းဗလဲလုပ်ပြီး ငါ့စကားနွားရ ပြောဆိုနေတယ်/

(၇) နိုင်ငံတော်အကြီးအကဲများကို ICC , ICJ နဲ့ ခြိမ်းခြောက်ဖိအားပေးနေတယ်
.
(၈) အဲ့ဒီအချက်ကို နိုင်ငံတော်အဆင့် ဘယ်ပုဂ္ဂိုလ် ဘယ်ပညာရှင်မှ ယနေ့တိုင် ထောက်ပြပြောဆိုခြင်း မတွေ့ရတဲ့အတွက် ဝမ်းနည်းစိတ်ပျက်မိတယ်။ ပညာရဲရင့် ပွဲလည်တင့်စေချင်ပါတယ်

(၉) ကျွန်တော်တို့ဘက်က ဘာမှ မပြောလေ (ကျွန်တော်တို့ မသိဘူး ထင်ပြီး သူတို့ဘက်က လူပါးဝတာ ခံရလေဖြစ်တယ်)

(၁၀) ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ရန်ဟီလီ သိပါတယ်၊ လူ့အခွင့်အရေးအရ သုံးနှုံးခြင်းဖြစ်တယ်လို့ ရူးချင်ယောင်ဆောင်နေတယ်

(၁၁) ဒါဆို ရိုဟင်ဂျာဆိုသည်မှာ လူ့အခွင့်အရေးအရ အမည်သာဖြစ်ကြောင်း ရန်ဟီလီကိုယ်တိုင် ကမ္ဘာသိကြေညာရန် တိုက်တွန်းသင့်တယ်

(၁၂)မြန်မာပြည်တွင်း ရိုဟင်ဂျာအရေးလှုပ်ရှားသူများမှာ ဂျော့ဆိုရော့စ်ရဲ့ Opened society foundation ထောက်ပံ့ခံများဖြစ်ပြီး

NUG အစိုးရအဖွဲ့ဝင်အတော်များများမှာ OSF နဲ့ OIC (တူရကီအုပ်စု) ထောက်ပံ့ခံများလို့ ကျွန်တော်ယုံကြည်ပါတယ်

#HtayOung #OungMarine
11.05.202513:21
ဗန်းမော်တိုက်ပွဲမှာ အကြမ်းဖက် KIA အဖွဲ့က ပြည်သူကို လူသားတံတိုင်းလုပ်ပြီး အသုံးချနေတာ ဒါတွေက သက်သေတွေပဲ...

တပ်ကိုလာလာပစ်တယ်... ပစ်ပြီးရင် ဘုန်းကြီးကျောင်းထဲမှာ ရှိတဲ့ ပြည်သူတွေကြားထဲ ဝင်ပုန်းတယ်...

ပြည်သူတွေကလည်း ဒီကောင်တွေကိုကြောက်ရတော့ ဘာမမှ ပြန်မပြောရဲ...

မင်းတို့ KIA ‌ျေကောင်တွေ သေမှာကြောက်ရင် အစကတည်းက လာမတိုက်နဲ့ ခုတော့ ပြည်သူကို မင်းတို့ရှေ့မှာ အကာအကွယ်သဲအိတ်လို့သဘောထားပြီး အသုံးချနေတာ ဘယ်လောက်ကျက်သရေတုန်းလဲ..?

ယောက်ျားတွေ စစ်တိုက်နေတယ်ထင်နေတာ ပြည်သူကို အကာကွယ်ယူပြီး လူသားတံတိုင်းလုပ်နေတဲ့ အခြောက်တွေနဲ့ စစ်တိုက်နေရတာပဲ...

မင်းတို့က စစ်မတိုက်နဲ့ ထဘီသာဝတ်ထားလိုက်

မှိုင်းဝေ
11.05.202513:12
နောင်ချိုဒေသမှာ တောင်ခမ်းသူရဲကောင်းများက အကြမ်းဖက် TNLA သူပုန်စခန်းအား သိမ်းပိုက်ခြင်း (10-5-2025)
-
မိမိကို လာတိုက်သည့်ရန်သူအား တုံ့ပြန်ရန်အခွင့်အရေးအရ စီးနင်းသိမ်းပိုက်လိုက်သည်။ 👌
-
Congratulations ပါ တောင်ခမ်းဖိုက်တာကြီးများ 🏆🏆🏆
-
တိုက်ပွဲသတင်းစုံ
17.04.202513:30
‎Truth Waves Media

ဧပြီ ၁၇ ရက် ကြာသပတေးနေ့ တင်ဆက်ထားသောသတင်းများ
‎Truth Waves Daily news ;‎

‎ကြည့်ရှုလိုသောသတင်းအား နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျ
‎👇👇👇👇👇

