Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Shwe Moe avatar

Shwe Moe

Shwe Moe— https://www.facebook.com/mashwemoe.2017?mibextid=LQQJ4d
မရွှေမိုး( ကိုရီးယား )— https://www.facebook.com/mashwemoekorea
TGlist 评分
0
0
类型公开
验证
未验证
可信度
不可靠
位置
语言其他
频道创建日期Feb 06, 2025
添加到 TGlist 的日期
Aug 11, 2024

记录

24.03.202501:57
80.8K订阅者
28.02.202523:59
25引用指数
21.03.202517:22
17.4K每帖平均覆盖率
12.02.202502:16
16.9K广告帖子的平均覆盖率
30.01.202523:59
13.74%ER
21.03.202516:52
22.24%ERR

Shwe Moe 热门帖子

Breaking News !!!

စစ်ကောင်စီတည်းတဲ့ ဟိုတယ်အတွင်း ထိုင်းကျောင်းသားတစ်ဉီး စစ်ခေါင်းဆောင်ကိုဆန္ဒပြနေချိန် ဖမ်းဆီးခံရ

"မင်းအောင်လှိုင်ဟာ အရပ်သား ၆ ထောင်ကျော်ကိုသတ်ဖြတ်ထားတဲ့အတွက် သူ့လက်တွေမှာသွေးတွေ စွန်းနေပါတယ်။ ဝန်ကြီးဖယ်တုန်ထန်အနေနဲ့ စစ်ခေါင်းဆောင်ဘက်ကို ရပ်တည်နေတာ မရှက်ဘူးလား ၊ ထိုင်းနိုင်ငံ မြန်မာပြည်သူနဲ့အတူ ရပ်တည်‌နေပါတယ်" ဆိုပြီး ပြောသွားတာဖြစ်ပါတယ်။
အမေစုဘာမှ မဖြစ်ပါ ။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်သား စုစုပေါင်း ၈၉ ဦးတောင်ရှိပါတယ်တဲ့။

ကျဆုံးသွားတဲ့သူတွေက ရဲဘော်အပြင် ရဲမေတွေလည်း ပါဝင်သလို ၃၀ခန့်က ကိုယ်လက် အင်္ဂါဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူက စုစုပေါင်း ၅၀၀ခန့်ရှိတယ်လို့ သတင်းထုတ်ပြန်လာတယ်။

Photo—credit
မြောက်ဥက္ကလာပ ကန်သာယာပန်းခြံထဲကနေ လူတွေငယ်တွေအများကြီး ဒူးထောက်ထိုင်ခိုင်းပြီးတော့ ခေါင်းကိုအိတ်နဲ့စွတ်ပြီးခေါ်သွားတာလည်း တပ်မ ၇၇ပဲ
ဒေါ်လာ ၁၃၀၀၀၀ ရသည်အထိ အနုပညာအရရော၊ ငွေကြေးအရပါ အောင်မြင်ခဲ့တဲ့ ကိုလင်းတို့ရဲ့ပွဲ ။

တော်လှန်ရေးအတွက် များစွာအထောက်အကူဖြစ်ခဲ့တာကိုမြင်ရတော့ ဝမ်းသာမိတယ်။
နှစ်သစ်မှာအမေစုရဲ့စကားနဲ့ပဲ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

13,April, 2025
#MaShweMoeKorea
ကိုယ့်နိုင်ငံတော့ မဟုတ်ဘူး၊ ကိုယ့်နိုင်ငံအရေးလည်း မဟုတ်ဘူးဆိုပေမယ့် တချို့နိုင်ငံရေးအကြောင်း စိတ်ဝင်စားတဲ့သူတွေအနေနဲ့ကတော့ မင်းအောင်လှိုင်သူတို့တိုင်းပြည်ကိုလာတာ တော်တော်ရုပ်ပျက်တယ်ဆိုတာကို သိတယ်။

ဒီလို လူ ၆၀၀၀ကျော်သတ်ထားတဲ့ကောင်ကို ဧည့်သည်အဖြစ်လာခိုင်းတဲ့အတွက် သူတို့ဝန်ကြီးအတွက်လည်း သိက္ခာပိုင်းထိခိုက်တာပေါ့။
မိုးဗြဲမြို့တိုက်ပွဲအတွင်း မြင့်မြတ်စွာကျဆုံးသွားတဲ့ အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ ၁ က ဒု-ခွဲမှူး ရဲဘော်ငတေ ဈာပနအခမ်းအနား

