Мир сегодня с "Юрий Подоляка"
Мир сегодня с "Юрий Подоляка"
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Труха⚡️Україна
Труха⚡️Україна
Николаевский Ванёк
Николаевский Ванёк
Лёха в Short’ах Long’ует
Лёха в Short’ах Long’ует
MOI avatar
MOI
MOI avatar
MOI
06.02.202523:15
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၆

စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စက်မှုဝန်ကြီးဌာနရုံး အမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးသို့ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စက်မှုဖွံ့ဖြိုးရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်ပေးခဲ့သည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် ၁၆ ချက်အပေါ် ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကော်မရှင်၏လုပ်ငန်းတာဝန်များ ပြီးမြောက်အောင်မြင်စေရေးအတွက် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ အချိန်ဇယားရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်း၊ အဓိကစွမ်းဆောင်နိုင်မှု တိုင်းတာခြင်း၊ ညွှန်ကိန်းများသတ်မှတ်ခြင်းနှင့် သတ်မှတ်ထားသည့် ညွှန်ကိန်းများအတိုင်း သုံးသပ်အကဲဖြတ်ခြင်းတို့ကို ကော်မရှင်အဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ဦးဆောင်စီမံ၍ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည့်ကိစ္စရပ်များ၊ ပြည်တွင်း၌ အသုံးများသည့်ကုန်ပစ္စည်းများ၊ ဒေသအလိုက် အောင်မြင်ပြီးဖြစ်သည့် ထုတ်ကုန်များကို ပြည်တွင်းတွင် စီးပွားရေးတွက်ခြေကိုက်အောင် ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းစက်မှုလုပ်ငန်းရှင်များကို ပံ့ပိုးကူညီတွန်းအားပေး ဆောင်ရွက်ကြရမည့်ကိစ္စရပ်များ၊ သွင်းကုန်အစားထိုး စက်မှုကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွင်းအားစုများဖြစ်သည့် ကုန်ကြမ်း၊ စွမ်းအင်၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာ စသည့်တို့ကို အချိန်မီလွယ်ကူလျင်မြန်စွာ ရရှိနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ စက်မှုဖွံ့ဖြိုးရေး ကော်မရှင်အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး၊ ပြည်တွင်းသုံးစွဲမှုဖူလုံရေး၊ ပြည်ပသို့ တင်ပို့နိုင်ရေး၊ အရည်အသွေးမြင့်၊ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်၏ စက်မှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စသည့်ရည်မှန်းချက်များ ထားရှိဆောင်ရွက်ရမည်ဖြစ်သဖြင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ကော်မရှင်ဥက္ကဋ္ဌက ဦးဆောင်ဆွေးနွေးခဲ့ပြီး ကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြသည်။

ဆက်လက်၍ စက်မှုဖွံ့ဖြိုးရေး ကော်မရှင်အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မရှင်၏ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ၊ စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်းများဖော်ဆောင်နိုင်မည့် စက်ရုံများအခြေအနေတို့ကိုလည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ စက်မှုဝန်ကြီးဌာနရှိ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိက စက်မှုလုပ်ငန်းများ၏ အခြေအနေတို့ကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး များနှင့် ဒုတိယဝန်ကြီးများက ကော်မရှင်၏ လုပ်ငန်းတာဝန်များအပေါ် ဝန်ကြီးဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက် ရမည့်အချက်များနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်၏ လုပ်ငန်းတာဝန်များအပေါ် ဝန်ကြီးဌာနအလိုက်ဆောင် ရွက်ရမည့်လုပ်ငန်းတာဝန်များကို ခွဲဝေသတ်မှတ်ခြင်း၊ အဓိကဆောင်ရွက်ရမည့် ညွှန်ကိန်းများ သတ်မှတ်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဦးတည် ရမည့်ရည်မှန်းချက်များ၊ ချမှတ်အကောင်အထည်ဖော်ရမည့် မဟာဗျူဟာများကို ကော်မရှင်အဖွဲ့ဝင်များအကြား ဆွေးနွေးအတည်ပြုခြင်းများဆောင်ရွက်ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