‎📌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

https://t.me/truthwaves4arm/4686?single

‎📌ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်သို့ ဘုရားဖူးလာရောက်သည့်  ဘုရားဖူး ပြည်သူများအား ကင်မွန်းချောင်းကျေးရွာအနီး ကဒက်ချောင်း၌ PDF အမည်ခံအကြမ်းဖက်သမားများက အကြောင်းမဲ့ဖမ်းဆီး

https://t.me/truthwaves4arm/4699?single

‎📌ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သက်ဆင်နှင့် အန်ဝါတို့ ညစာစားမည့် ဟိုတယ်မြင်ကွင်း

https://t.me/truthwaves4arm/4722?single

‎📌ယနေ့ ညနေပိုင်းမှာ နစက ဥက္ကဌ နဲ့ မလေးရှားဝန်ကြီးချုပ်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Rosewood ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးလျက် ရှိ

https://t.me/truthwaves4arm/4736?single

‎📌ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်များ

https://t.me/truthwaves4arm/4695

‎📌ဗလာဒီမာပူတင် - ရုရှားသည် အာကာသအတွင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အသင့်ဖြစ်နေကြောင်းပြောကြား

https://t.me/truthwaves4arm/4700

‎📌တရုတ်နည်းပညာကုမ္ပဏီများမှ ဆန်းသစ်တီထွင်မှုဆိုင်ရာ တိုးတက်မှု ၁၅ ခုကို ထုတ်ဖော်ပြသ

https://t.me/truthwaves4arm/4682?single

‎📌တရုတ်နိုင်ငံမှငလျင်ဘေး အန္တရာယ်အကဲဖြတ်ရေးအဖွဲ့ရောက်ရှိ

https://t.me/truthwaves4arm/4683

‎📌မန်ယူနှင့် ခြေစမ်းမည့် ASEAN-All Stars အသင်းတွင်ပါဝင်ကစားရန် မြန်မာ့လက်ရွေးစင်ဘောလုံးကစားသမား မောင်မောင်လွင်ကို AFF ရွေးချယ်

https://t.me/truthwaves4arm/4702

‎📌နွေဦးပန်းအမျိုးပေါင်း 100 နီးပါးကို ခင်းကျင်းပြသထားသည့် အကြိမ် 30 မြောက် Tulip ပွဲတော်ကို Zhongshan Park တွင် ကျင်းပလျက်ရှိ

https://t.me/truthwaves4arm/4712?single

‎📌ရွှေများဖြင့် ဖွဲ့စည်းထားသော ဂြိုလ်သိမ်

https://t.me/truthwaves4arm/4713

‎📌အဝါရောင်အဖျားရောဂါဖြစ်ပွားမှုကြောင့် ကိုလံဘီယာနိုင်ငံသည် အရေးပေါ်အခြေအနေကြေညာ

https://t.me/truthwaves4arm/4715

‎📌စင်္ကာပူအထွေထွေရွေးကောက်ပွဲ မေလ ၃ ရက်နေ့တွင် ကျင်းပမည်

https://t.me/truthwaves4arm/4716

‎📌ဂါဇာကမ်းမြောင်ဒေသတွင် နေထိုင်သူများသည် သောက်သုံးရေပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

https://t.me/truthwaves4arm/4726

Truth Waves Media
မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးရမှုများနှင့် ပတ်သက်၍ ဂါနာနိုင်ငံကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

နေပြည်တော် မေ ၉

မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ၊ အသက်ဆုံးရှုံးမှုများနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ အမြောက်အမြားဖြစ်ပေါ်ခဲ့ခြင်းအတွက် ဂါနာနိုင်ငံ သမ္မတ H.E. Mr. John Dramani Mahama က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