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထဲမှာ နာမည်ကောင်းရှိတဲ့သူလို့လည်း သိထားရတယ်။ ခုလို လူကောင်းတယောက်၊လူတော်တယောက်ဆုံးရှုံးရတာကို တကယ့်ကို ရင်နာစရာပါပဲ။

မကြာခင်သင်္ကြန်ပွဲကြီးကိုလည်း ကျင်းပကြပါလိမ့်မယ်။ တော်လှန်သူတွေက ဘယ်လိုအသက်တွေ၊ဘဝတွေပေးလည်း မသိကျိုးကျွန်ပြုပြီး နေစိမ့်တဲ့သူတွေက နေကြဦးမှာပဲ။

လောကကြီးရဲ့ ဖြစ်ရိုးဖြစ်စဥ်တွေလို့မပြောချင်ပေမယ့် နေ့စဥ်ပေးဆပ်နေရတဲ့ ပြည်သူတွေ၊ ရဲဘော်တွေရဲ့ အသက်တွေကိုတော့ အားနာမိတယ်။ ဒီလို နာကျင်မှုတွေ ထပ်ကိုမမြင်ချင်တော့တာပါ။
အင်း— သတင်းအစကတည်းက
‘အပေါ်ယံမင်းအောင်လှိုင်’ တဲ့။

မင်းအောင်လှိုင်ကို BIMSTEC အစည်းအဝေးမှာ ဆန္ဒပြတဲ့ တက္ကသိုလ်နှစ်ပထမနှစ်ကျောင်းသားပါ။ ပထမတော့ ထိုင်းရဲတွေက ဖမ်းတယ်။ ဖမ်းပြီးတော့ မိနစ်အနည်းငယ်အကြာမှာပဲ အမှုတောင် မဖွင့်ဘူး၊ ရဲက လွှတ်ပေးလိုက်တယ်။

၂၀၂၅ ပြည့်နှစ် ဧပြီလ ၄ ရက် မှာပေါ့— ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တက္ကသိုလ်နှစ်ပထမကျောင်းသားတစ်ယောက်ဖြစ်တဲ့ “ပေါမ်” (နာမည်အပြည့်အစုံမဟုတ်) က မြန်မာစစ်အာဏာရှင် တပ်ချုပ် မင်းအောင်လှိုင်ထိုင်းလာတဲ့ကိစ္စကို ဆန္ဒပြတယ်။

နေရာက Shangri-La ဟိုတယ် (ယာနာဝါမြို့နယ်)၊ BIMSTEC အစည်းအဝေးမှာပါ။ အချိန်က ဧပြီ ၄ ရက်နေ့၊ နေ့လည် ၄:၃၀ နာရီလောက်— ကျောင်းသားက ဆန္ဒပြပြီးပြီးချင်းမှာရဲတွေက ယာနာဝါ ရဲစခန်းကိုသို့ ခေါ်သွားတယ်။

ည ၇:၁၀ နာရီ—သတင်းထောက်တွေက ပေါမ်ကို ပြန်လွတ်လိုက်တဲ့သတင်းတက်လာတယ်။ ဘာမှ အရေးမယူဘူး။လူ့အခွင့်အရေး ဥပဒေရှင်များအဖွဲ့ (TLHR) ကစေတနာ့ရှေ့နေတစ်ဦးက ပြောတာ ဒီလို — “ပေါမ်” က တရားမဝင်တာ ဘာတစ်ခုမှ မပြောခဲ့ မလုပ်ခဲ့ဘူးတဲ့။ အမှန်တရားတွေပြောတာတဲ့။

စောင်ရှက်နော်— မင်းအောင်လှိုင်

ShweMoeria
▬▬▬▬▬▬▬▬▬▬▬
မရွှေမိုး- ကိုရီးယား
April 4th,2025
#MaShweMoreKorea
အခုဘန်ကောက်မှာ ပြိုကျသွားတဲ့ အဆောက်အအုံထဲက မြန်မာအလုပ်သမားတွေကို ကျေးဇူးပြုပြီးကယ်တင်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကိုဒူးထောက်တောင်းပန်ပြီး အကူညီတောင်းနေတဲ့ မြန်မာအလုပ်သမားတာ၀န်ခံတဦး ။
လူသေကို ဒန်အိုးနဲ့ လိုက်ကောက်ရတဲ့တိုင်းပြည်ပါ ။
ဘယ်လောက်ရင်နာဖို့ကောင်းတဲ့ အဖြစ်လည်းဆိုတာ ။
မန္တလေးမှာ ပြိုကျသွားတဲ့ ကွန်ဒို ။
ဆောက်လုပ်တဲ့ကုမ္မဏီလည်း တူတယ်၊ ပြိုကျတဲ့ပုံစံလည်း တူတယ်။ တခြားထိခိုက်တဲ့ ဘေးက တိုက်တွေနဲ့ ယှဥ်ရင် ကွန်ဒိုတလုံးအနေနဲ့ အခုလို ပြိုကျသွားရတယ်ဆိုတာက အတော့်ကိုရုပ်ဆိုးအကျည်းတန်လွန်းတယ်။