https://t.me/iprdrnd/146777

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
06.02.202523:02
မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ ပြည်သူများက ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်များဖြင့် မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် တရားမျှတပြီး လွတ်လပ်သောရွေးကောက်ပွဲကြီး အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများအနေဖြင့် ငြိမ်းချမ်းသာယာအေးချမ်း ပျော်ရွှင်စွာဖြင့် အသက်မွေးလိုသော ဆန္ဒရှိကြပါသည်။ ယင်းဆန္ဒ ပြည့်ဝရန်အတွက် အေးချမ်းသာယာဝပြောရေး၊ တရားဥပဒေစိုးမိုးရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် စားဝတ်နေမှုဖူလုံရေးတို့ ပြည့်စုံရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံသားအားလုံး အကျုံးဝင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် အကောင်အထည်ဖော်လျက်ရှိပါသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးကိုအခြေခံသည့် အသေးစား၊ အငယ် စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ယခုထက်ပိုမိုထွန်းကားလာရန် လိုအပ်သဖြင့် MSME လုပ်ငန်းများ အောင်မြင်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် စိုက်ပျိုး‌ရေးနှင့် မွေးမြူရေးကဏ္ဍတွင် အခြေခံကောင်း၊ အစဉ်အလာကောင်းများရှိခဲ့သည့် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများအနေဖြင့် ပိုမိုကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားလိုပါသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်များ အပါအဝင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် အသိပညာ၊ အတတ်ပညာထူးချွန်ရန် လိုအပ်သကဲ့သို့ ဖြောင့်မတ်မှန်ကန်စွာ တွေးခေါ်ဆင်ခြင် ဆုံးဖြတ်နိုင်စွမ်း မြင့်မားရန်လည်း လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ထူးချွန်ထက်မြက်ပြီး ပြည်ထောင်စုအတွက် လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဘက်စုံပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျေးလက်ဒေသ၊ နယ်စပ်ဒေသများပါမကျန် ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိအောင် နိုင်ငံတော်နှင့်အတူ ဝိုင်းဝန်းကြိုးပမ်းကြပါရန် တိုက်တွန်းလိုပါသည်။

ဗလငါးတန်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာရေးအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးသကဲ့သို့ ကျန်းမာကြံ့ခိုင်ရေးသည်လည်း ထပ်တူထပ်မျှ အရေးကြီးသည့်အတွက် ကျန်းမာကြံ့ခိုင်သော လူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေး နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိပါသည်။ အထူးသဖြင့် လူငယ်များအတွင်း ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားစိတ်ဓာတ် ဖွံ့ဖြိုးလာစေရေးအတွက် တိုင်းရင်းသားပြည်သူများက နိုင်ငံတော်နှင့်အတူ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းမှာကြားလိုပါသည်။

နိဂုံးချုပ်အနေဖြင့် အေးချမ်းသာယာသော ပြည်ထောင်စုကြီးဖြစ်ပေါ်လာရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတို့ကို အုတ်မြစ်ချပေးနိုင်ခဲ့သည့် “ရှမ်းပြည်နယ်နေ့” အခါသမယတွင် ရှမ်းပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများအားလုံးအနေဖြင့် ၁၉၄၇ ခုနှစ်က သန္ဓေတည်ဖြစ်ပွားခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ကိုအရင်းခံ၍ ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံတော်၊ တပ်မတော်နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်ကြပါရန် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ

သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်

နိုင်ငံတော်ဝန်ကြီးချုပ်

ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

https://t.me/iprdrnd/146771

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်
转发自:
MRTV avatar
MRTV
06.02.202514:48
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းမှုအား တက်ရောက်ကြည့်ရှုအားပေး
转发自:
MRTV avatar
MRTV
06.02.202514:48
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
转发自:
MRTV avatar
MRTV
06.02.202514:48
ရခိုင်ပြည်နယ်၊ ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
06.02.202523:02
ရှမ်းပြည်နယ်နေ့ ပေါ်ပေါက်လာရခြင်းသည် နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုကို တွန်းလှန်နိုင်ခဲ့ကြသည့် သမိုင်းဖြစ်ရပ်ကြီးနှင့် တစ်ဆက်တစ်စပ်တည်းပင် ဖြစ်ပါသည်။ နိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှုအတွက် အရေးကြီးသော ဆောင်ရွက်မှုကြီးဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ဖော်ပြနိုင်ခဲ့သည့် “ပြည်ထောင်စုနေ့” သမိုင်းဖြစ်ရပ်ကြီး၏ ခိုင်မာမြဲမြံသောပန္နက်လည်းဖြစ်ပါသည်။

တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် နိုင်ငံတစ်နိုင်ငံ အေးချမ်းတည်ငြိမ်မှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေစေရေးအတွက် အသက်တမျှအရေးကြီးပါသည်။ ထို့အပြင် နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးအတွက် ကြီးမားသောမောင်းနှင်အားတစ်ရပ်ဖြစ်သည့်အတွက်လည်း တိုင်းရင်းသားညီအစ်ကိုများအကြား သံသယများဖယ်ရှားကာ ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ထာဝရငြိမ်းချမ်းရေးရရှိအောင် တည်ဆောက်သွားကြရမည်ဖြစ်ပါသည်။ လက်နက်ကိုင်အဖွဲ့အစည်းများရှိသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့် ပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီ ဖြစ်ပါသည်။ မိမိတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးတို့ကို များစွာတောင့်တလျက်ရှိကြသော ပြည်သူအားလုံး၏ဆန္ဒကို ထည့်သွင်းစဉ်းစားကြရန် အသိပေးလိုပါသည်။

ယနေ့အချိန်အခါတွင် နိုင်ငံ‌တော်အေးချမ်းသာယာရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိပါသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်ပါရှိသည့် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ် တည်ငြိမ်မှုဖြစ်စေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန် လိုအပ်ပါသည်။

နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရသည်မှာလည်း နိုင်ငံအင်အားလျော့နည်းလာခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ထပ်မံ တိုက်တွန်းလိုပါသည်။

မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါသည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိပါသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းများဖြင့်သာ ဖြေရှင်းကြရမည်ဖြစ်ပါသည်။ တွေ့ဆုံဆွေးနွေးခြင်း နည်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်ပါသည်။

တိုင်းပြည်တစ်ပြည် ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ရန် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည်ဖြစ်ပါသည်။ မိမိတို့နိုင်ငံ၏ ရပ်တည် ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနှင့် မထိန်းသိမ်းနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဖြစ်ပါသည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါသည်။ နိုင်ငံတော်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ယခုအချိန်ကာလတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာလက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
06.02.202515:41
တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသာဖြန့်ဝေလျက်ရှိ

နေပြည်တော် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သံယာတော် ၁ ပါးနှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာတစ်ခုက မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများအား ဥပဒေမဲ့ပစ်ခတ်တိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ခြိမ်းခြောက်စာများပေးပို့၍ ဆက်ကြေးကောက်ခံခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့အလိုကျလိုက်ပါလုပ်ဆောင်ခြင်းမရှိသည့် ကျေးရွာ၊ ရပ်ကွက်များ၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းများဖြင့် ဗုံးကြဲခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်ရည်ရွယ်၍ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ယခုကဲ့သို့မဟုတ်မမှန်ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/146767

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
转发自:
MRTV avatar
MRTV
06.02.202514:48
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်
转发自:
MRTV avatar
MRTV
06.02.202514:48
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မိမိတို့၏ ထုတ်ကုန်များကို ပြခန်းများအလိုက် ခင်းကျင်းပြသထားရှိမှုများ
转发自:
MRTV avatar
MRTV
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့မှ လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေး
06.02.202523:08
မန္တလေးနန်းမြို့အတွင်းရှိ နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်

မန္တလေး ဖေဖော်ဝါရီ ၆

မန္တလေး နန်းမြို့အတွင်းရှိ မြနန်းစံကျော်ရွှေနန်းတော် နန်းမြင့်မျှော်စင်ကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) က ကြံ့ခိုင်ပြီး ရေရှည်တည်တံ့စေရန်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို ရှေးမူမပျက်စေဘဲ ကြံ့ခိုင်မှုရှိစေ ရန်ဆောင်ရွက်ကြောင်း ယင်းဌာနမှ တာဝန်ရှိသူကပြောသည်။

“နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်းရာမှာ ဆေးသုတ်တာအပြင် မျှော်စင်ရဲ့အပေါ်ဘက် ကြမ်းခင်းတွေ၊ လှေကားတွေ၊ လက်ရန်းတွေမှာ ယိုယွင်းနေတာမျိုးရှိရင် လိုအပ်သလို ပြင်ဆင်ပါတယ်” ဟု ၎င်းကပြောသည်။