Read More >>>https://cincds.gov.mm/node/29046
10.05.202518:10
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
နေပြည်တော် မေ - ၁၀
18.04.202513:18
အမေရိကန်ဗဟိုအစိုးရကမိန်းပြည်နယ်ကိုတရားစွဲ
NOM
(ဘာသာပြန်ဆောင်းပါး)
အမေရိကန်အစိုးရသည် သမ္မတ ဒေါ်နယ်ထရမ့် ၏ ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာ (executive order) ကို လိုက်နာရန် ငြင်းဆန်သည့် မိန်းပြည်နယ် ကို တရားစွဲဆိုလိုက်သည်။ ထိုအမိန့်တွင် မွေးရာပါ ယောက်ျားဖြစ်ပြီး လိင်ပြောင်းထားသူ အားကစားသမားများအား အမျိုးသမီးအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားသည်။
ဤအမိန့်ကို လိုက်နာရန် ငြင်းဆန်သည့် အဖွဲ့အစည်းများအား ပြည်ထောင်စုရန်ပုံငွေများ ဖြတ်တောက်ရန် ညွှန်ကြားထားသည်။
အမေရိကန် တရားရေးဌာန မှ ဗုဒ္ဓဟူးနေ့က တရားစွဲဆိုခဲ့ပြီး အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ က ကြေညာချက်ထုတ်ပြန်ကာ၊ မိန်းပြည်နယ်အား ပြည်ထောင်စုရန်ပုံငွေရသည့် ပညာရေးအဖွဲ့အစည်းများတွင် လိင်အခြေပြု ခွဲခြားမှုကို တားမြစ်ထားသော ဖက်ဒရယ် အခွင့်အရေး ဥပဒေ ကို ချိုးဖောက်သည်ဟု စွပ်စွဲထားသည်။
ပမ်ဘွန်ဒီက
“မိန်းပြည်နယ်သည် အမျိုးသမီးများအား ၎င်းတို့၏ အားကစားနယ်ပယ်တွင် ကာကွယ်ပေးရန် ပျက်ကွက်ခြင်းဖြင့် အမျိုးသမီးများကို ခွဲခြားနေပါသည်။” ဟုပြောသည်။
ဤတရားစွဲဆိုမှုတွင် လိင်ပြောင်း အားကစားသမားနှစ်ဦးက မိန်းကလေးပြိုင်ပွဲများတွင်ဝင်ရောက်ယှဥ်ပြိုင်ပြီး ဖေဖော်ဝါရီလက ပြည်နယ် အိမ်တွင်းပြေးခုန်ပစ် ချန်ပီယံဆု ရရှိခဲ့သည့် အမှုနှစ်ခုကို ကိုးကားထားသည်။
ပမ်ဘွန်ဒီက ဤပြဿနာသည် အားကစားနယ်ပယ်တစ်ခုတည်းသာမက လူထုလုံခြုံရေးပြဿနာ လည်းဖြစ်ကြောင်း ထောက်ပြခဲ့သည်။ သူမ၏အဆိုအရ၊ ယောက်ျားအားကစားသမားများအား အမျိုးသမီး ရေချိုးခန်းနှင့် အဝတ်လဲခန်းများတွင် ဝင်ရောက်ခွင့်ပြုထားပြီး၊ လိင်ပြောင်း အားကစားသမားများနှင့် ယှဉ်ပြိုင်ရာတွင် အမျိုးသမီးအားကစားသမားများ ဒဏ်ရာရခဲ့သည့် အဖြစ်အပျက်များလည်း ရှိခဲ့သည်။
“ဤကလေးငယ်အမျိုးသမီးတချို့သည် ယောက်ျားလေးများ ၎င်းတို့၏အားကစားတွင် ပါဝင်ခြင်းကြောင့် ပြင်းထန်သော ဒဏ်ရာများကိုပါ ခံစားခဲ့ရပါသည်ဟုဘွန်ဒီကပြောသည်။
"အားကစားသမား နှစ်ဦးအတွက် မိန်းပြည်နယ်ကို တရားစွဲခြင်းသည် ဌာန၏အရင်းအမြစ်များ အကုန်အကျခံရန် ထိုက်တန်သလား" ဟု မေးခွန်းမေးလာခြင်းအပေါ် ပမ်ဘွန်ဒီက "တစ်ဦးဖြစ်ဖြစ်၊ နှစ်ဦးဖြစ်ဖြစ်၊ ရာချီဖြစ်ဖြစ် ကျွန်မဂရုမစိုက်ပါ" ဟု ပြင်းပြင်းထန်ထန် ပြန်လည်ဖြေကြားခဲ့သည်။ ထို့အပြင် မင်နီဆိုးတာနှင့် ကယ်လီဖိုးနီးယားအပါအဝင် အခြားပြည်နယ်များရှိ အလားတူအမှုများကိုလည်း စုံစမ်းစစ်ဆေးနေကြောင်း သူမက ဖြည့်စွက်ပြောကြားခဲ့သည်။
ဤတရားစွဲဆိုမှုသည် ထရမ့်အစိုးရနှင့် မိန်းပြည်နယ်၏ ဒီမိုကရက်တစ်ပါတီဝင် အုပ်ချုပ်ရေးမှူး ဂျနက်မီးလ်စ် အကြား လူမှုမီဒီယာတွင် မကြာခဏပေါ်လွင်နေသော ပဋိပက္ခကို ပိုမိုအရှိန်မြှင့်တင်လိုက်သည့် လုပ်ရပ်ဖြစ်သည်။
ဖေဖော်ဝါရီလက ထရမ့်သည် အိမ်ဖြူတော်တွင် ကျင်းပသော ပြည်နယ်အုပ်ချုပ်ရေးမှူးများ အစည်းအဝေးတွင် မီးလ်စ်အား ရုပ်သံလိုင်းမှတဆင့် စိန်ခေါ်ခဲ့သည်။ သူ့အမိန့်ကို လိုက်နာမည်လားဟု မေးမြန်းကာ ဖက်ဒရယ်ရန်ပုံငွေအားလုံး ဆုံးရှုံးနိုင်ကြောင်း သတိပေးခဲ့သည်။ ထိုအခါ မီးလ်စ်က "တရားရုံးမှာ တွေ့မယ်"ဟု ပြန်လည်တိုက်ခိုက်ခဲ့သည်။
ဗုဒ္ဓဟူးနေ့က တရားစွဲဆိုမှုကို တုံ့ပြန်ရာတွင် မီးလ်စ်က ယင်းသည် "မိန်းပြည်နယ်ကို ဖိအားပေးရန် မျှော်လင့်ထားသည့် မပြုလုပ်ဖူးသော စီမံချက်၏ အစပိုင်း" ဖြစ်သည်ဟု ဝေဖန်ခဲ့သည်။ ပြီးခဲ့သည့်အပတ်က ဖက်ဒရယ်ကျောင်းရန်ပုံငွေများ ဖြတ်တောက်ခံရခြင်းသည် "ဥပဒေမဲ့" ဟု သူမက ဆိုကာ ပြည်နယ်ကို အပြင်းအထန် ကာကွယ်မည်ဟု ကတိပြုခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်နေ့တွင် သမ္မတရာထူးစတင်ထမ်းဆောင်ပြီးနောက် ထရမ့်သည် အမိန့်ကြော်ငြာစာများစွာကို ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်များထဲတွင်လိင်ပြောင်းယောက်ျားလေးများ မိန်းကလေးအားကစားပြိုင်ပွဲများတွင် ပါဝင်ခွင့်ပိတ်ပင်ခြင်း၊စစ်တပ်အတွင်း လိင်ပြောင်းထားသူများ ဝင်ရောက်ခွင့် ပြန်လည်တားမြစ်ခြင်း၊ နှင့် သူ၏ရှေ့ကသမ္မတ ဂျိုးဘိုင်ဒန် က စတင်ခဲ့သော ဖက်ဒရယ်ဌာနများရှိ မတူကွဲပြားမှု၊ တရားမျှတမှု၊ နှင့် ပါဝင်ခွင့် အစီအစဉ်များကို ပြန်လည်ရုပ်သိမ်းခြင်း တို့ပါဝင်သည်။
ထရမ့်အစိုးရ၏ လိင်ပြောင်း အားကစားသမားများဆိုင်ရာ မူဝါဒသည်လူ့အခွင့်အရေးအဖွဲ့များနှင့် LGBTQ လှုပ်ရှားသူများထံမှ ဝေဖန်မှုများ ရရှိခဲ့သည်။ သို့သော် ဤမူဝါဒကို ထောက်ခံသူများကမူ "အမျိုးသမီးအားကစားနယ်ပယ်တွင် တရားမျှတမှုကို ကာကွယ်ပေးသည်"ဟုဆိုကြသည်။
09.05.202514:05
‎မေလ ၉ ရက် သောကြာနေ့ တင်ဆက်ထားသောသတင်းများ
‎Truth Waves Daily news ;

