ရှင်ကွဲ
- တိုးနှောင်မိုး
ညတွေထဲ
လွမ်းလိုက်တာ နှင်း
မြစ်က ခိုးနားထောင်မှာစိုးလို့
အိပ်မက်တွေ မော့မော့သောက်ရင်း
ရင်ခုန်ဖို့ ထိတ်လန့်နေရသူပါ
မျက်လုံးတွေ မှိတ်မရတဲ့အခါ
အမြဲတမ်းလွမ်းစိတ်နဲ့လောင်
ညစဉ်ညတိုင်း ခုတင်နဲ့ကျောနဲ့ကပ်
ဒီလိုနဲ့ဝေးရတော့မှာလား
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ချစ်ခြင်းတွေ
ကွင်းပြင်ထဲ ဟစ်အော်ပြေးနေရပြီ
တကယ်ဆို
ချစ်ကံခေသူရဲ့ နိဂုံးဟာ ဒီလိုပဲ
ခွဲခွာခြင်းကို ဆေးထည့်လို့မရဘူးလားကွယ်။ ။
#တိုးနှောင်မိုး