နန်းမြင့်မျှော်စင်သည် ရှေးခေတ်ဥရောပလက်ရာနှင့် မြန်မာမှုလက်ရာတို့ ပေါင်းစပ်တည်ဆောက်ထားသည်ကိုတွေ့ရပြီး အတက်အဆင်းလှေကား ထစ်ပေါင်း ၁၂၁ ထစ်ရှိ၍ ပြုပြင်ရန်လိုအပ်သော လှေကားထစ်များကို ကြံ့ခိုင်မှုရှိရန် ပြင်ဆင်ထားကြောင်း၊ ရွှေနန်းတော်သို့ လာရောက်လေ့လာသူများအနက် အများစုသည် နန်းမြင့်မျှော်စင်ပေါ်သို့တက်ရောက်၍ ရွှေနန်းတော်အဆောင်များနှင့် မန္တလေးမြို့ပြရှုခင်းများကို အပေါ်စီးမှကြည့်ရှုလေ့ရှိကြောင်း သိရသည်။

“နန်းမြင့်မျှော်စင်ကို ဆေးသုတ်ရာမှာ ရှေးက အရောင်အတိုင်းဖြစ်အောင် နီညိုရောင်ကိုအသုံးပြုပါတယ်။ တစ်ထပ်တည်းသုတ်ရင် သစ်သားက ဆေးကိုစုပ်သွားတော့ အရောင်မှိန်လို့ ဆေးနှစ်ထပ်သုတ်တယ်။ မြနန်းစံကျော်ရွှေနန်းတော်ကြီးကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်နေပါတယ်” ဟု ပြောကြားသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ) သည် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည့်တံ့စေရန်အတွက် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် နန်းဆောင်များဆေးသုတ်ခြင်း၊ မြနန်းစံကျော်ရွှေနန်းတော် မြေနန်းပြာသာဒ်ရှိ တိုင်လုံးများတွင် ယွမ်းကြိုးထိုးခြင်း၊ လက်ဝဲ/လက်ယာ ပွဲတက်ဆောင်များတွင် သစ်သားလျှာထိုးခင်းခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ကြောင်း သိရသည်။

မင်းထက်အောင်(မန်းကိုယ်ပွား)

https://t.me/iprdrnd/146775

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
06.02.202523:02
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

(၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)

ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျား-

ယနေ့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ နေ့ထူး နေ့မြတ်အခါသမယ၌ ရှမ်းပြည်နယ်နှင့် နိုင်ငံတစ်ဝန်းရှိ ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ရှမ်းပြည်နယ်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးအနက် ဧရိယာအကျယ်ပြန့်ဆုံးဖြစ်ပြီး တိုင်းရင်းသားမျိုးနွယ်စုအများဆုံး မှီတင်းနေထိုင်လျက်ရှိသည့် ပြည်နယ်ကြီးလည်းဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်း ရှမ်း၊ ပအိုဝ်း၊ ပလောင်၊ ဓနု၊ အင်းသား၊ တောင်ရိုး၊ ဝ၊ ထနော့၊ ကိုးကန့်၊ လားဟူ၊ ယင်းနက်၊ ယင်းကြား၊ မြောင်ဇီး၊ အာခါ စသည့် ရှမ်းမျိုးနွယ်စုများနှင့်အတူ ကချင်၊ ကယား၊ လီဆူး စသည့်တိုင်းရင်းသားများသည် ကာလရှည်ကြာ အတူယှဉ်တွဲစုပေါင်းနေထိုင်ခဲ့ကြခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုကိုဖော်ပြခဲ့သည့် အစဉ်အလာကောင်းပင် ဖြစ်ပါသည်။

သမိုင်းကြောင်းဖြစ်တည်မှုအရ မြန်မာနိုင်ငံ၏ ကျောက်ခေတ်နှောင်းကာလနှင့် မြို့ပြယဉ်ကျေးမှုထွန်းကားခဲ့သည့် ကာလယဉ်ကျေးမှုအထောက်အထားများကို ရှမ်းပြည်နယ်တွင် တွေ့ရှိရမည်ဖြစ်ပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ ဘာသာစကားအမွေအနှစ်၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအမွေအနှစ်နှင့် သုခုမအနုပညာအမွေအနှစ်တို့သည် ပြည်ထောင်စုတစ်ဝန်းလုံး၏ ယဉ်‌ကျေးမှုအနုပညာကဏ္ဍတွင် တစ်ဆက်တစ်စပ်တည်း ရောနှော ပါဝင်လျက်ရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပြီး ပြည်ထောင်စုတစ်ဝန်းလုံး ရှေးနှစ်ပေါင်းများစွာကတည်းက အေးအတူပူအမျှ ချစ်ကြည်ရင်းနှီးစွာ နေထိုင်ခဲ့ကြခြင်း၏ ဂုဏ်ယူမှတ်သားဖွယ်ရာ ပြယုဂ်တစ်ခုလည်း ဖြစ်ပါသည်။