‎ကြည့်ရှုလိုသောသတင်းအား နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်ခင်ဗျ
‎👇👇👇👇👇

‎📌 နစကဥက္ကဋ္ဌနှင့် ကာဇတ်စတန်နိုင်ငံသမ္မတ မော်စကိုမြို့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး
https://t.me/truthwaves4arm/6059?single

‎📌နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို၊ ရင်ပြင်နီ၌ ကျင်းပပြုလုပ်သည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်း အမှတ်စစ်ရေးပြအခမ်းအနားသို တက်ရောက်
https://t.me/truthwaves4arm/6096
https://t.me/truthwaves4arm/6127?single

‎📌 နစက ဥက္ကဋ္ဌနှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများသည် ခရင်မ္မလင်နန်းတော်ရှိ သမ္မတပူတင်၏ ရုံးအဆောက်အဦးတွင် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်ကတည်ခင်းဧည့်ခံသည့် နေ့လယ်စာကိုသုံးဆောင်ခဲ့ကြသည့်ပုံရိပ်များ
https://t.me/truthwaves4arm/6119?single

‎📌 ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ်စစ်ရေးပြအခမ်းအနားအပြီးတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး မင်း‌အောင်လှိုင်နှင့် နိုင်ငံတကာမှအကြီးအကဲများ၊ တာဝန်ရှိသူများသည် ခရင်မ္မလင်မြို့ရိုးအနီးရှိ အညတရစစ်သည်ဂူဗိမာန်၌ ပန်းစည်းချအလေးပြုခဲ့သော ပုံရိပ်များ
https://t.me/truthwaves4arm/6137?single