ဘယ်လောက်တောင်ခိုးပြီး ၊ ဘယ်လောက်တောင်ခိုထားခဲ့သလဲဆိုတာကိုပဲကြည့်။ ဒီနေ့ဒီအချိန်ထိ စုံစမ်းစစ်ဆေးတာတွေလည်း မကြားရသလို ပိုင်ရှင်မည်သူမည်ဝါဆိုတဲ့ ပုံတောင်တက်မလာသေးဘူး။

ထိုင်းနဲ့ကွာတဲ့အချက်က ဒါပဲ။ ဘန်ကောက်မှာပြိုကျသွားတဲ့ အဆောက်အုံကို စုံစမ်းစစ်ဆေးရေးတွေ ချက်ချင်းဝင်တယ် ဘာကြောင့်ပြိုကျရလဲဆိုတာကို စုံစမ်းတယ်၊ မပြိုဘဲ ကျန်ခဲ့တဲ့တိုက်တွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးတယ်၊ ကယ်ဆယ်ရေးကို အသည်းအသန်လုပ်တယ်။

ဘယ်လောက်တောင်မှ အစိုးရက အင်တိုက်အားတိုက်ပါလဲဆိုရင် ပြိုကျသွားတဲ့ အဆောက်အဦးရဲ့ ဘေးမှာ ညစျေးလိုဆိုင်တွေဖွင့်ပေးထားပြီး ကယ်ဆယ်ရေးအတွက် ဘော်လန်တီယာလုပ်ဖို့ လာသမျှသူတွေကိုပါ အလကားကျွေးတာ မာဆက်ပါ ပါတယ်။

ကိုယ်တွေနိုင်ငံမှာတော့ ကယ်ဆယ်ရေးလုပ်ဖို့ လူမရှိ၊ပစ္စည်းမရှိ၊ကယ်မယ့်သူတွေရောက်လာရင်လည်း ဟိုကခွင့်ပြုချက်၊ဒီကခွင့်ပြုချက်ယူရနဲ့ တချို့အသက်တွေက မသေသင့်ဘဲသေကုန်တာမျက်မြင်ဘဲ။ မကျေနပ်တာ ချရေးရရင် ကုန်မယ်မထင်ဘူး။
အင်းတော်က တပ်မမှူးဆိုတဲ့ကောင်ကို အရှင်မိတာနော် တို့ရဲဘော်တွေအစွမ်းကို လျော့မတွက်နဲ့ ။

စစ်ကိုင်းတိုင်းအင်းတော်မြို့၊ ဂျပန်လှိုဏ်ဂူ စခန်းကုန်းမှ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားတဲ့ တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ်​ အောင်သက်ဦးကို MOD လက်အောက်ခံ တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိ
သေလိုက်
11.04.202516:39
မြို့သိမ်းတိုက်ပွဲတခုကို ဆင်နွှဲရတယ်ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ဘူး။ အသက်တွေ၊ ဘဝတွေ၊ ကိုယ်ခန္ဓာတွေ ရင်းရ၊စတေးရတာ။

တော်လှန်ရေးရဲဘော်တွေအတွက်ကတော့ ဒီလိုစတေးရတာ သူတို့ရဲ့နေ့စဥ်လုပ်ငန်းတခုလိုဖြစ်ပြီး ခွီးလက်အောက်လွတ်မြောက်ဖို့အတွက် အရာရာကိုရယ်ရယ်မောမောနဲ့ပဲ ရင်းပြီးလုပ်ဆောင်နေတာကိုတွေ့ရတယ်။

မျက်နှာမှာ၊ကြောက်စိတ်မရှိဘူး၊ ထိန်လန့်တုန်လှုပ်နေတာကို မမြင်မိဘူး တကယ်ရဲရင့်တဲ့ လူငယ်တွေပါပဲ။
登录以解锁更多功能。