နယ်ချဲ့ဗြိတိသျှတို့၏ (၃) ကြိမ်တိုင်တိုင် စစ်ပြုကျူးကျော်ခြင်းကို ခံရစဉ်ကလည်း ရှမ်းစော်ဘွားများနှင့် ရှမ်းတိုင်းရင်းသားတို့သည် အခြားတိုင်းရင်းသားများနှင့်အတူ ရွပ်ရွပ်ချွံချွံ ပူးပေါင်းတွန်းလှန်ခဲ့ကြပါသည်။ နိုင်ငံ၏အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် ဥမကွဲသိုက်မပျက်၊ တိုင်းချစ်ပြည်ချစ်စိတ်ဖြင့် လက်တွဲခဲ့ကြသည့် အစဉ်အလာသည် ရှမ်းပြည်နယ်နှင့် ရှမ်းတိုင်းရင်းသားတို့အတွက် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။

မြန်မာနိုင်ငံကို ဗြိတိသျှတို့ နယ်ချဲ့သိမ်းပိုက်ပြီးသည်မှစ၍ ယခင်က မခွဲမခြား၊ မကွဲမပြား နေထိုင်ခဲ့ကြသည့် တောင်တန်းဒေသနှင့် မြေပြန့်ဒေသကို နယ်ချဲ့တို့က နည်းပရိယာယ်မျိုးစုံဖြင့် သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ နယ်ချဲ့တို့အနေဖြင့် မြန်မာနိုင်ငံအား မတတ်သာ၍ လွတ်လပ်ရေးပေးခဲ့ရလျှင်ပင် တောင်တန်း‌ဒေသများကို ချန်လှပ်ပြီး ဆက်လက်သွေးခွဲအုပ်ချုပ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ ယင်းကြိုးပမ်းမှုကို ချေဖျက်နိုင်ရန်အတွက် ရှမ်းပြည်ပဒေသရာဇ်ကောင်စီဝင် စော်ဘွားများနှင့် ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်မှ လူထုကိုယ်စားလှယ်များက ရှမ်းပြည်နယ် ပင်လုံမြို့တွင် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်နေ့မှ ဖေဖော်ဝါရီလ (၆) ရက်နေ့အထိ ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် လူထုကိုယ်စားလှယ် (၇)ဦး၊ စော်ဘွားများ ကိုယ်စားလှယ် (၇) ဦး စုစုပေါင်း (၁၄) ဦးပါဝင်သော ရှမ်းပြည်ကောင်စီအမှုဆောင်အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါသည်။ ယခင်က နယ်ချဲ့တို့အလိုကျ လိုက်ပါဆောင်ရွက်ပေးခဲ့ရသော ရှမ်းပြည်ပဒေသရာဇ်ကောင်စီကိုဖျက်သိမ်းပေးရန် ဘုရင်ခံထံ ကြေးနန်းပေးပို့အရေးဆိုခဲ့ကြပါသည်။ ရှမ်းပြည်ကောင်စီ အမှုဆောင်အဖွဲ့အနေဖြင့် ပြည်မနှင့်အတူ လွတ်လပ်ရေးရယူရန် သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည်။