‎📌 ကက်သလစ်ခရစ်ယာန် ၁ ဒသမ ၄ ဘီလျံတို့၏ အကြီးအကဲအသစ် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ဘုန်းတော်ကြီးပရီဗို့စ် ရွေးချယ်ခံရ
https://t.me/truthwaves4arm/6063?single

‎📌 ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာဗလာဒီမာပူတင်က မေ ၈ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အခြားနိုင်ငံများမှ အကြီးအကဲများနှင့်အတူ တက်ရောက်ခဲ့
https://t.me/truthwaves4arm/6069?single

‎📌 မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှနှင့်အဖွဲ့သည် ယနေ့(မေ ၉ ရက်) ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက်ကုသိုလ်ပြုခဲ့
https://t.me/truthwaves4arm/6106?single

‎📌 အကြမ်းဖက်ဆိုလျှင် တစ်ယောက်မှ အလွတ်မပေးတဲ့ ဗန်းမော်စစ်ဆင်ရေး
https://t.me/truthwaves4arm/6084?single

‎📌 9-5-2025 ဗန်းမော်မှာတပ်မတော်က ဒရုန်း၊လေယာဉ်၊သံချပ်ကာ၊အမြောက်၊မြေပြင်ထိုးစစ်တိုနဲ့ပူးပေါင်းချေမှုန်းခဲ့တဲ့မြင်ကွင်း
https://t.me/truthwaves4arm/6090

‎📌 ငလျင်ကြောင့် ရပ်ဆိုင်းလိုက်ရသည့် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ပြန်လည်ကျင်းပသွားမည်
https://t.me/truthwaves4arm/6091?single

‎📌 အမေရိကန်အပါအဝင် နိုင်ငံတကာယဉ်ကျေးမှုဆိုင်ရာပြပွဲများ ရန်ကုန်၌ ကျင်းပမည်
https://t.me/truthwaves4arm/6098

‎📌 ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ရင်ပြင်နီ၌ ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားမှာ ပါဝင်ချီတက်စစ်ရေးပြခဲ့ကြတဲ့ မြန်မာ့တပ်မတော်ကိုယ်စားပြု စစ်ရေးပြတပ်ဖွဲ့ရဲ့ မြင်ကွင်းပုံရိပ်
https://t.me/truthwaves4arm/6099

‎📌 သီရိလင်္ကာလေတပ်က စစ်ဘက်ရဟတ်ယာဉ်တစ်စင်း မဒူရူအိုရာရေလှောင်တမံအတွင်း ပျက်ကျရာက ၆ ဦးသေဆုံး
https://t.me/truthwaves4arm/6103

‎📌 ဒီမိုကရေစီနှောင့်နှေးမှုရဲ့ ပြည်တွင်းငြိမ်းချမ်းရေး(သို့မဟုတ်) လက်နက်ကိုင်လမ်းစဉ်
https://t.me/truthwaves4arm/6104?single

‎📌 RMIT မှအင်ဂျင်နီယာများက ရေပြတ်လပ်မှုအတွက်အသုံးဝင်မည့် စမတ်ရေမြှုပ်ကိုတီထွင်
https://t.me/truthwaves4arm/6114

‎📌 စစ်တပ်နဲ့ပေါင်းလို့ ဒလန်ဟုစွပ်စွဲကာ ဆရာတော် ၁ ပါးအား KNLA/PDF များက ပစ်သတ်
https://t.me/truthwaves4arm/6116?single

‎📌 ရုရှား Victory Parade ရဲ့ အထင်ရှားဆုံးနှင့် စိတ်လှုပ်ရှားစရာ အခိုက်အတန့်များကို RT မှ ဖော်ပြထားမှု
‎အတုယူသင့်တဲ့ မီဒီယာရိုက်ကူးမှုတွေ
https://t.me/truthwaves4arm/6118

‎📌 တိုင်းနှင့် ပြည်နယ်တချို့တွင် မိုးကြီးနိုင်သသဖြင့် ငလျင်ဒဏ်သင့်ဒေသများ သတိပြု ရန်လိုအပ်
https://t.me/truthwaves4arm/6147

‎Truth Waves Media
https://t.me/truthwaves4arm
18.04.202513:20
ဘင်္ဂလားဒေ့ရှ်စစ်တပ်က ဖန်တီးမဲ့ Proxy War

