Paid ဝင်ချင်တယ် ဆိုရင်တော့ မင်မင်တို့ကိုသာ ဆက်သွယ်လိုက်ပါ ၊👉 @BLACK3RDD Account မှာ မင်မင်တို့ ရှိနေပါမယ် 🧙
Review ကတော့ - Hinata တစ်ယောက် Isekai ပြီးတော့ သူ့ရဲ့ အဖွဲ့နဲ့အတူ နတ်ဆိုးဘုရင်ကို အနိုင်ယူခဲ့ပါတယ် ။ နတ်ဆိုးဘုရင်ကို သတ်ပြီး သူ့ရဲ့ကမ္ဘာကို Hinata တစ်ယောက် ပြန်လာခဲ့ပြီး အနားယူကာ အေးချမ်းတဲ့ ဘဝလေးနဲ့ နေဖို့ စဉ်းစားထားပေမယ့် ၊ သူ့ရဲ့ အဖွဲ့ထဲက Dark Elf မလေးက Hinata တို့ကမ္ဘာကို အလည်အနေနဲ့ လိုက်လာခဲ့တယ်တဲ့ဗျာ ။ ဒီလိုနဲ့ Hinata နဲ့ Dark Elf အကိတ်မလေးတို့ ဘယ်လိုတွေ ဖြစ်ပြီး ဘာတွေ ဆက်ဖြစ်မယ်ဆိုတာကတော့ . . . 🌚
April 6 ရက်နေ့ စထွက်ပါမယ်
Review - 1980 ခုနှစ်ဝန်းကျင် Solar Era လို့ခေါ်တဲ့ နေခေတ် တစ်ခုမှာ လူသားတွေဟာ ရုတ်တရက် မီးလောင်ကျွမ်းခြင်းကို ခံကြရပါတယ် ။ ပြသနာက မီးလောင်သွားတဲ့ သူတွေက နေရင်းထိုင်ရင်းမီးလောင်သွားတာဖြစ်ပြီး မီးလောင်သွားတဲ့သူတိုင်းကလဲ မီးလောင်နေတဲ့ မကောင်းဆိုးဝါးတွေဖြစ်သွားကြတာပါပဲ ။ ဒီလို မီးလောင်ကျွမ်းပြီး အသိစိတ်ပျောက်သွားတဲ့ မကောင်းဆိုးဝါးတွေကိုတော့ First Generation လို့သတ်မှတ်ကြပြီး ၊ မီးလောင်ခြင်းကနေ ထိန်းချုပ်နိုင်ကာ မီးစွမ်းအားရရှိကြတဲ့သူတွေကိုတော့ Second Generation လို့သတ်မှတ်ကြပါတယ် ။ ဒီလိုနဲ့ပဲ ဒီမီးလောင်ပြီး မကောင်းဆိုးဝါးတွေဖြစ်သွားတဲ့ သူတွေကို ထိန်းချုပ်ဖို့အတွက် Seconde Generation မီးထိန်းချုပ်နိုင်တဲ့ သူတွေကို မီးသတ်သမားတွေအနေနဲ့ သတ်မှတ်ပြီး မီးမကောင်းဆိုးဝါးတွေကို လိုက်နှိမ်နှင်းကြရတဲ့ အခါမှာတော့ . . .မီးမကောင်းဆိုးဝါးတွေက ဘယ်ကပေါ်လာတာလဲ ၊ မီးထိန်းချုပ်နိုင်တဲ့ စွမ်းအားရင်းမြစ်တွေအကြောင်းကို တစ်ပိုင်းခြင်း စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာလဲ ဖြစ်ပါတယ် ။
Season 3 Ongoing ကြည့်ရှုရန်
Review ကတော့ - ကမ္ဘာပေါ်မှာ လူသားတွေ အပြင် လူသားတစ်ပိုင်းတွေဖြစ်တဲ့ မျောက်လူသား ၊ ဝက်လူသားတို့ ယှဉ်တွဲနေထိုင်ပြီးတော့ လူသားတွေနဲ့ လူတစ်ပိုင်းတွေရဲ့ စစ်ပွဲကာလတစ်ခုဖြစ်ပါတယ် ။ Kai ဆိုတဲ့ ကောင်လေးဟာ စစ်ပွဲအတွက် သူ့ရဲ့ ရွာလေးကို ကာကွယ်ပေးနေပြီးတော့ ခက်ခဲတဲ့ စစ်ပွဲကို တစ်ထောင့်တစ်နေရာကနေ ပါဝင်နေတယ်ဆိုပါတော့ဗျာ ။ တစ်နေ့မှာ စစ်ပွဲထဲရောက်နေချိန် Kai ရဲ့ အပေါင်းအပါတွေ သေဆုံးသွားကြပြီး Kai ရဲ့ အတွေးထဲမှာ အရင်ကမ္ဘာတစ်ခု မှတ်ဉာဏ်တွေ ရောက်ရှိလာခဲ့တယ်ဗျ ။ တစ်ခြားကမ္ဘာက ဝိဉာဉ်က Kai ရဲ့ ကိုယ်ထဲကို Isekai လာတယ်လို့ ဆိုပါတော့၊ ဒီလိုနဲ့ Kai တစ်ယောက် အရင်ကမ္ဘာက အသိဉာဏ်တွေနဲ့ လူတစ်ပိုင်းတွေရဲ့ တိုက်ပွဲကို အောင်မြင်အောင်ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကတော့ Anime လေးထွက်မှဆက်ကြည့်လိုက်တော့ဗျာ . . .
April 12 ရက်နေ့ စထွက်ပါမယ်