ဤသို့ မိမိတို့ ပြည်နယ်၊ နိုင်ငံအနာဂတ်အရေးအတွက် သဘောတူညီညွတ်မှုရရှိပြီး အရေးဆိုခဲ့ကြသည့် ဖေဖော်ဝါရီ (၇) ရက်နေ့ကို ရှမ်းအမျိုးသားနေ့ဟူ၍ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ ပင်လုံညီလာခံအစည်းအဝေးတွင် သတ်မှတ်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်ရှိ ပဒေသရာဇ်စော်ဘွားများနှင့် လူထုခေါင်းဆောင်များ၏ ညီညွတ်မှုကိုအရင်းခံသောဆုံးဖြတ်ချက်သည် သမိုင်းဝင်ပင်လုံစာချုပ်ကြီးနှင့် ပြည်ထောင်စုနေ့ဖြစ်ပါ်လာရေးအတွက် ခိုင်မာသော အုတ်မြစ်ဖြစ်သည့် ဖေဖော်ဝါရီလ (၇) ရက်နေ့ကို ရှမ်းပြည်နယ်နေ့အဖြစ် သတ်မှတ်ဂုဏ်ပြုကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၇၈) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးခရီးကို အထောက်အပံ့ကောင်းဖြင့် ဖြောင့်တန်းစေခဲ့သောကြောင့် တိုင်းရင်းသားများအတွက် ထူးခြားလေးနက်သော နေ့ထူးနေ့မြတ်လည်းဖြစ်ပါသည်။
တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာနှင့် ရွာသစ်ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသာဖြန့်ဝေလျက်ရှိ
转发自:
MRTV avatar
MRTV
06.02.202514:48
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တစ်ခုတည်းသော အာဆီယံ၊ တစ်ခုတည်းသောတုံ့ပြန်မှု အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
转发自:
MRTV avatar
MRTV
06.02.202514:48
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသတွင်းထုတ်ကုန်ပစ္စည်းများ သုတေသနနှင့် ဈေးကွက်သုတေသန ကော်မတီ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ လာရောက်ရှင်းလင်းတင်ပြမှုအား ဖြည့်စွက်ဆွေးနွေး၊ ကောက်ရိုးမှ ထုတ်ပိုးပစ္စည်းစက္ကူ ပြုလုပ်ခြင်း ပစ္စည်းနမူနာများအား ကြည့်ရှု
转发自:
MRTV avatar
MRTV
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူးအား လက်ခံတွေ့ဆုံ
မန္တလေးနန်းမြို့အတွင်းရှိ နန်းမြင့်မျှော်စင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းဆောင်ရွက်
06.02.202515:48
ဂွမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေတစ်စီးအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်

နေပြည်တော် ဖေဖော်ဝါရီ ၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော် (ရေ) မှ တပ်ဖွဲ့ဝင်များသည် ဂွမြို့၏အနောက်တောင်ဘက်ရေမိုင် ၁၈.၅ မိုင်အကွာ၌ ရွှေကြယ်လင်း ၁ အမည်ရှိ ကုန်တင်လှေတစ်စီးသည် လှိုင်းပုတ်၍ လှေဝမ်းပျဉ်ချပ်များပြုတ်ထွက်ပြီး ရေဝင်နစ်မြုပ်နေကြောင်း ဆက်သွယ်ရေးလေလှိုင်းမှသတင်းရရှိ၍ ယနေ့နံနက် ၁ နာရီ ၂၅ မိနစ်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ရာ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေဝင်နစ်မြုပ်နေသည့် ကုန်တင်လှေအနီးသို့ရောက်ရှိခဲ့ပြီး လှေပေါ်တွင်လိုက်ပါလာသော လှေသား ၅ ဦးအား ရေယာဉ်ပေါ်သို့ ကယ်ဆယ်တင်ဆောင်ကာ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများပေးအပ်၍ လှေသားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

https://t.me/iprdrnd/146770

MOI News Application အား အောက်ပါ link တွင် Download ပြုလုပ်နိုင်ပါသည်-

For Andriod
shorturl.at/myABQ

For IOS
https://rb.gy/vgdhqc

Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper

Subscribe to The Global New Light of Myanmar
https://t.me/gnlmon

Subscribe to MOI
https://t.me/iprdrnd
转发自:
MRTV avatar
MRTV
06.02.202514:48
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ နေပြည်တော်ရှိ အထင်ကရနေရာများသို့ သွားရောက်လေ့လာ
转发自:
MRTV avatar
MRTV
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
转发自:
MRTV avatar
MRTV
06.02.202514:48
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း သာကေတမြို့နယ်ရှိ လူငယ်စင်တာအား ကြည့်ရှုစစ်ဆေး
转发自:
MRTV avatar
MRTV
06.02.202514:48
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်း (၂၂)ပေအကျယ် ကတ္တရာကွန်ကရစ်(AC) လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်
显示 1 - 24 173
登录以解锁更多功能。