Proxy War ဆိုတာကိုကျွန်တော် စာဖတ်သူတို့နားလည်အောင်အရင်ရှင်းပြပါမယ်။ Proxy Warဆိုတာက နိုင်ငံတစ်နိုင်ငံကနေ တစ်ဖက်နိုင်ငံကို တိုက်ရိုက် တိုက်ခိုက်တာမျိုးမဟုတ်ဘဲ အဲ့နိုင်ငံမှာရှိနေတဲ့ လက်နက်ကိုင်တွေကို ထောက်ပံ့ပြီး ၎င်းတို့ကိုယ်စားတိုက်ခိုက်ခိုင်းတာပါ။ အိမ်ကြက်ချင်း ခွတ်ခိုင်းတဲ့ ပုံစံမျိုးပါ။ Proxy War ကကျွန်တော်နိုင်ငံမှာ ခဏခဏ အဖြစ်များပါတယ်။ အနီးစပ်ဆုံးပြောရရင် 1027 ရှမ်းမြောက်စစ်ဆင်ရေးပါ။ အဲ့တာဆိုရင် အင်အားကြီးနိုင်ငံတစ်ခုနေ ကြိုးကိုင်ဖန်တီးတဲ့ Proxy Warပါ။


April 15 ရက်နေ့က NORTHEAST NEWS သတင်းဌာနကနေ "Bangladesh Army to lead US-backed clandestine operations in Myanmar’s Rakhine State" ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းတစ်ခုကိုတင်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ဒေသကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေနဲ့ လျှိ့ဝှက်စစ်ဆင်ရေးတွေ ဆောင်ရွက်ဆိုပြီး ဖော်ပြထားပါတယ်။ သူ့ရဲ့ဖော်ပြချက်တွေမှာဆိုရင် ဘင်္ဂလားဒေ့ရှ် စစ်တပ်က တပ်ရင်း (၃) ရင်းကနေ မြန်မာနိုင်ငံ ရခိုင်နဲ့ ချင်းပြည်မှာ ရှိတဲ့ လက်နက်ကိုင်တွေကို လိုအပ်တဲ့ စစ်ရေးအထောက်အပံ့တွေ ထောက်ပံ့နေကြောင်း၊ ဘူး‌သီးတောင်နဲ့ မောင်းတော‌ဒေသကိုလည်း ရိုဟင်ဂျာ ဒုက္ခသည် 80000 ‌ကျော် ( ရှစ်သောင်းကျော်) နေထိုင်ခွင့်ရရှိနိုင်ရေးဆောင်ရွက်နေကြောင်း ရေးသားထားပါတယ်။


တပ်ရင်း ၁၀/ ၁၇/ ၂၄ စတဲ့ တပ်ရင်းတွေကနေ မြန်မာနိုင်ငံ ရခိုင်ဒေသမှာရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို လိုအပ်တဲ့စစ်ရေးအထောက်အပံ့အကုန်ထောက်ပံ့မှာပါ။ သူတို့ကိုယ်တိုင်တော့၀င်မတိုက်ပါဘူး။ ထောက်ပံ့ရေးပစ္စည်းတွေမှာ သူတို့နိုင်ငံကထောက်ပံ့တာတွေအပြင် အမေရိကန်ကထောက်ပံ့တာတွေပါ ပါ၀င်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်မှ အရာရှိတစ်ဦးမှ ပြောကြားခဲ့ကြောင်း ၎င်းတို့သတင်းဌာနကဖော်ပြထားပါတယ်။ အဆိုပါ ထောက်ပံ့ရေးပစ္စည်းတွေကို Cox's Bazar လေဆိပ်ကနေ ပေးပို့ထောက်ပံ့မှာလို့သိရပါတယ်။


Cox's Bazar လေဆိပ်ဟာဆိုရင် ၂၀၁၉ ခုနစ်ကတည်းက full operational air base အဖြစ်ကို အဆင့်မြှင့်တင်ခဲ့တယ်။ မြန်မာနိုင်ငံနဲ့အနီးဆုံးမှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်လေတပ်စခန်းဖြစ်ပြီး C-130 / An-32 /Yak 130 / K-8 / PT-6 / Mil Mi-17 စတဲ့လေယာဉ်‌ ရဟတ်ယာဉ်တွေကို ထားရှိထားပါတယ်။ C-130 နဲ့ K-8 တွေကိုအဓိက အထိုင်ချ အုပ်တွေအဖြစ်ထားရှိမှာဖြစ်ပြီး အခုဆိုရင် မီတာ 2800 ရှည်တဲ့ လေယာဉ်ပြေးလမ်းကို မီတာ 3500 အထိ ရှည်အောင်ချဲ့ထွင်နေရတာကို တွေ့ပါတယ်။ အဲ့အပြင် ‌ပစ္စည်းသိုလှောင်ရုံတွေ၊ လေယာဉ် Hangar တွေ နဲ့ ဒရုန်းတွေထားဖို့လို့ ယူဆရတဲ့ အဆောက်အအုံတွေနဲ့ Radar အသစ်တွေပါတည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံတွေအရ သိရပါတယ်။


ဆောင်းပါးရဲ့ဖော်ပြချက်တွေကိုသုံးသပ်ကြည့်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်စစ်တပ်ဟာ တပ်မတော်ရဲ့နယ်မြေဆုံးရှုံးမှုကို အခွင့်ကောင်းယူပြီး ARSA နဲ့ AAတပ်ဖွဲ့တွေကို ကြား၀င်ဆွေးနွေးပေးမှာဖြစ်ပါတယ်။ AAတို့အနေနဲ့ ဘူးသီးတောင်နဲ့ မောင်းတော‌ဒေသကို ARSRလက်ထဲပေးရမှာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေတစ်ဆင့် အမေရိကန်ရဲ့အထောက်အပံ့ကိုရရှိမှာဖြစ်ပါတယ်။ အခုလက်ရှိစစ်ပွဲကိုကြည့်မယ်ဆိုရင်လည်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့တိုက်ပွဲတွေမှာ ပြည်ပနိုင်ငံတစ်ခုက၀င်ရောက်ကြိုးကိုင်နေတယ်ဆိုတာကို စစ်ရေးအကြောင်းနားလည်တဲ့သူတိုင်းသိပါတယ်။


ဘင်္ဂလားဒေ့ရှ်စစ်တပ်ရဲ့ ယခုလုပ်ရပ်ဟာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲ့အချုပ်အချာ အာဏာကို ပေါ်တင်ထိခိုက်စော်ကားလာတာလို့ ကျွန်တော်အနေနဲ့မြင်မိပါတယ်။ ၎င်းတို့အနေနဲ့ တပ်မတော်ရဲ့နယ်မြေထိန်းချုပ် အားနည်းမှုအပေါ်အခွင့်ကောင်းယူပြီး တပ်မတော်ဟာ ၎င်းတို့ကို စစ်ရေးအရ တန်ပြန်နိုင်မှုမရှိဘူးလို့ မှန်းဆထားပုံရပါတယ်။ လက်ရှိ AAအကြမ်းဖက်တွေဟာ နတ်ရေကန်တောင် စခန်းကိုအပြင်းအထန် တိုက်ခိုက်နေပါတယ်။ နတ်ရေကန်တောင်စခန်းဟာ တပ်မတော်အတွက်အရေးကြီးသလို ဘင်္ဂလားဒေ့ရှ်အတွက်လည်းအရေးပါတယ်။ မကွေးတိုင်းရှိ မြန်မာတပ်မတော် ကပစ စက်ရုံ၏ လေကြောင်းရန်ကာကွယ်ရေး နဲ့ ရေဒါစခန်းကြီးတစ်ခုဖြစ်ပါတယ်။ အဲ့အတွက်ကြောင့်ဘဲ AAဟာ အပြင်းအထန်ကိုတိုက်ခိုက်နေတာပါ။


လက်ရှိမှာဆိုရင် မြန်မာနိုင်ငံဟာ သူများနိုင်ငံကဖန်တီးတဲ့ Proxy War ထဲမှာ စစ်ပွဲ‌နွံနစ်နေတုန်းပါ။ တပ်မတော်အနေနဲ့ ရခိုင်ဒေသကို ရှမ်းမြောက်ဒေသထက် စစ်ရေးအရ ပိုပြီးအလေးထားသင့်တယ်လို့ ကျွန်တော်အနေနဲ့မြင်မိပါတယ်။ ရခိုင်ဒေသကိုသာ လုံး၀လက်လွှတ်လိုက်မယ်ဆိုရင် ရခိုင်ဒေသဟာ အရင်ကသတင်းထွက်ခဲ့ဖူးတဲ့ ခိုး၀င်ကပ်ပါးရိုဟင်ဂျာတွေရဲ့ နိုင်ငံသစ် တစ်ခုဖြစ်လာမှာပါ။ အဲ့အတွက်ကြောင့် ရခိုင်ဒေသကို စစ်ရေးအရ အမြန်ဆုံးတုန့်ပြန်မှုလိုသလို ဘင်္ဂလားဒေ့ရှ်ကိုလည်း စစ်ရေးအရ စောင့်ကြည့် သတိပေးသင့်ပါတယ်။

#TatmadawObservation
https://t.me/Tatmadawobservation
24.04.202508:24
ဒီအချိန် အပြင်ပန်းကတော့ MNDAAနဲ့ တပ်မတော် အပစ်ရပ်ပြီပေါ့။ ဒါပေမယ့် တစ်ချိန်မှာ အကြီးအကျယ် တိုက်ပွဲကြီးတွေ ပြန်ဖြစ်လာပါအုံးမယ်။

ဘာ့ကြောင့် ဒီလိုသုံးသပ်ရသလဲဆိုတော့ အတိတ် သမိုင်းကို ပြန်ကြည့်ပါ၊ ဘယ်တုန်းကမှ ကတိမတည်ခဲ့ဘူး၊ စာချုပ်တွေ ဘာတွေလည်း အလေးမထားခဲ့ဖူးဘူး။ အင်အားနည်းတုန်း ခဏပဲ ငြိမ်မယ်၊ အင်အားပြည့်တာနဲ့ ပြန်တိုက်တာပဲ။

ကိုးကန့်တွေဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အများကြီးကျော်လွန်ကာ နယ်မြေ စိုးမိုးထားပြီး Confederate ပုံစံ ကျင့်သုံးနေတာတွေ့ရတယ်။သူ့နယ်မှာ မှတ်ပုံတင် အနီက တန်ဖိုးမရှိဘူး။ ဗမာတွေ မောင်းထုတ်လာတယ်။ ဒါက Confederate အတွက် ခြေလှမ်း လှမ်းနေတာပါ။ ဒီပုံစံမျိုးသာဆိုရင် ကျိန်းသေ စစ်ပြန်ဖြစ်လာပါလိမ့်မယ်။

ကိုယ့်ဘက်က အဆင်သင့် ပြင်ထားရမယ်။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလိုပေါ့။ ပြီးခဲ့တာကို သင်ခန်းစာယူထားပါ။ ဒီတစ်ခါ ပြန်ဖြစ်ခဲ့ရင် အစိတ် သားတောင် မကျန်စေနဲ့။ အကုန်သာ ရှင်းထုတ်လိုက်ပါ။

မောင်ချိန်ခွင်
.

☯️

တရုတ်ကို ထရမ့်က ပစ်မှတ်ထားမယ်ဆိုရင်လဲ ထားစရာပဲ။

(၂၄) နှစ်အတွင်း တရုတ်သိမ်းသွားတဲ့ ကုန်သွယ်ဖက်တွေက ကြောက်စရာကြီး၊

ဒီအချိန် တရေးနိုးမှ ထရမ့် ထပြီးထိတ်တိုက်တွေ့ရတာ လောင်းကြေးကြီးလွန်းသွားပြီ။

အောင်ဇေယျ ထန်းလုံးတပ်စဖွဲ့ကတည်းက မတိုက်ဘဲ လွှတ်ထားခဲ့သလို ဖြစ်တော့မယ်ထင်ပါ့၊ တိုက်လဲတိုက်ရော နန်းလဲစွန့်လိုက်ရရော ။


BaMg
💎Rare နှင့် Rare-earth Metals များ၏ အကြောင်း၊ တူးဖော်ရာဒေသများနှင့် အသုံးဝင်ပုံ

Rare နှင့် Rare-earth Metals များဟာ အီလက်ထရွန်းနစ်၊ ကာကွယ်ရေးစသည့် စက်မှုလုပ်ငန်းများအတွက် အရေးပါသော အစိတ်အပိုင်းများဖြစ်သော်လည်း သဘာဝအတိုင်း စင်ကြယ်စွာရရှိခဲ။ ထုတ်ယူခြင်းနှင့် ပြုပြင်ခြင်းမှာ ခက်ခဲပြီး ကုန်ကျစရိတ်များ။

🌐 ကမ္ဘာ့ရှားပါးသတ္တုပိုင်ဆိုင်မှုများ

🇷🇺 ရုရှား - တန်ချိန် ၂၈.၅ သန်း
🇨🇳 တရုတ်- တန်ချိန် ၄၄ သန်း
🇦🇺သြစတေးလျ- တန်ချိန် ၅.၇ သန်း
🇮🇳 အိန္ဒိယ - တန်ချိန် ၆.၉ သန်း
🇧🇷 ဘရာဇီး - တန်ချိန် ၂၁ သန်း

🔧 အဓိက အသုံးပြုမှုများ

ဤသတ္တုများကို အာကာသလေကြောင်း၊ အီလက်ထရွန်းနစ်နှင့် နျူကလီးယားစွမ်းအင်စသည့် စက်မှုလုပ်ငန်းများတွင် အရေးပါစွာ အသုံးပြုကြ။ ၎င်းတို့၏ အသုံးဝင်မှုများမှာ –

🔹လေဆာနည်းပညာ

🔹ကင်ဆာကုသရေး

🔹ဆီမီးကွန်ဒတ်တာများ (semiconductors)

🔹ကာကွယ်ရေးနည်းပညာများ

🔹အခြားသော အဆင့်မြင့်နည်းပညာများတွင် အသုံးပြုနေ။

👇👇👇
လိုရင်းတိုရှင်း နိုင်ငံတကာသတင်းတွေ၊ 
ယနေ့ဖြစ်ပျက်နေသော စိတ်ဝင်စားဖွယ်ရာ  
အကြောင်းအရာလေးတွေ ဖတ်ချင်ရင်တော့  
ဒီ Channel လေးကို Join ထားဖိုမမေ့နဲ့နော်
#ModernWarfareNews@modernwarfare007
登录以解锁更多功能。